iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Trend Myanmar
#Unicode Version
မင်္ဂလာပွဲတွေ ကျင်းပကြတဲ့ ရာသီရောက်လာပြီမို့ သတို့သမီးလောင်းတွေအတွက်တော့ အသားအရေလှပနေစေဖို့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာ ခေါင်းစားစရာပါ။ ဒီလလေးမှာ ပျိုမေများအနေနဲ့ မင်္ဂလာပွဲကျင်းပမဲ့အချိန် သတို့သားများရဲ့ အကြည့်ထဲမှာ အလှပဆုံးနဲ့အကျော့ရှင်းဆုံးဖြစ်နေအောင် မင်္ဂလာမဆောင်ခင် တစ်လအလိုမှာ ထိန်းသိမ်းသင့်တဲ့ အသားအရေပိုင်းနဲ့ပတ်သက်ပြီးပြောပြပေးချင်ပါတယ်။ ကိုုယ့်ရဲ့ပင်ကိုယ်အသားအရေဟာလှပစိုပြေမှသာလျှင် မင်္ဂလာပွဲအတွက် မိတ်ကပ်ခြယ်မှုန်းရာမှာအဆင်ပြေမှာဖြစ်ပါတယ်။ မင်္ဂလာမဆောင်ခင် သတို့သမီးများအားလုံးဟာ Spa ကိုအချိန်ပေးပြီးသွားသင့်သလို ကိုယ့်ရဲ့အသားအရေကိုလဲ ဂရုတစိုက်ရှိသင့်ပါတယ်။ ဒါ့ကြောင့် မကြာခင်ကမှ ဖွင့်လှစ်ခဲ့တဲ့ Fancy House ရဲ့ အခွဲတစ်ခုဖြစ်တဲ့ Remy Hair By Fancy House မှာသွားရောက်လေ့လာကြည့်ရအောင်။
-မင်္ဂလာဆောင်တော့မဲ့ ပျိုမေတွေအနေနဲ့ ဘယ်နှရက်အလိုမှာ Spa ကိုသွားသင့်လဲဆိုတာသိချင်ပါတယ်။
မိန်းကလေးတွေအနေနဲ့ကျတော့ စိတ်လှုပ်ရှားတာများရင် ဝက်ခြံပေါက်တာတို့၊ Stress များတဲ့အခါ ဆံပင်ကျွတ်တာတို့ ၊ နောက် Body ဖြစ်ဖြစ်၊ Facial ဖြစ်ဖြစ် အားလုံးကို မင်္ဂလာပွဲမကျင်းပခင် တစ်လအလိုမှာ စပြီးလုပ်ထားသင့်တယ်ပေါ့။
-ဈေးနှုန်းလေးတွေကရော ဘယ်လိုရှိလဲ။
ဈေးနှုန်းကတော့ အသားအရေပေါ်မူတည်ပြီး အစားအစားရှိတယ်။ အများဆုံးကတော့ တစ်သိန်းနှစ်သောင်းကနေ အနည်းဆုံးက ၄၀၀၀၀ ထိရှိတယ်။ အဓိကကတော့ Facial နဲ့Body ပဲပေါ့။ တစ်ကိုယ်လုံးမှာက Body Scrub ရှိမယ်။ Body Oil ရှိမယ်။ Body Treatment ရှိမယ်။ Body Treatment ကျဘာကောင်းလဲဆိုတော့ အစ်မတို့ဆို အသားအရမ်းခြောက်တယ်။ အဲ့ဒီအချိန်မှာ Oil နဲ့Treatment အရင်ဆုံးလုပ်မယ်။ ပြီးတော့မှ Body Cream လေးလိမ်းပေးမယ်။ ချွေးပေါက်တွေပွင့်သွားအောင်လို့ Body Scrub နဲ့တိုက်ပေးမယ်။ အဲ့ဒီလိုလေးအဆင့်ဆင့်ပေါ့။ သတို့သမီးတစ်ယောက်အတွက် ကိုယ့်ရဲ့တစ်သက်မှာတစ်ကြိမ်ကျင်းပရတဲ့ မင်္ဂလာပွဲအတွက် လှလှပပလေးဖြစ်စေချင်တယ်။ အဲ့ဒါကြောင့် မင်္ဂလာဆောင်မဲ့ ပျိုမေတွေအနေနဲ့လဲ ကိုယ့်အသားအရေမှာဘာတွေလိုအပ်နေတယ်။ ဘယ်လိုဂရုစိုက်ပေးရမယ်ဆိုတာကို လာရောက်ဆွေးနွေးလို့ရပါတယ်။ တချို့ပိုက်ဆံတတ်နိုင်တဲ့သူကျတော့လဲ တစ်ကိုယ်လုံးကို အလှဆုံးဖြစ်နေအောင်ကြိုတင်ပြင်ဆင်တယ်ပေါ့။ Facial ၊ Body ၊ ခြေသည်း၊ လက်သည်းကအစပေါ့လေ။ အားလုံးကိုပြုပြင်တယ်။ ဒီမှာဆို ခြေသည်းလက်သည်းဆက်တာကအစရတယ်။ ပိုက်ဆံတတ်နိုင်တဲ့သူတွေလဲတတ်နိုင်တဲ့အလျောက်၊ မတတ်နိုင်တဲ့သူတွေလဲ မတတ်နိုင်တဲ့အလျောက် စည်းစနစ်တကျလေးလုပ်သွားမယ်ဆိုရင် အားလုံးက လှနေမှာပါပဲ။
-တချို့တွေဆိုလဲ Spa လုပ်ပြီးမှ မျက်နှာပေါ်မှာ ဝက်ခြံတွေ ကန်ထွက်လာတာမျိုးတွေလဲရှိတော့ အဲ့ဒီအပေါ်မှာရော ဘယ်လိုအကြံပြုချင်လဲ။
အဲ့ဒါကြောင့်တစ်လလောက်ကြိုလုပ်ခိုင်းတာပါ။ ပွဲမတိုင်ခင် နှစ်ရက်၊ သုံးရက်အလိုမှ လုပ်မယ်ဆိုရင် ဝက်ခြံထွက်တတ်တဲ့သူတွေအနေနဲ့ဝက်ခြံကို သွားဆွပေးလိုက်သလိုဖြစ်တတ်တယ်။ ကန်ထွက်လာတတ်တယ်။ အဲ့ဒါကြောင့်အဆင်မပြေဘူး။ တစ်လလောက်ကြိုပြီးလုပ်မှပဲအဆင်ပြေနိုင်ပါမယ်။
-Spa လုပ်တဲ့အချိန်မှာ သုံးတဲ့ပစ္စည်းအမျိုးအစားလေးတွေကိုလဲသိချင်ပါတယ်။
အဓိကက Facial နဲ့ Body ပဲပေါ့။ သုံးတဲ့ Brand တွေကွာသွားတဲ့အတွက် ဈေးနှုန်းကွာသွားတာပေါ့။ အစ်မတို့ဆီမှာအမြင့်ဆုံးက တစ်သိန်းနှစ်သောင်းဆိုတာက Jyunka ဆိုတာပေါ့။ သူနဲ့လုပ်ပေးတယ်။ သူက အရေးအကြောင်းအရမ်းနိုင်တယ်။ ချက်ချင်းသိသာတယ်။ အစ်မဆိုမြန်မာပြည်ပြန်ရောက်ခါစက ပင်ပန်းတာကြောင့်ရော၊ Stress ကြောင့်ရော မသုံးဖြစ်ဘူး။ အခုကျမှစပြီးသုံးကြည့်တာအဆင်ပြေသွားတယ်။ သူကမျက်နှာအတွက်ပေါ့။ နောက် Body ပိုင်းကအစ်မတို့ကိုယ့်ဟာကိုယ်စပ်တယ်။ Whitening နဲ့ Hydrationကအဓိကပေါ့။ တကယ်လို့မှ သဘာ၀ Organic ပဲသုံးချင်တယ်ဆိုရင် အစ်မတို့စပ်ပေးတယ်။
-အစ်မတို့ဆိုင်မှာ Spa လုပ်ပြီးတဲ့အခါ ဘယ်လိုစိတ်ခံစားချက်ကိုခံစားရစေလဲ။
ချက်ချင်းသိသာတယ်။ ဥပမာ အသားအရေအရမ်းခြောက်တဲ့သူတစ်ယောက်ဆိုရင် သူ့ကို Body Scrub လုပ်ပြီးသွားပြီဆိုရင် အသားအရေကဝင်လာကာစနဲ့မတူဘူး။ ချက်ချင်းသိသာတယ်။ နောက်ပြီး Spa စလုပ်ပြီဆိုရင်ငြိမ်နေရမယ်။ Relax ဖြစ်အောင် Lemon အဆီဖြစ်ဖြစ် Lavandar အဆီဖြစ်ဖြစ်ရှုနေမယ်ဆိုရင်အရမ်းကြီးစိတ်ချမ်းသာပြီးတော့မှ လန်းဆန်းသွားတယ်။ အဓိကအားဖြင့် လူကစိတ်အရမ်းကြည်လင်သွားတဲ့အချိန်မှာ အသားအရေပိုင်းလဲကြည်လင်သွားတယ်ဆိုတဲ့သဘောမျိုးပေါ့။ နောက်ပြီးအသားအရေလာလုပ်မဲ့သတို့သမီးအနေနဲ့ သဘောက အရမ်းကြီးမဆိုးတဲ့အသားအရေဆို တစ်လောက်အချိန်ယူပြီး မျက်နှာပိုင်းနဲ့Body ပိုင်းကိုလာလုပ်ပေါ့။ အရမ်းကြီးဆိုးနေလို့ရှိရင်တော့ သုံးလလောက်ကတည်းကနေကြိုတင်လုပ်လို့ရှိရင်သူ့အတွက်ပိုပြီးအဆင်ပြေသွားတာပေါ့။ အသားအရေလှမှ မိတ်ကပ်လိမ်းရင်လှမှာလေ။
-Spa တစ်ခါလုပ်မယ်ဆိုရင်ရော ဘယ်နှနာရီလောက်ကြာမလဲ။
တစ်နာရီခွဲနှစ်နာရီပါပဲ။ အလွန်ဆုံးမှ နှစ်နာရီပဲ။ သဘောက Body ဆိုရင် Scrub တိုက်ပြီးသွားရင် ရေချိုးရမှာတို့၊ ဘာတို့ဆိုတော့ ကြာတယ်လေ။ နောက် Body Lotion လိမ်းပြီဆိုရင်လဲ အပေါ်ယံကြီးပဲလိမ်းလို့မရဘူး။ သူ့အသားထဲစိမ့်ဝင်သွားတဲ့အထိလိမ်းပေးရတာဆိုတော့ ကြာတယ်လေ။ အချိန်ပေးရတယ်။
-Spa လုပ်တဲ့အဆင့်ဆင့်ကိုလဲ ပြောပြပေးပါဦး။
ပထမဦးဆုံးက Body ရဲ့ Skin ကိုကြည့်မယ်။ သူကခြောက်နေလား။ ခြောက်တယ်ဆိုရင် Hydration ဓာတ်ပါတဲ့ Body Scrub လေးနဲ့အရင်ဆုံးတိုက်မယ်။ နောက်သူ့ကိုရေချိုးခိုင်းမယ်။ နောက်ပြီး သူ့ကိုရေနွေးငွေ့ပါတဲ့ ဆောင်တာတစ်ခုထိုင်ခိုင်းမယ်။ ပြီးရင် Body Mask လေးတစ်ခုပြန်ကပ်ပေးမယ်။ ပြီးရင် Body Lotion လေးပြန်လိမ်းပေးမယ်ပေါ့။ အဲ့ဒီလောက်ပါပဲ။
-Spa အပြင် သတို့သမီးတစ်ယောက်အတွက် တခြားလိုအပ်တာလေးတွေကိုလဲ အကြံပြုပေးပါဦး။
သတို့သမီးတစ်ယောက်အတွက်ကအစ်မတို့ဟိုမှာဆိုရင် နောက်နှစ်မှ မင်္ဂလာဆောင်မယ်ဆိုရင် ဒီနှစ်ကနေစပြီး ကြိုတင်ပြင်ဆင်တတ်ကြတယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံခြားမှာက Pre Wedding တစ်ခုရိုက်ပြီဆိုရင်တောင် ကောင်းတဲ့ဆိုင်မှာကြိုတင်ပြီးသွားစောင့်ရတယ်။ တချို့ဆို နိုင်ငံခြားထွက်ရိုက်ကြတယ်။ အဲ့ဒါပြီးတာနဲ့Hotel ကိုပြန်စောင့်ရတယ်။ သူ့ရဲ့ရာသီရှိတယ်လေ။ မင်္ဂလာပွဲကိုများသောအားဖြင့်ဟိုမှာကစနေ၊ တနင်္ဂနွေပဲလုပ်ကြတာများတယ်လေ။ ဒီမှာကျတော့ ရက်မရွေးဘူး။ ကြားရက်လဲဆောင်ကြတယ်ဆိုတော့ အဓိကအားဖြင့် မင်္ဂလာပွဲတစ်ခုလုပ်ပြီဆိုရင် သတို့သမီးအနေနဲ့ပြင်ဆင်စရာတွေကအများကြီးရှိတယ်။ အဝတ်အစားပိုင်း၊ ဓာတ်ပုံပိုင်း၊ ကိုယ့်ဘဝတစ်လျှောက်လုံးပျော်ရွှင်သွားဖို့အတွက်ကလဲ စီစဉ်ရမှာလေ။ ဘာပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်မှုကတော့ အနည်းဆုံးတစ်နှစ်လောက်ယူတယ်။ ဒီဖက်မှာကကူတဲ့သူများတယ်လေ။ ကြိုတင်ပြင်ဆင်မှုက အချိန်ကြာကြာယူလေလေ မင်္ဂလာပွဲအတွက် အကောင်းဆုံးဖြစ်လေလေပါပဲ။
-ဆိုင်ဖွင့်ပွဲ ပရိုမိုးရှင်းအနေနဲ့ရော ဘယ်လိုလုပ်ထားပေးလဲ။
အောက်တိုဘာတစ်လလုံးကို ၂၀ ရာခိုင်နှုန်းလျှော့ပေးထားပါတယ်။
-တချို့အမျိုးသမီးတွေဆို Spa လုပ်ချင်ပေမဲ့ ရှက်တတ်တဲ့သူတွေကျတော့ အဆင်မပြေဘူးပေါ့။ သူတို့ကိုရော ဘယ်လိုအကြံ့ပေးချင်လဲ။
အဓိကက မရှက်ပါနဲ့။ ကျန်းမာရေးအတွက်အရမ်းအရေးကြီးပါတယ်။ မိန်းကလေးတစ်ယောက်အတွက်က ကျန်းမာမှဘယ်အရာမဆိုလုပ်နိုင်မှာလေ။ Body ပိုင်းကလဲ ဘာလို့ကျန်းမာရေးလို့ပြောရလဲဆိုရင် တခါတလေကျ တံတောင်ဆစ်မဲတာ၊ ဒူးခေါင်းမဲတယ်ဆိုတာ ကဖုန်တွေကြောင့်ပေါ့။ အဲ့ဒီလိုဖြစ်တာတွေက Body လုပ်တဲ့အချိန်မှာအရမ်းသိသာတယ်။ အဓိကကတော့ မရှက်ပါနဲ့။ ရောဂါဖြစ်ရင်တောင်ဆရာဝန်နဲ့ပြရတာပဲဟာကို တချို့ကရှက်တာရှိတယ်။ Body Scrub လုပ်ပြီးသွားရင်အရမ်းသိသာပါတယ်။ ပေါ့ပါးသွားတယ်။ သန့်ရှင်းသွားတယ်လို့ခံစားရပါတယ်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Trend Myanmar
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top