iMyanmarHouse.com - Best Property Website for Myanmar
×

သူ႔နာမည္က နန္းေဝေဝထြန္း၊ သူဟာ ဆြဲေဆာင္မႈအားျပင္းတဲ့ ပံုေတြနဲ႔ လူမႈကြန္ရက္ စာမ်က္ႏွာမွာ နာမည္ႀကီးသူ။

“sexy ရဲ႕ အဓိပၸာယ္က မာယာေပါ့ေနာ္။ ပံုတိုင္းမွာေတာ့ အားလံုးကို စြဲေဆာင္မႈရွိေအာင္ ႐ုိက္တယ္။ ဒါေပမယ့္ sexy mood က်ေတာ့ ငါ ေယာက်္ားဘယ္ႏွစ္ေယာက္ကို ညႇိဳ႕ယူႏိုင္လဲဆိုတဲ့ ခံစားမႈေပါ့။ အဲဒီ့ mood သြင္းလိုက္တာေပါ့။ ခပ္႐ုိင္း႐ုိင္းေျပာရမယ္ဆိုရင္ ငါ ေယာက္်ားေတြကို ဘယ္လိုညႇဳိ႕ယူႏိုင္၊ ငါ့ကို ေႂကြသြားႏိုင္တဲ့ အၾကည့္မ်ိဳးေပါ့။ အဲလိုမ်ိဳး အေကာင္းဆံုး ႀကိဳးစားတယ္။ ဒါေပမယ့္ နန္း မမီေသးဘူးလို႔ ထင္တယ္။”

သူဟာ ၂၀၁၃ ခုႏွစ္မွာ သြားအလွနဲ႔ပတ္သက္ၿပီး Miss Dental ဆု ရရွိခဲ့ရာကစလို႔ ေမာ္ဒယ္ေလာကထဲကို စတင္ ဝင္ေရာက္လာခဲ့သူပါ။ အဲဒီ႔ေနာက္ အျခားမယ္ဆုေတြကိုလည္း သူ ရရွိခဲ့ပါတယ္။

“Miss Dental 2013, Second Runner of Miss YET ၿပီးေတာ့ The Best Catwalk ဒီမွာ ဂ်ီးနက္စ္ စကင္းကဲေပါ့ေနာ္။ အဲဒီမွာလည္း ညီမ The Best Catwalk သံုးပြဲ ဆုရရွိခဲ့တယ္ေပါ့ေနာ္။”

ၿပီးေတာ့ သူဟာ ၂၀၁၃ ခုႏွစ္မွာ က်င္းပတဲ့ ဆီးဂိမ္းမွာလည္း ဗီယက္နမ္ရဲ႕ အလွမယ္အျဖစ္ အက်ိဳးေဆာင္ခြင့္ ရရွိခဲ့ပါတယ္။ အဲဒီ့ေနာက္ပိုင္း ဗီယက္နမ္က ေၾကာ္ျငာေခၚ႐ုိက္ရာကေန သူ႔ရဲ႕ အႏုပညာလႈပ္ရွားမႈဟာ တဆစ္ခ်ိဳး ေျပာင္းလဲသြားခဲ့တယ္လုိ႔ သူမက ေျပာပါတယ္။

“ဗီယက္နမ္ အခ်ိဳရည္အတြက္ ေၾကာ္ျငာ႐ုိက္မယ္ ဆိုၿပီးေတာ့ အဲဒီမွာ စၿပီး ႐ုိက္လိုက္တဲ့ ဓာတ္ပံုက မထင္မွတ္ဘဲနဲ႔ အြန္လိုင္းမွာ ျပန္႔သြားတယ္ေပါ့ေနာ္။ အဲဒီမွ စတင္ၿပီး သိခဲ့တယ္လို႔ ထင္တယ္။”

ဒီ့ေနာက္ပိုင္းမွာေတာ့မွာ သူ႔ရဲ႕ ယံုၾကည္ခ်က္ေတြကို ပိုၿပီးေတာ့ တြန္းအားျဖစ္ေစတဲ့ သူ႔မိတ္ေဆြအေပါင္းအသင္းေတြရဲ႕ အႀကံေပးခ်က္အရ ကာ႐ုိက္တာနဲ႔ ကိုက္ညီၿပီး ဆြဲေဆာင္မႈ အားျပင္းတဲ့ ပံုေတြကို သူ ေဇာင္းေပးလို႔ ႐ုိက္ပါေတာ့တယ္။

“ဒီလိုမ်ိဳးေဖာ္ျပလိုက္တဲ့ အရာတခုက ညီမသည္ ဒီ ျမန္မာအမ်ိဳးသမီးေတြ ဘယ္ေလာက္အထိ ခႏၶာကိုယ္ထိန္းသိမ္းပါေစ၊ ဘယ္ေလာက္အထိ လွပပါေစဆိုတဲ့ အရာမ်ိဳးေတြ နံပါတ္ ၁ အဲဒီဦးစားေပးရွိမယ္။ နံပါတ္ ၂ ျမန္မာျပည္က ေမာ္ဒယ္ Celebrity ဆိုတာ ခႏၶာကိုယ္ ဘယ္လိုေဆာ့ရတယ္ဆိုတဲ့ မက္စ္ေဆ့ခ်္ေပးမယ္။ နံပါတ္ ၃ သမီးသည္ Celebrity၊ Sexy Photo ႐ုိက္တဲ့အခ်ိန္မွာ လူေတြကို စြဲေဆာင္ေနရမယ္ဆိုတဲ့၊ အဲဒီအၾကည့္ေတြ ပါရမယ္ဆိုတဲ့ မက္ေဆ့ခ်္ေပးတယ္၊ အဲဒီ၃ ခုပဲေပးတာ။”

ဒီလို သူ႔ယံုၾကည္မႈနဲ႔ ရပ္တည္မႈေတြဟာ တကယ္ေတာ့ ျမန္မာ့လူ႔အဖြဲ႔အစည္းမွာ ရွိေနတဲ့ သူေတြရဲ႕ အျမင္နဲ႔ေတာ့ ကြဲျပားျခားနားပါတယ္။ ဒါ့ေၾကာင့္လည္း အသိုင္းအဝိုင္းတခ်ိဳ႕ရဲ႕ ဖယ္က်ဥ္တာကိုခံရၿပီး သူ႔ႏွလံုးသားေရးမွာလည္း အဖုအထစ္ေတြနဲ႔ ရင္ဆိုင္ခဲ့ရတယ္လုိ႔ နန္းေ၀ေ၀ထြန္းက ရင္ဖြင့္ပါတယ္။

“ဘဝမွာ ဘယ္သူမွ မရွိေတာ့ေလာက္ေအာင္ ျဖစ္သြားတာေပါ့ေနာ္။ အေစာႀကီးကတည္းကလည္း ဘယ္သူမွ မရွိဘူးေပ့ါ။ တမ်ဳိးလံုးက အစိုးရဝန္ထမ္းေတြႀကီး။ အဲ ၿပီးခဲ့တဲ့ ရက္ကဆိုရင္လည္း အေဒၚဆံုးတယ္ေပါ့ေနာ္။ အေဒၚဆံုးတဲ့အခ်ိန္မွာ ညီမ ရက္လည္တဲ့ေန႔ကမွ သိရတယ္။ ရက္လည္တဲ့ေန႔မွာေတာ့ ညီမ မသြားခ်င္ေတာ့တာ အေသအခ်ာပဲ။ ကိုယ့္ကိုယ္ကိုယ္ အဲဒီ့ သံုးေလးရက္မွာေလ ထိုင္းမႈိင္းၿပီးေတာ့ ဘာလုပ္ရမွန္းမသိဘူး ျဖစ္သြားတာေပါ့ေနာ္။ အရမ္းဝမ္းနည္းသြားတယ္။ ဘာလို႔လဲ၊ အမ်ိဳးေတြနဲ႔ မဆက္သြယ္ရတာလည္း မ်ားၿပီေပါ့ေနာ္။ သူတို႔ေတြ ဘယ္ေတာ့မွ နားလည္လာမွာလဲ၊ သူတို႔နားလည္မယ့္ေန႔ကေရာ ညီမ ဒီကမၻာေျမေပၚမွာ ရွိဦးမလားေပါ့ေနာ္။”

“ညီမခ်စ္သူဆိုလို႔ရွိရင္လည္း သူ႔မိဘ အသိုင္းအဝိုင္းေတြေပါ့ေနာ္ တခါတေလဆိုရင္ သူ႔မိဘ အသိုင္းအဝိုင္းနဲ႔ သူနဲ႔ အဆင္မေျပတာေလးေတြ ရွိတယ္၊ ညီမေၾကာင့္ေပါ့ေနာ္။ ဒါေပမယ့္ ညီမက ညီမခ်စ္သူကို နားလည္ေအာင္ ရွင္းျပတယ္။ ညီမေနပံုထိုင္ပံု ညီမကမၻာထဲကို ဝင္လာၾကည့္ခဲ့သူျမင္တယ္။ ျမင္ေတာ့ သူ႔ကို အေကာင္းဆံုး ေျပာျပထားတဲ့အတြက္ သူ နားလည္တယ္။ တကယ္လို႔ နားမလည္ဘူးဆိုရင္လည္း ညီမအတြက္က ဝမ္းမနည္းပါဘူး။ ဘာလို႔လဲဆိုေတာ့ ေလာကမွာက ေမြးလည္း တေယာက္တည္း၊ ေသသြားေတာ့လည္း တေယာက္တည္း။ ကိုယ့္ကိုယ္ကိုယ္ အၿမဲတမ္း စဥ္းစားထားတဲ့ စဥ္းစားခ်က္က ငါသည္ ေန႔စဥ္ တိုက္ပြဲဝင္ေနတဲ့ အမ်ိဳးသမီးတေယာက္လို႔ပဲ ဆံုးျဖတ္ထားတယ္။”

သူ ယံုယံုၾကည္ၾကည္ ေလွ်ာက္ေနတဲ့လမ္းေပၚ ဝမ္းနည္းမႈေတြနဲ႔ ရင္ဆိုင္ရခ်ိန္မွာ အားေပးႏွစ္သိမ့္မယ့္ မိသားစုကလည္း သူ႔ကို စြန္႔ခြာသြားခဲ့ၾကပါၿပီ။

“ညီမ ငယ္ဘဝက ေပါင္းတည္ၿမိဳ႕ သေျပကုန္းရြာ။ ငယ္ငယ္တုန္းကေတာ့ ညီမတို႔မိသားစုက ၿပီးျပည့္စံုေတာ့ ေပါင္းတည္ၿမိဳ႕တခြင္ မသိတဲ့သူ မရွိဘူး။ ညီမ ၆ တန္းေလာက္မွာ ညီမအစ္ကို အမႈတခုနဲ႔ ရင္ဆိုင္ရတယ္။ ညီမအစ္ကိုအတြက္နဲ႔ ညီမအေမ စိတ္ဒုကၡေရာက္ခဲ့ရတယ္။ ၿပီးေတာ့ ညီမအေမက ကင္ဆာနဲ႔ ဆံုးသြားတယ္။ အဆုတ္ကင္ဆာနဲ႔ေပါ့ ညီမတို႔ ေတာက္ေလွ်ာက္ ပိုက္ဆံေတြကုန္တယ္။ ညီမ အဲဒီအခ်ိန္ေပါ့ေနာ္ ၈ တန္း၊ ၉ တန္း၊ ၁၀ တန္းမွာ ဒီ ေကာက္လႈိင္းေတြ ဘာေတြ သယ္ခဲ့ရဖူးတယ္။ အရမ္းေလးတယ္။ ငယ္ငယ္တည္းက ၿပီးျပည့္စံုတဲ့ဘဝထဲ ေနခဲ့ရၿပီး အဲဒီလိုဘဝမ်ိဳးေတြ ေရာက္သြားတဲ့အခ်ိန္မွာ ျဖစ္ႏိုင္ရင္ ေယာက္်ားပဲ ယူပစ္လိုက္ရမလားေပါ့။ အဲဒီအရြယ္ ကေလးဆိုေတာ့ မသိခဲ့ဘူး။ ဒါေပမယ့္ ညီမ ခံယူခ်က္ရွိတယ္။ ငါ့အေဖရွိတယ္။ ငါ့ဘဝမွာ ငါ့အေဖဟာ ငါ့ပန္းတိုင္ပဲ၊ ငါခ်မ္းသာေအာင္၊ ငါပညာႀကီးတတ္လို႔ရွိရင္ ငါ့အေဖနဲ႔ ငါ ဘဝတခုကို ရပ္တည္မယ္။”

သူ ကံမေကာင္းခဲ့ပါဘူး။ သူေမွ်ာ္လင့္ထားတဲ့ သူ႔အေဖဟာလည္း သူ ျမန္မာစာ ပထမႏွစ္ေက်ာင္းသူ ဘဝမွာပဲ ဆံုးပါးသြားခဲ့ပါတယ္။

“အေဖဆံုးတယ္။ အေဖဆံုးၿပီးေတာ့ လြန္ခဲ့တဲ့ ၂ ႏွစ္ကပဲ အစ္ကိုထပ္ဆံုးတယ္။ အေဖဆံုးၿပီးတဲ့ေနာက္ပိုင္းမွာ အမနဲ႔ကလည္း ေနလို႔ကလည္း အဆင္မေျပဘူး။ အမက အိမ္ေထာင္က်သြားတယ္ဆိုေတာ့ ညီမဘဝမွာ အေဆာင္မွာ ေနရတယ္။ အေဆာင္မွာေနၿပီးေတာ့ပဲ ကိုယ္ကိုယ္တိုင္ ကိုယ့္အလုပ္ကိုယ္ လုပ္ၿပီးေတာ့ပဲ ဘဝတေလွ်ာက္မွာ အေကာင္းဆံုး ျဖတ္သန္းရတာေပါ့။”

ဒီလို ဘဝရဲ႕ ႐ုိက္ခတ္မႈေတြေၾကာင့္ သူ ဆယ္တန္းေအာင္ၿပီးကတည္းက ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္တည္ခဲ့တာပါ။ အထည္ခ်ဳပ္လုပ္ငန္း၊ ကုမၸဏီဝန္ထမ္းနဲ႔ ဘတ္စ္မယ္ေတြလည္း လုပ္ခဲ့ဖူးပါတယ္။ အဲဒီေနာက္ ကိုယ္ပိုင္အထည္ဆိုင္ေလး ဖြင့္ေနရာက Miss ၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ရင္း အခုလို ေမာ္ဒယ္တေယာက္ ျဖစ္လာခဲ့ပါတယ္။

ညီမက ပထမဦးဆံုးပံုက ေၾကာ္ျငာအတြက္ ႐ုိက္ခဲ့တာ။ အခုေနာက္ပိုင္းပံုေတြက ရွိတ္ကာဘာအတြက္ ႐ုိက္ေပးခဲ့တာ။ ကေနဒါအမ်ိဳးသမီးက သူ႔ရဲ႕ ေဘာ္ဒီအပ္ေပါ့ေနာ္။ ဒီ စြဲေဆာင္မႈရွိတဲ့ ဖိုတိုေတြ ႐ုိက္တယ္ဆိုတာကလည္း ညီမတို႔ သ႐ုပ္ေဆာင္ေတြ တက္ရမယ့္ အတတ္ပညာတခု ျဖစ္တဲ့အတြက္ ညီမ႐ုိက္တာ။ ျမန္မာျပည္မွာကလည္း Sexy Photo ျမင္မွ ဂ႐ုစိုက္မယ္ဆိုတာ အေသအခ်ာပဲ။ အဲဒီေတာ့ ဒီနည္းကို သံုးလိုက္တာရွင့္။”

ေမာ္ဒယ္ဘဝ ေရာက္လာျပန္ေတာ့လည္း သူေရြးခ်ယ္တဲ့ လမ္းေၾကာင္းအတြက္ ပတ္ဝန္းက်င္ရဲ႕ ထိုးႏွက္မႈဒဏ္ကို ခံရပါတယ္။ သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာဆိုရင္လည္း လူအမ်ိဳးမ်ိဳးရဲ႕ ေဝဖန္သံ ပံုစံမ်ိဳးစံုကိုပါ ႀကံဳေတြ႔ရတာပါ။

“ေတာ္ေတာ္မ်ားမ်ား ေမာ္ဒယ္ Celebrity က မေကာင္းတာလုပ္စားတယ္လို႔ သူတို႔အျမင္ေတြမွာ ရွိတယ္။ တကယ္လည္း ရွိေနတယ္။ ေမာ္ဒယ္ဆိုလို႔ရွိရင္ သူတို႔က ေငြနဲ႔ေခၚၿပီး တြဲလို႔ရတယ္ဆိုတာေတြ အမ်ားႀကီးရွိတယ္။ တိုက္႐ုိက္ လာမေစာ္ကားသေရြ႕ကေတာ့ ညီမ ဘာမွမေျပာဘူး။ ဘာျဖစ္လို႔ဆိုေတာ့ Negative လုပ္ထားတယ္။ သူတို႔ကိုလည္း ဂ႐ုမစိုက္ဘူး။ ဒါ ညီမအတြက္ အတားအဆီးေတြပဲ။ သူတို႔ကို လိုက္ဂ႐ုစိုက္ေနမယ္ဆိုရင္ ညီမ ပန္းတိုင္ ဘယ္ေတာ့မွ ေရာက္မွာမဟုတ္ဘူး။”

တကယ္ေတာ့ သူ ဒီလို ခႏၶာကိုယ္အခ်ိဳးအဆစ္ကို အသားေပး ႐ုိက္ျပဖုိ႔အတြက္ သူ႔အသက္ ၁၉ ႏွစ္ေလာက္က ေလယာဥ္မယ္တေယာက္ျဖစ္ဖို႔ ႀကိဳးစားရာက စတင္ခဲ့တာပါ။

“ေလယာဥ္မယ္တေယာက္ဆိုတာ ခႏၶာကိုယ္အခ်ိဳးအစား လွပရမယ္။ အရပ္ရွည္ရမယ္ ဆိုတဲ့အတြက္ ေလယာဥ္မယ္ျဖစ္ခ်င္တဲ့အတြက္ ဒီကစားနည္းကို စၿပီး ေလ့က်င့္ျဖစ္တာေပါ့ေနာ္။ အဲဒီေနာက္ပိုင္းမွာ ေလယာဥ္မယ္ မလုပ္ျဖစ္တဲ့ အခ်ိန္က်ေတာ့ ဒီေလာကထဲ ဝင္လာတဲ့ အခါက်ေတာ့ ကိုယ့္အတြက္ အရမ္းအေရးႀကီးတဲ့ ညီမတို႔က ဒီခႏၶာကိုယ္က အဓိက။ ကိုယ့္ကိုယ္ကိုယ္ ပေရာဒတ္တခုလိုပဲေလ၊ အဲဒါေၾကာင့္ ဒီကစားနည္းက မရွိမျဖစ္ အေရးပါတဲ့ အရာတခုလို႔ ထင္တယ္ရွင့္။”

ဒါ့ေၾကာင့္ ေန႔စဥ္ဆိုသလို သူ႔ခ်စ္သူနဲ႔အတူ တမုိးေအာက္မွာ တြဲေဆာ့လို႔ရတဲ့ အားကစား႐ုံကို မနက္ ၆ နာရီမွာ သြားေလ့ရွိပါတယ္။

“နန္း ႏုိင္ငံျခားကေန ျပန္ေရာက္လာတဲ့အခ်ိန္မွာ နန္းတို႔ ျမန္မာႏုိင္ငံက Celebrity ေတြဟာ ပိုက္ဆံရွိမွလို႔ ထင္ခဲ့တဲ့အရာေတြက အရမ္းကို မွားတယ္ဆိုတာ ညီမ နားလည္လိုက္တယ္။ ဒီ အားကစားစင္တာဆိုရင္ လစဥ္ေၾကးမွ တေသာင္းခြဲပဲ သြင္းရတယ္။ ၿပီးလို႔ရွိရင္ က်ယ္ဝန္းတဲ့ ေနရာလည္းရွိတယ္။ အဲဒါေၾကာင့္မို႔ ညီမ ဒီလိုမ်ိဳး ေဆာ့ျပတဲ့အတြက္ ေနာက္ထပ္ ေမာ္ဒယ္ေလးေတြကလည္း ငါျဖစ္ခ်င္လိုက္တာ၊ ငါတို႔မွာ ပိုက္ဆံရွိမွ ျဖစ္မယ္ဆိုတဲ့ အယူအဆမ်ိဳး ေပ်ာက္ပ်က္ေအာင္လို႔ တတ္ႏိုင္သမွ် ညီမ ေအာက္ေျခကေန သြားတာမ်ားပါတယ္။”

အဲဒီလို သူကေတာ့ သူယံုၾကည္တဲ့ အႏုပညာလမ္း ေျဖာင့္ေျဖာင့္ေလွ်ာက္လွမ္းႏိုင္ဖို႔ ေငြေရးေၾကးေရး အခက္အခဲေတြကို ႀကံ့ႀကံ့ခံျဖတ္သန္းရင္း ဘဝကို ခဲခဲယဥ္းယဥ္း ထုဆစ္ေနရသူပါ။

“အႏုပညာအလုပ္က ဘုရား၊ တရားနဲ႔ အရမ္းသက္ဆိုင္တယ္။ မေကာင္းတာလုပ္ရင္ ခ်က္ခ်င္းျပဳတ္က်တယ္။ အဲဒီေတာ့ ဒီအႏုပညာအလုပ္မွာ သူမ်ားရဲ႕စပြန္ဆာ ယူလိုက္ၿပီဆိုရင္ ျဖဴစင္တဲ့စပြန္ဆာ ဆိုလို႔ရွိရင္ေတာ့ ေကာင္းပါတယ္။ မျဖဴစင္တဲ့စပြန္ဆာ ဆိုလို႔ရွိရင္ေတာ့ ဘယ္ေလာက္အထိပဲ ေအာင္ျမင္ေအာင္ျမင္ ေငြေၾကးေၾကာင့္ ေအာင္ျမင္လည္း တဒဂၤပဲ။ လံုးဝ ေရရည္မေအာင္ျမင္ႏိုင္ဘူးလို႔ ရဲရဲႀကီး အာမခံ ေျပာရဲတယ္။”

တကယ္ေတာ့ လူေတြက သူ႔ကုိ Sexy Model နန္းေဝေဝထြန္းလို႔ပဲ သိၾကတာ မ်ားပါတယ္။ သူ႔ရဲ႕ ခိုင္မာတဲ့ စိတ္ဓာတ္ေတြနဲ႔ ကံၾကမၼာရဲ႕ မ်က္ႏွာသာေပးမႈေတြေၾကာင့္ သူ ေမာ္ဒယ္ေလာကကို ဝင္ေရာက္ၿပီး သိပ္မၾကာခင္မွာပဲ ႏိုင္ငံတကာမွာ ယွဥ္ၿပိဳင္မယ့္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခြင့္ ရခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံသူ မိုနာ အီး စထရက္ ဘားဂါး ထုတ္လုပ္တဲ့ မုျဒာေကာလင္း ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ သူ႐ုိက္ခြင့္ရဖို႔အတြက္ အြန္လိုင္းမီဒီယာကေန ေလွ်ာက္ခဲ့ပါတယ္။

အဲဒီမွာ ဒုတိယမင္းသမီးေနရာအျဖစ္ ေရြးခ်ယ္ခံရၿပီး သူ သ႐ုပ္ေဆာင္တေယာက္ ျဖစ္လာခဲ့သလို သူ႔ကို မိသားစုဝင္သဖြယ္ ကူညီေစာင့္ေရွာက္ေပးတဲ့ မိုနာနဲ႔ပါ ဆံုဆည္းခြင့္ ရခဲ့ပါတယ္။

“ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ သူဟာ က်မသိတဲ့ အႀကိဳးစားဆံုးသူေတြထဲက တေယာက္ပါပဲ။ ဒီတိုင္းျပည္မွာ ႐ုပ္ရွင္မင္းသမီးေတြ၊ ေမာ္ဒယ္လ္ေတြျဖစ္ဖို႔ သူတို႔ရဲ႕ ပင္ကိုယ္အရည္အခ်င္း အစစ္အမွန္နဲ႔ ဒီေလာကထဲဝင္ဖို႔ အရမ္းခက္ခဲတယ္။ ကံမေကာင္းစြာနဲ႔ သူတို႔မွာ ေငြေၾကးအလံုအေလာက္ မရွိဘူးဆိုရင္ သူတို႔ကို ေထာက္ပံ့ေပးမယ့္သူကို ရွာၾကရတယ္။ သူက အဲဒီလမ္းေၾကာင္းကို မေရြးဘဲ သူ႔ပင္ကိုယ္အရည္အခ်င္းနဲ႔ပဲ ေမာ္ဒယ္တေယာက္အေနနဲ႔ ဒါမွမဟုတ္ သ႐ုပ္ေဆာင္ ဒါမွမဟုတ္ အဆိုေတာ္အေနနဲ႔ ထိုးေဖာက္ဖို႔ ႀကိဳးစားေနတာကို က်မ တကယ္ေလးစားမိတယ္။ သူ ဘာပဲလုပ္ဖုိ႔ ႀကိဳးစားႀကိဳးစား က်မကေတာ့ သူ႔ကို ကူညီေပးမွာပါပဲ” လုိ႔ မုိနာက ေျပာပါတယ္။

ေနာက္ၿပီး အႏုပညာေလာကထဲမွာ ေနရာတေနရာ ေျခကုပ္ယူဖို႔ အဆိုေတာ္ျဖစ္ေအာင္လည္း ဦးေစာႏုရဲ႕ အဆိုသင္တန္းေက်ာင္းမွာ ေလ့လာသင္ယူေနတယ္လုိ႔ နန္းေ၀ေ၀ထြန္းက ေျပာပါတယ္။

“ဒီေန႔ ဒီခ်ိန္မွာကေတာ့ Celebrity ဆိုတာက ညီမတို႔ ႏုိင္ငံတကာတိုးရတဲ့ အခ်ိန္မွာၾကေတာ့ အကုန္တတ္ထားမွ ရမယ္။ ျမင္းစီးဆိုလည္း စီးရမွာပဲ၊ ညီမ ကာ႐ုိက္တာက အဆိုေတာ္ဆို အဆိုေတာ္ျဖစ္ရမွာ။ အဲဒီေတာ့ ညီမ ဒီမွာ မင္းသားနဲ႔ ညီမ တြဲထြက္လို႔ မရေလာက္ဘူး။ ဒီႏုိင္ငံရဲ႕ အေျခအေနအရ။ မညီညြတ္တဲ့အခ်ိန္။ ညီမ အဆိုေတာ္အေနနဲ႔ တေယာက္တည္း ထြက္လို႔ရွိရင္ ညီမ ႏုိင္ငံျခားမွာ သြားလုပ္လို႔ရတယ္။ မင္းသမီးက တကား ႏွစ္ကားပဲ ရွိတယ္။ ဘယ္လိုမွ လုပ္လို႔မရဘူးေလ။ အဲေတာ့ ညီမ အဆိုေတာ္နဲ႔ အရင္ေပါက္ေအာင္ ႀကိဳးစားၾကည့္မယ္ဆိုၿပီး ညီမ ဆံုးျဖတ္လိုက္တာ။”

တကယ္ေတာ့ သူ႔အိပ္မက္ေတြဟာ ျမန္မာႏိုင္ငံထဲမွာတင္မကဘဲ ေဟာလိဝုဒ္အထိပါ ရွိေနတာပါ။ ၿပီးေတာ့ သူအားက်ေနတဲ့ ေဟာလိဝုဒ္မင္းသမီး အင္ဂ်လီနာ ဂ်ိဳလီလိုပဲ ပရဟိတ လုပ္ငန္းေတြကို သူ စိတ္ဝင္တစား လုပ္ကိုင္ခ်င္ေနခဲ့ပါတယ္။

“ႏိုင္ငံတကာမွာ ႐ုပ္ရွင္မင္းသမီးတေယာက္ျဖစ္ခ်င္တယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ေတာ့ ဂ်ိဳလီ။ ဒါ သမီးအႀကိဳက္ဆံုး မင္းသမီး။ သူဆို တကယ့္ပရဟိတ။ အဲေလာက္အထိကို သမီးမွန္းထားတယ္။ ဒါေပမယ့္ အဲေလာက္ေတြေျပာရင္ သမီး ဟာသ ျဖစ္ေနလိမ့္မယ္။ ဒုတိယတခုက အဲလိုမ်ိဳး ျဖစ္မလာခဲ့ဘူး ဆိုရင္ေတာင္မွ အခု သမီး Celebrity တေလွ်ာက္မွာ သမီးရခဲ့တဲ့ ပိုက္ဆံ၊ သမီးရခဲ့တဲ့ ေခၽြးနည္းစာေလးေတြ အကုန္လံုး သမီး ေပါင္းတည္က ကေလးေတြ၊ နယ္ၿမိဳ႕က ကေလးေတြ၊ သံဃာေတာ္ေတြ သမီး အကုန္လံုးကို လႉဒါန္းခဲ့တယ္။ သမီးရဲ႕ ေမြးဖြားရာ ဇာတိရြာမွာ သမီးနာမည္သည္ အေဖနဲ႔ အေမအတြက္ ျဖစ္ခဲ့ၿပီးၿပီ။ သမီးေမြးဖြားရာ ေပါင္းတည္ၿမိဳ႕မွာ ျဖစ္ခဲ့ၿပီးၿပီ။ ၿပီးရင္ ပဲခူးတိုင္းျဖစ္ရမယ္။ ျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ ျဖစ္ရမယ္လို႔ အဲဒီေလာက္အထိ ေတြးတယ္။ မျဖစ္ခဲ့ဘူးဆိုရင္ေတာ့ ညီမရဲ႕သမိုင္း ရသေလာက္ကိုေတာ့ ေရးခဲ့မယ္လို႔ အဆံုးအထိကို ေတြးထားတယ္။”

Sexy ေမာ္ဒယ္လို႔ လူသိမ်ားတဲ့ နန္းေဝေဝထြန္းတေယာက္ ေဟာလိဝုဒ္ဆိုတဲ့ အိပ္မက္ေလွႀကီးေပၚမွာ ပဲ့ကိုင္စီးနင္းရင္း ျမန္မာ့လူ႔အဖြဲ႔အစည္းရဲ႕ ေဝဖန္မႈ လႈိင္းတံပိုးေတြကို အန္တုၿပီး သူ႔ခရီးသူ ဆက္ေနဆဲပါပဲ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:DVB Burmese

#Unicode Version
သူ့နာမည်က နန်းဝေဝေထွန်း၊ သူဟာ ဆွဲဆောင်မှုအားပြင်းတဲ့ ပုံတွေနဲ့ လူမှုကွန်ရက် စာမျက်နှာမှာ နာမည်ကြီးသူ။

“sexy ရဲ့ အဓိပ္ပာယ်က မာယာပေါ့နော်။ ပုံတိုင်းမှာတော့ အားလုံးကို စွဲဆောင်မှုရှိအောင် ရိုက်တယ်။ ဒါပေမယ့် sexy mood ကျတော့ ငါ ယောကျ်ားဘယ်နှစ်ယောက်ကို ညှို့ယူနိုင်လဲဆိုတဲ့ ခံစားမှုပေါ့။ အဲဒီ့ mood သွင်းလိုက်တာပေါ့။ ခပ်ရိုင်းရိုင်းပြောရမယ်ဆိုရင် ငါ ယောက်ျားတွေကို ဘယ်လိုညှို့ယူနိုင်၊ ငါ့ကို ကြွေသွားနိုင်တဲ့ အကြည့်မျိုးပေါ့။ အဲလိုမျိုး အကောင်းဆုံး ကြိုးစားတယ်။ ဒါပေမယ့် နန်း မမီသေးဘူးလို့ ထင်တယ်။”

သူဟာ ၂၀၁၃ ခုနှစ်မှာ သွားအလှနဲ့ပတ်သက်ပြီး Miss Dental ဆု ရရှိခဲ့ရာကစလို့ မော်ဒယ်လောကထဲကို စတင် ဝင်ရောက်လာခဲ့သူပါ။ အဲဒီ့နောက် အခြားမယ်ဆုတွေကိုလည်း သူ ရရှိခဲ့ပါတယ်။

“Miss Dental 2013, Second Runner of Miss YET ပြီးတော့ The Best Catwalk ဒီမှာ ဂျီးနက်စ် စကင်းကဲပေါ့နော်။ အဲဒီမှာလည်း ညီမ The Best Catwalk သုံးပွဲ ဆုရရှိခဲ့တယ်ပေါ့နော်။”

ပြီးတော့ သူဟာ ၂၀၁၃ ခုနှစ်မှာ ကျင်းပတဲ့ ဆီးဂိမ်းမှာလည်း ဗီယက်နမ်ရဲ့ အလှမယ်အဖြစ် အကျိုးဆောင်ခွင့် ရရှိခဲ့ပါတယ်။ အဲဒီ့နောက်ပိုင်း ဗီယက်နမ်က ကြော်ငြာခေါ်ရိုက်ရာကနေ သူ့ရဲ့ အနုပညာလှုပ်ရှားမှုဟာ တဆစ်ချိုး ပြောင်းလဲသွားခဲ့တယ်လို့ သူမက ပြောပါတယ်။

“ဗီယက်နမ် အချိုရည်အတွက် ကြော်ငြာရိုက်မယ် ဆိုပြီးတော့ အဲဒီမှာ စပြီး ရိုက်လိုက်တဲ့ ဓာတ်ပုံက မထင်မှတ်ဘဲနဲ့ အွန်လိုင်းမှာ ပြန့်သွားတယ်ပေါ့နော်။ အဲဒီမှ စတင်ပြီး သိခဲ့တယ်လို့ ထင်တယ်။”

ဒီ့နောက်ပိုင်းမှာတော့မှာ သူ့ရဲ့ ယုံကြည်ချက်တွေကို ပိုပြီးတော့ တွန်းအားဖြစ်စေတဲ့ သူ့မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အကြံပေးချက်အရ ကာရိုက်တာနဲ့ ကိုက်ညီပြီး ဆွဲဆောင်မှု အားပြင်းတဲ့ ပုံတွေကို သူ ဇောင်းပေးလို့ ရိုက်ပါတော့တယ်။

“ဒီလိုမျိုးဖော်ပြလိုက်တဲ့ အရာတခုက ညီမသည် ဒီ မြန်မာအမျိုးသမီးတွေ ဘယ်လောက်အထိ ခန္ဓာကိုယ်ထိန်းသိမ်းပါစေ၊ ဘယ်လောက်အထိ လှပပါစေဆိုတဲ့ အရာမျိုးတွေ နံပါတ် ၁ အဲဒီဦးစားပေးရှိမယ်။ နံပါတ် ၂ မြန်မာပြည်က မော်ဒယ် Celebrity ဆိုတာ ခန္ဓာကိုယ် ဘယ်လိုဆော့ရတယ်ဆိုတဲ့ မက်စ်ဆေ့ချ်ပေးမယ်။ နံပါတ် ၃ သမီးသည် Celebrity၊ Sexy Photo ရိုက်တဲ့အချိန်မှာ လူတွေကို စွဲဆောင်နေရမယ်ဆိုတဲ့၊ အဲဒီအကြည့်တွေ ပါရမယ်ဆိုတဲ့ မက်ဆေ့ချ်ပေးတယ်၊ အဲဒီ၃ ခုပဲပေးတာ။”

ဒီလို သူ့ယုံကြည်မှုနဲ့ ရပ်တည်မှုတွေဟာ တကယ်တော့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ရှိနေတဲ့ သူတွေရဲ့ အမြင်နဲ့တော့ ကွဲပြားခြားနားပါတယ်။ ဒါ့ကြောင့်လည်း အသိုင်းအဝိုင်းတချို့ရဲ့ ဖယ်ကျဉ်တာကိုခံရပြီး သူ့နှလုံးသားရေးမှာလည်း အဖုအထစ်တွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ နန်းဝေေ၀ထွန်းက ရင်ဖွင့်ပါတယ်။

“ဘဝမှာ ဘယ်သူမှ မရှိတော့လောက်အောင် ဖြစ်သွားတာပေါ့နော်။ အစောကြီးကတည်းကလည်း ဘယ်သူမှ မရှိဘူးပေ့ါ။ တမျိုးလုံးက အစိုးရဝန်ထမ်းတွေကြီး။ အဲ ပြီးခဲ့တဲ့ ရက်ကဆိုရင်လည်း အဒေါ်ဆုံးတယ်ပေါ့နော်။ အဒေါ်ဆုံးတဲ့အချိန်မှာ ညီမ ရက်လည်တဲ့နေ့ကမှ သိရတယ်။ ရက်လည်တဲ့နေ့မှာတော့ ညီမ မသွားချင်တော့တာ အသေအချာပဲ။ ကိုယ့်ကိုယ်ကိုယ် အဲဒီ့ သုံးလေးရက်မှာလေ ထိုင်းမှိုင်းပြီးတော့ ဘာလုပ်ရမှန်းမသိဘူး ဖြစ်သွားတာပေါ့နော်။ အရမ်းဝမ်းနည်းသွားတယ်။ ဘာလို့လဲ၊ အမျိုးတွေနဲ့ မဆက်သွယ်ရတာလည်း များပြီပေါ့နော်။ သူတို့တွေ ဘယ်တော့မှ နားလည်လာမှာလဲ၊ သူတို့နားလည်မယ့်နေ့ကရော ညီမ ဒီကမ္ဘာမြေပေါ်မှာ ရှိဦးမလားပေါ့နော်။”

“ညီမချစ်သူဆိုလို့ရှိရင်လည်း သူ့မိဘ အသိုင်းအဝိုင်းတွေပေါ့နော် တခါတလေဆိုရင် သူ့မိဘ အသိုင်းအဝိုင်းနဲ့ သူနဲ့ အဆင်မပြေတာလေးတွေ ရှိတယ်၊ ညီမကြောင့်ပေါ့နော်။ ဒါပေမယ့် ညီမက ညီမချစ်သူကို နားလည်အောင် ရှင်းပြတယ်။ ညီမနေပုံထိုင်ပုံ ညီမကမ္ဘာထဲကို ဝင်လာကြည့်ခဲ့သူမြင်တယ်။ မြင်တော့ သူ့ကို အကောင်းဆုံး ပြောပြထားတဲ့အတွက် သူ နားလည်တယ်။ တကယ်လို့ နားမလည်ဘူးဆိုရင်လည်း ညီမအတွက်က ဝမ်းမနည်းပါဘူး။ ဘာလို့လဲဆိုတော့ လောကမှာက မွေးလည်း တယောက်တည်း၊ သေသွားတော့လည်း တယောက်တည်း။ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း စဉ်းစားထားတဲ့ စဉ်းစားချက်က ငါသည် နေ့စဉ် တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတယောက်လို့ပဲ ဆုံးဖြတ်ထားတယ်။”

သူ ယုံယုံကြည်ကြည် လျှောက်နေတဲ့လမ်းပေါ် ဝမ်းနည်းမှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ အားပေးနှစ်သိမ့်မယ့် မိသားစုကလည်း သူ့ကို စွန့်ခွာသွားခဲ့ကြပါပြီ။

“ညီမ ငယ်ဘဝက ပေါင်းတည်မြို့ သပြေကုန်းရွာ။ ငယ်ငယ်တုန်းကတော့ ညီမတို့မိသားစုက ပြီးပြည့်စုံတော့ ပေါင်းတည်မြို့တခွင် မသိတဲ့သူ မရှိဘူး။ ညီမ ၆ တန်းလောက်မှာ ညီမအစ်ကို အမှုတခုနဲ့ ရင်ဆိုင်ရတယ်။ ညီမအစ်ကိုအတွက်နဲ့ ညီမအမေ စိတ်ဒုက္ခရောက်ခဲ့ရတယ်။ ပြီးတော့ ညီမအမေက ကင်ဆာနဲ့ ဆုံးသွားတယ်။ အဆုတ်ကင်ဆာနဲ့ပေါ့ ညီမတို့ တောက်လျှောက် ပိုက်ဆံတွေကုန်တယ်။ ညီမ အဲဒီအချိန်ပေါ့နော် ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းမှာ ဒီ ကောက်လှိုင်းတွေ ဘာတွေ သယ်ခဲ့ရဖူးတယ်။ အရမ်းလေးတယ်။ ငယ်ငယ်တည်းက ပြီးပြည့်စုံတဲ့ဘဝထဲ နေခဲ့ရပြီး အဲဒီလိုဘဝမျိုးတွေ ရောက်သွားတဲ့အချိန်မှာ ဖြစ်နိုင်ရင် ယောက်ျားပဲ ယူပစ်လိုက်ရမလားပေါ့။ အဲဒီအရွယ် ကလေးဆိုတော့ မသိခဲ့ဘူး။ ဒါပေမယ့် ညီမ ခံယူချက်ရှိတယ်။ ငါ့အဖေရှိတယ်။ ငါ့ဘဝမှာ ငါ့အဖေဟာ ငါ့ပန်းတိုင်ပဲ၊ ငါချမ်းသာအောင်၊ ငါပညာကြီးတတ်လို့ရှိရင် ငါ့အဖေနဲ့ ငါ ဘဝတခုကို ရပ်တည်မယ်။”

သူ ကံမကောင်းခဲ့ပါဘူး။ သူမျှော်လင့်ထားတဲ့ သူ့အဖေဟာလည်း သူ မြန်မာစာ ပထမနှစ်ကျောင်းသူ ဘဝမှာပဲ ဆုံးပါးသွားခဲ့ပါတယ်။

“အဖေဆုံးတယ်။ အဖေဆုံးပြီးတော့ လွန်ခဲ့တဲ့ ၂ နှစ်ကပဲ အစ်ကိုထပ်ဆုံးတယ်။ အဖေဆုံးပြီးတဲ့နောက်ပိုင်းမှာ အမနဲ့ကလည်း နေလို့ကလည်း အဆင်မပြေဘူး။ အမက အိမ်ထောင်ကျသွားတယ်ဆိုတော့ ညီမဘဝမှာ အဆောင်မှာ နေရတယ်။ အဆောင်မှာနေပြီးတော့ပဲ ကိုယ်ကိုယ်တိုင် ကိုယ့်အလုပ်ကိုယ် လုပ်ပြီးတော့ပဲ ဘဝတလျှောက်မှာ အကောင်းဆုံး ဖြတ်သန်းရတာပေါ့။”

ဒီလို ဘဝရဲ့ ရိုက်ခတ်မှုတွေကြောင့် သူ ဆယ်တန်းအောင်ပြီးကတည်းက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ခဲ့တာပါ။ အထည်ချုပ်လုပ်ငန်း၊ ကုမ္ပဏီဝန်ထမ်းနဲ့ ဘတ်စ်မယ်တွေလည်း လုပ်ခဲ့ဖူးပါတယ်။ အဲဒီနောက် ကိုယ်ပိုင်အထည်ဆိုင်လေး ဖွင့်နေရာက Miss ပြိုင်ပွဲမှာ ဝင်ပြိုင်ရင်း အခုလို မော်ဒယ်တယောက် ဖြစ်လာခဲ့ပါတယ်။

ညီမက ပထမဦးဆုံးပုံက ကြော်ငြာအတွက် ရိုက်ခဲ့တာ။ အခုနောက်ပိုင်းပုံတွေက ရှိတ်ကာဘာအတွက် ရိုက်ပေးခဲ့တာ။ ကနေဒါအမျိုးသမီးက သူ့ရဲ့ ဘော်ဒီအပ်ပေါ့နော်။ ဒီ စွဲဆောင်မှုရှိတဲ့ ဖိုတိုတွေ ရိုက်တယ်ဆိုတာကလည်း ညီမတို့ သရုပ်ဆောင်တွေ တက်ရမယ့် အတတ်ပညာတခု ဖြစ်တဲ့အတွက် ညီမရိုက်တာ။ မြန်မာပြည်မှာကလည်း Sexy Photo မြင်မှ ဂရုစိုက်မယ်ဆိုတာ အသေအချာပဲ။ အဲဒီတော့ ဒီနည်းကို သုံးလိုက်တာရှင့်။”

မော်ဒယ်ဘဝ ရောက်လာပြန်တော့လည်း သူရွေးချယ်တဲ့ လမ်းကြောင်းအတွက် ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုဒဏ်ကို ခံရပါတယ်။ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဆိုရင်လည်း လူအမျိုးမျိုးရဲ့ ဝေဖန်သံ ပုံစံမျိုးစုံကိုပါ ကြုံတွေ့ရတာပါ။

“တော်တော်များများ မော်ဒယ် Celebrity က မကောင်းတာလုပ်စားတယ်လို့ သူတို့အမြင်တွေမှာ ရှိတယ်။ တကယ်လည်း ရှိနေတယ်။ မော်ဒယ်ဆိုလို့ရှိရင် သူတို့က ငွေနဲ့ခေါ်ပြီး တွဲလို့ရတယ်ဆိုတာတွေ အများကြီးရှိတယ်။ တိုက်ရိုက် လာမစော်ကားသရွေ့ကတော့ ညီမ ဘာမှမပြောဘူး။ ဘာဖြစ်လို့ဆိုတော့ Negative လုပ်ထားတယ်။ သူတို့ကိုလည်း ဂရုမစိုက်ဘူး။ ဒါ ညီမအတွက် အတားအဆီးတွေပဲ။ သူတို့ကို လိုက်ဂရုစိုက်နေမယ်ဆိုရင် ညီမ ပန်းတိုင် ဘယ်တော့မှ ရောက်မှာမဟုတ်ဘူး။”

တကယ်တော့ သူ ဒီလို ခန္ဓာကိုယ်အချိုးအဆစ်ကို အသားပေး ရိုက်ပြဖို့အတွက် သူ့အသက် ၁၉ နှစ်လောက်က လေယာဉ်မယ်တယောက်ဖြစ်ဖို့ ကြိုးစားရာက စတင်ခဲ့တာပါ။

“လေယာဉ်မယ်တယောက်ဆိုတာ ခန္ဓာကိုယ်အချိုးအစား လှပရမယ်။ အရပ်ရှည်ရမယ် ဆိုတဲ့အတွက် လေယာဉ်မယ်ဖြစ်ချင်တဲ့အတွက် ဒီကစားနည်းကို စပြီး လေ့ကျင့်ဖြစ်တာပေါ့နော်။ အဲဒီနောက်ပိုင်းမှာ လေယာဉ်မယ် မလုပ်ဖြစ်တဲ့ အချိန်ကျတော့ ဒီလောကထဲ ဝင်လာတဲ့ အခါကျတော့ ကိုယ့်အတွက် အရမ်းအရေးကြီးတဲ့ ညီမတို့က ဒီခန္ဓာကိုယ်က အဓိက။ ကိုယ့်ကိုယ်ကိုယ် ပရောဒတ်တခုလိုပဲလေ၊ အဲဒါကြောင့် ဒီကစားနည်းက မရှိမဖြစ် အရေးပါတဲ့ အရာတခုလို့ ထင်တယ်ရှင့်။”

ဒါ့ကြောင့် နေ့စဉ်ဆိုသလို သူ့ချစ်သူနဲ့အတူ တမိုးအောက်မှာ တွဲဆော့လို့ရတဲ့ အားကစားရုံကို မနက် ၆ နာရီမှာ သွားလေ့ရှိပါတယ်။

“နန်း နိုင်ငံခြားကနေ ပြန်ရောက်လာတဲ့အချိန်မှာ နန်းတို့ မြန်မာနိုင်ငံက Celebrity တွေဟာ ပိုက်ဆံရှိမှလို့ ထင်ခဲ့တဲ့အရာတွေက အရမ်းကို မှားတယ်ဆိုတာ ညီမ နားလည်လိုက်တယ်။ ဒီ အားကစားစင်တာဆိုရင် လစဉ်ကြေးမှ တသောင်းခွဲပဲ သွင်းရတယ်။ ပြီးလို့ရှိရင် ကျယ်ဝန်းတဲ့ နေရာလည်းရှိတယ်။ အဲဒါကြောင့်မို့ ညီမ ဒီလိုမျိုး ဆော့ပြတဲ့အတွက် နောက်ထပ် မော်ဒယ်လေးတွေကလည်း ငါဖြစ်ချင်လိုက်တာ၊ ငါတို့မှာ ပိုက်ဆံရှိမှ ဖြစ်မယ်ဆိုတဲ့ အယူအဆမျိုး ပျောက်ပျက်အောင်လို့ တတ်နိုင်သမျှ ညီမ အောက်ခြေကနေ သွားတာများပါတယ်။”

အဲဒီလို သူကတော့ သူယုံကြည်တဲ့ အနုပညာလမ်း ဖြောင့်ဖြောင့်လျှောက်လှမ်းနိုင်ဖို့ ငွေရေးကြေးရေး အခက်အခဲတွေကို ကြံ့ကြံ့ခံဖြတ်သန်းရင်း ဘဝကို ခဲခဲယဉ်းယဉ်း ထုဆစ်နေရသူပါ။

“အနုပညာအလုပ်က ဘုရား၊ တရားနဲ့ အရမ်းသက်ဆိုင်တယ်။ မကောင်းတာလုပ်ရင် ချက်ချင်းပြုတ်ကျတယ်။ အဲဒီတော့ ဒီအနုပညာအလုပ်မှာ သူများရဲ့စပွန်ဆာ ယူလိုက်ပြီဆိုရင် ဖြူစင်တဲ့စပွန်ဆာ ဆိုလို့ရှိရင်တော့ ကောင်းပါတယ်။ မဖြူစင်တဲ့စပွန်ဆာ ဆိုလို့ရှိရင်တော့ ဘယ်လောက်အထိပဲ အောင်မြင်အောင်မြင် ငွေကြေးကြောင့် အောင်မြင်လည်း တဒင်္ဂပဲ။ လုံးဝ ရေရည်မအောင်မြင်နိုင်ဘူးလို့ ရဲရဲကြီး အာမခံ ပြောရဲတယ်။”

တကယ်တော့ လူတွေက သူ့ကို Sexy Model နန်းဝေဝေထွန်းလို့ပဲ သိကြတာ များပါတယ်။ သူ့ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေနဲ့ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုတွေကြောင့် သူ မော်ဒယ်လောကကို ဝင်ရောက်ပြီး သိပ်မကြာခင်မှာပဲ နိုင်ငံတကာမှာ ယှဉ်ပြိုင်မယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခွင့် ရခဲ့ပါတယ်။

အမေရိကန်နိုင်ငံသူ မိုနာ အီး စထရက် ဘားဂါး ထုတ်လုပ်တဲ့ မုဒြာကောလင်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ သူရိုက်ခွင့်ရဖို့အတွက် အွန်လိုင်းမီဒီယာကနေ လျှောက်ခဲ့ပါတယ်။

အဲဒီမှာ ဒုတိယမင်းသမီးနေရာအဖြစ် ရွေးချယ်ခံရပြီး သူ သရုပ်ဆောင်တယောက် ဖြစ်လာခဲ့သလို သူ့ကို မိသားစုဝင်သဖွယ် ကူညီစောင့်ရှောက်ပေးတဲ့ မိုနာနဲ့ပါ ဆုံဆည်းခွင့် ရခဲ့ပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူဟာ ကျမသိတဲ့ အကြိုးစားဆုံးသူတွေထဲက တယောက်ပါပဲ။ ဒီတိုင်းပြည်မှာ ရုပ်ရှင်မင်းသမီးတွေ၊ မော်ဒယ်လ်တွေဖြစ်ဖို့ သူတို့ရဲ့ ပင်ကိုယ်အရည်အချင်း အစစ်အမှန်နဲ့ ဒီလောကထဲဝင်ဖို့ အရမ်းခက်ခဲတယ်။ ကံမကောင်းစွာနဲ့ သူတို့မှာ ငွေကြေးအလုံအလောက် မရှိဘူးဆိုရင် သူတို့ကို ထောက်ပံ့ပေးမယ့်သူကို ရှာကြရတယ်။ သူက အဲဒီလမ်းကြောင်းကို မရွေးဘဲ သူ့ပင်ကိုယ်အရည်အချင်းနဲ့ပဲ မော်ဒယ်တယောက်အနေနဲ့ ဒါမှမဟုတ် သရုပ်ဆောင် ဒါမှမဟုတ် အဆိုတော်အနေနဲ့ ထိုးဖောက်ဖို့ ကြိုးစားနေတာကို ကျမ တကယ်လေးစားမိတယ်။ သူ ဘာပဲလုပ်ဖို့ ကြိုးစားကြိုးစား ကျမကတော့ သူ့ကို ကူညီပေးမှာပါပဲ” လို့ မိုနာက ပြောပါတယ်။

နောက်ပြီး အနုပညာလောကထဲမှာ နေရာတနေရာ ခြေကုပ်ယူဖို့ အဆိုတော်ဖြစ်အောင်လည်း ဦးစောနုရဲ့ အဆိုသင်တန်းကျောင်းမှာ လေ့လာသင်ယူနေတယ်လို့ နန်းဝေေ၀ထွန်းက ပြောပါတယ်။

“ဒီနေ့ ဒီချိန်မှာကတော့ Celebrity ဆိုတာက ညီမတို့ နိုင်ငံတကာတိုးရတဲ့ အချိန်မှာကြတော့ အကုန်တတ်ထားမှ ရမယ်။ မြင်းစီးဆိုလည်း စီးရမှာပဲ၊ ညီမ ကာရိုက်တာက အဆိုတော်ဆို အဆိုတော်ဖြစ်ရမှာ။ အဲဒီတော့ ညီမ ဒီမှာ မင်းသားနဲ့ ညီမ တွဲထွက်လို့ မရလောက်ဘူး။ ဒီနိုင်ငံရဲ့ အခြေအနေအရ။ မညီညွတ်တဲ့အချိန်။ ညီမ အဆိုတော်အနေနဲ့ တယောက်တည်း ထွက်လို့ရှိရင် ညီမ နိုင်ငံခြားမှာ သွားလုပ်လို့ရတယ်။ မင်းသမီးက တကား နှစ်ကားပဲ ရှိတယ်။ ဘယ်လိုမှ လုပ်လို့မရဘူးလေ။ အဲတော့ ညီမ အဆိုတော်နဲ့ အရင်ပေါက်အောင် ကြိုးစားကြည့်မယ်ဆိုပြီး ညီမ ဆုံးဖြတ်လိုက်တာ။”

တကယ်တော့ သူ့အိပ်မက်တွေဟာ မြန်မာနိုင်ငံထဲမှာတင်မကဘဲ ဟောလိဝုဒ်အထိပါ ရှိနေတာပါ။ ပြီးတော့ သူအားကျနေတဲ့ ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာ ဂျိုလီလိုပဲ ပရဟိတ လုပ်ငန်းတွေကို သူ စိတ်ဝင်တစား လုပ်ကိုင်ချင်နေခဲ့ပါတယ်။

“နိုင်ငံတကာမှာ ရုပ်ရှင်မင်းသမီးတယောက်ဖြစ်ချင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဂျိုလီ။ ဒါ သမီးအကြိုက်ဆုံး မင်းသမီး။ သူဆို တကယ့်ပရဟိတ။ အဲလောက်အထိကို သမီးမှန်းထားတယ်။ ဒါပေမယ့် အဲလောက်တွေပြောရင် သမီး ဟာသ ဖြစ်နေလိမ့်မယ်။ ဒုတိယတခုက အဲလိုမျိုး ဖြစ်မလာခဲ့ဘူး ဆိုရင်တောင်မှ အခု သမီး Celebrity တလျှောက်မှာ သမီးရခဲ့တဲ့ ပိုက်ဆံ၊ သမီးရခဲ့တဲ့ ချွေးနည်းစာလေးတွေ အကုန်လုံး သမီး ပေါင်းတည်က ကလေးတွေ၊ နယ်မြို့က ကလေးတွေ၊ သံဃာတော်တွေ သမီး အကုန်လုံးကို လှူဒါန်းခဲ့တယ်။ သမီးရဲ့ မွေးဖွားရာ ဇာတိရွာမှာ သမီးနာမည်သည် အဖေနဲ့ အမေအတွက် ဖြစ်ခဲ့ပြီးပြီ။ သမီးမွေးဖွားရာ ပေါင်းတည်မြို့မှာ ဖြစ်ခဲ့ပြီးပြီ။ ပြီးရင် ပဲခူးတိုင်းဖြစ်ရမယ်။ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ရမယ်လို့ အဲဒီလောက်အထိ တွေးတယ်။ မဖြစ်ခဲ့ဘူးဆိုရင်တော့ ညီမရဲ့သမိုင်း ရသလောက်ကိုတော့ ရေးခဲ့မယ်လို့ အဆုံးအထိကို တွေးထားတယ်။”

Sexy မော်ဒယ်လို့ လူသိများတဲ့ နန်းဝေဝေထွန်းတယောက် ဟောလိဝုဒ်ဆိုတဲ့ အိပ်မက်လှေကြီးပေါ်မှာ ပဲ့ကိုင်စီးနင်းရင်း မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ဝေဖန်မှု လှိုင်းတံပိုးတွေကို အန်တုပြီး သူ့ခရီးသူ ဆက်နေဆဲပါပဲ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:DVB Burmese 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top