iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Duwun
Unicode Version
မကြာခင်ကမှ ပြတ်စဲသွားကြတဲ့ ဒရိတ်ခ်နဲ့ ရီဟားနားတို့ရဲ့ အချစ်ရေးအပေါ် ကြိုတင်သိထားနှင့်ပြီးဖြစ်တယ်လို့ ရီဟားနားရဲ့ အချစ်ဟောင်းက ပြောလိုက်ပါတယ်။ ခရစ္စဘရောင်းနဲ့ ရီဟားနားတို့ဟာ ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ တွဲခဲ့ကြတာပါ။
" ခရစ္စဘရောင်းက သူတို့အချစ်ရေး ကြာကြာမြဲမှာမဟုတ်မှန်း သိထားနှင့်ပြီးသားပါ။ ဒရိတ်ခ်ကြောင့်မဟုတ်ပေမယ့်လည်း ဒရိတ်ခ်က ရီဟားနားအတွက် စိတ်တိုင်းကျတဲ့လူမျိုးမဟုုတ်ဘူး။ " လို့ ခရစ္စဘရောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် ရီဟားနားကို ခရစ္စဘက်က လက်မလျှော့သေးဘူးလို့လည်း အဆိုပါပုဂ္ဂိုလ်က ပြောပါသေးတယ်။
ဒရိတ်ခ်နဲ့ရီဟားနားတို့ဟာ ယခင်ကလည်းချစ်သူတွေဖြစ်ခဲ့ဖူးပြီး ပြတ်စဲသွားရာက သြဂုတ်လမှာ တရားဝင်ပြန်တွဲခဲ့ကြတာဖြစ်ပါတယ်။ အောက်တိုဘာ ဒုတိယသီတင်းပတ်မှာတော့ ဒုတိယအကြိမ်လမ်းခွဲလိုက်ကြပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top