iMyanmarHouse.com - Best Property Website for Myanmar
×






Credit:Trend Myanmar



#Unicode Version

ဇနီးမောင်နှံအများစုဟာ အိမ်ထောင်ကျပြီးနောက်ပိုင်း ကိုယ်အလေးချိန် ၄ ပေါင်ခွဲစီလောက် ထပ်တက်ကြတယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ပါတယ်။ အိမ်ထောင်ပြုတာ တစ်ကိုယ်ရေ တကာယ နေထိုင်တာထက် ပိုမိုကောင်းမွန်ကြောင်း အရင်တုန်းက ယူဆခဲ့ပါတယ်။

သို့သော် ကိုယ်လေးချိန်ညွန်းကိန်းမှာ အိမ်ထောင်ကျပြီးတဲ့နောက် အမျိုးသားတွေအနေနဲ့ ၂၆.၃ နဲ့ အမျိုးသမီးတွေမှာ ၂၅.၆ ရှိကြောင်း လေ့လာမှုအသစ်မှ တွေ့ရှိခဲ့ပါတယ်။ ပုံမှန်အနေအထားက ၁၈.၅ နဲ့ ၂၅ ကြား ဖြစ်ပါတယ်။

ယင်းလေ့လာမှုကို Berlin’s Max Planck Institute မှ ဗြိတိန် အပါအဝင် ဥရောပတခွင်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ယင်းသုတေသနအကြီးအကဲ ပါမောက္ခ Ralph Hertwig က ကျွန်တော်တို့လေ့လာမှုမှ အိမ်ထောင်ပြုခြင်းနဲ့ အမူအကျင့်ပြောင်းလဲမှုတွေဟာ အာဟာရနဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့ ပတ်သက်ဆက်နွယ်နေကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အိမ် ထောင်ပြုပြီးတဲ့ ချစ်သူစုံတွဲတွေဟာ အိမ်ထောင်မရှိသူတွေထက် အစားပိုစားကြပြီး အားကစားနဲ့ လေ့ကျင့်ခန်းလုပ်တာ နည်းလာကြတယ်။ ဒါ့ကြောင့် အိမ်ထောင်သည်တွေဟာ ကျန်းမာရေးမှာ ပိုမိုချို့တဲ့ကြကြောင်း ယင်းလေ့လာတွေ့ရှိချက်များမှာ ဖော်ပြထားပါတယ်။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top