iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ့္အတြက္ ဘယ္ေလာက္ခင္မင္ရတဲ့ သူငယ္ခ်င္းျဖစ္ေနပါေစ၊ သူတုိ႕ကို မဖြင့္ဟသင့္တဲ့ အခ်စ္ေရးျပသနာေတြ ရွိပါတယ္။ စိတ္သက္သာလို သက္သာျငား ကိုယ့္အခ်စ္ေရးကို သူငယ္ခ်င္းကို ေျပာျပလိုက္ရာကေန ပိုမိုၾကီးမားတဲ့ ျပသနာေတြ ၾကံဳေတြ႕ရလာႏိုင္သလို၊ ကိုယ့္ခ်စ္သူကပါ ကိုယ့္အေပၚထားတဲ့ ယံုၾကည္မႈေတြ ပ်က္စီးသြားႏိုင္တာေၾကာင့္ ဘယ္ေလာက္ခင္ခင္ မတုိင္ပင္သင့္တဲ့ အခ်စ္ေရးျပသနာေတြကို ေျပာျပေပးလိုက္ပါတယ္။

၁။ကုိယ့္ခ်စ္သူက ကုိယ့္ကိုယံုလို႕ ေျပာျပထားတဲ့ လ်ွိဳ႕၀ွက္ခ်က္မ်ား
ႏွစ္ဦးသား ဖြင့္ဟထားတဲ့ လ်ွိဳ႕၀ွက္ခ်က္ေတြကို ကိုယ္က အျခားတစ္ေယာက္ကို ထပ္ျပီး မဖြင့္ဟသင့္ပါဘူး။ ဘယ္ေလာက္ခင္တဲ့ သူငယ္ခ်င္းျဖစ္ေန ျဖစ္ေန သူနဲ႕လည္း မပတ္သက္ဘူး၊ သူ႕ကိုေျပာျပလို႕လညး္ ဘာမွထူးျခားမသြားဘူးဆုိရင္ ႏွစ္ဦးသားလ်ွိဳဳ႕၀ွက္ခ်က္ေတြကို ရင္ထဲမွာပဲ သိမ္းထားလုိက္ပါ။ ေျပာျပလိုက္လုိ႕ သူက တစ္ဆင့္ သင့္ခ်စ္သူ တစ္နည္းနည္း ျပန္သိသြားတာမ်ိဳး ျဖစ္မယ္ဆုိရင္ သင့္အေပၚ ယံုၾကည္မႈကင္းမဲ့သြားပါလိမ့္မယ္။

၂။ အိပ္ယာေပၚကအျဖစ္အပ်က္ေတြ
ႏွစ္ဦးသား အတူေနတဲ့အခါ ဘယ္လိုဆုိတာမ်ိဳးေတြ သူငယ္ခ်င္းကို ျပန္ေျပာျပတာမ်ိဳးဟာ ဘယ္လုိမွမျဖစ္သင့္တဲ့ ကိစၥပါ။ ကိုယ္က ဒီကိစၥနဲ႕ပတ္သက္ျပီး ေရာဂါေ၀ဒနာတစ္ခုခု ခံစားေနရတာမ်ိဳး မဟုတ္ရင္၊ သူငယ္ခ်င္းကလညး္ ဆရာ၀န္တစ္ေယာက္ မဟုတ္ဘူးဆုိရင္ က်န္တဲ့အပိုင္းအတြက္ေတာ့ တုိင္ပင္ေျပာဆုိတာေတြ လံုး၀မလုပ္သင့္ပါဘူး။

၃။ လူေတြမသိေစခ်င္တဲ့ အေၾကာင္းအရာေတြ
သူငယ္ခ်င္းကို သင္တုိ႕အခ်စ္ေရးအေၾကာင္း အေသးစိတ္ရင္ဖြင့္လိုက္တာနဲ႕ က်န္တဲ့သူေတြပါ သိသြားမယ္လုိ႕ ေျပာတာမ်ိဳး မဟုတ္ပါဘူး။ ဒါေပမယ့္ လူဆုိတာ မထင္မွတ္ပဲ ႏႈတ္က ထြက္သြားတတ္တာမ်ိဳးေတြဘာေတြ ရွိတတ္ပါတယ္။ သူငယ္ခ်င္းက သင့္ရဲ႕လ်ွိဳ႕၀ွက္ခ်က္ေတြကို တမင္တကာ ေျပာဆုိတာမ်ိဳး မဟုတ္သည့္တုိင္ေအာင္ အျခားသူငယ္ခ်င္းေတြနဲ႕ စကားစျမည္ေျပာဆုိၾကရင္း မထင္မွတ္ပဲ ႏႈတ္က ထြက္မိသြားတာမ်ိဳးဆုိရင္ စိတ္ပ်က္စရာေတြ ျဖစ္ကုန္ပါလိမ့္မယ္။

၄။ ကိုယ့္ခ်စ္သူရဲ႕ ျပသနာေတြ
ကိုယ့္ခ်စ္သူ အလုပ္မွာပဲျဖစ္ျဖစ္၊ အိမ္တြင္းေရးကိစၥေတြေၾကာင့္ပဲျဖစ္ျဖစ္ ဘယ္လိုျပသနာမ်ိဳးေတြ ၾကံဳေနရတယ္ဆုိတဲ့ အေၾကာင္း သူငယ္ခ်င္းေတြကို ေျပာတာမ်ိဳးေတြ မလုပ္သင့္ပါဘူး။

၅။ ကုိယ့္ခ်စ္သူက ကိုယ့္သူငယ္ခ်င္းေတြကို အျမင္မၾကည္ဘူးဆုိတဲ့အေၾကာင္း
တစ္ခါတစ္ေလ ကိုယ့္ခ်စ္သူက ကိုယ့္သူငယ္ခ်င္းေတြထဲက ဘယ္သူကေတာ့ျဖင့္ ဘယ္လို၊ ဘယ္သူ႕ကိုေတာ့ ၾကည့္မရေၾကာင္း၊ မေပါင္းေစခ်င္ေၾကာင္း ေျပာတာမ်ိဳးေတြ ရွိေကာင္းရွိႏိုင္ပါတယ္။ ဒါကို ကာယကံရွင္ သူငယ္ခ်င္းကို တိုက္ရိုက္ၾကီးျဖစ္ေစ၊ အျခားသူငယ္ခ်င္းကိုျဖစ္ေစ ေျပာဆုိရင္ဖြင့္တာမ်ိဳးေတြ လံုး၀ လံုး၀ မလုပ္သင့္ပါဘူး။ တစ္ခ်ိန္မွာ သူတုိ႕ေတြ မ်က္ႏွာခ်င္းဆုိင္ ျပန္ဆံုတဲ့အခါ၊ ပြဲတစ္ပြဲမွာ တစ္၀ိုင္းတည္း အတူေနရတဲ့အခါ ႏွစ္ဦးႏွစ္ဖက္ စိတ္သက္သာရ မရေစပဲ အာရံုေနာက္စရာေတြ ျဖစ္ကုန္ပါလိမ့္မယ္။

၆။ ကုိယ့္ခ်စ္သူနဲ႕ လမ္းခြဲေတာ့မယ္၊ ကြာရွင္းေတာ့မယ္ဆုိတဲ့ အေၾကာင္း
ကာယကံရွင္ကိုယ္တုိင္က သင္သူ႕ကို လမ္းခြဲစကားေျပာေတာ့မယ္ဆုိတာ မသိရေသးပဲ သင့္သူငယ္ခ်င္းက ၾကိဳသိေနတာမ်ိဳးကေတာ့ မျဖစ္သင့္ပါဘူး။ တစ္နည္းနည္းနဲ႕ သင့္ခ်စ္သူက ဒါကို သိသြားမယ္ဆုိရင္ သူေတာ္ေတာ္ နာၾကည္းသြားပါလိမ့္မယ္။ သူ႕ကို လံုး၀တြဲဖုိ႕ စိတ္ကူးမရွိေတာ့သည့္တုိင္ ကိုယ့္ဘက္က အမွားမျဖစ္ေအာင္ေနထုိင္ သင့္ပါတယ္။

၇။ ေငြေရးေၾကးေရကိစၥေတြ
ကိုယ့္ခ်စ္သူနဲ႕ ကိုယ္ၾကားက ေငြေရးေၾကးေရး ကိစၥဆိုတာ ကာယကံရွင္ႏွစ္ဦးသာ သိသင့္တဲ့ ကိစၥေတြပါ။ အျခား ဘယ္သူ႕ကိုမွ ဖြင့္ဟဖုိ႕ စိတ္မကူးပါနဲ႕။ ဒါကို သင့္ခ်စ္သူလည္း ၾကိဳက္မွာ မဟုတ္ပါဘူး။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ့်အတွက် ဘယ်လောက်ခင်မင်ရတဲ့ သူငယ်ချင်းဖြစ်နေပါစေ၊ သူတို့ကို မဖွင့်ဟသင့်တဲ့ အချစ်ရေးပြသနာတွေ ရှိပါတယ်။ စိတ်သက်သာလို သက်သာငြား ကိုယ့်အချစ်ရေးကို သူငယ်ချင်းကို ပြောပြလိုက်ရာကနေ ပိုမိုကြီးမားတဲ့ ပြသနာတွေ ကြုံတွေ့ရလာနိုင်သလို၊ ကိုယ့်ချစ်သူကပါ ကိုယ့်အပေါ်ထားတဲ့ ယုံကြည်မှုတွေ ပျက်စီးသွားနိုင်တာကြောင့် ဘယ်လောက်ခင်ခင် မတိုင်ပင်သင့်တဲ့ အချစ်ရေးပြသနာတွေကို ပြောပြပေးလိုက်ပါတယ်။

၁။ကိုယ့်ချစ်သူက ကိုယ့်ကိုယုံလို့ ပြောပြထားတဲ့ လျှို့ဝှက်ချက်များ
နှစ်ဦးသား ဖွင့်ဟထားတဲ့ လျှို့ဝှက်ချက်တွေကို ကိုယ်က အခြားတစ်ယောက်ကို ထပ်ပြီး မဖွင့်ဟသင့်ပါဘူး။ ဘယ်လောက်ခင်တဲ့ သူငယ်ချင်းဖြစ်နေ ဖြစ်နေ သူနဲ့လည်း မပတ်သက်ဘူး၊ သူ့ကိုပြောပြလို့လည်း ဘာမှထူးခြားမသွားဘူးဆိုရင် နှစ်ဦးသားလျှိုု့ဝှက်ချက်တွေကို ရင်ထဲမှာပဲ သိမ်းထားလိုက်ပါ။ ပြောပြလိုက်လို့ သူက တစ်ဆင့် သင့်ချစ်သူ တစ်နည်းနည်း ပြန်သိသွားတာမျိုး ဖြစ်မယ်ဆိုရင် သင့်အပေါ် ယုံကြည်မှုကင်းမဲ့သွားပါလိမ့်မယ်။

၂။ အိပ်ယာပေါ်ကအဖြစ်အပျက်တွေ
နှစ်ဦးသား အတူနေတဲ့အခါ ဘယ်လိုဆိုတာမျိုးတွေ သူငယ်ချင်းကို ပြန်ပြောပြတာမျိုးဟာ ဘယ်လိုမှမဖြစ်သင့်တဲ့ ကိစ္စပါ။ ကိုယ်က ဒီကိစ္စနဲ့ပတ်သက်ပြီး ရောဂါဝေဒနာတစ်ခုခု ခံစားနေရတာမျိုး မဟုတ်ရင်၊ သူငယ်ချင်းကလည်း ဆရာဝန်တစ်ယောက် မဟုတ်ဘူးဆိုရင် ကျန်တဲ့အပိုင်းအတွက်တော့ တိုင်ပင်ပြောဆိုတာတွေ လုံးဝမလုပ်သင့်ပါဘူး။

၃။ လူတွေမသိစေချင်တဲ့ အကြောင်းအရာတွေ
သူငယ်ချင်းကို သင်တို့အချစ်ရေးအကြောင်း အသေးစိတ်ရင်ဖွင့်လိုက်တာနဲ့ ကျန်တဲ့သူတွေပါ သိသွားမယ်လို့ ပြောတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် လူဆိုတာ မထင်မှတ်ပဲ နှုတ်က ထွက်သွားတတ်တာမျိုးတွေဘာတွေ ရှိတတ်ပါတယ်။ သူငယ်ချင်းက သင့်ရဲ့လျှို့ဝှက်ချက်တွေကို တမင်တကာ ပြောဆိုတာမျိုး မဟုတ်သည့်တိုင်အောင် အခြားသူငယ်ချင်းတွေနဲ့ စကားစမြည်ပြောဆိုကြရင်း မထင်မှတ်ပဲ နှုတ်က ထွက်မိသွားတာမျိုးဆိုရင် စိတ်ပျက်စရာတွေ ဖြစ်ကုန်ပါလိမ့်မယ်။

၄။ ကိုယ့်ချစ်သူရဲ့ ပြသနာတွေ
ကိုယ့်ချစ်သူ အလုပ်မှာပဲဖြစ်ဖြစ်၊ အိမ်တွင်းရေးကိစ္စတွေကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုပြသနာမျိုးတွေ ကြုံနေရတယ်ဆိုတဲ့ အကြောင်း သူငယ်ချင်းတွေကို ပြောတာမျိုးတွေ မလုပ်သင့်ပါဘူး။

၅။ ကိုယ့်ချစ်သူက ကိုယ့်သူငယ်ချင်းတွေကို အမြင်မကြည်ဘူးဆိုတဲ့အကြောင်း
တစ်ခါတစ်လေ ကိုယ့်ချစ်သူက ကိုယ့်သူငယ်ချင်းတွေထဲက ဘယ်သူကတော့ဖြင့် ဘယ်လို၊ ဘယ်သူ့ကိုတော့ ကြည့်မရကြောင်း၊ မပေါင်းစေချင်ကြောင်း ပြောတာမျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါကို ကာယကံရှင် သူငယ်ချင်းကို တိုက်ရိုက်ကြီးဖြစ်စေ၊ အခြားသူငယ်ချင်းကိုဖြစ်စေ ပြောဆိုရင်ဖွင့်တာမျိုးတွေ လုံး၀ လုံး၀ မလုပ်သင့်ပါဘူး။ တစ်ချိန်မှာ သူတို့တွေ မျက်နှာချင်းဆိုင် ပြန်ဆုံတဲ့အခါ၊ ပွဲတစ်ပွဲမှာ တစ်ဝိုင်းတည်း အတူနေရတဲ့အခါ နှစ်ဦးနှစ်ဖက် စိတ်သက်သာရ မရစေပဲ အာရုံနောက်စရာတွေ ဖြစ်ကုန်ပါလိမ့်မယ်။

၆။ ကိုယ့်ချစ်သူနဲ့ လမ်းခွဲတော့မယ်၊ ကွာရှင်းတော့မယ်ဆိုတဲ့ အကြောင်း
ကာယကံရှင်ကိုယ်တိုင်က သင်သူ့ကို လမ်းခွဲစကားပြောတော့မယ်ဆိုတာ မသိရသေးပဲ သင့်သူငယ်ချင်းက ကြိုသိနေတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ တစ်နည်းနည်းနဲ့ သင့်ချစ်သူက ဒါကို သိသွားမယ်ဆိုရင် သူတော်တော် နာကြည်းသွားပါလိမ့်မယ်။ သူ့ကို လုံးဝတွဲဖို့ စိတ်ကူးမရှိတော့သည့်တိုင် ကိုယ့်ဘက်က အမှားမဖြစ်အောင်နေထိုင် သင့်ပါတယ်။

၇။ ငွေရေးကြေးရေကိစ္စတွေ
ကိုယ့်ချစ်သူနဲ့ ကိုယ်ကြားက ငွေရေးကြေးရေး ကိစ္စဆိုတာ ကာယကံရှင်နှစ်ဦးသာ သိသင့်တဲ့ ကိစ္စတွေပါ။ အခြား ဘယ်သူ့ကိုမှ ဖွင့်ဟဖို့ စိတ်မကူးပါနဲ့။ ဒါကို သင့်ချစ်သူလည်း ကြိုက်မှာ မဟုတ်ပါဘူး။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top