iMyanmarHouse.com - Best Property Website for Myanmar
×

ေလ့က်င့္ခန္းလုပ္ဖုိ႔ မနက္ေစာေစာ မထႏုိင္တာကို စိတ္ပ်က္ေနစရာ မလုိပါဘူး။ ေလ့က်င့္ခန္းလုပ္ဖုိ႔ အေကာင္းအခ်ိန္က ေန႔ဘက္သာျဖစ္ေၾကာင္း ေလ့လာမႈအသစ္တစ္ခုက အခိုင္အမာဆုိပါတယ္။

ၾကြက္သားေတြဟာ သူ႔ circadium rhythm အေလ်ာက္ လႈပ္ရွားလည္ပတ္ပါတယ္။ ဆိုလုိတာက ခႏၶာကိုယ္အေနနဲ႔ ေန႔ဘက္ အခ်ိန္နာရီေပၚ မူတည္ျပီး ကိုယ္ကာယေလ့က်င့္ခန္း လုပ္ေဆာင္မႈကို တစ္မ်ဳိးစီ တုံ႔ျပန္ေပးေၾကာင္း ခ်ီကာဂိုျပည္နယ္ Northwestern တကၠသိုလ္က သုေတသနအရ သိရပါတယ္။ လန္းဆန္းမႈအျဖစ္ဆုံးအခ်ိန္မွာ ၾကြက္သားေတြဟာ တက္ၾကြမႈ အျမင့္ဆုံးျဖစ္တယ္လုိ႔ Cell Metabolism ဂ်ာနယ္မွာ ေဖာ္ျပတဲ့ စာတမ္းက အခုိင္အမာဆုိပါတယ္။

ေအာက္ဆီဂ်င္နဲ႔ ကုိယ္တြင္းနာရီ internet clock က အားအင္ထုတ္ေပးဖုိ႔ ၾကြက္သားဆဲလ္ေတြအတြင္း လႈပ္ရွားျပီး အဲဒီလႈပ္ရွားမႈကို ဘယ္ေလာက္အခ်ိန္ကုိက္ လႈပ္ရွားလဲဆိုတာ ေန႔ဘက္အခ်ိန္ကေန ဖန္တီးေပးတယ္လုိ႔ ယင္းသုေတသနဦးစီးသူ ပါေမာကၡေဒါက္တာ Joseph Bass က ဆုိပါတယ္။ ဆဲလ္တစ္ခု လုပ္ေဆာင္ လည္ပတ္ႏိုင္စြမ္းက ေန႔ဘက္အခ်ိန္အလုိက္ ေျပာင္းလဲပါတယ္။

ၾကြက္သားလႈပ္ရွားမႈ သင့္ျမတ္ေအာင္ ေဆာင္ရြက္ဖုိ႔ ဒီအတြင္းသေဘာေတြရဲ႕အားသာခ်က္ကို အသုံးခ်လုိ႔ ရႏုိင္ျပီး Internal clock ကို ေဆးဝါးနဲ႔ ၾကိဳးကိုင္ထားလုိ႔ရတယ္လုိ႔ ဆုိပါတယ္။

Credit  : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လေ့ကျင့်ခန်းလုပ်ဖို့ မနက်စောစော မထနိုင်တာကို စိတ်ပျက်နေစရာ မလိုပါဘူး။ လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းအချိန်က နေ့ဘက်သာဖြစ်ကြောင်း လေ့လာမှုအသစ်တစ်ခုက အခိုင်အမာဆိုပါတယ်။

ကြွက်သားတွေဟာ သူ့ circadium rhythm အလျောက် လှုပ်ရှားလည်ပတ်ပါတယ်။ ဆိုလိုတာက ခန္ဓာကိုယ်အနေနဲ့ နေ့ဘက် အချိန်နာရီပေါ် မူတည်ပြီး ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ဆောင်မှုကို တစ်မျိုးစီ တုံ့ပြန်ပေးကြောင်း ချီကာဂိုပြည်နယ် Northwestern တက္ကသိုလ်က သုတေသနအရ သိရပါတယ်။ လန်းဆန်းမှုအဖြစ်ဆုံးအချိန်မှာ ကြွက်သားတွေဟာ တက်ကြွမှု အမြင့်ဆုံးဖြစ်တယ်လို့ Cell Metabolism ဂျာနယ်မှာ ဖော်ပြတဲ့ စာတမ်းက အခိုင်အမာဆိုပါတယ်။

အောက်ဆီဂျင်နဲ့ ကိုယ်တွင်းနာရီ internet clock က အားအင်ထုတ်ပေးဖို့ ကြွက်သားဆဲလ်တွေအတွင်း လှုပ်ရှားပြီး အဲဒီလှုပ်ရှားမှုကို ဘယ်လောက်အချိန်ကိုက် လှုပ်ရှားလဲဆိုတာ နေ့ဘက်အချိန်ကနေ ဖန်တီးပေးတယ်လို့ ယင်းသုတေသနဦးစီးသူ ပါမောက္ခဒေါက်တာ Joseph Bass က ဆိုပါတယ်။ ဆဲလ်တစ်ခု လုပ်ဆောင် လည်ပတ်နိုင်စွမ်းက နေ့ဘက်အချိန်အလိုက် ပြောင်းလဲပါတယ်။

ကြွက်သားလှုပ်ရှားမှု သင့်မြတ်အောင် ဆောင်ရွက်ဖို့ ဒီအတွင်းသဘောတွေရဲ့အားသာချက်ကို အသုံးချလို့ ရနိုင်ပြီး Internal clock ကို ဆေးဝါးနဲ့ ကြိုးကိုင်ထားလို့ရတယ်လို့ ဆိုပါတယ်။

Credit  : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top