iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင္ပံုစံတစ္ခု ေျပာင္းလဲပစ္လိုက္ဖုိ႕ဆုိတာ နည္းနည္းေတာ့ စိတ္လႈပ္ရွားစရာေကာင္းပါတယ္။ ကိုယ္ညွပ္လိုက္ကာမွ ကိုယ့္မ်က္ႏွာနဲ႕ မလိုက္ဖက္ဘူး၊ ၾကည့္မေကာင္းဘူးဆုိရင္ ဘယ္လိုလုပ္ရမလဲဆိုျပီး စိုးရိမ္ပူပန္တတ္ၾကတာမို႕ ဆံပင္ညွပ္တယ္ဆုိတာ စြန္႕စာခန္းၾကီးတစ္ခုဖြင့္လုိက္ရသလိုပါပဲ။ ေရွ႕နည္းနည္တိ၊ ေနာက္နည္းနည္းတိတာေတြက ကိစၥမရွိေပမယ့္ ကိုယ့္ဆံပင္ကို ရွည္ရာကေန လံုး၀အတုိညွပ္မယ္၊ ဒါမွမဟုတ္ ေနာက္ဆံပင္ပံုစံ တစ္ခုေျပာင္းေတာ့မယ္ဆုိ ကိုယ္နဲ႕လိုက္ဖက္မႈရွိမရွိအရင္ဆံုး ေလ့လာသင့္တယ္လုိ႕ ေျပာထားၾကပါတယ္။ ဒါေပမယ့္  ဆံပင္ညွပ္ခ်င္ျပီဆုိရင္ ညွပ္ဖုိ႕ေတာ့ ေၾကာက္မေနသင့္ပါဘူး။ ဘာ့ေၾကာင့္မေၾကာက္သင့္သလဲဆုိတဲ့ အေၾကာင္းျပခ်က္ေလးေတြ ေျပာျပခ်င္ပါတယ္။

၁။ ဆံပင္ဆုိတာ ျပန္ေပါက္တာပါပဲ။ ျပန္ရွည္တာပဲ မဟုတ္လား။
ဆံပင္ညွပ္လိုက္လို႕ ပံုမက်ဘူးဆုိရင္ေတာင္ ဆံပင္က ျပန္ရွည္လာမွာပါ။ ဆံပင္ျပန္ရွည္လာေလ သင့္ဆံပင္ပံုစံက ၾကည့္ေကာင္းေလ ဆုိတာ မေမ့ပါနဲ႕။ ခုဆုိရင္ ေရွ႕ဆံပင္တအားတုိသြားရင္ ခ်က္ခ်င္းရွည္ေအာင္၊ ဆံပင္အတိုကေန ပခံုးေလာက္အရွည္ထိ ေရာက္သြားေအာင္ လုပ္ေဆာင္ႏိုင္တဲ့ နည္းေတြလည္း ရွိေနျပီမုိ႕ ညွပ္ခ်င္တယ္ဆုိရင္ ညွပ္ပစ္လိုက္ပါ။

၂။ ဒါက စိတ္စြမ္းအားနဲ႕ေတာင္ ပတ္သက္ေနပါတယ္။
သင္က လုပ္ခ်င္ရာကို ျဖစ္ေအာင္လုပ္တတ္တဲ့သူလား။ သင့္စိတ္စြမ္းအားက ၾကီးမားသလားဆုိတာ သင္ဆံုးျဖတ္ခ်က္အတိုင္း လုပ္ေဆာင္ႏိုင္မႈေပၚ ၾကည့္ျပီး သံုးသပ္ႏိုင္ပါတယ္။ သင့္ဆံပင္ကို ညွပ္ပစ္လိုက္တဲ့အခါ သင့္စိတ္ထဲ ငါလုပ္ခ်င္တာကို လုပ္ႏိုင္ျပီ ဆုိတဲ့ စိတ္ျဖစ္မိတယ္ဟုတ္။ ဒါဟာ ေကာင္းမြန္တဲ့ စိတ္ခံစားခ်က္ကို အျမဲေပးစြမ္းပါတယ္။

၃။ စိတ္လႈပ္ရွားစရာ ေကာင္းပါတယ္။
ကိုယ့္ဆံပင္ပံုအေဟာင္းၾကီးနဲ႕ အခ်ိန္အၾကာၾကီး ေနလာျပီးျပီဆုိရင္ေတာ့ အေျပာင္းအလဲေလးတစ္ခု လုပ္သင့္ပါျပီ။ ဒီအေျပာင္းအလဲအတြက္ လုပ္ေဆာင္ေနခ်ိန္အတြင္း သင့္စိတ္ထဲ အဆင္ေျပမလား၊ ဘယ္လိုပံုထြက္လာမလဲဆိုျပီး စိတ္လႈပ္ရွားေနတယ္ဆုိတာ ျငင္းလို႕မရႏိုင္ပါဘူး။

၄။ ဆံပင္ပံုစံအသစ္ေလးနဲ႕ ေနရတာ ေပါ့ေပါ့ပါးပါး ျဖစ္ေနတယ္။
ကုိယ့္အတြက္ စတိုင္သစ္တစ္ခုမုိ႕လို႕ ဆံပင္သစ္ေလးနဲ႕ အျပင္သြားခ်င္ေနမယ္။ ေနရတာ စိတ္ထဲေပ်ာ္ေနမယ္။ ေပါ့ေပါ့ ပါးပါး ျဖစ္ေနမယ္။ ဘယ္ေလာက္ေကာင္းတဲ့ ခံစားခ်က္လဲ။

၅။ သင့္ဆံပင္ေတြဟာ အရင္ကထက္ ပိုသန္စြမ္းက်န္းမာလာမယ္။
ဆံပင္ပံုစံအေျပာင္းအလဲ လုပ္လိုက္တဲ့အတြက္ ဆံပင္ေအာက္နားက အဖ်ားႏွစ္ခြေတြ ညွပ္ျပီးသားျဖစ္သြားမယ္။ ဆံပင္သားေတြကလည္း ပိုေကာင္းတာေတြသာက်န္ရွိေနလိမ့္မယ္။  ဒီေတာ့ ခုလို ညွပ္ေပးတဲ့အတြက္ ဆိုးက်ိဳးဆုိတာ မရွိပါဘူး။

၆။ ဆံပင္ပံုစံသစ္နဲ႕ ဘယ္လို စတုိင္လ္မ်ိဳးေတြ ၀တ္ဆင္ရမလဲ ေလ့လာျဖစ္မယ္။
ဖက္ရွင္နဲ႕ပတ္သက္ျပီး ဆံပင္ပံုစံအေဟာင္းထက္စာရင္ အသစ္ေလးနဲ႕ ဘယ္ဟာ ပိုလိုက္ဖက္မႈရွိမလဲ၊ ဘယ္စတုိင္လ္ေလး ေျပာင္း၀တ္ရင္ေကာင္းမလဲဆုိျပီး သင္ျပင္ဆင္ျဖစ္လာလိမ့္မယ္။ သင့္ေဘးနားက လူေတြေတာင္ သင့္ကို ျပန္ေငးရတဲ့အထိ သင္ေျပာင္းလဲသြားမယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဆံပင်ပုံစံတစ်ခု ပြောင်းလဲပစ်လိုက်ဖို့ဆိုတာ နည်းနည်းတော့ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ကိုယ်ညှပ်လိုက်ကာမှ ကိုယ့်မျက်နှာနဲ့ မလိုက်ဖက်ဘူး၊ ကြည့်မကောင်းဘူးဆိုရင် ဘယ်လိုလုပ်ရမလဲဆိုပြီး စိုးရိမ်ပူပန်တတ်ကြတာမို့ ဆံပင်ညှပ်တယ်ဆိုတာ စွန့်စာခန်းကြီးတစ်ခုဖွင့်လိုက်ရသလိုပါပဲ။ ရှေ့နည်းနည်တိ၊ နောက်နည်းနည်းတိတာတွေက ကိစ္စမရှိပေမယ့် ကိုယ့်ဆံပင်ကို ရှည်ရာကနေ လုံးဝအတိုညှပ်မယ်၊ ဒါမှမဟုတ် နောက်ဆံပင်ပုံစံ တစ်ခုပြောင်းတော့မယ်ဆို ကိုယ်နဲ့လိုက်ဖက်မှုရှိမရှိအရင်ဆုံး လေ့လာသင့်တယ်လို့ ပြောထားကြပါတယ်။ ဒါပေမယ့်  ဆံပင်ညှပ်ချင်ပြီဆိုရင် ညှပ်ဖို့တော့ ကြောက်မနေသင့်ပါဘူး။ ဘာ့ကြောင့်မကြောက်သင့်သလဲဆိုတဲ့ အကြောင်းပြချက်လေးတွေ ပြောပြချင်ပါတယ်။

၁။ ဆံပင်ဆိုတာ ပြန်ပေါက်တာပါပဲ။ ပြန်ရှည်တာပဲ မဟုတ်လား။
ဆံပင်ညှပ်လိုက်လို့ ပုံမကျဘူးဆိုရင်တောင် ဆံပင်က ပြန်ရှည်လာမှာပါ။ ဆံပင်ပြန်ရှည်လာလေ သင့်ဆံပင်ပုံစံက ကြည့်ကောင်းလေ ဆိုတာ မမေ့ပါနဲ့။ ခုဆိုရင် ရှေ့ဆံပင်တအားတိုသွားရင် ချက်ချင်းရှည်အောင်၊ ဆံပင်အတိုကနေ ပခုံးလောက်အရှည်ထိ ရောက်သွားအောင် လုပ်ဆောင်နိုင်တဲ့ နည်းတွေလည်း ရှိနေပြီမို့ ညှပ်ချင်တယ်ဆိုရင် ညှပ်ပစ်လိုက်ပါ။

၂။ ဒါက စိတ်စွမ်းအားနဲ့တောင် ပတ်သက်နေပါတယ်။
သင်က လုပ်ချင်ရာကို ဖြစ်အောင်လုပ်တတ်တဲ့သူလား။ သင့်စိတ်စွမ်းအားက ကြီးမားသလားဆိုတာ သင်ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်နိုင်မှုပေါ် ကြည့်ပြီး သုံးသပ်နိုင်ပါတယ်။ သင့်ဆံပင်ကို ညှပ်ပစ်လိုက်တဲ့အခါ သင့်စိတ်ထဲ ငါလုပ်ချင်တာကို လုပ်နိုင်ပြီ ဆိုတဲ့ စိတ်ဖြစ်မိတယ်ဟုတ်။ ဒါဟာ ကောင်းမွန်တဲ့ စိတ်ခံစားချက်ကို အမြဲပေးစွမ်းပါတယ်။

၃။ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။
ကိုယ့်ဆံပင်ပုံအဟောင်းကြီးနဲ့ အချိန်အကြာကြီး နေလာပြီးပြီဆိုရင်တော့ အပြောင်းအလဲလေးတစ်ခု လုပ်သင့်ပါပြီ။ ဒီအပြောင်းအလဲအတွက် လုပ်ဆောင်နေချိန်အတွင်း သင့်စိတ်ထဲ အဆင်ပြေမလား၊ ဘယ်လိုပုံထွက်လာမလဲဆိုပြီး စိတ်လှုပ်ရှားနေတယ်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။

၄။ ဆံပင်ပုံစံအသစ်လေးနဲ့ နေရတာ ပေါ့ပေါ့ပါးပါး ဖြစ်နေတယ်။
ကိုယ့်အတွက် စတိုင်သစ်တစ်ခုမို့လို့ ဆံပင်သစ်လေးနဲ့ အပြင်သွားချင်နေမယ်။ နေရတာ စိတ်ထဲပျော်နေမယ်။ ပေါ့ပေါ့ ပါးပါး ဖြစ်နေမယ်။ ဘယ်လောက်ကောင်းတဲ့ ခံစားချက်လဲ။

၅။ သင့်ဆံပင်တွေဟာ အရင်ကထက် ပိုသန်စွမ်းကျန်းမာလာမယ်။
ဆံပင်ပုံစံအပြောင်းအလဲ လုပ်လိုက်တဲ့အတွက် ဆံပင်အောက်နားက အဖျားနှစ်ခွတွေ ညှပ်ပြီးသားဖြစ်သွားမယ်။ ဆံပင်သားတွေကလည်း ပိုကောင်းတာတွေသာကျန်ရှိနေလိမ့်မယ်။  ဒီတော့ ခုလို ညှပ်ပေးတဲ့အတွက် ဆိုးကျိုးဆိုတာ မရှိပါဘူး။

၆။ ဆံပင်ပုံစံသစ်နဲ့ ဘယ်လို စတိုင်လ်မျိုးတွေ ဝတ်ဆင်ရမလဲ လေ့လာဖြစ်မယ်။
ဖက်ရှင်နဲ့ပတ်သက်ပြီး ဆံပင်ပုံစံအဟောင်းထက်စာရင် အသစ်လေးနဲ့ ဘယ်ဟာ ပိုလိုက်ဖက်မှုရှိမလဲ၊ ဘယ်စတိုင်လ်လေး ပြောင်းဝတ်ရင်ကောင်းမလဲဆိုပြီး သင်ပြင်ဆင်ဖြစ်လာလိမ့်မယ်။ သင့်ဘေးနားက လူတွေတောင် သင့်ကို ပြန်ငေးရတဲ့အထိ သင်ပြောင်းလဲသွားမယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top