iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ေတာ္မွန္ကန္တဲ့ အလုပ္ျဖစ္ရုံမက အလုပ္က လုပ္ေဖာ္ကုိင္ဖက္ေတြနဲ႔ ေပါင္းသင္းဆက္ဆံေရး
 ေကာင္းမယ္ဆုိရင္ သင္ဟာ ပိုမိုေကာင္းမြန္တဲ့ က်န္းမာေရးကို ရရွိပိုင္ဆုိင္မွာျဖစ္ျပီး  ဆက္တုိက္အပင္ပန္းခံလြန္းတဲ့သူေတာင္ အားအင္ ကုန္ခမ္းျပီး က်န္းမာေရး ခြ်တ္ျခဳံက်တာမ်ိဳး ပိုမိုေလွ်ာ့နည္းေစတတ္တယ္လို႕ သုေတသနအသစ္က ေလ့လာေတြ႔ရိွခဲ့ပါတယ္။ လူေတြနဲ႔ သူတုိ႔ လုပ္ငန္းခြင္ၾကား ဆက္ႏြယ္မႈေပၚ ယခင္ေလ့လာမႈေတြက ေက်နပ္အားရမႈ၊ စိတ္ပါဝင္စားမႈ၊ စြမ္းေဆာင္ႏုိင္မႈကို အဓိကၾကည့္ပါတယ္။ က်န္းမာေရးနဲ႔ စိတ္ေပ်ာ္ရႊင္အေပၚ ၾကည့္တာနည္းပါးပါတယ္။

မိမိပင္ကိုစရုိက္၊ အရည္အေသြးနဲ႔ကိုက္ညီတဲ့ အလုပ္ရွာတာ လုပ္ငန္းခြင္ေပ်ာ္ရႊင္မႈရဖုိ႔ အခရာက်တယ္လုိ႔ လူတခ်ဳိ႕ ယူဆေနစဥ္မွာပဲ မိမိလုပ္ငန္းခြင္ထဲက လူေတြ ဒါမွမဟုတ္ အဲ့ဒီအဖြဲ႕အစည္းေပၚ ကုိယ္က ဘယ္ေလာက္စိတ္အားထက္သန္ ပါဝင္ေပါင္းသင္းေနသလဲ ဆုိတာဆိုတာေပၚ မူတည္ျပီး က်န္းမာေရး ၊ ေပ်ာ္ရႊင္မႈစတာေတြနဲ႕လည္း ပတ္သက္ဆက္ႏြယ္ေနတယ္လို႕  သိပၸံပညာရွင္ေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ဒီေလ့လာမႈက ပထမဦးဆုံးေလ့လာခ်က္ျဖစ္တယ္လုိ႔ ၾသစေၾတးလ်ႏိုင္ငံ Queenland တကၠသိုလ္က Niklas Steffens က ဆိုပါတယ္။ စြမ္းေဆာင္ႏုိင္မႈနဲ႔ က်န္းမာေရးႏွစ္ခုလုံးဟာ လုပ္ငန္းခြင္ထဲက လူေတြကို "ငါတုိ႔" နဲ႔ "တုိ႔ေတြ" ဆုိတဲ့ခံစားခ်က္ ပိုမိုရရိွေစတယ္လုိ႔ ရလဒ္အေျဖေတြက ေဖာ္ျပထားပါတယ္။

အဲဒီေလ့လာမႈအဖြဲ႕ဟာ ႏုိင္ငံေပါင္း ၁၅ ႏုိင္ငံမွာ ဝန္ေဆာင္မႈလုပ္ငန္း၊ က်န္းမာေရးက႑ကေန အေရာင္းအဝယ္နဲ႔ စစ္မႈထမ္းအထိ လုပ္ငန္းအလႊာမ်ဳိးစုံက လူအေယာက္ ၁၉,၀၀၀ ပါဝင္တဲ့ ေလ့လာမႈ ၅၈ ခုကို ျပန္လည္သုံးသပ္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။ လုပ္ငန္းအမ်ဳိးအစားက လူမႈဆက္ဆံေရးနဲ႔ က်န္းမာေရးေကာင္းက်ဳိးၾကား ဆက္စပ္မႈ သိပ္မရိွဘဲ အျခားအေၾကာင္းခံေတြကသာ ၾသဇာသက္ေရာက္မႈရိွပါတယ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

သင့်တော်မှန်ကန်တဲ့ အလုပ်ဖြစ်ရုံမက အလုပ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပေါင်းသင်းဆက်ဆံရေး

 ကောင်းမယ်ဆိုရင် သင်ဟာ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးကို ရရှိပိုင်ဆိုင်မှာဖြစ်ပြီး  ဆက်တိုက်အပင်ပန်းခံလွန်းတဲ့သူတောင် အားအင် ကုန်ခမ်းပြီး ကျန်းမာရေး ချွတ်ခြုံကျတာမျိုး ပိုမိုလျှော့နည်းစေတတ်တယ်လို့ သုတေသနအသစ်က လေ့လာတွေ့ရှိခဲ့ပါတယ်။ လူတွေနဲ့ သူတို့ လုပ်ငန်းခွင်ကြား ဆက်နွယ်မှုပေါ် ယခင်လေ့လာမှုတွေက ကျေနပ်အားရမှု၊ စိတ်ပါဝင်စားမှု၊ စွမ်းဆောင်နိုင်မှုကို အဓိကကြည့်ပါတယ်။ ကျန်းမာရေးနဲ့ စိတ်ပျော်ရွှင်အပေါ် ကြည့်တာနည်းပါးပါတယ်။

မိမိပင်ကိုစရိုက်၊ အရည်အသွေးနဲ့ကိုက်ညီတဲ့ အလုပ်ရှာတာ လုပ်ငန်းခွင်ပျော်ရွှင်မှုရဖို့ အခရာကျတယ်လို့ လူတချို့ ယူဆနေစဉ်မှာပဲ မိမိလုပ်ငန်းခွင်ထဲက လူတွေ ဒါမှမဟုတ် အဲ့ဒီအဖွဲ့အစည်းပေါ် ကိုယ်က ဘယ်လောက်စိတ်အားထက်သန် ပါဝင်ပေါင်းသင်းနေသလဲ ဆိုတာဆိုတာပေါ် မူတည်ပြီး ကျန်းမာရေး ၊ ပျော်ရွှင်မှုစတာတွေနဲ့လည်း ပတ်သက်ဆက်နွယ်နေတယ်လို့  သိပ္ပံပညာရှင်တွေက ဖော်ပြခဲ့ကြပါတယ်။

ဒီလေ့လာမှုက ပထမဦးဆုံးလေ့လာချက်ဖြစ်တယ်လို့ သြစတြေးလျနိုင်ငံ Queenland တက္ကသိုလ်က Niklas Steffens က ဆိုပါတယ်။ စွမ်းဆောင်နိုင်မှုနဲ့ ကျန်းမာရေးနှစ်ခုလုံးဟာ လုပ်ငန်းခွင်ထဲက လူတွေကို "ငါတို့" နဲ့ "တို့တွေ" ဆိုတဲ့ခံစားချက် ပိုမိုရရှိစေတယ်လို့ ရလဒ်အဖြေတွေက ဖော်ပြထားပါတယ်။

အဲဒီလေ့လာမှုအဖွဲ့ဟာ နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ ဝန်ဆောင်မှုလုပ်ငန်း၊ ကျန်းမာရေးကဏ္ဍကနေ အရောင်းအဝယ်နဲ့ စစ်မှုထမ်းအထိ လုပ်ငန်းအလွှာမျိုးစုံက လူအယောက် ၁၉,၀၀၀ ပါဝင်တဲ့ လေ့လာမှု ၅၈ ခုကို ပြန်လည်သုံးသပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ လုပ်ငန်းအမျိုးအစားက လူမှုဆက်ဆံရေးနဲ့ ကျန်းမာရေးကောင်းကျိုးကြား ဆက်စပ်မှု သိပ်မရှိဘဲ အခြားအကြောင်းခံတွေကသာ သြဇာသက်ရောက်မှုရှိပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top