iMyanmarHouse.com - Best Property Website for Myanmar
×




Credit:Duwun



#Unicode Version

သီချင်းခွေများလည်း လက်ဆောင်ပေးမယ်လို့ သိရပါတယ်။
လူငယ်ပရိသတ်များရဲ့ အားပေးမှု ရရှိထားတဲ့ X Box က အောက်တိုဘာ(၁၃)ရက်နေ့မှာ ပရိသတ်များနဲ့ ကန်တော်ကြီး ထဲတွင် တွေ့ဆုံမယ်လို့ သိရပါတယ်။

“အောက်တိုဘာလ ၁၃ ရက်နေ့မှာ ပရိသတ်တွေနဲ့  တွေ့ဆုံဖို့စီစဉ်ထားပါတယ်။ ကျွန်တော့်ရဲ့ “အိပ်ရေးမပျက် စေနဲ့” မြူးဇစ်ဗီဒီယိုကို ပရိသတ်တွေကိုပေးမယ်။ ပြီးတော့ပရိသတ် တွေစေတနာရှိ သလောက် အလှူခံမယ်။ ပြီးတော့နောက်ရက် သွားလှူမယ်။ အခွေ ငါးရာလောက်စီစဉ်ထားတယ်။ ပရိသတ် အယောက် ၂၀၀လောက်ပဲ ရွေးချယ်သွားမယ် ညနေ ၃ နာရီစမှာပါ။ သီချင်း ၂ပုဒ်(သို့) သုံးပုဒ်လောက် ဂီတနဲ့ တီးပြီးတော့ ဆိုပြမယ်” ဟု တေးသံရှင် X Box ကပြောပါတယ်။

အဆိုပါ တွေ့ဆုံပွဲတွင် “အိပ်ရေးမပျက်စေနဲ့” မြူးဇစ်ဗီဒီယိုသီချင်းခွေအား လက်မှတ်ထိုး၍ လက်ဆောင်ပေးမည် ဖြစ်ပြီး ကောက်ခံရရှိသည့် ငွေများကို X Box နှင့် Fan ပရိသတ်များ အလှူဟူ၍ လှူဒါန်းသွားမည် ဖြစ်သည်။
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top