iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ႀကီးငယ္မေရြး စားသံုးဖုိ႔သင့္ေလ်ာ္တဲ့ အာလူးမွာအာဟာရဓာတ္ႂကြယ္၀စြာပါ၀င္ၿပီး အစာေၾကလြယ္ေစတဲ့အျပင္ ဆီးရႊင္ေစျခင္း၊ တက္ျခင္းနဲ႔ဆိုင္တဲ့ေရာဂါမ်ားကို ေပ်ာက္ကင္းေစႏိုင္တဲ့ အစြမ္းအာနိသင္ေတြပါရွိပါတယ္။ ဒါေၾကာင့္ က်န္းမာေရးအတြက္ အျခားအက်ိဳးေက်းဇူးမ်ားစြာကိုလည္း ရရွိေစႏုိင္တဲ့အာလူးအေၾကာင္းကို ေရးသားေဖာ္ျပလုိက္ပါတယ္။

- အာလူးမွာေသြးနီဥမ်ားစြာထုတ္လုပ္ေပးႏုိင္တဲ့ သံဓာတ္နဲ႔ ေဖာလစ္အက္ဆစ္တုိ႔ ပါ၀င္တာေၾကာင့္ ေသြးအားေကာင္းေစပါတယ္။

- အာလူးဟာေရာင္ရမ္းမႈေတြကို သက္သာေစတဲ့အေကာင္းဆံုး အစားအစာျဖစ္ပါတယ္။ အာလူးကိုအခြံမႏႊာဘဲ ပါးပါးလွီးကာ ေပါင္းခံရည္ထဲမွာစိမ္ၿပီး နံနက္တုိင္း အစာမစားမီေသာက္ေပးျခင္းျဖင့္ ေရာင္ရမ္းမႈကို သက္သာေစႏိုင္ပါတယ္။

- အာလူးအစိမ္းကိုပါးပါးလွီးကာ အေရျပားေပၚမွာကပ္ေပးျခင္းျဖင့္ အေရျပားနဲ႔သက္ဆိုင္တဲ့ ေရာဂါေတြျဖစ္တဲ့ အနီကြက္အဖုအပိမ့္မ်ားထျခင္း၊ အေရျပားနီျမန္းျခင္း၊ ယားယံျခင္းနဲ႔ အသားေရေျခာက္ေသြ႕ျခင္းမွ ကင္းေ၀းေစပါတယ္။

- အာလူးျပဳတ္စားေပးျခင္းျဖင့္ ၀မ္းခ်ဳပ္ျခင္းမရွိေစႏိုင္တဲ့အျပင္ လိပ္ေခါင္းေရာဂါျဖစ္ျခင္းမွလည္း ကာကြယ္ေပးႏုိင္ပါတယ္။

- အာလူးေဖ်ာ္ရည္ကိုေသာက္ေပးျခင္းျဖင့္ အစာအိမ္ေရာင္နာ၊ အူမေရာင္နာ၊ အစာအိမ္ကင္ဆာနဲ႔ အူမႀကီးကင္ဆာတုိ႔ကို သက္သာေစႏုိင္ပါတယ္။ ယင္းေဖ်ာ္ရည္ကိုတစ္ေန႔လွ်င္ 3 ႀကိမ္ (သို႔) 4 ႀကိမ္ေလာက္ ေရဖန္ခြက္ထက္၀က္ခန္႔ အနည္းဆံုးတစ္လၾကာေသာက္ေပးသင့္ပါတယ္။

- အာလူးမွာပိုတက္ဆီယမ္ဓာတ္ပါရွိတာေၾကာင့္ ေသြးဖိအားကိုပံုမွန္ျဖစ္ေစၿပီး ေသြးေပါင္တက္ျခင္းမွ ကာကြယ္ေပးပါတယ္။

- အာလူးေဖ်ာ္ရည္ကိုေသာက္ေပးျခင္းျဖင့္ အ႐ိုးအဆစ္ေရာင္ရမ္းနာ၊ ေဂါက္ေရာဂါနဲ႔ ေခါင္းကိုက္ျခင္းကိုလည္း သက္သာေပ်ာက္ကင္းေစႏုိင္ပါတယ္။

- အာလူးေဖ်ာ္ရည္ဟာ Autoimmune ေရာဂါတစ္မ်ိဳးျဖစ္တဲ့ အဆစ္အျမစ္ေရာင္ရမ္းျခင္း (Rheumatoid Arthritis) ကိုသက္သာေစၿပီး ခႏၶာကိုယ္တြင္းရွိ အဆိပ္အေတာက္ကိုလည္း ေျပေစႏုိင္ပါတယ္။ အာလူးအစိမ္းကိုေဖ်ာ္ရည္လုပ္ၿပီး ေန႔စဥ္အစာမစားမီ လက္ဖက္ရည္ဇြန္း 2 ဇြန္း ေသာက္ေပးသင့္ပါတယ္။

- အာလူးကိုပါးပါးလွီးကာ မ်က္လံုးေပၚမွာကပ္ေပးျခင္းျဖင့္ ပင္ပန္းႏြမ္းလ် မႈေၾကာင့္ျဖစ္ေပၚေစတဲ့ မ်က္ကြင္းညိဳျခင္းကို ေပ်ာက္ကင္းေစႏုိင္ပါတယ္။

- မ်ားေသာအားျဖင့္ အာလူးကိုကိုယ္အေလးခ်ိန္တက္ေစႏုိင္တဲ့ အစားအစာလို႔ မွတ္ယူထားၾကပါတယ္။ တကယ္ေတာ့ အာလူးေၾကာ္စားသံုးတဲ့အခါ ၎မွာပါ၀င္တဲ့ အေၾကာ္ဆီေတြေၾကာင့္ ကိုယ္အေလးခ်ိန္ တက္တာျဖစ္ၿပီး အာလူးအစိမ္းမွာ ကယ္လိုရီနည္းပါးစြာပါ၀င္တာေၾကာင့္ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်လိုသူေတြ အတြက္ အာလူးကိုျပဳတ္ၿပီးဒီအတိုင္းပဲျဖစ္ျဖစ္၊ သုတ္စားတာပဲျဖစ္ျဖစ္ စားသံုးသင့္ပါတယ္။

ေစ်းသြားလို႔ အာလူး၀ယ္ေတာ့မယ္ဆိုရင္
အစို႔အေညွာက္ေပါက္ေနၿပီး စိမ္းဖန္႔ဖန္႔၀ါၾကင့္ၾကင့္ျဖစ္ေနတဲ့အာလူးေတြကို မ၀ယ္သင့္ဘဲ အာဟာရဓာတ္ႂကြယ္၀စြာပါ၀င္တဲ့ အာလူးေသးေသးေလးေတြကိုသာ ေရြးခ်ယ္၀ယ္ယူသင့္ပါတယ္။

အာလူးကိုသိုေလွာင္သိမ္းဆည္းတဲ့အခါ
အာလူးမွာပါ၀င္တဲ့ေရဓာတ္ေတြ မကုန္ဆံုးေစဖုိ႔နဲ႔ အစို႔အေညွာက္ထြက္ျခင္း မျဖစ္ေစဖို႔ ေအးျမၿပီးေျခာက္ေသြ႕တဲ့ေနရာမွာ သိုေလွာင္ပါ။ အေအးခန္းမွာသိုေလွာင္ပါက အာလူးမွာပါ၀င္တဲ့ ကစီဓာတ္ဟာသၾကားဓာတ္အျဖစ္သို႔ အာနိသင္ေျပာင္းႏုိင္တာေၾကာင့္ ေရခဲေသတၱာထဲမွာ သိုေလွာင္ျခင္းမျပဳပါနဲ႔။

အျခားသီးႏွံနဲ႔အတူသိုေလွာင္တဲ့အခါ
အာလူးနဲ႔ၾကက္သြန္နီကိုတစ္ေနရာတည္းမွာ သိုေလွာင္ျခင္းမွေရွာင္က်ဥ္ပါ။ အေညွာင့္ထြက္ေနၿပီးပုပ္ေနတဲ့ အာလူးမ်ားကိုဖယ္ရွားေပးျခင္းျဖင့္ အရည္အေသြးေကာင္းမြန္တဲ့ အာလူးေတြကိုထိန္းသိမ္းပါ။

အာလူးနဲ႔ပတ္သက္၍ ေဆာင္ရန္၊ ေရွာင္ရန္အခ်က္
အာလူးမွာ ပိုးသတ္ေဆးအႂကြင္းအက်န္ေတြပါရွိႏုိင္တာေၾကာင့္ ဆားရည္ (သို႔) ပန္းသီးရွာလကာရည္ (Apple Cider Vinegar) တို႔နဲ႔ေဆးေၾကာပါ။ အေညႇာင့္ထြက္ေနတဲ့ အစိမ္းေရာင္ေျပာင္းေနၿပီျဖစ္တဲ့ အာလူးေတြဟာ ပ်ိဳ႕အန္ျခင္း၊ ၀မ္းပ်က္၀မ္းေလွ်ာျခင္း၊ ဗိုက္ေအာင့္ျခင္း၊ ေခါင္းကိုက္ျခင္း၊ မူးေ၀ျခင္း စတဲ့ေရာဂါမ်ားကို ျဖစ္ေစႏုိင္တာေၾကာင့္ ယင္းကဲ့သို႔အာလူးမ်ိဳးကို စားသံုးျခင္းမွေရွာင္က်ဥ္ပါ။

Credit : Today bago

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အသက်ကြီးငယ်မရွေး စားသုံးဖို့သင့်လျော်တဲ့ အာလူးမှာအာဟာရဓာတ်ကြွယ်ဝစွာပါဝင်ပြီး အစာကြေလွယ်စေတဲ့အပြင် ဆီးရွှင်စေခြင်း၊ တက်ခြင်းနဲ့ဆိုင်တဲ့ရောဂါများကို ပျောက်ကင်းစေနိုင်တဲ့ အစွမ်းအာနိသင်တွေပါရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အခြားအကျိုးကျေးဇူးများစွာကိုလည်း ရရှိစေနိုင်တဲ့အာလူးအကြောင်းကို ရေးသားဖော်ပြလိုက်ပါတယ်။

- အာလူးမှာသွေးနီဥများစွာထုတ်လုပ်ပေးနိုင်တဲ့ သံဓာတ်နဲ့ ဖောလစ်အက်ဆစ်တို့ ပါဝင်တာကြောင့် သွေးအားကောင်းစေပါတယ်။

- အာလူးဟာရောင်ရမ်းမှုတွေကို သက်သာစေတဲ့အကောင်းဆုံး အစားအစာဖြစ်ပါတယ်။ အာလူးကိုအခွံမနွှာဘဲ ပါးပါးလှီးကာ ပေါင်းခံရည်ထဲမှာစိမ်ပြီး နံနက်တိုင်း အစာမစားမီသောက်ပေးခြင်းဖြင့် ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။

- အာလူးအစိမ်းကိုပါးပါးလှီးကာ အရေပြားပေါ်မှာကပ်ပေးခြင်းဖြင့် အရေပြားနဲ့သက်ဆိုင်တဲ့ ရောဂါတွေဖြစ်တဲ့ အနီကွက်အဖုအပိမ့်များထခြင်း၊ အရေပြားနီမြန်းခြင်း၊ ယားယံခြင်းနဲ့ အသားရေခြောက်သွေ့ခြင်းမှ ကင်းဝေးစေပါတယ်။

- အာလူးပြုတ်စားပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းမရှိစေနိုင်တဲ့အပြင် လိပ်ခေါင်းရောဂါဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

- အာလူးဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် အစာအိမ်ရောင်နာ၊ အူမရောင်နာ၊ အစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာတို့ကို သက်သာစေနိုင်ပါတယ်။ ယင်းဖျော်ရည်ကိုတစ်နေ့လျှင် 3 ကြိမ် (သို့) 4 ကြိမ်လောက် ရေဖန်ခွက်ထက်ဝက်ခန့် အနည်းဆုံးတစ်လကြာသောက်ပေးသင့်ပါတယ်။

- အာလူးမှာပိုတက်ဆီယမ်ဓာတ်ပါရှိတာကြောင့် သွေးဖိအားကိုပုံမှန်ဖြစ်စေပြီး သွေးပေါင်တက်ခြင်းမှ ကာကွယ်ပေးပါတယ်။

- အာလူးဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် အရိုးအဆစ်ရောင်ရမ်းနာ၊ ဂေါက်ရောဂါနဲ့ ခေါင်းကိုက်ခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

- အာလူးဖျော်ရည်ဟာ Autoimmune ရောဂါတစ်မျိုးဖြစ်တဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်း (Rheumatoid Arthritis) ကိုသက်သာစေပြီး ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်ကိုလည်း ပြေစေနိုင်ပါတယ်။ အာလူးအစိမ်းကိုဖျော်ရည်လုပ်ပြီး နေ့စဉ်အစာမစားမီ လက်ဖက်ရည်ဇွန်း 2 ဇွန်း သောက်ပေးသင့်ပါတယ်။

- အာလူးကိုပါးပါးလှီးကာ မျက်လုံးပေါ်မှာကပ်ပေးခြင်းဖြင့် ပင်ပန်းနွမ်းလျ မှုကြောင့်ဖြစ်ပေါ်စေတဲ့ မျက်ကွင်းညိုခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။

- များသောအားဖြင့် အာလူးကိုကိုယ်အလေးချိန်တက်စေနိုင်တဲ့ အစားအစာလို့ မှတ်ယူထားကြပါတယ်။ တကယ်တော့ အာလူးကြော်စားသုံးတဲ့အခါ ၎င်းမှာပါဝင်တဲ့ အကြော်ဆီတွေကြောင့် ကိုယ်အလေးချိန် တက်တာဖြစ်ပြီး အာလူးအစိမ်းမှာ ကယ်လိုရီနည်းပါးစွာပါဝင်တာကြောင့် ကိုယ်အလေးချိန်လျှော့ချလိုသူတွေ အတွက် အာလူးကိုပြုတ်ပြီးဒီအတိုင်းပဲဖြစ်ဖြစ်၊ သုတ်စားတာပဲဖြစ်ဖြစ် စားသုံးသင့်ပါတယ်။

ဈေးသွားလို့ အာလူးဝယ်တော့မယ်ဆိုရင်
အစို့အညှောက်ပေါက်နေပြီး စိမ်းဖန့်ဖန့်ဝါကြင့်ကြင့်ဖြစ်နေတဲ့အာလူးတွေကို မဝယ်သင့်ဘဲ အာဟာရဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အာလူးသေးသေးလေးတွေကိုသာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။

အာလူးကိုသိုလှောင်သိမ်းဆည်းတဲ့အခါ
အာလူးမှာပါဝင်တဲ့ရေဓာတ်တွေ မကုန်ဆုံးစေဖို့နဲ့ အစို့အညှောက်ထွက်ခြင်း မဖြစ်စေဖို့ အေးမြပြီးခြောက်သွေ့တဲ့နေရာမှာ သိုလှောင်ပါ။ အအေးခန်းမှာသိုလှောင်ပါက အာလူးမှာပါဝင်တဲ့ ကစီဓာတ်ဟာသကြားဓာတ်အဖြစ်သို့ အာနိသင်ပြောင်းနိုင်တာကြောင့် ရေခဲသေတ္တာထဲမှာ သိုလှောင်ခြင်းမပြုပါနဲ့။

အခြားသီးနှံနဲ့အတူသိုလှောင်တဲ့အခါ
အာလူးနဲ့ကြက်သွန်နီကိုတစ်နေရာတည်းမှာ သိုလှောင်ခြင်းမှရှောင်ကျဉ်ပါ။ အညှောင့်ထွက်နေပြီးပုပ်နေတဲ့ အာလူးများကိုဖယ်ရှားပေးခြင်းဖြင့် အရည်အသွေးကောင်းမွန်တဲ့ အာလူးတွေကိုထိန်းသိမ်းပါ။

အာလူးနဲ့ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်
အာလူးမှာ ပိုးသတ်ဆေးအကြွင်းအကျန်တွေပါရှိနိုင်တာကြောင့် ဆားရည် (သို့) ပန်းသီးရှာလကာရည် (Apple Cider Vinegar) တို့နဲ့ဆေးကြောပါ။ အညှောင့်ထွက်နေတဲ့ အစိမ်းရောင်ပြောင်းနေပြီဖြစ်တဲ့ အာလူးတွေဟာ ပျို့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း စတဲ့ရောဂါများကို ဖြစ်စေနိုင်တာကြောင့် ယင်းကဲ့သို့အာလူးမျိုးကို စားသုံးခြင်းမှရှောင်ကျဉ်ပါ။


Credit : Today bago



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top