iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ရဲ႕ လက္ေတြ၊ ေျခေထာက္ေတြဟာ ေနေလာင္ခံထားရလုိ႕ အသားေတြ ညိဳသြားတာ ပဲျဖစ္ျဖစ္၊ ေလထုညစ္ညမ္းတာေၾကာင့္ အသားအေရပ်က္စီးတာပဲျဖစ္ျဖစ္၊ ေဆးတစ္ခုခု
 ေသာက္ေနရတာေၾကာင့္ အသားေရာင္ မညီေတာ့တာပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ မတည့္တဲ့ အလွကုန္တစ္ခုခုကို သံုးလိုက္မိလို႕ အသားအေရ မြဲေျခာက္ေျခာက္ ျဖစ္သြားတာေတြ အားလံုးကုိ နဂိုအသားအေရ ပိုမိုျဖဴ၀င္းျပီး လွပတဲ့အသားအေရမ်ိဳး ရရွိေအာင္ ကူညီေပးႏိုင္တဲ့ နည္းေလးတစ္ခု ရွိပါတယ္။ ဒီနည္းေလးက အကုန္အက်သက္သာသလို ကိုယ့္အိမ္မွာတင္ ကိုယ္လုပ္ေဆာင္ႏိုင္တာေၾကာင့္ ပ်ိဳေမတုိ႕ အတြက္ အဆင္ေျပေစမွာပါ။

ဒီအိမ္တြင္းေဆးနည္းေလးအတြက္ သင့္အိမ္ရဲ႕ မီးဖုိေခ်ာင္မွာ ဒါေလးေတြ အရင္ရွာလိုက္ပါ။

၁။ အုန္းဆီ စားပြဲတင္ဇြန္း ၁ဇြန္း
၂။ နႏြင္းလက္တစ္ဆစ္
၃။ သခြားသီးရည္နည္းနည္း
၄။ သံပုယိုရည္ နည္းနည္း
၅။ မုန္႕ဖုတ္ေဆာ္ဒါ စားပြဲတင္ဇြန္း ၁ဇြန္း စတာေတြပါပဲ။

ဒီ ၅မ်ိဳးအစံုအလင္ရျပီဆုိရင္ေတာ့ ဒါေတြအားလံုးကို ေရာျပီး ခပ္ပ်စ္ပ်စ္အေနအထားျဖစ္ေအာင္ ေရာေမႊေပးရပါမယ္။ အဲ့ဒီေနာက္ အသားအေရမေကာင္းတဲ့၊ ညိဳမဲေနတဲ့ လက္ေတြ ေျခေထာက္ေတြေပၚ လိမ္းျပီး မိနစ္ ၃၀ေလာက္ၾကာေအာင္ ထားလိုက္ပါ။ ျပီးရင္ ေရေႏြးေဖ်ာေဖ်ာေလးနဲ႕ ေဆးခ်လိုက္ပါ။ ျဖစ္ႏိုင္ရင္ ဒီလိုမ်ိဳးကုိ တစ္ေန႕တစ္ခါေလာက္ လုပ္ေဆာင္သြားေပးလိုက္ရံုနဲ႕ မၾကာခင္မွာ ျဖဴေဖြးတဲ့ အသားအေရကို ရရွိပိုင္ဆုိင္လာပါလိမ့္မယ္။

သတိထားရမယ့္အခ်က္ကေတာ့ ဒါကိုလိမ္းက်ံျပီး တစ္နာရီ နွစ္နာရီေလာက္အတြင္း ေနပူထဲသြားတာမ်ိဳးေတြ ေရွာင္ပါ။ ေနာက္ အနာေတြဘာေတြရွိရင္လည္း ဒီအေရာအစပ္ကို မထိမိေအာင္ လုပ္ေဆာင္ဖုိ႕ပါပဲ။

Credit: trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင့်ရဲ့ လက်တွေ၊ ခြေထောက်တွေဟာ နေလောင်ခံထားရလို့ အသားတွေ ညိုသွားတာ ပဲဖြစ်ဖြစ်၊ လေထုညစ်ညမ်းတာကြောင့် အသားအရေပျက်စီးတာပဲဖြစ်ဖြစ်၊ ဆေးတစ်ခုခု
 သောက်နေရတာကြောင့် အသားရောင် မညီတော့တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် မတည့်တဲ့ အလှကုန်တစ်ခုခုကို သုံးလိုက်မိလို့ အသားအရေ မွဲခြောက်ခြောက် ဖြစ်သွားတာတွေ အားလုံးကို နဂိုအသားအရေ ပိုမိုဖြူဝင်းပြီး လှပတဲ့အသားအရေမျိုး ရရှိအောင် ကူညီပေးနိုင်တဲ့ နည်းလေးတစ်ခု ရှိပါတယ်။ ဒီနည်းလေးက အကုန်အကျသက်သာသလို ကိုယ့်အိမ်မှာတင် ကိုယ်လုပ်ဆောင်နိုင်တာကြောင့် ပျိုမေတို့ အတွက် အဆင်ပြေစေမှာပါ။

ဒီအိမ်တွင်းဆေးနည်းလေးအတွက် သင့်အိမ်ရဲ့ မီးဖိုချောင်မှာ ဒါလေးတွေ အရင်ရှာလိုက်ပါ။

၁။ အုန်းဆီ စားပွဲတင်ဇွန်း ၁ဇွန်း
၂။ နနွင်းလက်တစ်ဆစ်
၃။ သခွားသီးရည်နည်းနည်း
၄။ သံပုယိုရည် နည်းနည်း
၅။ မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း ၁ဇွန်း စတာတွေပါပဲ။

ဒီ ၅မျိုးအစုံအလင်ရပြီဆိုရင်တော့ ဒါတွေအားလုံးကို ရောပြီး ခပ်ပျစ်ပျစ်အနေအထားဖြစ်အောင် ရောမွှေပေးရပါမယ်။ အဲ့ဒီနောက် အသားအရေမကောင်းတဲ့၊ ညိုမဲနေတဲ့ လက်တွေ ခြေထောက်တွေပေါ် လိမ်းပြီး မိနစ် ၃၀လောက်ကြာအောင် ထားလိုက်ပါ။ ပြီးရင် ရေနွေးဖျောဖျောလေးနဲ့ ဆေးချလိုက်ပါ။ ဖြစ်နိုင်ရင် ဒီလိုမျိုးကို တစ်နေ့တစ်ခါလောက် လုပ်ဆောင်သွားပေးလိုက်ရုံနဲ့ မကြာခင်မှာ ဖြူဖွေးတဲ့ အသားအရေကို ရရှိပိုင်ဆိုင်လာပါလိမ့်မယ်။

သတိထားရမယ့်အချက်ကတော့ ဒါကိုလိမ်းကျံပြီး တစ်နာရီ နှစ်နာရီလောက်အတွင်း နေပူထဲသွားတာမျိုးတွေ ရှောင်ပါ။ နောက် အနာတွေဘာတွေရှိရင်လည်း ဒီအရောအစပ်ကို မထိမိအောင် လုပ်ဆောင်ဖို့ပါပဲ။


Credit: trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top