iMyanmarHouse.com - Best Property Website for Myanmar
×

အစားအေသာက္၊ ေဆးဝါးနဲ႔ မိတ္ကပ္စတဲ့ ပစၥည္းေတြ သက္တမ္းကုန္တတ္မွန္း ကြ်ႏု္ပ္တုိ႔ အားလုံး သိၾကပါတယ္။ ဒါေပမယ့္ အဲဒီအရာေတြသာ ထားသိုေလွာင္ႏုိင္တဲ့ သက္တမ္းအကန္႔အသတ္နဲ႔ ပစၥည္းေတြ မဟုတ္ပါဘူး။ စိတ္မေကာင္းစရာက ဘာမဆုိ အျမဲမခံဘူးဆုိတာပါပဲ။ ဒါေတြကို မသိလုိ႔ ရွင္းထုတ္ခ်ိန္တန္ရင္ေတာင္ မရွင္းထုတ္ၾကပါဘူး။ အခ်ဳိ႕ပစၥည္းေတြ သက္တမ္းကုန္မွန္း မသိသာေပမယ့္ သတ္မွတ္ခ်ိန္ အတုိင္းအတာအတြင္း ရွင္းထုတ္ဖုိ႔ လုိအပ္ပါတယ္။

ဘယ္ဟာေတြ အကန္႔အသတ္မရိွ ထားသိုႏိုင္သလဲ၊ ဘာေတြကို ရွင္းထုတ္ပစ္ဖို႔ လုိအပ္လဲ မသိဘူးဆုိရင္ ေအာက္ပါအခ်က္ေတြက အသိတစ္ခုရေစပါလိမ့္မယ္။

၁။ ပိုးသတ္ေဆး

အေရာင္ခြ်တ္ေဆး သုိ႔မဟုတ္ အျခားအစြန္းခြ်တ္ေဆးစတဲ့ ပုိးသတ္ေဆးေတြဟာ ၃ လေက်ာ္ရင္ အာနိသင္ ျပယ္သြားပါ။

၂။ ေခါင္းအုံး

ႏွစ္ေပါင္းမ်ားစြာ ေခါင္းအုံးမလဲဘဲ အသုံးျပဳႏုိင္ေပမယ့္ က်န္းမာေရးအေပၚ အပ်က္သေဘာေဆာင္တဲ့ အက်ဳိးဆက္ေတြ ရိွႏုိင္ပါတယ္။ dust mite လို႕ေခၚ ဖုန္ကေနျဖစ္လာတဲ့ ဘက္တီးရီးယားေတြကပ္ျငိကာ ဓာတ္မတည့္မႈျဖစ္ေစႏိုင္ပါတယ္။  ဒါ့အျပင္ အံုးတာမ်ားတဲ့ ေခါင္းဦးဟာ ၾကာလာရင္ ပိုပိုျပားလာတာေၾကာင့္ ေခါင္း၊ လည္ပင္းနာက်င္မႈစတာေတြလညး္ ျဖစ္ေစႏိုင္ပါတယ္။

၃။ ကိုယ္သုတ္ပဝါ

ကိုယ္သုတ္ပဝါကလည္း ကြ်ႏု္ပ္တုိ႔ အခ်ိန္ၾကာရွည္ သုံးစြဲတတ္တဲ့ အိမ္တြင္းပစၥည္းတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ ေခါင္းအုံးနဲ႔တူတဲ့အခ်က္က ႏွစ္ၾကာလာရင္ အသစ္လဲဖုိ႔ လိုအပ္တာပါပဲ။ မၾကာခဏေရစိုရလုိ႔ ဘက္တီးရီးယား ေပါက္ဖြားရာေနရာေတြ ျဖစ္ႏုိင္ပါတယ္။ ဒီဘက္တီးရီးေတြ ပဝါေလွ်ာ္ေပးရုံနဲ႔ မေသၾကပါဘူး။

 ၄။ ေရေမႊး

ေရေမႊးအားလုံးက သက္တမ္းေစ့ခ်ိန္ တစ္သမတ္တည္းမဟုတ္ေတာ့ နားလည္ရခက္ပါတယ္။ ေရေမႊးရဲ႕ ဓာတုေပါင္းစပ္ဖြဲ႔စည္းမႈေပၚ မူတည္ပါတယ္။ ဒါေပမယ့္ ဘယ္ေရေမႊးျဖစ္ျဖစ္ ေအာက္စီဂ်င္နဲ႔ေပါင္းျပီး ဓာတ္ျပယ္တဲ့အခ်ိန္ဆိုတာ ရိွၾကပါတယ္။ ပညာရွင္အမ်ားစုက ၃ ႏွစ္က ၅ႏွစ္ခံတယ္လို႕ ေျပာၾကေပမယ့္ အနံ႔အသက္မေျပာင္းမခ်င္း ျပသနာမရိွပါဘူး။ ဆက္သုံးေနလုိ႔ ရေသးတယ္။

၅။ မီးပလပ္ေပါက္

မီးပလပ္ေပါက္ေတြမွာ သက္တမ္းေစ့ရက္ ပါမွာမဟုတ္ပါဘူး။ ဒါေပမယ့္ မီးပလတ္ေပါက္ေတြက လွ်ပ္စစ္မီးေၾကာင့္ အိမ္မီးေလာင္တဲ့ အဓိကအေၾကာင္းအရင္း ျဖစ္ပါတယ္။ လွ်ပ္စီးကိုသာ အျမဲ ေတာင့္ခံႏုိင္ေအာင္ ျပဳလုပ္ထားတာပါ။ အေရာင္ကြ်တ္တာ သုိ႔မဟုတ္ အပူနဲ႔ထိမိတာမ်ဳိးျဖစ္ျပီဆုိရင္ေတာ့ အသစ္လဲခ်ိန္တန္ပါျပီ။

၆။ ေနပူခံလိမ္းေဆး

ေနပူခံလိမ္းေဆးဘူးကို ၃ ႏွစ္တစ္ခါ အသစ္လဲေပးရပါလိမ့္မယ္။ ဘူးမွာ သက္တမ္းေစ့ရက္ပါမပါ ေသခ်ာစစ္ၾကည့္ပါ။ မပါရင္ ၃ ႏွစ္တစ္ၾကိမ္ ဒါမွမဟုတ္ အေရာင္ (သုိ႔) အပ်စ္အက်ဲ၊ အမာအေပ်ာ့ကို ၾကည့္ျပီး ေျပာင္းသံုးသင့္ပါတယ္။

၇။ မီးသတ္ေဆးဘူး

ဒါကိုေတာ့ အသုံးမလုိဘူးလုိ႔ ေမွ်ာ္လင့္ရပါတယ္။ ဒါေပမယ့္ မွတ္မိေနရုံ အခ်ိန္ေတာ္ၾကာကတည္းက ရိွေနခဲ့တာဆုိရင္ အသစ္လဲသင့္ေနပါျပီ။ မီးသတ္ေဆးဘူး အမ်ားစုက ၅ ႏွစ္ကေန ၁၅ ႏွစ္ခံတယ္လုိ႔ ထုတ္လုပ္သူေတြကိုယ္တုိင္ ေျပာဆုိထားပါတယ္။ ေကာင္းေသးလား၊ မေကာင္းဘူးလားဆိုတာသိဖုိ႔ pressure ကို စစ္ေဆးပါ။ ဒါမွမဟုတ္ အက္မအက္ကိုလည္း စစ္ၾကည့္ပါ။


Credit: Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အစားအသောက်၊ ဆေးဝါးနဲ့ မိတ်ကပ်စတဲ့ ပစ္စည်းတွေ သက်တမ်းကုန်တတ်မှန်း ကျွနု်ပ်တို့ အားလုံး သိကြပါတယ်။ ဒါပေမယ့် အဲဒီအရာတွေသာ ထားသိုလှောင်နိုင်တဲ့ သက်တမ်းအကန့်အသတ်နဲ့ ပစ္စည်းတွေ မဟုတ်ပါဘူး။ စိတ်မကောင်းစရာက ဘာမဆို အမြဲမခံဘူးဆိုတာပါပဲ။ ဒါတွေကို မသိလို့ ရှင်းထုတ်ချိန်တန်ရင်တောင် မရှင်းထုတ်ကြပါဘူး။ အချို့ပစ္စည်းတွေ သက်တမ်းကုန်မှန်း မသိသာပေမယ့် သတ်မှတ်ချိန် အတိုင်းအတာအတွင်း ရှင်းထုတ်ဖို့ လိုအပ်ပါတယ်။

ဘယ်ဟာတွေ အကန့်အသတ်မရှိ ထားသိုနိုင်သလဲ၊ ဘာတွေကို ရှင်းထုတ်ပစ်ဖို့ လိုအပ်လဲ မသိဘူးဆိုရင် အောက်ပါအချက်တွေက အသိတစ်ခုရစေပါလိမ့်မယ်။

၁။ ပိုးသတ်ဆေး

အရောင်ချွတ်ဆေး သို့မဟုတ် အခြားအစွန်းချွတ်ဆေးစတဲ့ ပိုးသတ်ဆေးတွေဟာ ၃ လကျော်ရင် အာနိသင် ပြယ်သွားပါ။

၂။ ခေါင်းအုံး

နှစ်ပေါင်းများစွာ ခေါင်းအုံးမလဲဘဲ အသုံးပြုနိုင်ပေမယ့် ကျန်းမာရေးအပေါ် အပျက်သဘောဆောင်တဲ့ အကျိုးဆက်တွေ ရှိနိုင်ပါတယ်။ dust mite လို့ခေါ် ဖုန်ကနေဖြစ်လာတဲ့ ဘက်တီးရီးယားတွေကပ်ငြိကာ ဓာတ်မတည့်မှုဖြစ်စေနိုင်ပါတယ်။  ဒါ့အပြင် အုံးတာများတဲ့ ခေါင်းဦးဟာ ကြာလာရင် ပိုပိုပြားလာတာကြောင့် ခေါင်း၊ လည်ပင်းနာကျင်မှုစတာတွေလည်း ဖြစ်စေနိုင်ပါတယ်။

၃။ ကိုယ်သုတ်ပဝါ

ကိုယ်သုတ်ပဝါကလည်း ကျွနု်ပ်တို့ အချိန်ကြာရှည် သုံးစွဲတတ်တဲ့ အိမ်တွင်းပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ခေါင်းအုံးနဲ့တူတဲ့အချက်က နှစ်ကြာလာရင် အသစ်လဲဖို့ လိုအပ်တာပါပဲ။ မကြာခဏရေစိုရလို့ ဘက်တီးရီးယား ပေါက်ဖွားရာနေရာတွေ ဖြစ်နိုင်ပါတယ်။ ဒီဘက်တီးရီးတွေ ပဝါလျှော်ပေးရုံနဲ့ မသေကြပါဘူး။

 ၄။ ရေမွှေး

ရေမွှေးအားလုံးက သက်တမ်းစေ့ချိန် တစ်သမတ်တည်းမဟုတ်တော့ နားလည်ရခက်ပါတယ်။ ရေမွှေးရဲ့ ဓာတုပေါင်းစပ်ဖွဲ့စည်းမှုပေါ် မူတည်ပါတယ်။ ဒါပေမယ့် ဘယ်ရေမွှေးဖြစ်ဖြစ် အောက်စီဂျင်နဲ့ပေါင်းပြီး ဓာတ်ပြယ်တဲ့အချိန်ဆိုတာ ရှိကြပါတယ်။ ပညာရှင်အများစုက ၃ နှစ်က ၅နှစ်ခံတယ်လို့ ပြောကြပေမယ့် အနံ့အသက်မပြောင်းမချင်း ပြသနာမရှိပါဘူး။ ဆက်သုံးနေလို့ ရသေးတယ်။

၅။ မီးပလပ်ပေါက်

မီးပလပ်ပေါက်တွေမှာ သက်တမ်းစေ့ရက် ပါမှာမဟုတ်ပါဘူး။ ဒါပေမယ့် မီးပလတ်ပေါက်တွေက လျှပ်စစ်မီးကြောင့် အိမ်မီးလောင်တဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။ လျှပ်စီးကိုသာ အမြဲ တောင့်ခံနိုင်အောင် ပြုလုပ်ထားတာပါ။ အရောင်ကျွတ်တာ သို့မဟုတ် အပူနဲ့ထိမိတာမျိုးဖြစ်ပြီဆိုရင်တော့ အသစ်လဲချိန်တန်ပါပြီ။

၆။ နေပူခံလိမ်းဆေး

နေပူခံလိမ်းဆေးဘူးကို ၃ နှစ်တစ်ခါ အသစ်လဲပေးရပါလိမ့်မယ်။ ဘူးမှာ သက်တမ်းစေ့ရက်ပါမပါ သေချာစစ်ကြည့်ပါ။ မပါရင် ၃ နှစ်တစ်ကြိမ် ဒါမှမဟုတ် အရောင် (သို့) အပျစ်အကျဲ၊ အမာအပျော့ကို ကြည့်ပြီး ပြောင်းသုံးသင့်ပါတယ်။

၇။ မီးသတ်ဆေးဘူး

ဒါကိုတော့ အသုံးမလိုဘူးလို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် မှတ်မိနေရုံ အချိန်တော်ကြာကတည်းက ရှိနေခဲ့တာဆိုရင် အသစ်လဲသင့်နေပါပြီ။ မီးသတ်ဆေးဘူး အများစုက ၅ နှစ်ကနေ ၁၅ နှစ်ခံတယ်လို့ ထုတ်လုပ်သူတွေကိုယ်တိုင် ပြောဆိုထားပါတယ်။ ကောင်းသေးလား၊ မကောင်းဘူးလားဆိုတာသိဖို့ pressure ကို စစ်ဆေးပါ။ ဒါမှမဟုတ် အက်မအက်ကိုလည်း စစ်ကြည့်ပါ။


Credit: Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top