iMyanmarHouse.com - Best Property Website for Myanmar
×

သင္တုိ႕ခ်စ္သူႏွစ္ဦးဟာ သူမ်ားအတြဲေတြလို ၾကီးၾကီးမားမား ျပသနာေတြ မရွိၾကဘူးဆိုေပမယ့္ တစ္ဦးနဲ႕တစ္ဦး ပိုပို ေ၀းသြားသလုိ ခံစားေနရတာ ဘာ့ေၾကာင့္မ်ားလဲ။ ဒါကို အေျဖထုတ္ၾကည့္မယ္ဆုိရင္ ထင္မထားတဲ့ အမွားေလးေတြေၾကာင့္ သင့္ခ်စ္သူဟာ သင့္ဆီက ပိုမိုေ၀းကြာတဲ့ေနရာကို တျဖည္းျဖည္းေရာက္ရွိ သြားသလို ျဖစ္လာတာပါ။ ဒီအမွားမ်ိဳးေတြ ဆက္လုပ္ေနမယ္ဆိုရင္ ႏွစ္ဦးသားဆက္ဆံေရးဟာ အခ်ိန္ၾကာလာတာနဲ႕ အမ်ွ အဆင္ေျပလာမွာ မဟုတ္သလို ေနာက္ဆံုးမွာ လမ္းခြဲျခင္းနဲ႕သာ အဆံုးသတ္သြားရပါလိမ့္မယ္။ ဒါ့ေၾကာင့္ အတြဲေတြၾကား တစ္ဦးနဲ႕တစ္ဦး ပိုမိုေ၀းကြာသြားေစတတ္တဲ့ သူတုိ႕ျပဳလုပ္ေနက် အမွားတစ္ခ်ိဳ႕ကို ေဖာ္ျပေပးလုိက္ပါတယ္။

၁။ သင္ဟာ သူ႕အေပၚ ေမ်ွာ္လင့္ခ်က္တအားထားလြန္းတာ ဒါမွမဟုတ္ ဘာမွေမ်ွာ္လင့္မထားတာမ်ိဳး။
ကိုယ့္ခ်စ္သူအေပၚ ေမ်ွာ္လင့္ခ်က္ေတြ အမ်ားၾကီးပံုအပ္ထားတာဟာ အဲ့ဒီအရာေတြ ျဖစ္မလာတဲ့အခါ သင့္ကို စိတ္ပ်က္သြားေစမွာျဖစ္ျပီး တစ္ခ်ိန္လံုးနီးပါး ကိုယ့္ခ်စ္သူကို ဘ၀င္မက်ႏိုင္ေတာ့ပဲ ရွိပါလိမ့္မယ္။ ဒီလုိပါပဲ။ ကိုယ့္ခ်စ္သူအေပၚ ဘာေမ်ွာ္လင့္ခ်က္မွ မထားတာကလည္း သင္တုိ႕အခ်စ္ေရးကို ျငီးေငြ႕စရာဇာတ္သိမ္းမ်ိဳးနဲ႕ အဆံုးသတ္ရပါလိမ့္မယ္။

၂။ သ၀န္တိုလြန္းတာ။
လိုအပ္တာထက္ ပိုသ၀န္တုိျခင္းဟာ သင္တုိ႕ႏွစ္ဦးကို ပိုမိုေ၀ကြားသြာေစမယ့္ အခ်က္တစ္ခုပါ။ ေယာက်ၤားေလး ျဖစ္ျဖစ္၊ မိန္းကေလးျဖစ္ျဖစ္ ကိုယ့္ခ်စ္သူအေပၚ ဘယ္သူနဲ႕မွ စိတ္မခ်ႏိုင္ပဲ တစ္ခ်ိန္လံုး သ၀န္တုိေနမယ္၊ ယံုၾကည္စိတ္ခ်မႈမရွိဘူး ဆုိရင္ တစ္ဖက္လူဟာ အေနက်ဥ္းၾကပ္တာမ်ိဳးေတြ ခံစားလာရမွာ အေသအခ်ာပါ။ အခ်ိန္ၾကာလာတာနဲ႕အမ်ွ သင့္အေပၚ စိတ္ကုန္လာျပီး လမ္းခြဲဖုိ႕ ဆံုးျဖတ္လိုက္ပါလိမ့္မယ္။

၃။ရည္းစားေဟာင္းနဲ႕ လက္ရွိခ်စ္သူကို အျမဲႏႈိင္းယွဥ္ေနတတ္တာ။
လက္ရွိကုိယ့္ခ်စ္သူကို အရင္ရည္းစားေဟာင္းနဲ႕ ဘာေတြမတူဘူး၊ ဘယ္ေနရာေတြက ဘာလိုဆုိျပီး ႏႈိင္းယွဥ္ေျပာဆုိမယ္ ဆုိရင္ အႏႈိင္းခံရတာသူဟာ ၾကာေလ စိတ္ကုန္လာေလ ျဖစ္ပါလိမ့္မယ္။ သူ႕ကို ပိုေတာ္တယ္လို႕ ေျပာရင္ေတာင္ အရင္တစ္ေယာက္ကုိ စိတ္ထဲရွိေနေသးလို႕ ဒါမ်ိဳးေတြ ေျပာေနတာလားဆုိတဲ့ အေတြးမ်ိဳး ေသခ်ာေပါက္ေတြးမိလာပါလိမ့္မယ္။

၄။ အဆင္သင့္မျဖစ္ေသးခင္ အတူေနမိလိုက္တာမ်ိဳး
တစ္ေယာက္နဲ႕တစ္ေယာက္ သူ႕အေၾကာင္း ကိုယ့္အေၾကာင္း ေသခ်ာမသိခင္မွာ အတူေနမိလိုက္တာ မ်ိဳးဟာ ႏွစ္ဦးစလံုးအတြက္ အခက္အခဲ ျပသနာေတြ ၾကီးထြားသြားေစႏိုင္ပါတယ္။

၅။ သူ႕ကို ကိုယ့္အေၾကာင္း အသားကုန္စြတ္ေျပာထားတာ ဒါမွမဟုတ္ လံုး၀ကို မေျပာတာမ်ိဳး။
ကုိယ့္ခ်စ္သူမုိ႕ ကုိယ့္အေၾကာင္း ေပးသိထားတာ ေကာင္းပါတယ္။ ဒါေပမယ့္ ခေရစိတြင္းက် တစ္လံုး မက်န္ ေျပာထားတာမ်ိဳး၊ သင္ျဖစ္ေနသမ်ွ၊ ခံစားေနရတာေတြ အားလံုးကို သူ႕ကို လိုက္ေျပာေနတာမ်ိဳးေတာ့ မျဖစ္သင့္ပါဘူး။ ၾကာရင္သူလည္း တစ္ျဖည္းျဖည္း သင့္အေပၚ စိတ္ကုန္လာပါလိမ့္မယ္။ ဘယ္ေလာက္ပဲ ခ်စ္ေနတဲ့သူေတြ ျဖစ္ပါေစ။ နိစၥဓူ၀ ကိုယ့္အေၾကာင္း အေသးစိတ္လိုက္ေျပာျပေနတာမ်ိဳးကိုေတာ့ နားေထာင္ခ်င္ၾကမွာ မဟုတ္ပါဘူး။ ဒီလို မဟုတ္ပဲ ကိုယ့္ခ်စ္သူကုိ ကိုယ့္အေၾကာင္း ဘာမွေပးမသိဘူးဆုိရင္လည္း တစ္ဖက္လူက ကိုယ့္ကို လ်ွိဳ႕၀ွက္ခ်က္ေတြ မ်ားလြန္းတဲ့သူလုိ႕ ထင္သြားပါလိမ့္မယ္။

Credit : trend myanmar
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင်တို့ချစ်သူနှစ်ဦးဟာ သူများအတွဲတွေလို ကြီးကြီးမားမား ပြသနာတွေ မရှိကြဘူးဆိုပေမယ့် တစ်ဦးနဲ့တစ်ဦး ပိုပို ဝေးသွားသလို ခံစားနေရတာ ဘာ့ကြောင့်များလဲ။ ဒါကို အဖြေထုတ်ကြည့်မယ်ဆိုရင် ထင်မထားတဲ့ အမှားလေးတွေကြောင့် သင့်ချစ်သူဟာ သင့်ဆီက ပိုမိုဝေးကွာတဲ့နေရာကို တဖြည်းဖြည်းရောက်ရှိ သွားသလို ဖြစ်လာတာပါ။ ဒီအမှားမျိုးတွေ ဆက်လုပ်နေမယ်ဆိုရင် နှစ်ဦးသားဆက်ဆံရေးဟာ အချိန်ကြာလာတာနဲ့ အမျှ အဆင်ပြေလာမှာ မဟုတ်သလို နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့သာ အဆုံးသတ်သွားရပါလိမ့်မယ်။ ဒါ့ကြောင့် အတွဲတွေကြား တစ်ဦးနဲ့တစ်ဦး ပိုမိုဝေးကွာသွားစေတတ်တဲ့ သူတို့ပြုလုပ်နေကျ အမှားတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင်ဟာ သူ့အပေါ် မျှော်လင့်ချက်တအားထားလွန်းတာ ဒါမှမဟုတ် ဘာမှမျှော်လင့်မထားတာမျိုး။
ကိုယ့်ချစ်သူအပေါ် မျှော်လင့်ချက်တွေ အများကြီးပုံအပ်ထားတာဟာ အဲ့ဒီအရာတွေ ဖြစ်မလာတဲ့အခါ သင့်ကို စိတ်ပျက်သွားစေမှာဖြစ်ပြီး တစ်ချိန်လုံးနီးပါး ကိုယ့်ချစ်သူကို ဘဝင်မကျနိုင်တော့ပဲ ရှိပါလိမ့်မယ်။ ဒီလိုပါပဲ။ ကိုယ့်ချစ်သူအပေါ် ဘာမျှော်လင့်ချက်မှ မထားတာကလည်း သင်တို့အချစ်ရေးကို ငြီးငွေ့စရာဇာတ်သိမ်းမျိုးနဲ့ အဆုံးသတ်ရပါလိမ့်မယ်။

၂။ သဝန်တိုလွန်းတာ။
လိုအပ်တာထက် ပိုသဝန်တိုခြင်းဟာ သင်တို့နှစ်ဦးကို ပိုမိုဝေကွားသွာစေမယ့် အချက်တစ်ခုပါ။ ယောကျၤားလေး ဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ကိုယ့်ချစ်သူအပေါ် ဘယ်သူနဲ့မှ စိတ်မချနိုင်ပဲ တစ်ချိန်လုံး သဝန်တိုနေမယ်၊ ယုံကြည်စိတ်ချမှုမရှိဘူး ဆိုရင် တစ်ဖက်လူဟာ အနေကျဉ်းကြပ်တာမျိုးတွေ ခံစားလာရမှာ အသေအချာပါ။ အချိန်ကြာလာတာနဲ့အမျှ သင့်အပေါ် စိတ်ကုန်လာပြီး လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါလိမ့်မယ်။

၃။ရည်းစားဟောင်းနဲ့ လက်ရှိချစ်သူကို အမြဲနှိုင်းယှဉ်နေတတ်တာ။
လက်ရှိကိုယ့်ချစ်သူကို အရင်ရည်းစားဟောင်းနဲ့ ဘာတွေမတူဘူး၊ ဘယ်နေရာတွေက ဘာလိုဆိုပြီး နှိုင်းယှဉ်ပြောဆိုမယ် ဆိုရင် အနှိုင်းခံရတာသူဟာ ကြာလေ စိတ်ကုန်လာလေ ဖြစ်ပါလိမ့်မယ်။ သူ့ကို ပိုတော်တယ်လို့ ပြောရင်တောင် အရင်တစ်ယောက်ကို စိတ်ထဲရှိနေသေးလို့ ဒါမျိုးတွေ ပြောနေတာလားဆိုတဲ့ အတွေးမျိုး သေချာပေါက်တွေးမိလာပါလိမ့်မယ်။

၄။ အဆင်သင့်မဖြစ်သေးခင် အတူနေမိလိုက်တာမျိုး
တစ်ယောက်နဲ့တစ်ယောက် သူ့အကြောင်း ကိုယ့်အကြောင်း သေချာမသိခင်မှာ အတူနေမိလိုက်တာ မျိုးဟာ နှစ်ဦးစလုံးအတွက် အခက်အခဲ ပြသနာတွေ ကြီးထွားသွားစေနိုင်ပါတယ်။

၅။ သူ့ကို ကိုယ့်အကြောင်း အသားကုန်စွတ်ပြောထားတာ ဒါမှမဟုတ် လုံးဝကို မပြောတာမျိုး။
ကိုယ့်ချစ်သူမို့ ကိုယ့်အကြောင်း ပေးသိထားတာ ကောင်းပါတယ်။ ဒါပေမယ့် ခရေစိတွင်းကျ တစ်လုံး မကျန် ပြောထားတာမျိုး၊ သင်ဖြစ်နေသမျှ၊ ခံစားနေရတာတွေ အားလုံးကို သူ့ကို လိုက်ပြောနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ကြာရင်သူလည်း တစ်ဖြည်းဖြည်း သင့်အပေါ် စိတ်ကုန်လာပါလိမ့်မယ်။ ဘယ်လောက်ပဲ ချစ်နေတဲ့သူတွေ ဖြစ်ပါစေ။ နိစ္စဓူ၀ ကိုယ့်အကြောင်း အသေးစိတ်လိုက်ပြောပြနေတာမျိုးကိုတော့ နားထောင်ချင်ကြမှာ မဟုတ်ပါဘူး။ ဒီလို မဟုတ်ပဲ ကိုယ့်ချစ်သူကို ကိုယ့်အကြောင်း ဘာမှပေးမသိဘူးဆိုရင်လည်း တစ်ဖက်လူက ကိုယ့်ကို လျှို့ဝှက်ချက်တွေ များလွန်းတဲ့သူလို့ ထင်သွားပါလိမ့်မယ်။

Credit : trend myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top