iMyanmarHouse.com - Best Property Website for Myanmar
×





Credit : trendMyanmar



#Unicode Version

လက်ဖက်ရည်ကြမ်း သောက်ရင် ကျန်းမာရေးအတွက် ဘယ်လိုဘယ်လို ကောင်းကြောင်း ကျန်းမာရေး အကျိုးရလဒ်အကြောင်းတွေကို ဖတ်ရှုကြပြီးဖြစ်မှာပါ။ လက်ဖက်ရည်ကြမ်းဟာ အစွမ်းထက် သောက်စရာ တစ်မျိုးပါ။ လက်ဖက်ရည်ကြမ်း သောက်တာနဲ့ ပတ်သက်ပြီး သေသေချာချာ သုတေသနပြုထားတဲ့ လေ့လာမှု စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် လက်ဖက်ရည်ကြမ်းကောင်စီ ကူညီဆောင်ရွက်ပေးခဲ့တဲ့ အဲ့ဒီ့စာတမ်းအရ ရေနွေးကြမ်း၊ ဆေးလက်ဖက်ရည်ကြမ်း တွေမှာ ကဖိန်းဓာတ်နဲ့အတူ အဆီကျစေပြီး အားတိုးစေတဲ့ catechins ဓာတ် ပါဝင်ပါတယ်။ ဆိုလိုတာကတော့ အဲ့ဒီ့ ဓာတ်ပေါင်းတွေဟာ ကိုယ်အလေးချိန်ကို လျှော့ချပေးတယ်ပေါ့။

ဒီသုတေသန စာတမ်းရဲ့ ပြုစုမှတ်တမ်းတင်ထားချက်အရ အစားကိုမလျှော့ဘဲ ပုံမှန်စားပေမဲ့ ကဖိန်းဓာတ်ပါတဲ့ လက်ဖက်ရည်ကြမ်း သောက်သူတွေဟာ ၁၂ပတ်အတွင်း ကိုယ်အလေးချိန် ကျသွားပါတယ်။ အခြား စာတမ်းတစ်ခုမှာတော့ catechin ဓာတ်ကြွယ်ဝတဲ့ လက်ဖက်ရည်ကြမ်းဟာ ၂၄နာရီအတွင်း ၁၀၀ ကယ်လိုရီ ကိုသုံးစွဲလိုက်တယ်လို့ ဖော်ပြထားပါတယ်။

ဒီတော့ သင့်အတွက် ကျန်းမာရေးအကျိုးလဲရှိ၊ ကိုယ်အလေးချိန်လဲ လျော့ကျသွားစေမယ့် လက်ဖက်ရည်ကြမ်းကို ပုံမှန်မှီဝဲသင့်ပါတယ်။

Credit : trendMyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top