iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္မွာ ဆူညံပြက္ေလာက္ရိုက္ေနတာမရွိေတာ့ေအာင္ဆုိျပီး ကေလးေတြလက္ထဲ စမတ္ဖုန္းေပးျပီး ေခ်ာ့တာဟာ မေကာင္းဘူးလုိ႔ American Academy of Pediatrics ထုတ္ လမ္းညႊန္ခ်က္အသစ္အရ သိရပါတယ္။ ဒစ္ဂ်စ္တယ္မီဒီယာကို ေလယာဥ္ေပၚ သုိ႔မဟုတ္ ေဆးကုသမႈလုပ္ငန္းစဥ္ စတာေတြမွာ ကေလးေခ်ာ ့ပစၥည္းအျဖစ္ အသုံးတည့္ေပမယ့္ မိဘေတြအေနနဲ႔ တစ္ခုတည္းေသာ ကေလးေခ်ာ ့နည္းအျဖစ္ မီဒီယာကို အသုံးမျပဳသင့္ဘူးလုိ႔ သုေတသီေတြက ဆိုပါတယ္။

စက္ပစၥည္းေတြကို အဓိက ကေလးေခ်ာ့သိပ္နည္းသဖြယ္ သုံးတာက ကေလးေတြရဲ႕ သူတုိ႔ကုိယ္ပိုင္စိတ္ခံစားခ်က္ ထိန္းညိွႏုိင္စြမ္းရည္ ကန္႔သတ္ခံရႏိုင္ေၾကာင္း သိရပါတယ္။ ဒစ္ဂ်စ္တယ္မီဒီယာက ႏုိ႔စို႔ကေလး၊ လမ္းေလွ်ာက္ခါစ ကေလးနဲ႔ ေက်ာင္းတက္အရြယ္မေရာက္ေသးတဲ့ ကေလးအမ်ားစုအတြက္ ေရွာင္လြဲလို႕မရတဲ့ ကိစၥတစ္ခုျဖစ္ပါတယ္။

ဦးေႏွာက္ အရွိန္အဟုန္ဖြံ႔ျဖိဳးတဲ့ကာလျဖစ္တဲ့ အေစာပုိင္းကေလးဘဝဟာ ကေလးငယ္ေတြ ေဆာ့ကစားဖို႔၊ အိပ္ဖုိ႔၊ စိတ္ခံစားခ်က္ေတြ ကိုင္တြယ္ေျဖရွင္းဖုိ႔ သင္ယူေလ့လာျပီး ဆက္ဆံေရးေတြအတြက္ ထူေထာင္မယ့္ အခ်ိန္ပဲ ျဖစ္ပါတယ္။ မီဒီယာအလြန္အကြ်ံသုံးစြဲမႈက ဒီအေရးၾကီး လႈပ္ရွားမႈေတြကို အဟန္႔အတားျဖစ္ေစႏုိင္ေၾကာင္း သုေတသနေလ့လာမႈက ေဖာ္ျပထားပါတယ္။

၂ႏွစ္ကေန ၅ႏွစ္အရြယ္ကေလးေတြအတြက္ မီဒီယာအသုံးျပဳခ်ိန္ တစ္ေန႔ ၁ နာရီကန္႔သတ္ထားသင့္တယ္လုိ႔ ဆုိပါတယ္။ အရည္အေသြးျမင့္ programming သုိ႔မဟုတ္ မိဘနဲ႔ ကေလးေတြ အတူၾကည့္ႏုိင္တာေလး တစ္ခုခု ပါဝင္သင့္ပါတယ္။ ဗီဒီယိုနဲ႔စကားေျပာဆိုမႈကို ျခြင္းခ်က္ထား ဒစ္ဂ်စ္တယ္မီဒီယာကို ၁၈ လထက္ ငယ္ေသးတဲ့ကေလးေတြ ေပးမသုံးသင့္ဘူးလုိ႔ သုေတသီေတြက သတ္မွတ္ထားပါတယ္။

မွားယြင္းတဲ့နည္းလမ္းနဲ႔ ဒစ္ဂ်စ္တယ္မီဒီယာသုံးစြဲခ်ိန္ မ်ားလြန္းျခင္းက ကေလးေတြရဲ႕ အိပ္စက္မႈ၊ ကေလးဖြံ႔ျဖိဳးမႈနဲ႔ ကိုယ္ကာယက်န္းမာေရးနဲ႔ ဆက္ႏြယ္ေၾကာင္း အဆုိပါလမ္းညြန္ခ်က္ေတြအရ သိရပါတယ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အိမ်မှာ ဆူညံပွက်လောက်ရိုက်နေတာမရှိတော့အောင်ဆိုပြီး ကလေးတွေလက်ထဲ စမတ်ဖုန်းပေးပြီး ချော့တာဟာ မကောင်းဘူးလို့ American Academy of Pediatrics ထုတ် လမ်းညွှန်ချက်အသစ်အရ သိရပါတယ်။ ဒစ်ဂျစ်တယ်မီဒီယာကို လေယာဉ်ပေါ် သို့မဟုတ် ဆေးကုသမှုလုပ်ငန်းစဉ် စတာတွေမှာ ကလေးချော့ပစ္စည်းအဖြစ် အသုံးတည့်ပေမယ့် မိဘတွေအနေနဲ့ တစ်ခုတည်းသော ကလေးချော့နည်းအဖြစ် မီဒီယာကို အသုံးမပြုသင့်ဘူးလို့ သုတေသီတွေက ဆိုပါတယ်။

စက်ပစ္စည်းတွေကို အဓိက ကလေးချော့သိပ်နည်းသဖွယ် သုံးတာက ကလေးတွေရဲ့ သူတို့ကိုယ်ပိုင်စိတ်ခံစားချက် ထိန်းညှိနိုင်စွမ်းရည် ကန့်သတ်ခံရနိုင်ကြောင်း သိရပါတယ်။ ဒစ်ဂျစ်တယ်မီဒီယာက နို့စို့ကလေး၊ လမ်းလျှောက်ခါစ ကလေးနဲ့ ကျောင်းတက်အရွယ်မရောက်သေးတဲ့ ကလေးအများစုအတွက် ရှောင်လွဲလို့မရတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။

ဦးနှောက် အရှိန်အဟုန်ဖွံ့ဖြိုးတဲ့ကာလဖြစ်တဲ့ အစောပိုင်းကလေးဘဝဟာ ကလေးငယ်တွေ ဆော့ကစားဖို့၊ အိပ်ဖို့၊ စိတ်ခံစားချက်တွေ ကိုင်တွယ်ဖြေရှင်းဖို့ သင်ယူလေ့လာပြီး ဆက်ဆံရေးတွေအတွက် ထူထောင်မယ့် အချိန်ပဲ ဖြစ်ပါတယ်။ မီဒီယာအလွန်အကျွံသုံးစွဲမှုက ဒီအရေးကြီး လှုပ်ရှားမှုတွေကို အဟန့်အတားဖြစ်စေနိုင်ကြောင်း သုတေသနလေ့လာမှုက ဖော်ပြထားပါတယ်။

၂နှစ်ကနေ ၅နှစ်အရွယ်ကလေးတွေအတွက် မီဒီယာအသုံးပြုချိန် တစ်နေ့ ၁ နာရီကန့်သတ်ထားသင့်တယ်လို့ ဆိုပါတယ်။ အရည်အသွေးမြင့် programming သို့မဟုတ် မိဘနဲ့ ကလေးတွေ အတူကြည့်နိုင်တာလေး တစ်ခုခု ပါဝင်သင့်ပါတယ်။ ဗီဒီယိုနဲ့စကားပြောဆိုမှုကို ခြွင်းချက်ထား ဒစ်ဂျစ်တယ်မီဒီယာကို ၁၈ လထက် ငယ်သေးတဲ့ကလေးတွေ ပေးမသုံးသင့်ဘူးလို့ သုတေသီတွေက သတ်မှတ်ထားပါတယ်။

မှားယွင်းတဲ့နည်းလမ်းနဲ့ ဒစ်ဂျစ်တယ်မီဒီယာသုံးစွဲချိန် များလွန်းခြင်းက ကလေးတွေရဲ့ အိပ်စက်မှု၊
ကလေးဖွံ့ဖြိုးမှုနဲ့ ကိုယ်ကာယကျန်းမာရေးနဲ့ ဆက်နွယ်ကြောင်း အဆိုပါလမ်းညွန်ချက်တွေအရ သိရပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top