iMyanmarHouse.com - Best Property Website for Myanmar
×
Credit : trendMyanmar
#Unicode Version
အားလုံးအနက် ချစ်ခြင်းမေတ္တာက အမွန်မြတ်ဆုံးပါပဲ။ မိမိကို စိတ်ခံစားချက်အပြည့်အဝပေးသူ၊ မိမိရဲ့ ရယ်စရာဟာသပြက်လုံးတွေ ခံစားအားပေးသူ၊ နောက် နေ့တိုင်း ကမ္ဘာကြီးကို အနည်းငယ် ပိုမိုတောက်ပရင်ခုန်ဖွယ်အဖြစ် ပြောင်းလဲ မြင်တွေ့စေတဲ့ တစ်စုံတစ်ယောက်ကို ရှာဖွေတွေ့ရှိလာတဲ့အခါ မိမိတို့အကြောင်း အသေးအဖွဲကစ အခြားလူတွေကို ဝေမျှချင်လာကြပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေပေါ် ပို့စ်မတင်မီ စုံတွဲတွေအနေနဲ့ ဟောဒီအချက် (၅) ချက်ကို ဘယ် ကိုယ့်အကောင့်ထဲက ကိုယ်နဲ့ မသိတဲ့ အခြားလူတွေသိသွားအောင် မတင်သင့်ပါဘူး။
မိမိတို့အချစ်ရေးအခြေအနေ ထုတ်ဖော်ပြောဆိုခြင်း
မိမိတို့ရဲ့ အချစ်ရေးကိစ္စတွေ လူသိရှင်ကြား ဝေမျှလွန်းတာက ခံစားချက်အစစ်အမှန်ထက် လေတစ်လုံး မိုးတစ်လုံးစကားမျိုး ပိုဖြစ်သွားနိုင်ပါတယ်။ မိမိတို့ ချစ်ခင်ကြင်နာယုယမှု အမှန်တကယ်ဖော်ထုတ်ချင်ရင် မိမိချစ်သူနဲ့ နှစ်ကိုယ်ကြား ဝေမျှလိုက်ပါ။
အပြန်အလှန်ပေးပို့စာတွေ
"I miss you" သို့မဟုတ် ဟာသလေးတစ်ခုဖြစ်ဖြစ် အပြန်အလှန်ပေးပိုပထားတဲ့စာတွေကို စခရင်မ်ရှော့တ်ရိုက် မတင်သင့်ပါဘူး။
သွယ်ဝိုက်သောနည်းဖြင့် မိမိလက်တွဲဖော်ပေါ် ရန်မူတဲ့စကား
စိတ်ထဲ ကိုယ့်ချစ်သူကို မကျေနပ်တော့ဘူးဆိုတာနဲ့ မကျေနပ်ကြောင်းကို ဖေ့စ်ဘွတ်ခ်ပေါ်တင်ပြီး တစ်ဖက်လူစိတ်ဒုက္ခရောက်အောင် မလုပ်သင့်ပါဘူး။
စုံတွဲပုံတွေ အတောမသတ် ပို့စ်တင်ခြင်း
တစ်ပုံဆို ချစ်စရာလေး။ နှစ်ပုံဆိုရင်လည်း အဆင်ပြေသေးတယ်။ အွန်လိုင်းတစ်ခုလုံး ကိုယ့်ပုံတွေချည်းဖြစ်နေရင်တော့ အကျိုးမရှိတော့ပါဘူး။ အဲဒီပုံတွေ ရိုက်နေရလို့ ကိုယ့်မှာအချိန်တွေ အလကားကုန်ဆုံးပါတယ်။
အိပ်ရာထဲကဆယ်ဖီပုံတွေ
မိမိအိပ်ခန်းအတွင်းက ဖြစ်တဲ့အရာတွေ ဒီတိုင်းလေးပဲ ရှိနေပါစေ။ လူမှုကွန်ရက်တွေပေါ် မပို့ပါနဲ့။ 
Credit : trendMyanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top