iMyanmarHouse.com - Best Property Website for Myanmar
×





Credit : Duwun


Unicode Version

အသက် ၂၄ နှစ်အရွယ် ဆယ်လီနာဂိုးမက်စ်ဟာ တန်နက်ဆက်ပြည်နယ်၊ နက်ရှ်ဗီးလ်မြို့ပြင်ရှိ ပြန်လည်ထူထောင်ရေးစခန်းမှာ နေထိုင်နေကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့က သိရှိရပါတယ်။

"သူမက အရမ်းမှောင်တဲ့နေရာတွေကိုတောင် သွားနိုင်တယ်။ သူ့ရဲ့စိတ်ကျန်းမာရေးကို အာရုံစိုက်နိုက်ဖို့အတွက် အနားယူလိုက်တာပါ" လို့ သတင်းပေးတစ်ဦးက UsWeekly မဂ္ဂဇင်းကို ပြောခဲ့ပါတယ်။

ဆယ်လီနာဂိုးမက်စ်ဟာ သူမရဲ့ စိုးရိမ်စိတ်တွေ၊ ထိတ်လန့်မှုတွေနဲ့ စိတ်ဓာတ်ကျခြင်းကို ဖြေရှင်းနိုင်ဖို့အတွက် သူမရဲ့နယ်လှည့်ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းကြောင်း သြဂုတ်လ ၃၀ ရက်က ကြေညာခဲ့ပါတယ်။
Lupus ရောဂါခံစားနေရတဲ့ သရုပ်ဆောင် အဆိုတော် ဆယ်လီနာဟာ ယင်းရောဂါကြောင့်ပဲ ၂၀၁၄ ခုနှစ်ကလည်း ပြန်လည်ထူထောင်မှု ပြုလုပ်ခဲ့ရပါသေးတယ်။

ဆယ်လီနာဟာ သီချင်းသစ်ထုတ်ဖို့ အစီအစဉ်လည်းရှိခဲ့ပြီး အဲဒါကိုလည်း ရပ်လိုက်ရတယ်လို့ သိရပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top