iMyanmarHouse.com - Best Property Website for Myanmar
×

ဘာၿဖစ္လို႔ ဝလာတာလဲ။ ဘာေၾကာင့္လဲဆိုတာကို စဥ္းစားၾကည့္လိုက္ရေအာင္။

အဓိကကေတာ့ အစားအေသာက္နဲ႔ဆိုင္ပါတယ္။ မ်ားေသာအားၿဖင့္္ ဝိတ္မက်တာက ေနထိုင္စားေသာက္ပံုက လိုအပ္လို႔ပဲၿဖစ္ပါတယ္။ ဒါေၾကာင့္ ဘာေၾကာင့္ ဝလြယ္တာလဲဆိုတာကို ရွင္းၿပမယ္ေနာ္။ ဘယ္ႏွစ္ခ်က္ ကိုယ္နဲ႔ကိုက္ညီလဲဆိုတာကို ၾကည့္ရေအာင္ေနာ္။

★ အၿပင္စာေတြစားတာမ်ားၿခင္း

အိမ္မွာ ခ်က္စားတာထက္ အၿပင္မွာ ဝယ္စားတာမ်ားေနရင္ေတာ့ ဝလြယ္ႏုိင္ပါတယ္။ ဆုိင္မွာစားရင္ကယ္လိုရီက မ်ားတတ္ပါတယ္။ ဒါေၾကာင့္ ေနတိုင္း အၿပင္မွာစားေနရင္ေတာ့ တစ္ေန႔စားရမယ့္ ကယ္လိုရီကို ေက်ာ္လြန္သြားတတ္ပါတယ္။ ဆီမ်ားတဲ့အစာ၊ အခ်ိဳေတြခ်ည္းပဲစားေနရင္ အစာေက်ရန္လည္း မလြယ္ပါ။ ေသြးလည္ပတ္မႈကို ေႏွးေစသလို အဆီတက္ေစႏုိင္တဲ့ အဓိက အေၾကာင္းရင္းသာ ၿဖစ္ပါတယ္။ ၿဖစ္ႏုိင္ရင္ အၿပင္စာကို ေလွ်ာ့ၿပီး အိမ္မွာ ဟင္းေလးေတြကို စားၾကည့္ပါ။

★ အိပ္ခ်ိန္နည္းၿခင္း

ဝလြယ္တာက အိပ္ခ်ိန္နည္းတာလဲ အေၾကာင္းရင္းတခုပါ။ အိပ္ခ်ိန္နည္းရင္ နည္းသေလာက္ ခႏၶာကိုယ္ရဲ႕ လိုအပ္တဲ့ အေၿခခံစြမ္းအင္ေတြ နည္းပါးလာပါလိမ့္မယ္။ ကိုယ္ခံအားက်ဆင္းတဲ့အတြက္ အဆီေတြ ေလာင္ကၽြမ္းေစႏုိင္ဖို႔ရန္လည္း ခက္ခဲပါလိမ့္မယ္။ ္အနည္းဆံုး ၇ နာရီေလာက္ အိပ္သင့္ပါတယ္။

ဘယ္ေလာက္ပဲ အလုပ္မ်ားပါေစ။ အိပ္ခ်ိန္ကို ရေအာင္ယူထားသင့္ပါတယ္။ အေကာင္းဆံုးကေတာ့ ည ၁၀ နာရီကေန မနက္ ၂ နာရီအတြင္း အိပ္ႏုိင္ေအာင္ ၾကိဳးစားပါ။ ဒီအခ်ိန္မွာ ကိုယ္ခႏၶာ ထြားက်ိဳင္းေစႏုိင္ေသာ ဟုိမုန္းက အလုပ္လုပ္တဲ့အခ်ိန္ၿဖစ္တာေၾကာင့္ပါ။

★ အားကစား အားနည္းၿခင္း

လူၾကီးၿဖစ္လာတဲ့အခါ အားကစားလုပ္ခ်ိန္ကလည္း နည္းလားပါလိမ့္မယ္။ အားကစားမလုပ္တဲ့အတြက္ ၾကြက္သားေတြလည္း အားနည္းလာပါလိမ့္မယ္။ ဒီအတြက္ အက်ိဳးကေတာ့ ကိုယ္ခံစြမ္းအားက်ဆင္းလာပါလိမ့္မယ္။ ကိုယ္ခံအားက်လာတဲ့အတြက္ အစာေခ်တဲ့အခ်ိန္မွာ သာမန္ထက္အခ်ိန္ၾကာလာတဲ့အတြက္ ကိုယ္ခႏၶာမွာ အဆီပိုမ်ားလာတတ္ပါတယ္။ အားကစားလုပ္ရတာကို မၾကိဳက္တာေတာင္ ေန႔တုိင္း လမ္းေလွ်ာက္တာပဲၿဖစ္ၿဖစ္၊ ေပါ့ေပါ့ပါးပါး ေလ့က်င့္ခန္းေလးေတြ လုပ္သင့္ပါတယ္။ အားကစားလုပ္တာေၾကာင့္ ၾကြက္သားေတြ ၿပန္လည္ က်န္းမာလာတာနဲ႕အတူ မလိုအပ္တဲ့အဆီေတြကိုလည္း က်ဆင္းေစမွာပါ။ ဒါေၾကာင့္ ေန႔တိုင္း အားကစား နည္းနည္းလုပ္သင့္ပါတယ္။

★ ေရဓါတ္နည္းၿခင္း

ဝေနေသာသူရဲ႕ ကိုယ္ခႏၶာအတြင္းမွာ က်န္းမာေရးအတြက္ အေႏွာက္အယွက္ၿဖစ္ေစေသာ အဆိပ္အေတာက္ေတြမ်ားေနပါလိမ့္မယ္။ ဒီအဆိပ္အေတာက္ေတြကို ေလွ်ာ့နည္းသြားေစဖို႔ရန္ ေရမ်ားမ်ားေသာက္ရန္လိုအပ္ပါတယ္။ တစ္ေန႔အတြက္ ၁လီတာကေန ၁.၅ လီတာ ေလာက္ ေရကို ေသာက္သင့္ပါတယ္။

★ မနက္စာ မစားၿခင္း

မနက္ဆို အရမ္းကို အလုပ္ရႈပ္ေနတတ္တာေၾကာင့္ မနက္စာ စာဖို႔ရန္ ပ်င္းေနတာ မဟုတ္လား။ မနက္စာဟာ တေန႔တာအတြက္ လိုအပ္တဲ့ အင္အားေတြကို ၿဖည့္တင္းေပးၿခင္းနဲ႕အတူ အစားမ်ားသြားတာကိုလည္း ထိန္းေပးႏုိင္ပါတယ္။ မနက္စာကို ေသေသခ်ာခ်ာ စားသင့္ပါတယ္။ မစားရင္ ဝလာပါလိမ့္မယ္။

★ ထမင္းစားခ်ိန္ မမွန္ၿခင္း

မနက္၊ ေန႔လည္၊ ညစာကို အခ်ိန္နဲ႔မစားရင္ေတာ့ ဝလာမွာ အမွန္ပါ။ ေန႔လည္စာက ေနာက္က်ေတာ့ ညစာလည္း ေနာက္က်သြားမွာပါ။ ညစာေနာက္က်ေတာ့ အစာေၾကေစဖို႔ရန္ ခက္ခဲၿပီး ဝလာပါလိမ့္မယ္။ ဒါေၾကာင့္ ညစာကို တတ္ႏုိင္သေလာက္ ေစာေစာစားသင့္ပါတယ္။

ကဲ ဘယ္လိုလဲ။ ကိုယ္နဲ႔ ဘယ္ႏွစ္ခ်က္ကိုက္ေနသလဲဆိုတာကို သိၿပီးၿဖစ္မွာေပါ့။ အခ်ိန္ယူၿပီး ေန႔စဥ္ေနထိုင္ပံုကို နည္းနည္းၿခင္းဆီ ေၿပာင္းလဲယူရမွာပါ။


Credit:ChelmoTeam


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဘာဖြစ်လို့ ဝလာတာလဲ။ ဘာကြောင့်လဲဆိုတာကို စဉ်းစားကြည့်လိုက်ရအောင်။

အဓိကကတော့ အစားအသောက်နဲ့ဆိုင်ပါတယ်။ များသောအားဖြင့် ဝိတ်မကျတာက နေထိုင်စားသောက်ပုံက လိုအပ်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ဘာကြောင့် ဝလွယ်တာလဲဆိုတာကို ရှင်းပြမယ်နော်။ ဘယ်နှစ်ချက် ကိုယ်နဲ့ကိုက်ညီလဲဆိုတာကို ကြည့်ရအောင်နော်။

★ အပြင်စာတွေစားတာများခြင်း

အိမ်မှာ ချက်စားတာထက် အပြင်မှာ ဝယ်စားတာများနေရင်တော့ ဝလွယ်နိုင်ပါတယ်။ ဆိုင်မှာစားရင်ကယ်လိုရီက များတတ်ပါတယ်။ ဒါကြောင့် နေတိုင်း အပြင်မှာစားနေရင်တော့ တစ်နေ့စားရမယ့် ကယ်လိုရီကို ကျော်လွန်သွားတတ်ပါတယ်။ ဆီများတဲ့အစာ၊ အချိုတွေချည်းပဲစားနေရင် အစာကျေရန်လည်း မလွယ်ပါ။ သွေးလည်ပတ်မှုကို နှေးစေသလို အဆီတက်စေနိုင်တဲ့ အဓိက အကြောင်းရင်းသာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အပြင်စာကို လျှော့ပြီး အိမ်မှာ ဟင်းလေးတွေကို စားကြည့်ပါ။

★ အိပ်ချိန်နည်းခြင်း

ဝလွယ်တာက အိပ်ချိန်နည်းတာလဲ အကြောင်းရင်းတခုပါ။ အိပ်ချိန်နည်းရင် နည်းသလောက် ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ အခြေခံစွမ်းအင်တွေ နည်းပါးလာပါလိမ့်မယ်။ ကိုယ်ခံအားကျဆင်းတဲ့အတွက် အဆီတွေ လောင်ကျွမ်းစေနိုင်ဖို့ရန်လည်း ခက်ခဲပါလိမ့်မယ်။ ်အနည်းဆုံး ၇ နာရီလောက် အိပ်သင့်ပါတယ်။

ဘယ်လောက်ပဲ အလုပ်များပါစေ။ အိပ်ချိန်ကို ရအောင်ယူထားသင့်ပါတယ်။ အကောင်းဆုံးကတော့ ည ၁၀ နာရီကနေ မနက် ၂ နာရီအတွင်း အိပ်နိုင်အောင် ကြိုးစားပါ။ ဒီအချိန်မှာ ကိုယ်ခန္ဓာ ထွားကျိုင်းစေနိုင်သော ဟိုမုန်းက အလုပ်လုပ်တဲ့အချိန်ဖြစ်တာကြောင့်ပါ။

★ အားကစား အားနည်းခြင်း

လူကြီးဖြစ်လာတဲ့အခါ အားကစားလုပ်ချိန်ကလည်း နည်းလားပါလိမ့်မယ်။ အားကစားမလုပ်တဲ့အတွက် ကြွက်သားတွေလည်း အားနည်းလာပါလိမ့်မယ်။ ဒီအတွက် အကျိုးကတော့ ကိုယ်ခံစွမ်းအားကျဆင်းလာပါလိမ့်မယ်။ ကိုယ်ခံအားကျလာတဲ့အတွက် အစာချေတဲ့အချိန်မှာ သာမန်ထက်အချိန်ကြာလာတဲ့အတွက် ကိုယ်ခန္ဓာမှာ အဆီပိုများလာတတ်ပါတယ်။ အားကစားလုပ်ရတာကို မကြိုက်တာတောင် နေ့တိုင်း လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်သင့်ပါတယ်။ အားကစားလုပ်တာကြောင့် ကြွက်သားတွေ ပြန်လည် ကျန်းမာလာတာနဲ့အတူ မလိုအပ်တဲ့အဆီတွေကိုလည်း ကျဆင်းစေမှာပါ။ ဒါကြောင့် နေ့တိုင်း အားကစား နည်းနည်းလုပ်သင့်ပါတယ်။

★ ရေဓါတ်နည်းခြင်း

ဝနေသောသူရဲ့ ကိုယ်ခန္ဓာအတွင်းမှာ ကျန်းမာရေးအတွက် အနှောက်အယှက်ဖြစ်စေသော အဆိပ်အတောက်တွေများနေပါလိမ့်မယ်။ ဒီအဆိပ်အတောက်တွေကို လျှော့နည်းသွားစေဖို့ရန် ရေများများသောက်ရန်လိုအပ်ပါတယ်။ တစ်နေ့အတွက် ၁လီတာကနေ ၁.၅ လီတာ လောက် ရေကို သောက်သင့်ပါတယ်။

★ မနက်စာ မစားခြင်း

မနက်ဆို အရမ်းကို အလုပ်ရှုပ်နေတတ်တာကြောင့် မနက်စာ စာဖို့ရန် ပျင်းနေတာ မဟုတ်လား။ မနက်စာဟာ တနေ့တာအတွက် လိုအပ်တဲ့ အင်အားတွေကို ဖြည့်တင်းပေးခြင်းနဲ့အတူ အစားများသွားတာကိုလည်း ထိန်းပေးနိုင်ပါတယ်။ မနက်စာကို သေသေချာချာ စားသင့်ပါတယ်။ မစားရင် ဝလာပါလိမ့်မယ်။

★ ထမင်းစားချိန် မမှန်ခြင်း

မနက်၊ နေ့လည်၊ ညစာကို အချိန်နဲ့မစားရင်တော့ ဝလာမှာ အမှန်ပါ။ နေ့လည်စာက နောက်ကျတော့ ညစာလည်း နောက်ကျသွားမှာပါ။ ညစာနောက်ကျတော့ အစာကြေစေဖို့ရန် ခက်ခဲပြီး ဝလာပါလိမ့်မယ်။ ဒါကြောင့် ညစာကို တတ်နိုင်သလောက် စောစောစားသင့်ပါတယ်။

ကဲ ဘယ်လိုလဲ။ ကိုယ်နဲ့ ဘယ်နှစ်ချက်ကိုက်နေသလဲဆိုတာကို သိပြီးဖြစ်မှာပေါ့။ အချိန်ယူပြီး နေ့စဉ်နေထိုင်ပုံကို နည်းနည်းခြင်းဆီ ပြောင်းလဲယူရမှာပါ။


Credit:ChelmoTeam




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top