iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းမတစ္ေယာက္ရဲ႕ ဘဝက မလြယ္ကူပါဘူး။ တကယ္ေတာ့ မိန္းမေတြေန႔စဥ္ၾကဳံေတြေနရတဲ့ ဒုကၡေတြကို ေယာက္်ားေလးေတြအေနနဲ႔ ဘယ္လိုမွ လြယ္လြယ္နားလည္ႏုိင္မွာ မဟုတ္ပါဘူး။ တခ်ဳိ႕ အရာေတြမွာ မိန္းကေလးျဖစ္ရတာ ကံေကာင္းတယ္လို႔ ထင္ရေပမဲ့ တခ်ဳိ႕ကိစၥေတြမွာေတာ့ ေန႔တုိင္း စစ္ပြဲအေသးစားေလးေတြ တုိက္ေနရတာနဲ႔ တူပါတယ္။

ကၽြန္မတို႔ မိန္းကေလးေတြ မနက္အိပ္ယာႏုိးတာနဲ႔ သြားတုိက္ မ်က္ႏွာသစ္ျပီး ေယာက္်ားေလးေတြလို အလုပ္တန္းသြားလို႔ မရပါဘူး။ မိတ္ကပ္ေတြ ထူပိန္းေနေအာင္ လိမ္းမသြားရင္ေတာင္ ၾကည့္ေပ်ာ္ရႈေပ်ာ္ျဖစ္ ေအာင္ေတာ့ အခ်ိန္ေပးျပီး ျပင္ဆင္ဖုိ႔လုိပါေသးတယ္။ ျပီးရင္ အဝတ္အစားေရြး၊ ဆံပင္အတြက္ နည္းနည္းအခ်ိန္ ေပးရတာေတြဆုိေတာ့ အဆင္သင့္ျဖစ္ဖို႔အတြက္ အခ်ိန္တစ္ခုေတာ့ စျပီးရင္းလုိက္ရပါျပီ။

ေနာက္တစ္ခု ေယာက္်ားေလးေတြ ဘယ္ေလာက္ပဲ ဘီယာဗိုက္ျဖစ္ေနေန လူေတြက သတိမထားမိတတ္ေပမဲ့ ကၽြန္မတို႔မိန္းကေလးေတြ ဝိတ္ေလးနည္းနည္းတက္လာတာနဲ႔ လူေတြစျပီး သတိျပဳတတ္လာၾကပါျပီ။ ဝိတ္မခ်ဘူးလားဆုိတဲ့ ေမးခြန္းကို ေတြ႔တဲလူတုိင္းက ေမးလာၾကပါတယ္။ မိန္းမေတြရဲ႕ ဇီဝကမၼျဖစ္စဥ္ေတြအရ ဝိတ္က်ဖုိ႔ဆုိရင္ ေယာက္်ားေတြထက္ ပိုျပီးခက္ပါတယ္။ အခ်ိန္လည္း ပုိေပးရပါတယ္။ စားခ်င္တုိင္းလည္း စားလို႔မရေတာ့ဘဲ ေရွာင္ရတာေတြရွိလာတတ္ပါတယ္။ ဒါကလည္း မိန္းမေတြရဲ႕ ဒုကၡတစ္ခုျဖစ္ပါတယ္။

သေႏၶတားေဆးဆုိရင္လည္း ေယာက္်ားေလးေတြေသာက္ရတာ၊ ထုိးေဆးထိုးရတာေတြ မရွိဘဲ မိန္းကေလးေတြပဲ အခ်ိန္မွန္ေသာက္ဖို႔၊ ေဆးထုိးဖို႔ ကာကြယ္ဖုိ႔လုပ္ၾကရတာ မ်ားတာေၾကာင့္ မမွ်တတဲ့ ဒုကၡတစ္ခုကို ခံေနရတာလို႔ ေျပာႏုိင္ပါတယ္။

ကုန္က်စရိတ္ခ်င္းႏႈိင္းယွဥ္ရင္လည္း မိန္းကေလးေတြရဲ႕ အသုံးအေဆာင္က ေယာက္်ားေလး အသုံးအေဆာင္ေတြနဲ႔ အမ်ိဳးအစားတူရင္ေတာင္ ေစ်းပုိမ်ားပါတယ္။ အသက္ ၃၀ ေက်ာ္ေလာက္ျဖစ္ လာရင္လည္း ၆၀ ေက်ာ္ မိန္းမၾကီးပုံမေပါက္ေအာင္၊ ၂၀ ေက်ာ္ ၂၅ ေလာက္ဆုိရင္လည္း ေခတ္နဲ႔အညီ လွတပတေလးျဖစ္ေအာင္ အသားအေရ၊ ဆံပင္၊ အဝတ္အစားအားလုံးအတြက္ အလွကုန္ ပစၥည္းေတြဝယ္ယူရတဲ့ ကုန္က်စရိတ္ေတြရွိပါတယ္။

ေနာက္တစ္ခ်က္က သားအိမ္ေခါင္းကင္ဆာကာကြယ္ဖို႔အတြက္ တစ္ႏွစ္တစ္ခါ အသားစယူ စစ္ေဆးျခင္း (pap smear) လုပ္ရတာက ဆရာဝန္ေရွ႕မွာ ေတာ္ေတာ့္ကို ကို႔ရုိးကားယားႏုိင္တဲ့ ပုံစံနဲ႔ ေနရတာကလည္း ေယာက္်ားေလးေတြနားလည္ႏုိင္မွာ မဟုတ္တဲ့ ဒုကၡတစ္မ်ဳိးပါ။

ေနာက္ဆုံးတစ္ခ်က္ကေတာ့ လိင္ပိုင္းဆုိင္ရာ ေႏွာင့္ယွက္ေစာ္ကားမႈ အႏၱရာယ္ကို တစ္ခ်ိန္လုံး စုိးရိမ္ေနရတာပါပဲ။ အခုဆုိရင္ ေဝးေဝးလံလံ အျပင္ထြက္မွ မဟုတ္ဘဲ ကိုယ့္အိမ္ဝန္းက်င္မွာ ေနရင္ေတာင္ မသမာတဲ့ ေယာက္်ားေတြရဲ႕ ရန္ကိုေၾကာက္ေနရတဲ့ ဒုကၡက ေတာ္ေတာ္ကို သတိထားရမယ့္ ဒုကၡတစ္မ်ဳိး ျဖစ္လာပါတယ္။ ေယာက္်ားေလးေတြနားမလည္ႏုိင္တဲ့ သာမန္မိန္းမတိုင္းၾကဳံေနက် ျပႆနာေတြက ေရးမယ္ဆုိရင္ အမ်ားၾကီးက်န္ေနဦးမွာပဲ ျဖစ္ပါတယ္။

Credit : trendMyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မိန်းမတစ်ယောက်ရဲ့ ဘဝက မလွယ်ကူပါဘူး။ တကယ်တော့ မိန်းမတွေနေ့စဉ်ကြုံတွေနေရတဲ့ ဒုက္ခတွေကို ယောက်ျားလေးတွေအနေနဲ့ ဘယ်လိုမှ လွယ်လွယ်နားလည်နိုင်မှာ မဟုတ်ပါဘူး။ တချို့ အရာတွေမှာ မိန်းကလေးဖြစ်ရတာ ကံကောင်းတယ်လို့ ထင်ရပေမဲ့ တချို့ကိစ္စတွေမှာတော့ နေ့တိုင်း စစ်ပွဲအသေးစားလေးတွေ တိုက်နေရတာနဲ့ တူပါတယ်။

ကျွန်မတို့ မိန်းကလေးတွေ မနက်အိပ်ယာနိုးတာနဲ့ သွားတိုက် မျက်နှာသစ်ပြီး ယောက်ျားလေးတွေလို အလုပ်တန်းသွားလို့ မရပါဘူး။ မိတ်ကပ်တွေ ထူပိန်းနေအောင် လိမ်းမသွားရင်တောင် ကြည့်ပျော်ရှုပျော်ဖြစ် အောင်တော့ အချိန်ပေးပြီး ပြင်ဆင်ဖို့လိုပါသေးတယ်။ ပြီးရင် အဝတ်အစားရွေး၊ ဆံပင်အတွက် နည်းနည်းအချိန် ပေးရတာတွေဆိုတော့ အဆင်သင့်ဖြစ်ဖို့အတွက် အချိန်တစ်ခုတော့ စပြီးရင်းလိုက်ရပါပြီ။

နောက်တစ်ခု ယောက်ျားလေးတွေ ဘယ်လောက်ပဲ ဘီယာဗိုက်ဖြစ်နေနေ လူတွေက သတိမထားမိတတ်ပေမဲ့ ကျွန်မတို့မိန်းကလေးတွေ ဝိတ်လေးနည်းနည်းတက်လာတာနဲ့ လူတွေစပြီး သတိပြုတတ်လာကြပါပြီ။ ဝိတ်မချဘူးလားဆိုတဲ့ မေးခွန်းကို တွေ့တဲလူတိုင်းက မေးလာကြပါတယ်။ မိန်းမတွေရဲ့ ဇီဝကမ္မဖြစ်စဉ်တွေအရ ဝိတ်ကျဖို့ဆိုရင် ယောက်ျားတွေထက် ပိုပြီးခက်ပါတယ်။ အချိန်လည်း ပိုပေးရပါတယ်။ စားချင်တိုင်းလည်း စားလို့မရတော့ဘဲ ရှောင်ရတာတွေရှိလာတတ်ပါတယ်။ ဒါကလည်း မိန်းမတွေရဲ့ ဒုက္ခတစ်ခုဖြစ်ပါတယ်။

သန္ဓေတားဆေးဆိုရင်လည်း ယောက်ျားလေးတွေသောက်ရတာ၊ ထိုးဆေးထိုးရတာတွေ မရှိဘဲ မိန်းကလေးတွေပဲ အချိန်မှန်သောက်ဖို့၊ ဆေးထိုးဖို့ ကာကွယ်ဖို့လုပ်ကြရတာ များတာကြောင့် မမျှတတဲ့ ဒုက္ခတစ်ခုကို ခံနေရတာလို့ ပြောနိုင်ပါတယ်။

ကုန်ကျစရိတ်ချင်းနှိုင်းယှဉ်ရင်လည်း မိန်းကလေးတွေရဲ့ အသုံးအဆောင်က ယောက်ျားလေး အသုံးအဆောင်တွေနဲ့ အမျိုးအစားတူရင်တောင် ဈေးပိုများပါတယ်။ အသက် ၃၀ ကျော်လောက်ဖြစ် လာရင်လည်း ၆၀ ကျော် မိန်းမကြီးပုံမပေါက်အောင်၊ ၂၀ ကျော် ၂၅ လောက်ဆိုရင်လည်း ခေတ်နဲ့အညီ လှတပတလေးဖြစ်အောင် အသားအရေ၊ ဆံပင်၊ အဝတ်အစားအားလုံးအတွက် အလှကုန် ပစ္စည်းတွေဝယ်ယူရတဲ့ ကုန်ကျစရိတ်တွေရှိပါတယ်။

နောက်တစ်ချက်က သားအိမ်ခေါင်းကင်ဆာကာကွယ်ဖို့အတွက် တစ်နှစ်တစ်ခါ အသားစယူ စစ်ဆေးခြင်း (pap smear) လုပ်ရတာက ဆရာဝန်ရှေ့မှာ တော်တော့်ကို ကို့ရိုးကားယားနိုင်တဲ့ ပုံစံနဲ့ နေရတာကလည်း ယောက်ျားလေးတွေနားလည်နိုင်မှာ မဟုတ်တဲ့ ဒုက္ခတစ်မျိုးပါ။

နောက်ဆုံးတစ်ချက်ကတော့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု အန္တရာယ်ကို တစ်ချိန်လုံး စိုးရိမ်နေရတာပါပဲ။ အခုဆိုရင် ဝေးဝေးလံလံ အပြင်ထွက်မှ မဟုတ်ဘဲ ကိုယ့်အိမ်ဝန်းကျင်မှာ နေရင်တောင် မသမာတဲ့ ယောက်ျားတွေရဲ့ ရန်ကိုကြောက်နေရတဲ့ ဒုက္ခက တော်တော်ကို သတိထားရမယ့် ဒုက္ခတစ်မျိုး ဖြစ်လာပါတယ်။ ယောက်ျားလေးတွေနားမလည်နိုင်တဲ့ သာမန်မိန်းမတိုင်းကြုံနေကျ ပြဿနာတွေက ရေးမယ်ဆိုရင် အများကြီးကျန်နေဦးမှာပဲ ဖြစ်ပါတယ်။

Credit : trendMyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top