iMyanmarHouse.com - Best Property Website for Myanmar
×

အျပင္သြားစရာ ရိွခါမွ ခါတိုင္း၀တ္ေနက် ေဘာင္းဘီက ဇစ္ဆဲြလို႔ မရေတာ့ေလာက္ေအာင္ကို ဗိုက္ပူေနပါသလား။ ဆိုဒါရည္ေတြ၊ အဆီမ်ားတဲ့ အစားအစာေတြ အေျမာက္အျမား စားျခင္းက ယာယီ ဗိုက္ပူျခင္းကို ျဖစ္ေပၚေစပါတယ္။ ၄င္းဗိုက္ပူျခင္းက ဗိုက္သားအဆီမ်ားလို႔ ဗိုက္ေခါက္ ထြက္ျခင္းလိုမိ်ဳး အျပင္းအထန္ လုပ္ျပီး အဆီခ်စရာ မလိုပါဘူး။ ရိုးရွင္းတဲ့ နည္းလမ္းေတြကို လိုက္နာျခင္းျဖင့္ ဗိုက္သား ခ်ပ္ရပ္နိုင္ပါတယ္။

(အသည္း၊ နွလံုးေရာဂါတို႔ေၾကာင့္ ဗိုက္ပူေနတာ မဟုတ္ရင္ေပါ့။)

၁။ ၀မ္းမခ်ဳပ္ေစပါနွင့္။ ဖိုက္ဘာဓာတ္၊ အရည္နွင့္ ကိုယ္လက္ လႈပ္ရွားမႈ နည္းပါးျခင္းတို႔က ၀မ္းခ်ဳပ္ျခင္းကို ျဖစ္ေစပါတယ္။ ၀မ္းခု်ပ္လွ်င္ ဗိုက္ပူတတ္ပါတယ္။ ဒါကို မျဖစ္ေစဖို႔ ဖိုက္ဘာဓာတ္ ပါ၀င္တဲ့ သစ္သီး၊ ဟင္းသီးဟင္းရြက္မ်ားကို မိန္းမဆိုရင္ (၂၅) ဂရမ္၊ ေယာက်ာ္းဆိုရင္ (၃၈) ဂရမ္ ေန႔စဥ္စားပါ။

အရည္ကိုလည္း တစ္ေန႔ကို ဖန္ခြက္ ေျခာက္ခြက္မွ ရွစ္ခြက္အၾကား ေသာက္ပါ။ ကိုယ္လက္ ေလ့က်င့္ခန္းကို တစ္ေန႔ အနည္းဆံုး နာရီ၀က္ၾကာလုပ္ပါ။

၂။ မိမိနွင့္ ဓာတ္မတည့္ေသာ အစာမ်ားအား ေရွာင္ပါ။ မတည့္ေသာ အစာမ်ားက ေလပြေစနိုင္ပါတယ္။ ဒါ့ေၾကာင့္ ဓာတ္မတည့္ေသာ အစာမ်ားကို ေသခ်ာ မွတ္သားထားျပီး ေရွာင္ပါ။

၃။ အစာကို ျမန္ျမန္ မစားပါနွင့္။ အစားအစာကို အလ်င္အျမန္စားျခင္းနွင့္ ေသခ်ာ ေက်ညက္ေအာင္ မ၀ါးျခင္းတို႔က ဗိုက္ထဲ ေလပြေစျပီး ဗိုက္ပူေစပါတယ္။ ဒါေၾကာင့္ မနက္စာ၊ ေန႔လယ္စာ၊ ညစာတို႔ကို အနည္းဆံုး နာရီ၀က္ၾကာ စားသင့္တယ္လို႔ ပညာရွင္မ်ားက ဆိုပါတယ္။

၄။ ဂတ္စ္ပါေသာ အခိ်ဳရည္မ်ားကို အလြန္အကံြ် မေသာက္ပါနွင့္။ ဂတ္စ္ပါတဲ့ အခိ်ဳရည္မ်ားက ဗိုက္ထဲမွာ ဂတ္စ္မ်ား စုေ၀းေစျပီး ဗိုက္ပူေစပါတယ္။ ထိုအစား သံပုရာရည္၊ ေရွာက္ရည္ တို႔ကဲ့သို႔ သစ္သီးေဖ်ာ္ရည္မ်ားကို ေသာက္ပါ။

၅။ ပီေက သိပ္မစားပါနွင့္။ ပီေက၀ါးျခင္းက ေလကို မ်ားမ်ားမိ်ဳခ်မိေစျပီး ဗိုက္ေလပြျခင္းကို ျဖစ္ေစပါတယ္။ ပီေကအစား သၾကားလံုး အမာပဲျဖစ္ျဖစ္၊ က်န္းမာေရး အတြက္ ေကာင္းေစတဲ့ သစ္သီး၀လံေတြပဲ ျဖစ္ျဖစ္ စားသံုးသင့္ပါတယ္။

၆။ ေဆးသၾကားကို သတိထားပါ။ ေဆးသၾကားပါတဲ့ ေသာက္စရာမ်ား၊ အစားအစာမ်ားကို အမ်ားအျပားစားျခင္းက ဗိုက္ေလပြျခင္းကို ျဖစ္ေစနိုင္တယ္လို႔ ကြ်မ္းက်င္သူမ်ားက သတိ ေပးထားပါတယ္။ ဒါေၾကာင့္ ေဆးသၾကားပါတဲ့ အစားအစာေတြကို ေလွ်ာ့စားပါ။

၇။ ဆိုဒီယမ္ စားသံုးမႈကို ကန္႔သတ္ပါ။ ျပဳျပင္ထားတဲ့ အစားအစာ အေတာ္မ်ားမ်ားမွာ ဆိုဒီယမ္ ပါ၀င္မႈမ်ားျပီး ဖိုက္ဘာဓာတ္ ပါ၀င္မႈ နည္းပါတယ္။ ၄င္းက ဗိုက္ပူျခင္းကို ျဖစ္ေစနိုင္ပါတယ္။ ျပဳျပင္ထားသည့္ အစားအစာမ်ား၊ စည္သြပ္ အစားအစာမ်ား၊ ေရခဲရိုက္ အစားအစာမ်ား စတာေတြကို ၀ယ္ယူတဲ့အခါ အညႊန္းမွာ ဆိုဒီယမ္ (sodium) (၅၀၀) မီလီဂရမ္ထက္ မပိုတဲ့ အစားအစာကို ေရြးခ်ယ္ပါ။

၈။ ပဲမ်ား၊ ဂတ္စ္ျဖစ္ေစတတ္သည့္ အသီးအရြက္မ်ားကို ေလွ်ာ့စားပါ။ ပဲစားေနက် မဟုတ္ရင္ ပဲစားတဲ့အခါ ဗိုက္ေလပြ ေစနိုင္ပါတယ္။ ထို႔အတူ ပန္းေဂၚဖီစိမ္း၊ ပန္းေဂၚဖီ စသည္တို႔ကလည္း ဂတ္စ္မ်ား ျဖစ္ေစတတ္ ပါတယ္။ ဒါေပမဲ့ လံုး၀ေရွာင္ၾကဥ္သင့္တယ္လို႔ေတာ့ မဆိုပါဘူး။ နည္းနည္းခ်င္းစီ မၾကာခဏ စားေပးရင္ အက်င့္သား ရသြားပါလိမ့္မယ္။

၉။ အနည္းငယ္ေသာ အစာကို မၾကာခဏ စားေပးပါ။ တစ္ေန႔လွ်င္အစာၾကီး သံုးၾကိမ္ စားမယ့္အစား အစာကို နည္းနည္းခ်င္းစီ မၾကာခဏစားပါ။

၁၀။ ေလမပြ ဗိုက္မပူေစေသာ ေဖ်ာ္ရည္မ်ား၊ အစားအစာမ်ားကို စားၾကည့္ပါ။ ေလ့လာေတြ႔ရိွခ်က္မ်ား အရ ငရုတ္ေကာင္း၊ လက္ဖက္ရည္၊ ခ်င္း၊ နာနတ္သီးနွင့္ ဒိန္ခ်ဥ္မ်ားက ေလပြျခင္းမွ ကာကြယ္ ေပးနိုင္တယ္လို႔ ဆိုပါတယ္။

Credit : messenger

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အပြင်သွားစရာ ရှိခါမှ ခါတိုင်းဝတ်နေကျ ဘောင်းဘီက ဇစ်ဆွဲလို့ မရတော့လောက်အောင်ကို ဗိုက်ပူနေပါသလား။ ဆိုဒါရည်တွေ၊ အဆီများတဲ့ အစားအစာတွေ အမြောက်အမြား စားခြင်းက ယာယီ ဗိုက်ပူခြင်းကို ဖြစ်ပေါ်စေပါတယ်။ ၎င်းဗိုက်ပူခြင်းက ဗိုက်သားအဆီများလို့ ဗိုက်ခေါက် ထွက်ခြင်းလိုမျိုး အပြင်းအထန် လုပ်ပြီး အဆီချစရာ မလိုပါဘူး။ ရိုးရှင်းတဲ့ နည်းလမ်းတွေကို လိုက်နာခြင်းဖြင့် ဗိုက်သား ချပ်ရပ်နိုင်ပါတယ်။

(အသည်း၊ နှလုံးရောဂါတို့ကြောင့် ဗိုက်ပူနေတာ မဟုတ်ရင်ပေါ့။)

၁။ ဝမ်းမချုပ်စေပါနှင့်။ ဖိုက်ဘာဓာတ်၊ အရည်နှင့် ကိုယ်လက် လှုပ်ရှားမှု နည်းပါးခြင်းတို့က ဝမ်းချုပ်ခြင်းကို ဖြစ်စေပါတယ်။ ဝမ်းခုျပ်လျှင် ဗိုက်ပူတတ်ပါတယ်။ ဒါကို မဖြစ်စေဖို့ ဖိုက်ဘာဓာတ် ပါဝင်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်များကို မိန်းမဆိုရင် (၂၅) ဂရမ်၊ ယောကျာ်းဆိုရင် (၃၈) ဂရမ် နေ့စဉ်စားပါ။

အရည်ကိုလည်း တစ်နေ့ကို ဖန်ခွက် ခြောက်ခွက်မှ ရှစ်ခွက်အကြား သောက်ပါ။ ကိုယ်လက် လေ့ကျင့်ခန်းကို တစ်နေ့ အနည်းဆုံး နာရီဝက်ကြာလုပ်ပါ။

၂။ မိမိနှင့် ဓာတ်မတည့်သော အစာများအား ရှောင်ပါ။ မတည့်သော အစာများက လေပွစေနိုင်ပါတယ်။ ဒါ့ကြောင့် ဓာတ်မတည့်သော အစာများကို သေချာ မှတ်သားထားပြီး ရှောင်ပါ။

၃။ အစာကို မြန်မြန် မစားပါနှင့်။ အစားအစာကို အလျင်အမြန်စားခြင်းနှင့် သေချာ ကျေညက်အောင် မဝါးခြင်းတို့က ဗိုက်ထဲ လေပွစေပြီး ဗိုက်ပူစေပါတယ်။ ဒါကြောင့် မနက်စာ၊ နေ့လယ်စာ၊ ညစာတို့ကို အနည်းဆုံး နာရီဝက်ကြာ စားသင့်တယ်လို့ ပညာရှင်များက ဆိုပါတယ်။

၄။ ဂတ်စ်ပါသော အချိုရည်များကို အလွန်အကံျွ မသောက်ပါနှင့်။ ဂတ်စ်ပါတဲ့ အချိုရည်များက ဗိုက်ထဲမှာ ဂတ်စ်များ စုဝေးစေပြီး ဗိုက်ပူစေပါတယ်။ ထိုအစား သံပုရာရည်၊ ရှောက်ရည် တို့ကဲ့သို့ သစ်သီးဖျော်ရည်များကို သောက်ပါ။

၅။ ပီကေ သိပ်မစားပါနှင့်။ ပီကေဝါးခြင်းက လေကို များများမျိုချမိစေပြီး ဗိုက်လေပွခြင်းကို ဖြစ်စေပါတယ်။ ပီကေအစား သကြားလုံး အမာပဲဖြစ်ဖြစ်၊ ကျန်းမာရေး အတွက် ကောင်းစေတဲ့ သစ်သီးဝလံတွေပဲ ဖြစ်ဖြစ် စားသုံးသင့်ပါတယ်။

၆။ ဆေးသကြားကို သတိထားပါ။ ဆေးသကြားပါတဲ့ သောက်စရာများ၊ အစားအစာများကို အများအပြားစားခြင်းက ဗိုက်လေပွခြင်းကို ဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူများက သတိ ပေးထားပါတယ်။ ဒါကြောင့် ဆေးသကြားပါတဲ့ အစားအစာတွေကို လျှော့စားပါ။

၇။ ဆိုဒီယမ် စားသုံးမှုကို ကန့်သတ်ပါ။ ပြုပြင်ထားတဲ့ အစားအစာ အတော်များများမှာ ဆိုဒီယမ် ပါဝင်မှုများပြီး ဖိုက်ဘာဓာတ် ပါဝင်မှု နည်းပါတယ်။ ၎င်းက ဗိုက်ပူခြင်းကို ဖြစ်စေနိုင်ပါတယ်။ ပြုပြင်ထားသည့် အစားအစာများ၊ စည်သွပ် အစားအစာများ၊ ရေခဲရိုက် အစားအစာများ စတာတွေကို ဝယ်ယူတဲ့အခါ အညွှန်းမှာ ဆိုဒီယမ် (sodium) (၅၀၀) မီလီဂရမ်ထက် မပိုတဲ့ အစားအစာကို ရွေးချယ်ပါ။

၈။ ပဲများ၊ ဂတ်စ်ဖြစ်စေတတ်သည့် အသီးအရွက်များကို လျှော့စားပါ။ ပဲစားနေကျ မဟုတ်ရင် ပဲစားတဲ့အခါ ဗိုက်လေပွ စေနိုင်ပါတယ်။ ထို့အတူ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ စသည်တို့ကလည်း ဂတ်စ်များ ဖြစ်စေတတ် ပါတယ်။ ဒါပေမဲ့ လုံးဝရှောင်ကြဉ်သင့်တယ်လို့တော့ မဆိုပါဘူး။ နည်းနည်းချင်းစီ မကြာခဏ စားပေးရင် အကျင့်သား ရသွားပါလိမ့်မယ်။

၉။ အနည်းငယ်သော အစာကို မကြာခဏ စားပေးပါ။ တစ်နေ့လျှင်အစာကြီး သုံးကြိမ် စားမယ့်အစား အစာကို နည်းနည်းချင်းစီ မကြာခဏစားပါ။

၁၀။ လေမပွ ဗိုက်မပူစေသော ဖျော်ရည်များ၊ အစားအစာများကို စားကြည့်ပါ။ လေ့လာတွေ့ရှိချက်များ အရ ငရုတ်ကောင်း၊ လက်ဖက်ရည်၊ ချင်း၊ နာနတ်သီးနှင့် ဒိန်ချဉ်များက လေပွခြင်းမှ ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။

Credit : messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top