iMyanmarHouse.com - Best Property Website for Myanmar
×

ပါရာစီတေမာ့သည္ ခႏၶာကိုယ္ နာက်င္ကိုက္ခဲသည္မ်ားကုိ ေပ်ာက္ကင္းေစသည္ သာမက အျခားလူမ်ား၏ နာက်င္ခံစားရမႈကိုလည္း နားလည္ ခံစားေပးႏုိင္စြမ္း ေလ်ာ့က်ေစတတ္ေၾကာင္း ေလ့လာေတြ႕ရွိခဲ့ၿပီ ျဖစ္သည္။

ပါရာစီတေမာ့သည္ ဦးေႏွာက္တြင္းရွိ နာက်င္မႈဆုိင္ရာ အပိုင္းကို ထုံသြားေစ႐ုံ သာမက လူ၏ခံစားခ်က္ကိုပါ ေသြးေအးသြားေစတတ္ ေၾကာင္း ေတြ႕ရွိလုိက္ျခင္း ျဖစ္သည္။ အေမရိကန္ ျပည္ေထာင္စုတြင္ ပါရာစီတေမာ့ကို အက္စီတာမီႏိုဖန္ဟု ေခၚဆိုၾကသည္။

အက္စီတာမီႏိုဖန္သည္ အကိုက္အခဲေပ်ာက္ေဆး အျဖစ္ သာမက ကိုယ္ခ်င္းစာစိတ္ နည္းေစသည့္ ေဆးပါျဖစ္လာၿပီ ျဖစ္ေၾကာင္း အုိင္ဟုိင္းယိုး ျပည္နယ္ တကၠသိုလ္မွ သုေတသန ပညာရွင္မ်ားက ေျပာဆုိခဲ့သည္။

ကိုယ္ခ်င္းစာနာစိတ္မွာ အေရးပါလွေၾကာင္း၊ အိမ္ေထာင္ဘက္ႏွင့္ စကားအေခ်အတင္ မ်ားၿပီးေနာက္ အက္စီတာမင္ႏိုဖန္ကို ေသာက္လိုက္ပါက ကုိယ္ေျပာသည့္ စကားေၾကာင့္ အိမ္ေထာင္ဘက္ မည္မွ်နာက်င္သြားမည္ကို ခံစားမေပးႏုိင္ေတာ့ေၾကာင္း သုေတသန ပညာရွင္မ်ားက ေျပာဆုိခဲ့သည္။

ပညာရွင္မ်ားသည္ ေကာလိပ္ ေက်ာင္းသား (၈၀) ဦးအား ပါရာစီတေမာ့ ေရာစပ္ထားသည့္ အခ်ဳိရည္မ်ားကို ေသာက္သံုးေစခဲ့သည္။ ယင္းေနာက္ လူမ်ား၏နာက်င္မႈမ်ား အေၾကာင္း ေရးသားထားသည့္ ၀တၳဳတိုမ်ားကို ဖတ္ေစခဲ့သည္။ နာက်င္မႈတြင္ ဓားရွေသာေၾကာာင့္ နာက်င္မႈမွ ခ်စ္သူခင္သူ တစ္ဦး ေသဆံုးမႈေၾကာင့္ စိတ္ဆင္းရဲမႈအထိ ပါ၀င္သည္။

ယင္းေဖ်ာ္ရည္ကို ေသာက္သံုးရသည့္ ေက်ာင္းသားမ်ားသည္ ဇာတ္လမ္းထဲရွိ အျခားလူမ်ား၏ နာက်င္မႈမ်ားကို မ်ားစြာနားလည္ေပးႏုိင္ျခင္း မရွိေတာ့ေၾကာင္း ေတြ႕ရွိခဲ့သည္။ အေလ့လာခံ (၁၁၄) ဦး ပါ၀င္ေသာ ဒုတိယ ေလ့လာမႈ တစ္ခုတြင္လည္း ပါရာစီတေမာ့ ေသာက္ထားသူမ်ားသည္ ဆူညံေသာ အသံမ်ားေၾကာင့္ စိတ္အေႏွာင့္အယွက္ မျဖစ္ေၾကာင္း ေတြ႕ရွိခဲ့ျပန္သည္။

Credit :  Messenger

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပါရာစီတမော့သည် ခန္ဓာကိုယ် နာကျင်ကိုက်ခဲသည်များကို ပျောက်ကင်းစေသည် သာမက အခြားလူများ၏ နာကျင်ခံစားရမှုကိုလည်း နားလည် ခံစားပေးနိုင်စွမ်း လျော့ကျစေတတ်ကြောင်း လေ့လာတွေ့ရှိခဲ့ပြီ ဖြစ်သည်။

ပါရာစီတမော့သည် ဦးနှောက်တွင်းရှိ နာကျင်မှုဆိုင်ရာ အပိုင်းကို ထုံသွားစေရုံ သာမက လူ၏ခံစားချက်ကိုပါ သွေးအေးသွားစေတတ် ကြောင်း တွေ့ရှိလိုက်ခြင်း ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင် ပါရာစီတမော့ကို အက်စီတာမီနိုဖန်ဟု ခေါ်ဆိုကြသည်။

အက်စီတာမီနိုဖန်သည် အကိုက်အခဲပျောက်ဆေး အဖြစ် သာမက ကိုယ်ချင်းစာစိတ် နည်းစေသည့် ဆေးပါဖြစ်လာပြီ ဖြစ်ကြောင်း အိုင်ဟိုင်းယိုး ပြည်နယ် တက္ကသိုလ်မှ သုတေသန ပညာရှင်များက ပြောဆိုခဲ့သည်။

ကိုယ်ချင်းစာနာစိတ်မှာ အရေးပါလှကြောင်း၊ အိမ်ထောင်ဘက်နှင့် စကားအချေအတင် များပြီးနောက် အက်စီတာမင်နိုဖန်ကို သောက်လိုက်ပါက ကိုယ်ပြောသည့် စကားကြောင့် အိမ်ထောင်ဘက် မည်မျှနာကျင်သွားမည်ကို ခံစားမပေးနိုင်တော့ကြောင်း သုတေသန ပညာရှင်များက ပြောဆိုခဲ့သည်။

ပညာရှင်များသည် ကောလိပ် ကျောင်းသား (၈၀) ဦးအား ပါရာစီတမော့ ရောစပ်ထားသည့် အချိုရည်များကို သောက်သုံးစေခဲ့သည်။ ယင်းနောက် လူများ၏နာကျင်မှုများ အကြောင်း ရေးသားထားသည့် ဝတ္ထုတိုများကို ဖတ်စေခဲ့သည်။ နာကျင်မှုတွင် ဓားရှသောကြောာင့် နာကျင်မှုမှ ချစ်သူခင်သူ တစ်ဦး သေဆုံးမှုကြောင့် စိတ်ဆင်းရဲမှုအထိ ပါဝင်သည်။

ယင်းဖျော်ရည်ကို သောက်သုံးရသည့် ကျောင်းသားများသည် ဇာတ်လမ်းထဲရှိ အခြားလူများ၏ နာကျင်မှုများကို များစွာနားလည်ပေးနိုင်ခြင်း မရှိတော့ကြောင်း တွေ့ရှိခဲ့သည်။ အလေ့လာခံ (၁၁၄) ဦး ပါဝင်သော ဒုတိယ လေ့လာမှု တစ်ခုတွင်လည်း ပါရာစီတမော့ သောက်ထားသူများသည် ဆူညံသော အသံများကြောင့် စိတ်အနှောင့်အယှက် မဖြစ်ကြောင်း တွေ့ရှိခဲ့ပြန်သည်။

Credit :  Messenger



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top