iMyanmarHouse.com - Best Property Website for Myanmar
×

၁ - ဖန်သားမျက်နှာပြင်


၂ - မျက်ကပ်မှန်


၃ - ဒဏ်ရာ


၎ - ကိုယ်ဝန်ဆောင်


၅ - ဆေးဝါး


၆ - ရေတိမ်



Credit : duwun



#Unicode Version

၁ - ဖန်သားမျက်နှာပြင်

ကွန်ပျူတာနဲ့ စမတ်ဖုန်းလို မျက်နှာပြင်တွေကို လူတွေဟာ တစ်နေ့မှာ မိနစ်ပေါင်း ၄၀၀ လောက်ကြည့်ကြပါတယ်။ ဒါဟာ မျက်လုံး ပင်ပန်းမှုတွေဖြစ်ကာ အမြင်အာရုံလည်း ဝေဝါးစေပါတယ်။ မျက်တောင်ခတ်မှုအကြိမ်အရေ နည်းပါးလာပြီး မျက်လုံးဟာ ခြောက်သွေ့လာတာကြောင့်လည်း ပါပါတယ်။

၂ - မျက်ကပ်မှန်

မျက်ကပ်မှန်ကို အချိန်အကြာကြီး တပ်ထားတာကြောင့်လည်း ဖြစ်တတ်ပါတယ်။

၃ - ဒဏ်ရာ

မျက်လုံးကို ခြစ်မိတာတွေ၊ တိုက်မိတာတွေ စတဲ့ ဒဏ်ရာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၄ - ကိုယ်ဝန်ဆောင်

ကိုယ်ဝန်ဆောင်ကာလမှာလည်း အမြင်အာရုံမှုန်ဝါးခြင်းတွေ၊ အမြင်နှစ်ထပ်ဖြစ်ခြင်းတွေ ဖြစ်တတ်ပါတယ်။

၅ - ဆေးဝါး

သွေးတိုးကျဆေးတွေ၊ စိတ်ပိုင်းဆိုင်ရာ ကုသတဲ့ ဆေးတွေနဲ့ အချို့ဆေးတွေဟာ မျက်လုံးကို ခြောက်သွေ့စေပါတယ်။ မျက်လုံး ယားယံတာတွေ၊ နီတာတွေ၊ အောင့်တာတွေနဲ့ ဝေဝါးတာတွေ ဖြစ်တတ်ပါတယ်။

၆ - ရေတိမ်

မျက်လုံးရေတိမ် စွဲတာကတော့ သင်ဂရုစိုက်ရမယ့် အချက်ဖြစ်ပါတယ်။

အသက် ၁၈ နှစ်ကနေ ၆၀ အတွင်း လူတွေဟာ နှစ်နှစ်မှာ တစ်ခါ မျက်လုံးကျန်းမာရေး စစ်ဆေးတာတွေ လုပ်ပေးသင့်ပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top