iMyanmarHouse.com - Best Property Website for Myanmar
×
ထိုအခါသူဋ္ဌေးကြီးက မြတ်စွာဘုရားတပည့်တော်၏ ချွေးမသုဇာတာသည်
ဇနီးမယား၇-မျိုးမှာ-
၂။ စောရီသမာ-ခိုးသူနှင့်တုသော ဇနီးမယား။
အကြင်ဇနီးမယားသည် အမျက်ဒေါသကြီး၏၊ လင်ဖြစ်သူ ရှာဖွေပေးသော စီးပွားဥစ္စာကို မပျက်စီးရအောင် စောင့်ရှောက်လေ့မရှိ၊ မိမိလင်ယောက်ျားမှတပါးသော ယောက်ျားတို့၌ တပ်မက်ခြင်းရှိ၏၊ မိမိလင်ကို ငွေဖြင့် ၀ယ်အပ်သောသူကဲ့သို့ မထီမဲ့မြင်ပြု၏၊ အကြောင်းအမျိုးမျိုးတို့ကြောင့် လင်ကိုသတ်ဖို့ရာ အားထုတ်၏၊
အကြင်ဇနီးမယားသည် အရှင်လင်ယောက်ျား အတတ်ပညာဖြင့် ရှာဖွေရရှိလာသော ပစ္စည်းဥစ္စာ၊ ကုန်သွယ်၍ ရရှိလာသော ပစ္စည်းဥစ္စာ၊ လယ်လုပ်၍ရရှိလာသော ပစ္စည်းဥစ္စာ အနည်းငယ်ကိုဖြစ်စေ၊ အများကိုဖြစ်စေ အပြင်သို့ထုတ်ဆောင် ခိုးယူခြင်းငှါ အလိုရှိ၏။
အကြင်ဇနီးမယားသည် အလုပ်အကိုင်လုပ်ဖို့ရန် အလိုမရှိ၊ ပျင်းရိ၏၊ အစားလည်းကြီး၏၊ စိတ်လည်း ကြမ်း၏၊ ကိုယ်အမူအရာလည်း ကြမ်း၏၊ ကြမ်းတမ်းသော စကားကိုလည်း ပြောဆိုတတ်၏၊ လုံ့လ၀ီရိယရှိသော လင်ကိုလည်း လွှမ်းမိုး၍ အနိုင်ကျင့်တတ်၏၊
အကြင်ဇနီးမယားသည် အမိသည် သားကို အစဉ်စောင့်ရှောက်သကဲ့သို့ လင်ယောက်ျားကို အခါခပ်သိမ်း အစဉ်သနားကြင်နာ၍ စောင့်ရှောက်၏၊ လင်ယောက်ျား ဆည်းပူးရှာဖွေ၍ ရရှိလာသောပစ္စည်း ဥစ္စာကိုလည်း မပျက်စီး မဆုံးရှုံးရအောင် အစဉ်မပျက် စောင့်ရှောက်တတ်၏၊
အကြင်ဇနီးမယားသည် အမကြီး နှမငယ်တို့သည် မောင်ဖြစ်သူ၌ ရိုသေသကဲ့သို့ ထို့အတူ မိမိလင် ယောက်ျားဖြစ်သူ၌ ရိုသေ၏၊ အရှက်အကြောက်နှင့် ယှဉ်သော စိတ်ရှိ၏၊ လင်၏ အလိုသို့လိုက်တတ်၏၊
အကြင်ဇနီးမယားသည် ဤလူ့လောက၌ အဆွေခင်ပွန်းဖြစ်သူသည် အရပ်တပါး၌ နေထိုင်၍ ကြာမြင့်မှ ရောက်ရှိလာသော အဆွေခင်ပွန်းကို မြင်ရသောအခါ လွန်စွာဝမ်းမြောက်သကဲ့သို့ လင်ယောက်ျားကို မြင်ရသောအခါ လွန်စွာဝမ်းမြောက်၏၊ အမျိုးအနွယ်နှင့် ပြည့်စုံ၏၊ အကျင့်သီလရှိ၏၊ လင်ယောက်ျား၌ ရိုသေစွာ ကျင့်တတ်၏၊
အကြင်ဇနီးမယားသည် လင်ယောက်ျားက တုတ်ကိုကိုင်၍ သတ်ပုတ်မည်ဟု ခြိမ်းခြောက်အပ်သော်လည်း ထိတ်လန့်ခြင်းမရှိ၊ ဒေါသဖြင့် ပြစ်မှားလိုသောစိတ် မရှိ၊လင်ယောက်ျားကို သည်းခံ၏၊ အမျက် ထွက်ခြင်းလည်း မရှိ၊ လင်ယောက်ျား အလိုသို့ လိုက်တတ်၏၊
သူသတ်နှင့်တူကုန်၏၊
ထိုဇနီးမယားတို့သည် သီလမရှိကြကုန်၊လင်ယောက်ျားကို ရိုသေခြင်း မရှိကြကုန်၊
အနာထပိဏ်သူဋ္ဌေး၏ ချွေးမသုဇာတာကို ဆက်လက်၍ မြတ်စွာဘုရားရှင်က မေးတော်မူသည်မှာ-
ထိုအခါသုဇာတာ-က တပည့်တော်မကို ဤနေ့မှအစပြု၍ လင်ယောက်ျား၏ ကျွန်မနှင့်တူသော ဇနီးမယား- ဟူ၍ မှတ်တော်မူပါဘုရား- ဟု မြတ်စွာဘုရားရှင်အား ပြန်လည် လျှောက်ထားတော်မူပါသည်။
Credit:တောသားလေး
Unicode Version
မြတ်စွာဘုရားရှင်က အနာထပိဏ်သူဌေးကြီးအိမ်သို့ ကြွရောက်သီတင်းသုံးစဉ် သုဇာတာ သတို့သမီးနှင့်ပတ်သက်၍ ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါသည်။
အနာထပိဏ် သူဌေးကြီးအိမ်၌ အလွန်ကျယ်လောင်သော အသံတို့နှင့် ဆူညံနေသဖြင့် မြတ်စွာဘုရားရှင်က သူဌေးကြီး သင့်အိမ်၌ တံငါသည်များ ငါးလုယက်သကဲ့သို့ ဆူညံလှချည်လားဟု မိန့်တော်မူ၏။
ထိုအခါသူေဋ္ဌးကြီးက မြတ်စွာဘုရားတပည့်တော်၏ ချွေးမသုဇာတာသည်
ယောက္ခမကြီး နှစ်ယောက်ကိုလည်း ယောက္ခမ ဟူ၍ အမှတ်မပြု၊ မြတ်စွာဘုရားကိုသော်မှလည်း အရိုအသေမပြု၊ အလေးအမြတ်မပြု၊ မပူဇော်ပါဘုရား-ဟုလျှောက်ထားလေ၏။
ထိုအခါ မနီးမဝေး၌ ပုန်းကွယ်၍ နားထောင်နေသော သုဇာတာကို မြတ်စွာဘုရား ခေါ်တော်မူပြီးလျှင် ဇနီးမယား၇-မျိုးကို အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါသည်။
ဇနီးမယား၇-မျိုးမှာ-
၁။ ဝဓကသမာ-သူသတ်နှင့်တူသော ဇနီးမယား။
၂။ စောရီသမာ-ခိုးသူနှင့်တုူသော ဇနီးမယား။
၃။ အယျသမာ-အရှင်နှင့်တူသော ဇနီးမယား။
၄။ မာတာသမာ-အမိနှင့်တူသော ဇနီးမယား။
၅။ ဘဂိနီသမာ-အမ နှမနှင့်တူသော ဇနီးမယား။
၆။ သခီသမာ-အဆွေခင်ပွန်းနှင့်တူသော ဇနီးမယား။
၇။ ဒါသီသမာ-ကျွန်မနှင့်တူသော ဇနီးမယား။
၁။ သူသတ်နှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အမျက်ဒေါသကြီး၏၊ လင်ဖြစ်သူ ရှာဖွေပေးသော စီးပွားဥစ္စာကို မပျက်စီးရအောင် စောင့်ရှောက်လေ့မရှိ၊ မိမိလင်ယောကျ်ားမှတပါးသော ယောကျ်ားတို့၌ တပ်မက်ခြင်းရှိ၏၊ မိမိလင်ကို ငွေဖြင့် ဝယ်အပ်သောသူကဲ့သို့ မထီမဲ့မြင်ပြု၏၊ အကြောင်းအမျိုးမျိုးတို့ကြောင့် လင်ကိုသတ်ဖို့ရာ အားထုတ်၏၊
ထိုဇနီးမယားသည် သူသတ်နှင့်တူသော ဇနီးမယား ဖြစ်၏။
၂။ ခိုးသူနှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အရှင်လင်ယောကျ်ား အတတ်ပညာဖြင့် ရှာဖွေရရှိလာသော ပစ္စည်းဥစ္စာ၊ ကုန်သွယ်၍ ရရှိလာသော ပစ္စည်းဥစ္စာ၊ လယ်လုပ်၍ရရှိလာသော ပစ္စည်းဥစ္စာ အနည်းငယ်ကိုဖြစ်စေ၊ အများကိုဖြစ်စေ အပြင်သို့ထုတ်ဆောင် ခိုးယူခြင်းငှါ အလိုရှိ၏။
ထိုဇနီးမယားသည် ခိုးသူနှင့်တူသော ဇနီးမယား ဖြစ်၏။
၃။ အရှင်နှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အလုပ်အကိုင်လုပ်ဖို့ရန် အလိုမရှိ၊ ပျင်းရိ၏၊ အစားလည်းကြီး၏၊ စိတ်လည်း ကြမ်း၏၊ ကိုယ်အမူအရာလည်း ကြမ်း၏၊ ကြမ်းတမ်းသော စကားကိုလည်း ပြောဆိုတတ်၏၊ လံ့ုလဝီရိယရှိသော လင်ကိုလည်း လွှမ်းမိုး၍ အနိုင်ကျင့်တတ်၏၊
ထိုဇနီးမယားသည် အရှင်နှင့်တူသော ဇနီးမယား ဖြစ်၏။
၄။ အမိနှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အမိသည် သားကို အစဉ်စောင့်ရှောက်သကဲ့သို့ လင်ယောကျ်ားကို အခါခပ်သိမ်း အစဉ်သနားကြင်နာ၍ စောင့်ရှောက်၏၊ လင်ယောကျ်ား ဆည်းပူးရှာဖွေ၍ ရရှိလာသောပစ္စည်း ဥစ္စာကိုလည်း မပျက်စီး မဆုံးရှှုံးရအောင် အစဉ်မပျက် စောင့်ရှောက်တတ်၏၊
ထိုဇနီးမယားသည် အမိနှင့်တူသော ဇနီးမယား ဖြစ်၏။
၅။ အမ နှမ နှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အမကြီး နှမငယ်တို့သည် မောင်ဖြစ်သူ၌ ရိုသေသကဲ့သို့ ထို့အတူ မိမိလင် ယောကျ်ားဖြစ်သူ၌ ရိုသေ၏၊ အရှက်အကြောက်နှင့် ယှဉ်သော စိတ်ရှိ၏၊ လင်၏ အလိုသို့လိုက်တတ်၏၊
ထိုဇနီးမယားသည် အမ နှမနှင့်တူသော ဇနီးမယား ဖြစ်၏။
၆။အဆွေခင်ပွန်းနှင့်တူသောဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် ဤလူ့လောက၌ အဆွေခင်ပွန်းဖြစ်သူသည် အရပ်တပါး၌ နေထိုင်၍ ကြာမြင့်မှ ရောက်ရှိလာသော အဆွေခင်ပွန်းကို မြင်ရသောအခါ လွန်စွာဝမ်းမြောက်သကဲ့သို့ လင်ယောကျ်ားကို မြင်ရသောအခါ လွန်စွာဝမ်းမြောက်၏၊ အမျိုးအနွယ်နှင့် ပြည့်စုံ၏၊ အကျင့်သီလရှိ၏၊ လင်ယောကျ်ား၌ ရိုသေစွာ ကျင့်တတ်၏၊
ထိုဇနီးမယားသည် အဆွေခင်ပွန်းနှင့် တူသော ဇနီးမယား ဖြစ်၏။
၇။ ကျွန်မနှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် လင်ယောကျ်ားက တုတ်ကိုကိုင်၍ သတ်ပုတ်မည်ဟု ခြိမ်းခြောက်အပ်သော်လည်း ထိတ်လန့်ခြင်းမရှိ၊ ဒေါသဖြင့် ပြစ်မှားလိုသောစိတ် မရှိ၊လင်ယောကျ်ားကို သည်းခံ၏၊ အမျက် ထွက်ခြင်းလည်း မရှိ၊ လင်ယောကျ်ား အလိုသို့ လိုက်တတ်၏၊
ထိုဇနီးမယားသည်ကျွန်မနှင့်တူသောဇနီးမယားဖြစ်၏။
အကြင်ဇနီးမယားတို့သည်………
သူသတ်နှင့်တူကုန်၏၊
ခိုးသူနှင့်တူကုန်၏၊အရှင်နှင့်တူကုန်၏၊
ထိုဇနီးမယားတို့သည် သီလမရှိကြကုန်၊လင်ယောကျ်ားကို ရိုသေခြင်း မရှိကြကုန်၊
ကြမ်းကြုတ်သောသဘော ရှိကုန်၏၊ထိုသုံးယောက်သော ဇနီးမယားတို့သည် ခန္ဓာပျက်၍ သေပြီးသည်မှ နောက်ကာလ၌ အပါယ်ငရဲသို့ ကျရောက်ကြကုန်၏။
အကြင်ဇနီးမယားတို့သည်……
အမိနှင့် တူကုန်၏၊အမ နှမနှင့် တူကုန်၏၊အဆွေခင်ပွန်းနှင့် တူကုန်၏၊
ကျွန်မနှင့် တူကုန်၏၊ထိုလေးယောက်သော ဇနီးမယားတို့သည် ခန္ဓာပျက်၍ သေပြီးသည်မှ နောက်ကာလ၌ နတ်ပြည်သို့ ရောက်ကြကုန်၏-ဟုမြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့ပါသည်။
အနာထပိဏ်သူေဋ္ဌး၏ ချွေးမသုဇာတာကို ဆက်လက်၍ မြတ်စွာဘုရားရှင်က မေးတော်မူသည်မှာ-
သုဇာတာ ဤဇနီးမယား ၇-မျိုးတို့တွင် သင်သည် အဘယ်ဇနီးမယားမျိုး ဖြစ်သနည်း-ဟု မိန့်ကြား၍ မေးတော်မူလိုက်၏။
ထိုအခါသုဇာတာ-က တပည့်တော်မကို ဤနေ့မှအစပြု၍ လင်ယောကျ်ား၏ ကျွန်မနှင့်တူသော ဇနီးမယား- ဟူ၍ မှတ်တော်မူပါဘုရား- ဟု မြတ်စွာဘုရားရှင်အား ပြန်လည် လျှောက်ထားတော်မူပါသည်။
Credit:တောသားလေး
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top