iMyanmarHouse.com - Best Property Website for Myanmar
×

ယေန႔ေခတ္တြင္ အေရးေပၚသေႏၶတားေဆးလံုးမ်ား အသံုးျပဳမႈမ်ားျပားလာၿပီး အမ်ိဳးသမီးငယ္မ်ားတြင္ ေဆး၀ါးဆိုင္ရာ ျပႆနာ မ်ားစြာ ႀကံဳေတြ႕ေနရသည္။ သို႔ေသာ္ ယင္းေဆးအသံုးျပဳသူမ်ား သည္ ေဆးကို တလဲြသံုးစဲြျခင္းအတြက္ အမ်ားစုအျပစ္တင္ခံၾကရ ေသာ္လည္း မ်ားမၾကာမီက ေလ့လာမႈတစ္ခုအရ ေဆး၀ါးေရာင္းခ်မႈ စနစ္ကုိယ္တိုင္က ျပႆနာမ်ားျဖစ္ေပၚေစေၾကာင္း သိရသည္။


ေလဒီဟာဒင္ဂီ ေဆးပညာေကာလိပ္ႏွင့္ဆက္ဖ္ဒါဂ်င္ ေဆး႐ံု တို႔ကဲ့သုိ႔ ေဆး႐ံုမ်ားမွ ဆရာ၀န္မ်ားက ေဆးဆုိင္ေပါင္း ၈၁ ဆိုင္သို႔ ေလ့က်င့္ထားေသာ ေစ်း၀ယ္သူမ်ားကို ေစလႊတ္ကာ အေရးေပၚ သေႏၶတားေဆး၀ယ္ယူခုိင္းရာတြင္ ေဆးဆုိင္၊ ေဆးေပးခန္းမ်ား၏ ၇၉ ရာခုိင္ႏႈန္းက အေရးေပၚ သေႏၶတားေဆးအသံုးျပဳမႈ၏ ေဘး ထြက္ဆိုးက်ိဳးမ်ားကို လ်စ္လ်ဴ႐ႈထားသည့္အျပင္ ဓမၼတာစက္၀န္း ေျပာင္းလဲမႈမ်ားႏွင့္ပတ္သက္၍လည္း သတိထားမႈမရွိၾကေၾကာင္း ေလ့လာေတြ႕ရွိခဲ့သည္။ ယင္းအေရးေပၚ သေႏၶတားေဆးမ်ားက လံုေလာက္ေသာ သေႏၶတားမႈ ေပးစြမ္းႏုိင္သလားဆုိသည္ကိုလည္း ၈၅ ဒသမ ၇၁ ရာခုိင္ႏႈန္းက မသိၾကေၾကာင္း ေလ့လာမႈက ေဖာ္ျပ သည္။

သေႏၶတားေဆးအသံုးျပဳမႈႏွင့္ပတ္သက္၍ ၀ယ္သူမ်ားကို လိင္ မွတစ္ဆင့္ ကူးစက္တတ္ေသာေရာဂါမ်ားအေၾကာင္း အသိေပးသူ ၁၅ ဒသမ ၇၁ ရာခုိင္ႏႈန္းသာရွိၿပီး ၈၈ ဒသမ ၅ ရာခုိင္ႏႈန္းက အသိ ပညာေပးျခင္းမရွိေၾကာင္း သိရသည္။

ဖံြ႕ၿဖိဳးဆဲႏုိင္ငံမ်ားတြင္ ယင္းေဆး၀ါးမ်ိဳးေရာင္းခ်ေသာ ဆုိင္ မ်ားကုိ ၀ယ္ယူသံုးစဲြသူမ်ားသို႔ ေဘးထြက္ဆိုးက်ိဳးမ်ားအေၾကာင္း ေျပာျပေပးရန္ ၫႊန္ၾကားမႈမ်ိဳး အလြန္အားနည္းေနေသးသည္ဟု သုေတသီမ်ားက ေျပာသည္။

ယင္းေဆး၀ါးမ်ိဳး သံုးစဲြေသာ အမ်ိဳးသမီးအမ်ားစုသည္ ဓမၼတာ မမွန္ျဖစ္တတ္ၿပီး ကုိယ္၀န္မတားဆီးႏုိင္ျဖစ္တတ္ေၾကာင္း ေလ့လာ ေရးအဖဲြ႕တြင္ ပါ၀င္သည့္ ဆရာ၀န္အာခ်ာနာမစ္ဟရာက ေျပာ ၾကားသည္။

ၿမိဳ႕ျပေန လူငယ္စံုတဲြမ်ားတြင္ လိင္ဆက္ဆံေဖာ္မ်ားမ်ားရွိတတ္ ျခင္းေၾကာင့္ လိင္ဆက္ဆံမႈမွတစ္ဆင့္ ကူးစက္ေသာေရာဂါမ်ား ကူး စက္ခံရႏုိင္သည့္ အႏၲရာယ္ျမင့္မားေနၿပီး အေရးေပၚ သေႏၶတားေဆး မ်ားထက္ ကြန္ဒံုးမ်ားကိုသာ အသံုးျပဳသင့္သည္ဟု ၎က ေျပာ သည္။

ကြန္ဒံုးေပါက္ၿပဲျခင္းကဲ့သို႔ ျဖစ္ရပ္မ်ိဳးအတြက္ အေရးေပၚ သေႏၶတားေဆးမ်ား အသံုးျပဳသင့္ၿပီး ယေန႔ေခတ္တြင္ တစ္လလွ်င္ ငါးႀကိမ္အထိ အေရးေပၚ သေႏၶတားေဆးမ်ား အသံုးျပဳသည့္ အမ်ိဳး သမီးငယ္မ်ားရွိေနေၾကာင္း သုေတသီမ်ားက ေျပာသည္။ ယင္း နည္းလမ္းမွာ သေႏၶမတားႏုိင္ျဖစ္တတ္သည္ကို အမ်ိဳးသမီးငယ္မ်ား ေမ့ေလ်ာ့ေနၾကၿပီး အျခားေသာ အမ်ိဳးသမီးမ်ားမွာ လိင္မႈကိစၥႏွင့္ ၇၂ နာရီအတြင္း ေဆးေသာက္ေလ့မရွိၾကသျဖင့္ မလိုလားအပ္ေသာ ကိုယ္၀န္ေဆာင္မႈအႏၲရာယ္က်ေရာက္ေနသည္ဟု သုေတသီမ်ားက ေျပာသည္။

အစိုးရအဖဲြ႕မ်ား၏ ခြင့္ျပဳခ်က္မ်ား၊ ေဆး၀ါးကုမၸဏီမ်ား၏ အ ေရာင္းျမႇင့္တင္မႈမ်ားႏွင့္အတူ အေရးေပၚ သေႏၶတားေဆးမ်ားကို  အမ်ိဳးသမီးမ်ား အသံုးျပဳလာၾကသည္။ အေရးေပၚသေႏၶတားေဆး မ်ားကို ၇၂ နာရီအတြင္း အသံုးျပဳပါက ထိေရာက္မႈရွိႏုိင္ေသာ္လည္း တလဲြအသံုးျပဳသူမ်ား မ်ားျပားလာေသာေၾကာင့္ ယခုအခါ ဆရာ ၀န္အမ်ားအျပားက ယင္းေဆး၀ါးမ်ား အလြယ္တကူ ေရာင္းခ်ေနမႈ ကို တားျမစ္ရန္ ေတာင္းဆုိလာၾကေၾကာင္း သိရသည္။

Credit:7Day Daily

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

ယနေ့ခေတ်တွင် အရေးပေါ်သန္ဓေတားဆေးလုံးများ အသုံးပြုမှုများပြားလာပြီး အမျိုးသမီးငယ်များတွင် ဆေးဝါးဆိုင်ရာ ပြဿနာ များစွာ ကြုံတွေ့နေရသည်။ သို့သော် ယင်းဆေးအသုံးပြုသူများ သည် ဆေးကို တလွဲသုံးစွဲခြင်းအတွက် အများစုအပြစ်တင်ခံကြရ သော်လည်း များမကြာမီက လေ့လာမှုတစ်ခုအရ ဆေးဝါးရောင်းချမှု စနစ်ကိုယ်တိုင်က ပြဿနာများဖြစ်ပေါ်စေကြောင်း သိရသည်။


လေဒီဟာဒင်ဂီ ဆေးပညာကောလိပ်နှင့်ဆက်ဖ်ဒါဂျင် ဆေးရုံ တို့ကဲ့သို့ ဆေးရုံများမှ ဆရာဝန်များက ဆေးဆိုင်ပေါင်း ၈၁ ဆိုင်သို့ လေ့ကျင့်ထားသော ဈေးဝယ်သူများကို စေလွှတ်ကာ အရေးပေါ် သန္ဓေတားဆေးဝယ်ယူခိုင်းရာတွင် ဆေးဆိုင်၊ ဆေးပေးခန်းများ၏ ၇၉ ရာခိုင်နှုန်းက အရေးပေါ် သန္ဓေတားဆေးအသုံးပြုမှု၏ ဘေး ထွက်ဆိုးကျိုးများကို လျစ်လျူရှုထားသည့်အပြင် ဓမ္မတာစက်ဝန်း ပြောင်းလဲမှုများနှင့်ပတ်သက်၍လည်း သတိထားမှုမရှိကြကြောင်း လေ့လာတွေ့ရှိခဲ့သည်။ ယင်းအရေးပေါ် သန္ဓေတားဆေးများက လုံလောက်သော သန္ဓေတားမှု ပေးစွမ်းနိုင်သလားဆိုသည်ကိုလည်း ၈၅ ဒသမ ၇၁ ရာခိုင်နှုန်းက မသိကြကြောင်း လေ့လာမှုက ဖော်ပြ သည်။

သန္ဓေတားဆေးအသုံးပြုမှုနှင့်ပတ်သက်၍ ဝယ်သူများကို လိင် မှတစ်ဆင့် ကူးစက်တတ်သောရောဂါများအကြောင်း အသိပေးသူ ၁၅ ဒသမ ၇၁ ရာခိုင်နှုန်းသာရှိပြီး ၈၈ ဒသမ ၅ ရာခိုင်နှုန်းက အသိ ပညာပေးခြင်းမရှိကြောင်း သိရသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ယင်းဆေးဝါးမျိုးရောင်းချသော ဆိုင် များကို ဝယ်ယူသုံးစွဲသူများသို့ ဘေးထွက်ဆိုးကျိုးများအကြောင်း ပြောပြပေးရန် ညွှန်ကြားမှုမျိုး အလွန်အားနည်းနေသေးသည်ဟု သုတေသီများက ပြောသည်။

ယင်းဆေးဝါးမျိုး သုံးစွဲသော အမျိုးသမီးအများစုသည် ဓမ္မတာ မမှန်ဖြစ်တတ်ပြီး ကိုယ်ဝန်မတားဆီးနိုင်ဖြစ်တတ်ကြောင်း လေ့လာ ရေးအဖွဲ့တွင် ပါဝင်သည့် ဆရာဝန်အာချာနာမစ်ဟရာက ပြော ကြားသည်။

မြို့ပြနေ လူငယ်စုံတွဲများတွင် လိင်ဆက်ဆံဖော်များများရှိတတ် ခြင်းကြောင့် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်သောရောဂါများ ကူး စက်ခံရနိုင်သည့် အန္တရာယ်မြင့်မားနေပြီး အရေးပေါ် သန္ဓေတားဆေး များထက် ကွန်ဒုံးများကိုသာ အသုံးပြုသင့်သည်ဟု ၎င်းက ပြော သည်။

ကွန်ဒုံးပေါက်ပြဲခြင်းကဲ့သို့ ဖြစ်ရပ်မျိုးအတွက် အရေးပေါ် သန္ဓေတားဆေးများ အသုံးပြုသင့်ပြီး ယနေ့ခေတ်တွင် တစ်လလျှင် ငါးကြိမ်အထိ အရေးပေါ် သန္ဓေတားဆေးများ အသုံးပြုသည့် အမျိုး သမီးငယ်များရှိနေကြောင်း သုတေသီများက ပြောသည်။ ယင်း နည်းလမ်းမှာ သန္ဓေမတားနိုင်ဖြစ်တတ်သည်ကို အမျိုးသမီးငယ်များ မေ့လျော့နေကြပြီး အခြားသော အမျိုးသမီးများမှာ လိင်မှုကိစ္စနှင့် ၇၂ နာရီအတွင်း ဆေးသောက်လေ့မရှိကြသဖြင့် မလိုလားအပ်သော ကိုယ်ဝန်ဆောင်မှုအန္တရာယ်ကျရောက်နေသည်ဟု သုတေသီများက ပြောသည်။

အစိုးရအဖွဲ့များ၏ ခွင့်ပြုချက်များ၊ ဆေးဝါးကုမ္ပဏီများ၏ အ ရောင်းမြှင့်တင်မှုများနှင့်အတူ အရေးပေါ် သန္ဓေတားဆေးများကို  အမျိုးသမီးများ အသုံးပြုလာကြသည်။ အရေးပေါ်သန္ဓေတားဆေး များကို ၇၂ နာရီအတွင်း အသုံးပြုပါက ထိရောက်မှုရှိနိုင်သော်လည်း တလွဲအသုံးပြုသူများ များပြားလာသောကြောင့် ယခုအခါ ဆရာ ဝန်အများအပြားက ယင်းဆေးဝါးများ အလွယ်တကူ ရောင်းချနေမှု ကို တားမြစ်ရန် တောင်းဆိုလာကြကြောင်း သိရသည်။

Credit:7Day Daily



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top