iMyanmarHouse.com - Best Property Website for Myanmar
×

ကဖင္းဓာတ္အလြန္အကၽြံမွီ၀ဲျခင္းဟာ ကိုယ္၀န္ပ်က္က်ႏိုင္ေျချမင့္မားေစႏိုင္တာေၾကာင့္ ကေလးယူဖို႔ရည္ရြယ္ထားတဲ့စံုေတြေတြအေနနဲ႔ ေကာ္ဖီ၊ လက္ဖက္ရည္နဲ႔ အခ်ဳိရည္ေတြကို ေလွ်ာ့ေသာက္ၾကဖို႔ သုေတသီေတြကအၾကံျပဳထားပါတယ္။ ကဖင္းဓာတ္ေၾကာင့္ ကိုယ္၀န္ပ်က္က်ႏိုင္ေျခဟာ အမ်ဳိးသမီးသမီးတစ္ဦးတည္းႏွင့္သာ သက္ဆိုင္ျခင္းမဟုတ္ဘဲ အမ်ဳိးသားႏွင့္ပါ ပတ္သက္တဲ့အတြက္ ေအာင္ျမင္စြာကိုယ္၀န္ေဆာင္ႏိုင္ဖို႔ အမ်ဳိးသားကပါ ကဖင္းဓာတ္ပါတဲ့ေဖ်ာ္ရည္ေတြကို ေလွ်ာ့ေသာက္ရမွာျဖစ္တယ္လို႔လည္း ဆိုထားပါတယ္။

NIH (National Institutes of Health) မွ သုေတသီေတြက ေလးပတ္သာသာရွိေသးတဲ့ သေႏၶတည္ထားၿပီျဖစ္ေသာ စံုတြဲ 344 ကို စီးကရက္၊ ကဖင္းဓာတ္ပါတဲ့ေဖ်ာ္ရည္၊ ဗီတာမင္အစံုအလင္ပါ အားေဆးေတြေသာက္ျခင္းအေပၚအေျခခံၿပီး ေလ့လာခဲ့ရာ အသက္ 35 ႏွစ္ႏွင့္အထက္ အမ်ဳိးသမီးေတြဟာ ငယ္ရြယ္သူကိုယ္၀န္ေဆာင္ေတြထက္ ကိုယ္၀န္ပ်က္က်ႏိုင္ေျခမ်ားၾကေၾကာင္းႏွင့္ တစ္ေန႔မွာ ကဖင္းဓာတ္ပါေဖ်ာ္ရည္ကို ႏွစ္ခြက္ထက္ပိုၿပီးေသာက္တဲ့စံုတြဲေတြမွာ ကိုယ္၀န္ပ်က္က်ႏိုင္ေျချမင့္မားေၾကာင္းကို ေလ့လာေတြ႔ရွိခဲ့ၾကပါတယ္။ ကိုယ္၀န္မေဆာင္ရေသးခင္အခ်ိန္ကတည္းက ကဖင္းဓာတ္မ်ားစြာပါ၀င္တဲ့ အစားအေသာက္ေတြကို အစားမ်ားတဲ့စံုတဲြေတြမွာ ကိုယ္၀န္ပ်က္က်ႏိုင္ေျခ ျမင့္မားေနၿပီးသားျဖစ္ပါတယ္ ဒါေၾကာင့္ ကေလးယူဖို႔ဆံုးျဖတ္လိုက္ၿပီဆိုကတည္းက အမ်ဳိးသားေရာအမ်ဳးိသမီးပါ ကဖင္းဓာတ္ရယူမႈေလွ်ာ့ခ်သင့္ပါတယ္။

ကိုယ္၀န္ေဆာင္ခ်ိန္မွာ မိခင္အေနနဲ႔တစ္ေန႔လွ်င္ အစားအေသာက္မ်ား(ဥပမာ-ေခ်ာ့ကလက္၊ ေကာ္ဖီ၊ အားျဖည့္အခ်ိဳရည္) မွ ကဖင္း 200 မီလီဂရမ္သာ ရယူသင့္တယ္လို႔လည္း အသိေပးေျပာၾကားထားပါတယ္။


Credit:drmyanmar

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကဖင်းဓာတ်အလွန်အကျွံမှီဝဲခြင်းဟာ ကိုယ်ဝန်ပျက်ကျနိုင်ခြေမြင့်မားစေနိုင်တာကြောင့် ကလေးယူဖို့ရည်ရွယ်ထားတဲ့စုံတွေတွေအနေနဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်တွေကို လျှော့သောက်ကြဖို့ သုတေသီတွေကအကြံပြုထားပါတယ်။ ကဖင်းဓာတ်ကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေဟာ အမျိုးသမီးသမီးတစ်ဦးတည်းနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ဘဲ အမျိုးသားနှင့်ပါ ပတ်သက်တဲ့အတွက် အောင်မြင်စွာကိုယ်ဝန်ဆောင်နိုင်ဖို့ အမျိုးသားကပါ ကဖင်းဓာတ်ပါတဲ့ဖျော်ရည်တွေကို လျှော့သောက်ရမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

NIH (National Institutes of Health) မှ သုတေသီတွေက လေးပတ်သာသာရှိသေးတဲ့ သန္ဓေတည်ထားပြီဖြစ်သော စုံတွဲ 344 ကို စီးကရက်၊ ကဖင်းဓာတ်ပါတဲ့ဖျော်ရည်၊ ဗီတာမင်အစုံအလင်ပါ အားဆေးတွေသောက်ခြင်းအပေါ်အခြေခံပြီး လေ့လာခဲ့ရာ အသက် 35 နှစ်နှင့်အထက် အမျိုးသမီးတွေဟာ ငယ်ရွယ်သူကိုယ်ဝန်ဆောင်တွေထက် ကိုယ်ဝန်ပျက်ကျနိုင်ခြေများကြကြောင်းနှင့် တစ်နေ့မှာ ကဖင်းဓာတ်ပါဖျော်ရည်ကို နှစ်ခွက်ထက်ပိုပြီးသောက်တဲ့စုံတွဲတွေမှာ ကိုယ်ဝန်ပျက်ကျနိုင်ခြေမြင့်မားကြောင်းကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ကိုယ်ဝန်မဆောင်ရသေးခင်အချိန်ကတည်းက ကဖင်းဓာတ်များစွာပါဝင်တဲ့ အစားအသောက်တွေကို အစားများတဲ့စုံတွဲတွေမှာ ကိုယ်ဝန်ပျက်ကျနိုင်ခြေ မြင့်မားနေပြီးသားဖြစ်ပါတယ် ဒါကြောင့် ကလေးယူဖို့ဆုံးဖြတ်လိုက်ပြီဆိုကတည်းက အမျိုးသားရောအမျုးိသမီးပါ ကဖင်းဓာတ်ရယူမှုလျှော့ချသင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်အနေနဲ့တစ်နေ့လျှင် အစားအသောက်များ(ဥပမာ-ချော့ကလက်၊ ကော်ဖီ၊ အားဖြည့်အချိုရည်) မှ ကဖင်း 200 မီလီဂရမ်သာ ရယူသင့်တယ်လို့လည်း အသိပေးပြောကြားထားပါတယ်။


Credit:drmyanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top