iMyanmarHouse.com - Best Property Website for Myanmar
×

 ေရာဂါအမ်ိဳးမ်ိဳးကိုကာကြယ္ႏိုင္ရန္ အေကာင္းဆံုးနည္းလမ္းမွာ က်န္းမာေသာလူေနမႈဘ၀ပံုစံပင္ျဖစ္ပါသည္။ အမ်ိဳးသားမ်ားတြင္ ရင္သားကင္ဆာျဖစ္ႏုိင္ေခ်မွာ နည္းပါးေသာ္လည္း ျဖစ္ခဲ့လွ်င္မူပိုမို၍ ျပင္းထန္ႏုိင္ပါသည္။

1. မ်ိဳး႐ိုးဗီဇဆုိင္ရာ စစ္ေဆးျခင္း

ဂ်ဴးလူမ်ိဳးႏွင့္ Ashkenazi မ်ိဳး႐ိုးမွဆင္းသက္လာသူမ်ားတြင္ ကင္ဆာေရာဂါျဖစ္ႏုိင္ေခ်မ်ားၿပီး သားဥအိမ္ကင္ဆာႏွင့္ ဆက္စပ္လ်က္ရွိေၾကာင္းေတြ႕ရွိရပါသည္။ ထုိ႔ေၾကာင့္ BRCA ဆဲလ္တြင္ ေျပာင္းလဲျခင္းရွိ/မရွိကို စစ္ေ္ဆးျခင္းျဖင့္ ၎ကင္ဆာရွိ/မရွိကို ေဖာ္ထုတ္ေပးႏုိင္သည္။

2. ပံုမွန္က်န္းမာေရးစစ္ေဆးျခင္း

အသက္ 40 အရြယ္မွစ၍ အမ်ိဳးသမီးမ်ားသည္ ႏွစ္စဥ္ရင္သားဓာတ္မွန္႐ိုက္ျခင္းႏွင့္ သံုးႏွစ္တစ္ႀကိမ္ရင္သားစစ္ေဆးျခင္း မ်ားကိုျပဳလုပ္သင့္ပါသည္။ ဒစ္ဂ်စ္တယ္ ရင္သားဓာတ္မွန္သည္ ပံုရိပ္ကိုပိုမိုေကာင္းစြာျမင္ရႏုိင္ပါသည္။ ထုိ႔ျပင္ သံလိုက္ဓာတ္မွန္ႏွင့္ တီလီဗြီရွင္းဓာတ္မွန္မ်ား႐ိုက္ျခင္းကိုလည္း ျပဳလုပ္ႏိုင္ပါသည္။

3. ကင္ဆာမ်ိဳး႐ိုး ရွိ/မရွိ ႀကိဳတင္သိရွိထားျခင္း

ရင္သားကင္ဆာျဖစ္ပြားသူ 15 ရာခိုင္ႏႈန္းခန္႔တြင္ မိသားစုမ်ိဳး႐ိုးရွိေလ့ရွိၿပီး အေမ (သို႔) ညီအစ္မအရင္းတြင္ ရင္သားကင္ဆာျဖစ္ဖူးပါက ျဖစ္ႏုိင္ေခ် 2 ဆပိုမိုျမင့္မားပါသည္။ အကယ္၍ မ်ိဳး႐ိုးထဲတြင္ ကင္ဆာေရာဂါသည္ 2 ေယာက္ရွိပါက ျဖစ္ႏိုင္ေခ်မွာ 5 ဆ ပိုမိုျမင့္တက္လာႏုိင္ပါသည္။

4. ဟင္းသီးဟင္းရြက္မ်ားကို စားသံုးျခင္း

အဆီနည္းပါးေသာ အစားအေသာက္မ်ားကို ေရြးခ်ယ္စားသံုးျခင္းျဖင့္ ရင္သားကင္ဆာျဖစ္ႏုိင္ေခ်ကို ေလွ်ာ့ခ်ႏုိင္ပါသည္။ ပန္းေဂၚဖီစိမ္းတြင္ပါ၀င္ေသာ sulfaraphone သည္ ကင္ဆာေရာဂါပ်ံ႕ပြားမႈဟန္႔တားႏုိင္ေသာေၾကာင့္ အာနိသင္အျပည့္အ၀ရေစရန္ မခ်က္ျပဳတ္ဘဲစားသင့္ပါသည္။

5. အရက္ေသာက္သံုးမႈကိုေလွ်ာ့ခ်ျခင္း

တစ္ေန႔လွ်င္ အရက္ 2 ခြက္ေသာက္ျခင္းသည္ ရင္သားကင္ဆာျဖစ္ႏုိင္ေခ်ကို 21% ထိပိုမိုျမင့္မားေစေသာေၾကာင့္ အရက္အစား လတ္ဆတ္ေသာ စပ်စ္သီးမ်ားကိုသာ စားသံုးေပးသင့္ပါသည္။ စပ်စ္ခြံတြင္ပါ၀င္ေသာ resveratrol သည္ estrogen (မိန္းမေဟာ္မုန္း) ကို ေလ်ာ့က်ေစျခင္းအားျဖင့္ ရင္သားကင္ဆာျဖစ္ပြားႏႈန္းကိုေလ်ာ့က်ေစပါသည္။

6. ေလ့က်င့္ခန္းျပဳလုပ္ျခင္း

တစ္ပတ္လွ်င္ 45 မိနစ္မွ တစ္နာရီခန္႔ထိ ေလ့က်င့္ခန္းျပဳလုပ္ျခင္းသည္ က်န္းမာေရးကို မ်ားစြာအေထာက္အကူျပဳႏုိင္ပါသည္။ ေလ့က်င့္ခန္းမွန္မွန္ျပဳလုပ္သူမ်ားတြင္ ကိုယ္ခံအားစနစ္ျမင့္တက္လာျခင္း၊ အဝလြန္မႈကိုေလွ်ာ့ခ်ေပးျခင္း၊ ေသြးတြင္းအဆီကို ေလ်ာ့က်ေစႏုိင္ျခင္းမ်ားအျပင္ ဆီးခ်ိဳေရာဂါမျဖစ္ေအာင္လည္း ကာကြယ္ေပးႏုိင္ပါသည္။

7. ကိုယ္အေလးခ်ိန္ထိန္းသိမ္းျခင္း

ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းျခင္းအားျဖင့္ ကင္ဆာေရာဂါျဖစ္ပြားႏုိင္မႈကို ေလွ်ာ့ခ်ေပးႏုိင္႐ံုသာမက အျခားက်န္းမာေရးျပႆနာမ်ားကိုပါ ေရွာင္ရွားႏုိင္ျခင္းေၾကာင့္ က်န္းမာေရးႏွင့္ညီညြတ္မွ်တေသာ ေနထုိင္မႈပံုစံကိုသာ ေရြးခ်ယ္သင့္ပါသည္။

Credit:drmyanmar
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 ရောဂါအမျိုးမျိုးကိုကာကွယ်နိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ ကျန်းမာသောလူနေမှုဘဝပုံစံပင်ဖြစ်ပါသည်။ အမျိုးသားများတွင် ရင်သားကင်ဆာဖြစ်နိုင်ချေမှာ နည်းပါးသော်လည်း ဖြစ်ခဲ့လျှင်မူပိုမို၍ ပြင်းထန်နိုင်ပါသည်။

1. မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးခြင်း

ဂျူးလူမျိုးနှင့် Ashkenazi မျိုးရိုးမှဆင်းသက်လာသူများတွင် ကင်ဆာရောဂါဖြစ်နိုင်ချေများပြီး သားဥအိမ်ကင်ဆာနှင့် ဆက်စပ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။ ထို့ကြောင့် BRCA ဆဲလ်တွင် ပြောင်းလဲခြင်းရှိ/မရှိကို စစ်ေ်ဆးခြင်းဖြင့် ၎င်းကင်ဆာရှိ/မရှိကို ဖော်ထုတ်ပေးနိုင်သည်။

2. ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း

အသက် 40 အရွယ်မှစ၍ အမျိုးသမီးများသည် နှစ်စဉ်ရင်သားဓာတ်မှန်ရိုက်ခြင်းနှင့် သုံးနှစ်တစ်ကြိမ်ရင်သားစစ်ဆေးခြင်း များကိုပြုလုပ်သင့်ပါသည်။ ဒစ်ဂျစ်တယ် ရင်သားဓာတ်မှန်သည် ပုံရိပ်ကိုပိုမိုကောင်းစွာမြင်ရနိုင်ပါသည်။ ထို့ပြင် သံလိုက်ဓာတ်မှန်နှင့် တီလီဗွီရှင်းဓာတ်မှန်များရိုက်ခြင်းကိုလည်း ပြုလုပ်နိုင်ပါသည်။

3. ကင်ဆာမျိုးရိုး ရှိ/မရှိ ကြိုတင်သိရှိထားခြင်း

ရင်သားကင်ဆာဖြစ်ပွားသူ 15 ရာခိုင်နှုန်းခန့်တွင် မိသားစုမျိုးရိုးရှိလေ့ရှိပြီး အမေ (သို့) ညီအစ်မအရင်းတွင် ရင်သားကင်ဆာဖြစ်ဖူးပါက ဖြစ်နိုင်ချေ 2 ဆပိုမိုမြင့်မားပါသည်။ အကယ်၍ မျိုးရိုးထဲတွင် ကင်ဆာရောဂါသည် 2 ယောက်ရှိပါက ဖြစ်နိုင်ချေမှာ 5 ဆ ပိုမိုမြင့်တက်လာနိုင်ပါသည်။

4. ဟင်းသီးဟင်းရွက်များကို စားသုံးခြင်း

အဆီနည်းပါးသော အစားအသောက်များကို ရွေးချယ်စားသုံးခြင်းဖြင့် ရင်သားကင်ဆာဖြစ်နိုင်ချေကို လျှော့ချနိုင်ပါသည်။ ပန်းဂေါ်ဖီစိမ်းတွင်ပါဝင်သော sulfaraphone သည် ကင်ဆာရောဂါပျံ့ပွားမှုဟန့်တားနိုင်သောကြောင့် အာနိသင်အပြည့်အဝရစေရန် မချက်ပြုတ်ဘဲစားသင့်ပါသည်။

5. အရက်သောက်သုံးမှုကိုလျှော့ချခြင်း

တစ်နေ့လျှင် အရက် 2 ခွက်သောက်ခြင်းသည် ရင်သားကင်ဆာဖြစ်နိုင်ချေကို 21% ထိပိုမိုမြင့်မားစေသောကြောင့် အရက်အစား လတ်ဆတ်သော စပျစ်သီးများကိုသာ စားသုံးပေးသင့်ပါသည်။ စပျစ်ခွံတွင်ပါဝင်သော resveratrol သည် estrogen (မိန်းမဟော်မုန်း) ကို လျော့ကျစေခြင်းအားဖြင့် ရင်သားကင်ဆာဖြစ်ပွားနှုန်းကိုလျော့ကျစေပါသည်။

6. လေ့ကျင့်ခန်းပြုလုပ်ခြင်း

တစ်ပတ်လျှင် 45 မိနစ်မှ တစ်နာရီခန့်ထိ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်ပါသည်။ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်သူများတွင် ကိုယ်ခံအားစနစ်မြင့်တက်လာခြင်း၊ အဝလွန်မှုကိုလျှော့ချပေးခြင်း၊ သွေးတွင်းအဆီကို လျော့ကျစေနိုင်ခြင်းများအပြင် ဆီးချိုရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသည်။

7. ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း

ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းအားဖြင့် ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို လျှော့ချပေးနိုင်ရုံသာမက အခြားကျန်းမာရေးပြဿနာများကိုပါ ရှောင်ရှားနိုင်ခြင်းကြောင့် ကျန်းမာရေးနှင့်ညီညွတ်မျှတသော နေထိုင်မှုပုံစံကိုသာ ရွေးချယ်သင့်ပါသည်။

Credit:drmyanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top