iMyanmarHouse.com - Best Property Website for Myanmar
×

ေသာက္ေနက် ႏြားႏို႔ေတြကို အိမ္ေရွ႕ခန္းထဲက မွန္ဗီရိုထဲ ဘယ္သူမွ ထည့္သိမ္းမွာ မဟုတ္ဘူးေနာ္။ ဒီလိုပဲ အလွကုန္ေတြထဲကိုလည္း ေရခ်ိဳးခန္းထဲက ဗီရိုေလးထဲ ဘယ္သူက ထည့္သိမ္းၿပီး သံုးမွာလဲ။ ဒါေပမယ့္ တစ္ခုေတာ့ရွိတယ္။ သင့္အလွကုန္ေတြ တာရွည္ခံဖုိ႔ဆိုရင္ေတာ့ ေရခဲေသတၱာထဲ ထည့္သိမ္းၿပီး သံုးသင့္တယ္ဆုိတာပါပဲ။ ဘယ္လိုအလွကုန္ေတြကို ေရခဲေသတၱာထဲ ထည့္သံုးရမယ္ဆုိတာကိုေတာ့ ေအာက္မွာ ေဖာ္ျပေပးထားပါတယ္။

၁။Eye Cream ( သို႕) Gel

မ်က္လံုးအစ္လို႔၊ မို႔လို eye cream ေတြ လိမ္းတတ္ၾကတယ္ဟုတ္။ တစ္ခါတစ္ေလ အစားအေသာက္မွားလို႔၊ အငန္ေတြ အမ်ားႀကီး စားလိုက္မိလို႔ မို႔ေနတဲ့ မ်က္လံုးေတြအတြက္ လိမ္းေပးရတဲ့ eye cream ေတြ ေရခဲေသတၱာထဲ ထည့္သိမ္းၿပီး လိမ္းခါနီးမွ ထုတ္လိမ္းလိုက္မယ္ဆုိရင္ မ်က္၀န္းတစ္၀ိုက္ အစ္ေန ေဖာင္းေနတာေတြကို ေလ်ာ့က်သြားမွာပါ။ အေအးဓာတ္က ေဖာင္းအစ္ေနတာေတြကို ေလွ်ာ့ခ်ေပးႏိုင္တယ္ဆိုတာ မယံုမရွိပါနဲ႔။

၂။sunscreen

ေနပူထဲသြားရင္ လိမ္းေနက် sunscreen ကိုလည္း ေရခဲေသတၱာထဲ ထည့္သိမ္းႏိုင္ပါတယ္။ လံုး၀မသံုးရေသးတဲ့ ဗူးအသစ္ရွိတယ္ဆုိရင္ မသံုးခင္အခ်ိန္ကတည္းက ေရခဲေသတၱာထဲ ထည့္သိမ္းၿပီး သံုးႏိုင္ပါတယ္။ အသားအေရအတြက္ အထူးသင့္ေလ်ာ္တာမို႔ စမ္းၾကည့္လိုက္ပါလို႔။

၃။လက္သည္းဆိုးေဆး

အပူခ်ိန္ျမင့္မားတဲ့အခါ၊ ဒါမွမဟုတ္ ေနေရာင္ျခည္က လက္သည္းဆုိးေဆးပုလင္းေတြေပၚ တုိက္ရိုက္က်ေရာက္ေနတဲ့အခါမ်ိဳးေတြမွာ လက္သည္းဆိုးေဆးရည္ဟာ ျပစ္သြားတာမ်ိဳး၊ ဒါမွမဟုတ္ ကာလာေျပာင္းသြားတာမ်ိဳးေတြ ရွိတတ္ပါ တယ္။ မစိုးရိမ္ပါနဲ႔။ လက္သည္းဆိုးေဆးပုလင္းေတြကို ေရခဲေသတၱာထဲမွာ ပစ္ထည့္ထားလုိက္ပါ။ ကာလာလည္း ေျပာင္းလဲျခင္းမရွိ၊ အရည္ျပစ္သြားတာလည္း မရွိပဲ အားလံုး အိုေကသြားပါလိမ့္မယ္။

၄။ေရေမႊး

အပူခ်ိန္နဲ႔ ေနေရာင္ျခည္ထိေတြ႕မႈေတြ ရွိေနမယ္ဆုိရင္ သံုးေနက် ေရေမႊးေတာင္ အနံ႔ေျပာင္းသြားတတ္တာမ်ိဳးေတြ ရွိတတ္ပါတယ္။ ဒါ့ေၾကာင့္ သင့္သိပ္ႀကိဳက္တဲ့ ေရေမႊးေတြကို ဒီအတုိင္း ရနံ႔သင္းသင္းေလးနဲ႔ မေျပာင္းလဲတမ္းရွိေနဖုိ႔ ေရခဲေသတၱာထဲ ထည့္ထားလိုက္ေပါ့။

၅။ႏႈတ္ခမ္းနီ

ႏႈတ္ခမ္းနီေတြ ၾကာရွည္ခံဖို႔ဆုိရင္လည္း ေရခဲေသတၱာထဲ ထည့္ထားဖုိ႔ လိုပါတယ္။ ဒါဟာ သင့္ႏႈတ္ခမ္းနီအေရာင္အတြက္သာမက အပူေၾကာင့္ အေရာင္ေျပာင္းျခင္းကိုလည္း ကာကြယ္ေပးႏိုင္တာေၾကာင့္ပါ။

၆။မိတ္ကပ္ရည္နဲ႔ အရည္အလွကုန္မ်ား

ေဖာင္ေဒးရွင္းကစလို႔ mascara လို အလွကုန္အရည္ေတြအားလံုးကို ေရခဲေသတၱာထဲ ထည့္သိမ္းႏိုင္ပါတယ္။ သူတုိ႔ေတြဟာ မ်ားေသာအားျဖင့္ စတင္သံုးစြဲတဲ့အခ်ိန္ကစလို႔ ဘယ္ေလာက္ထိသာ ၾကာရွည္ခံမယ္ဆိုတဲ့ အခ်ိန္ကာလ သတ္မွတ္ခ်က္တစ္ခု ပါၿပီးသားပါ။ ဒါ့ေၾကာင့္ သံုးေနစဥ္အေတာအတြင္းသာမက သတ္မွတ္ထားတဲ့ အခ်ိန္အထိ တာရွည္ခံဖုိ႔ဆိုရင္ ေရခဲေသတၱာထဲ ထည့္ထားဖုိ႔ လိုပါတယ္။

၇။သဘာ၀အတုိင္း ထုတ္လုပ္ထားတဲ့ အလွကုန္မ်ား

သဘာ၀အတုိင္း ထုတ္ထားတဲ့ လိုးရွင္း၊ ဆပ္ျပာစတဲ့ အရာေတြထဲမွာ ၾကာရွည္ခံေအာင္ ထည့္သြင္းထားတဲ့ ဓာတုပစၥည္းေတြ မပါ၀င္တတ္ပါဘူး။ ဒါ့ေၾကာင့္ ၾကာရွည္ခံဖုိ႔ဆုိရင္ေတာ့ ေရခဲေသတၱာထဲ ထည့္ထားတာ အေကာင္းဆံုးပါပဲ။

Credit: Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


သောက်နေကျ နွားနို့တွေကို အိမ်ရှေ့ခန်းထဲက မှန်ဗီရိုထဲ ဘယ်သူမှ ထည့်သိမ်းမှာ မဟုတ်ဘူးနော်။ ဒီလိုပဲ အလှကုန်တွေထဲကိုလည်း ရေချိုးခန်းထဲက ဗီရိုလေးထဲ ဘယ်သူက ထည့်သိမ်းပြီး သုံးမှာလဲ။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ သင့်အလှကုန်တွေ တာရှည်ခံဖို့ဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး သုံးသင့်တယ်ဆိုတာပါပဲ။ ဘယ်လိုအလှကုန်တွေကို ရေခဲသေတ္တာထဲ ထည့်သုံးရမယ်ဆိုတာကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။

၁။Eye Cream ( သို့) Gel

မျက်လုံးအစ်လို့၊ မို့လို eye cream တွေ လိမ်းတတ်ကြတယ်ဟုတ်။ တစ်ခါတစ်လေ အစားအသောက်မှားလို့၊ အငန်တွေ အများကြီး စားလိုက်မိလို့ မို့နေတဲ့ မျက်လုံးတွေအတွက် လိမ်းပေးရတဲ့ eye cream တွေ ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး လိမ်းခါနီးမှ ထုတ်လိမ်းလိုက်မယ်ဆိုရင် မျက်ဝန်းတစ်ဝိုက် အစ်နေ ဖောင်းနေတာတွေကို လျော့ကျသွားမှာပါ။ အအေးဓာတ်က ဖောင်းအစ်နေတာတွေကို လျှော့ချပေးနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။

၂။sunscreen

နေပူထဲသွားရင် လိမ်းနေကျ sunscreen ကိုလည်း ရေခဲသေတ္တာထဲ ထည့်သိမ်းနိုင်ပါတယ်။ လုံးဝမသုံးရသေးတဲ့ ဗူးအသစ်ရှိတယ်ဆိုရင် မသုံးခင်အချိန်ကတည်းက ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး သုံးနိုင်ပါတယ်။ အသားအရေအတွက် အထူးသင့်လျော်တာမို့ စမ်းကြည့်လိုက်ပါလို့။

၃။လက်သည်းဆိုးဆေး

အပူချိန်မြင့်မားတဲ့အခါ၊ ဒါမှမဟုတ် နေရောင်ခြည်က လက်သည်းဆိုးဆေးပုလင်းတွေပေါ် တိုက်ရိုက်ကျရောက်နေတဲ့အခါမျိုးတွေမှာ လက်သည်းဆိုးဆေးရည်ဟာ ပြစ်သွားတာမျိုး၊ ဒါမှမဟုတ် ကာလာပြောင်းသွားတာမျိုးတွေ ရှိတတ်ပါ တယ်။ မစိုးရိမ်ပါနဲ့။ လက်သည်းဆိုးဆေးပုလင်းတွေကို ရေခဲသေတ္တာထဲမှာ ပစ်ထည့်ထားလိုက်ပါ။ ကာလာလည်း ပြောင်းလဲခြင်းမရှိ၊ အရည်ပြစ်သွားတာလည်း မရှိပဲ အားလုံး အိုကေသွားပါလိမ့်မယ်။

၄။ရေမွှေး

အပူချိန်နဲ့ နေရောင်ခြည်ထိတွေ့မှုတွေ ရှိနေမယ်ဆိုရင် သုံးနေကျ ရေမွှေးတောင် အနံ့ပြောင်းသွားတတ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ကြောင့် သင့်သိပ်ကြိုက်တဲ့ ရေမွှေးတွေကို ဒီအတိုင်း ရနံ့သင်းသင်းလေးနဲ့ မပြောင်းလဲတမ်းရှိနေဖို့ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပေါ့။

၅။နှုတ်ခမ်းနီ

နှုတ်ခမ်းနီတွေ ကြာရှည်ခံဖို့ဆိုရင်လည်း ရေခဲသေတ္တာထဲ ထည့်ထားဖို့ လိုပါတယ်။ ဒါဟာ သင့်နှုတ်ခမ်းနီအရောင်အတွက်သာမက အပူကြောင့် အရောင်ပြောင်းခြင်းကိုလည်း ကာကွယ်ပေးနိုင်တာကြောင့်ပါ။

၆။မိတ်ကပ်ရည်နဲ့ အရည်အလှကုန်များ

ဖောင်ဒေးရှင်းကစလို့ mascara လို အလှကုန်အရည်တွေအားလုံးကို ရေခဲသေတ္တာထဲ ထည့်သိမ်းနိုင်ပါတယ်။ သူတို့တွေဟာ များသောအားဖြင့် စတင်သုံးစွဲတဲ့အချိန်ကစလို့ ဘယ်လောက်ထိသာ ကြာရှည်ခံမယ်ဆိုတဲ့ အချိန်ကာလ သတ်မှတ်ချက်တစ်ခု ပါပြီးသားပါ။ ဒါ့ကြောင့် သုံးနေစဉ်အတောအတွင်းသာမက သတ်မှတ်ထားတဲ့ အချိန်အထိ တာရှည်ခံဖို့ဆိုရင် ရေခဲသေတ္တာထဲ ထည့်ထားဖို့ လိုပါတယ်။

၇။သဘာဝအတိုင်း ထုတ်လုပ်ထားတဲ့ အလှကုန်များ

သဘာဝအတိုင်း ထုတ်ထားတဲ့ လိုးရှင်း၊ ဆပ်ပြာစတဲ့ အရာတွေထဲမှာ ကြာရှည်ခံအောင် ထည့်သွင်းထားတဲ့ ဓာတုပစ္စည်းတွေ မပါဝင်တတ်ပါဘူး။ ဒါ့ကြောင့် ကြာရှည်ခံဖို့ဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်ထားတာ အကောင်းဆုံးပါပဲ။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top