iMyanmarHouse.com - Best Property Website for Myanmar
×
Credit: 7 day daily
Unicode Version
လက်တွဲနေသည့် ချစ်သူနှင့် အဆင်မပြေ၍ လမ်းခွဲကြောင်း လူငယ်တစ်ယောက်၏ ခံစားချက်ဖြင့် လူမှုကွန်ရက်စာ မျက်နှာတွင် ရေးသားခဲ့ပြီး တစ် ယောက်တည်းဖြစ်သွားပြီဖြစ် ကြောင်း အဆိုတော်သရုပ်ဆောင် ဝါဆိုမိုးဦးက ပြောသည်။
‘‘Single ဖြစ်သွားပြီဆိုတာ က ကြေညာတာတော့မဟုတ်ပါ ဘူး။ တွဲနေတဲ့ကောင်လေးနဲ့ အ ဆင်မပြေလို့ ကိုယ့်ဘက်က ပြတ် တယ်ဆိုတဲ့အကြောင်းကို ရေး လိုက်တာ။ ဒီအတိုင်းပဲ လူငယ် တစ်ယောက်အနေနဲ့ စိတ်ခံစား ချက်ကို ရေးလိုက်တာ။ ဒါပေမဲ့ အဲဒီလောက်အထိ ရှဲပြီးပေ့ချ်တွေ ရောက်သွားမယ်လို့ မထင်မိဘူး။ အခုအထိတော့ တစ်ယောက် တည်းပါပဲ’’ဟု ၎င်း၏ အချစ်ရေး နှင့်ပတ်သက်၍ ပြောသည်။
အနုပညာလှုပ်ရှားမှုအနေ ဖြင့် ပထမဆုံးတစ်ကိုယ်တော်အ ခွေကို လာမည့် နှစ်ဆန်းပိုင်းတွင် ဖြန့်ချိပေးနိုင်ရန် စီစဉ်နေပြီး ဒီဗီဒီ ပါ တစ်ပါတည်းဖြန့်ချိနိုင်ရန် ရိုက် ကူးရေးများ  ပြုလုပ်နေကြောင်း ဝါဆိုမိုးဦးက ပြောသည်။
‘‘အမ်တီဗီပါ တစ်ခါတည်း ထုတ်မှာဆိုတော့ သီချင်းကိုးပုဒ် ရိုက်ဖို့ကို သုံးပုဒ်ပဲ ပြီးသေးတယ်။ ဆက်တိုက်ရိုက်ဖို့တော့ လုပ်ထား တယ်။ အတတ်နိုင်ဆုံး တစ်လ ပိုင်းလောက်ထွက်ဖို့တော့ လုပ် ထားပါတယ်’’ဟု ၎င်းက ပြော သည်။တစ်ကိုယ်တော်အခွေ အော် ဒီယိုတွင် သီချင်း ၁၃ ပုဒ်ခန့် ပါဝင် မည်ဖြစ်ပြီး စီးရီးနာမည်ကို စဉ်းစားနေဆဲဖြစ်ကြောင်း ဝါဆို မိုးဦးကပြောသည်။
‘‘ဒီအခွေထဲမှာ R & B ပါ မယ်။ ပေါ့ပ်လေးတွေပါမယ်။ Electro Music တွေပါမယ်။ သီချင်းဟောင်းတစ်ပုဒ်တော့ပါ တယ်။ အဲဒီသီချင်းကိုလည်း လူ ငယ်ဗားရှင်းနဲ့ EDM ပုံစံလေးတီး ပြီး ထည့်ထားတယ်။ လူငယ်ဗား ရှင်းများပါတယ်။ အမြူးလေးတွေ များပါတယ်’’ဟု ၎င်းက ပြော သည်။အဆိုတော် တစ်ယောက် မဟုတ်သောကြောင့် ယင်းအခွေ အတွက် စိတ်ရောလူရော နှစ်၍ ကြိုးစားထားပြီး အသံပိုင်းနှင့်ပတ် သက်၍   လိုအပ်ချက်များရှိနိုင်သော်လည်း အကောင်းဆုံးကြိုးစား ထားကြောင်း ၎င်းကဆိုသည်။
Credit: 7 day daily
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top