iMyanmarHouse.com - Best Property Website for Myanmar
×

လွပတဲ့ခႏၶာကုိယ္ေကာက္ေၾကာင္းပိုင္ဆိုင္ဖို႔ဆိုတာ အမ်ိဳးသမီးတိုင္းရဲ့ အိ္ပ္မက္တစ္ခုျဖစ္ပါတယ္။ ၀လာတဲ့အခါ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ဗိုက္ေခါက္ထူလာျခင္းဟာ ခႏၶာကုိယ္အေနအထား မလွပေစရံုသာမက ႏွလံုးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ ေလျဖတ္ျခင္းစတဲ့ က်န္းမာေရးဆုိးက်ဳိးမ်ားနဲ႔လဲ ဆက္စပ္ေနပါတယ္။ ဒီလိုေရာဂါမ်ဳိးစံု၀င္လာေစႏိုင္တဲ့ ၀မ္းဗိုက္အဆီေတြကုိ ေခ်ဖ်က္ႏိုင္မယ့္ အေကာင္းဆံုးနည္းလမ္းတစ္မ်ဳိးကေတာ့ ေလ့က်င့္ခန္းျပဳလုပ္ျခင္းပဲျဖစ္ပါတယ္။ ဒါေပမယ့္ အခ်ိန္မေပးႏိုင္သူေတြအတြက္ကေတာ့ ေလ့က်င့္ခန္းလုပ္ဖုိ႔ဆုိတာ အခက္အခဲရွိေနႏိုင္ပါတယ္။ ဒါေၾကာင့္ ကုိယ္ကာယေလ့က်င့္ခန္းျပဳလုပ္စရာမလိုဘဲ ၀မ္းဗိုက္အဆီေလ်ာ့က်ေစႏိုင္တဲ့ နည္းလမ္းေကာင္းေလးေတြကို သတင္းေကာင္းပါးလိုက္ပါရေစ။
 

1.    ကယ္လုိရီလြန္ကဲစာေလွ်ာ့ခ်ပါ

       ကယ္လိုရီအမ်ားအျပားပါ၀င္တဲ့ ဆီေၾကာ္စာ၊ ျပဳျပင္ထုပ္ပုိးထားေသာ အစားအစာမ်ား စားသံုးမႈကို ေလွ်ာ့ခ်သင့္တဲ့အျပင္ ဆုိဒါေသာက္သံုးမႈကုိလည္း ေလွ်ာ့ခ်ဖို႔လိုအပ္ပါတယ္။ ယင္းအစားအေသာက္ေတြအစား ဟင္းသီးဟင္းရြက္၊ သစ္သီး၀လံမ်ားကုိ စားသံုးပါ။ အိပ္ရာ၀င္ခ်ိန္နီးမွ အစာစားျခင္းကုိေရွာင္ၾကဥ္သင့္ပါတယ္။

2.    ကာဗိုိဟိုက္ဒရိတ္ (ကစီဓာတ္) ေလွ်ာ့ခ်ပါ

       အာလူးေခ်ာင္းေၾကာ္၊ ဆန္ျဖဴ၊ ခ်ဳိတဲ့ေကြကာ၊ အျဖဴေရာင္ေပါင္မုန္႔စတဲ့ ကာဗိုဟိုက္ဒရိတ္ စားသံုးမႈေလွ်ာ့ခ်သင့္ၿပီး အသားဓာတ္မ်ားမ်ားစားသံုးသင့္ပါတယ္။ စားအုန္းဆီကုိေရွာင္ၾကဥ္သင့္ ၿပီးပဲပိစပ္ဆီ၊ ဟင္းသီးဟင္းရြက္ဆီ၊ သံလြင္ဆီကုိသာေရြးခ်ယ္သင့္ပါတယ္။

3.    စိတ္ဖိစီးမႈေလွ်ာ့ခ်ပါ

       စိတ္ဖိစီးမႈမ်ားျခင္းဟာ အဆီတည္ေဆာက္မႈကုိ အားေပးေသာေကာ္တီဇုန္းအဆင့္ကုိ ျမင့္တက္ေစၿပီး ၀မ္းဗိုက္အဆီကုိစုပံုလာေစပါတယ္။ ဒါေၾကာင့္ တရားထိုင္ျခင္း၊ သီခ်င္းနားေထာင္ျခင္း၊ ၀ါသနာပါရာလုပ္ငန္းတစ္ခုတြင္ အာ႐ုံစူးစိုက္ကာလုပ္ေဆာင္ျခင္းတို႔ျဖင့္ စိတ္ဖိစီးမႈေလွ်ာ့ခ်သင့္ပါတယ္။

 4.    အိပ္ေရး၀၀အိပ္ပါ

       အိပ္စက္ခ်ိန္နည္းလြန္းျခင္းဟာ ေလးလံထိုင္းမိႈင္းေစတဲ့အျပင္ အစားအစာကုိလိုအပ္တာထက္ ပုိမိုစားသံုးမိေစႏိုင္ပါတယ္။ တစ္ညမွာ 7-8 နာရီ အိပ္စက္ျခင္းဟာ ကုိယ္အေလးခ်ိန္ထိန္းရာမွာ မ်ားစြာအေထာက္အကူျဖစ္ေစပါတယ္။ ဒါေၾကာင့္ ညဘက္မွာ လွ်ပ္စစ္အသံုးအေဆာင္ပစၥည္းမ်ား အသံုးျပဳခ်ိန္ကုိေလွ်ာ့ခ်ၿပီး စိတ္နဲ႔ခႏၶာကုိျပည့္၀စြာ အနားေပးသင့္ပါတယ္။

5.    ေရဓာတ္ျဖည့္ပါ

       ေရဓာတ္ဟာ ခႏၶာကုိယ္အတြင္းရွိ အဆိပ္အေတာက္မ်ားကုိ ဖယ္ရွားေပးႏိုင္တာေၾကာင့္ ေရဓာတ္ျပည့္၀ေနဖို႔ လိုအပ္ပါတယ္။ ဗိုက္ေခါက္ရွိအဆီျပင္ေတြ ဖယ္ရွားႏိုင္ဖို႔အတြက္ ခႏၶာကုိယ္မွာေရဓာတ္လံုေလာက္ေနမွျဖစ္မွာပါ။

        အေကာင္းဆံုးရရွိႏိုင္တဲ့ ေရဓာတ္အရင္းအျမစ္ကေတာ့ သဘာ၀ေသာက္ေရသန္႔ႏွင့္ လက္ဖက္စိမ္း လက္ဖက္ရည္ျဖစ္ပါတယ္။ အစာမစားမီေရေသာက္ေပးပါ။ ဒါမွသာ အစားအလြန္အက်ဴးစားမိျခင္းမွ ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။ ဗိုက္အဆီမ်ားအလြယ္တကူက်သြားေစႏိုင္ဖို႔ လက္ဖက္စိမ္းလက္ဖက္ရည္ ေန႔စဥ္ေသာက္ေပးသင့္ပါတယ္။

        ထို႔ျပင္ သစ္သီးေဖ်ာ္ရည္မ်ားေသာက္ျခင္းျဖင့္ ေရဓာတ္ျဖတ္တင္းႏိုင္တဲ့အျပင္ ဖရဲသီး၊ မက္မြန္သီး၊ လိေမၼာ္သီးစတဲ့ အသီးအႏွံမ်ားစားသံုးျခင္းျဖင့္လည္း ေရဓာတ္လံုေလာက္စြာရရွိႏိုင္ပါတယ္။

6.    အာဟာရမျပည့္၀ေသာအစာကုိ ေရွာင္ၾကဥ္ပါ

       ေလ့က်င့္ခန္းမလုပ္ဘဲ ဗိုက္အဆီေလွ်ာ့ခ်ဖို႔ဆုိတာ မိမိကိုယ္တိုင္ ကယ္လိုရီမ်ားမ်ား ေလာင္ကၽြမ္းေအာင္ ျပဳလုပ္ႏိုင္မွသာလွ်င္ ထိေရာက္မႈရွိမွာပါ။ တစ္လတာအတြက္ ၀မ္းဗိုက္အဆီတစ္ေပါင္က်ေစရန္မွာ တစ္ေန႔တြင္ကယ္လိုရီ 500 ေလ်ာ့က်ဖို႔လိုပါတယ္။

        အာဟာရမျပည့္၀ေသာအစားအစာေတြနဲ႔ အဆီမ်ားေသာအစားအစာ စားသံုးမႈေလွ်ာ့ခ်ကာ အမွ်င္ဓာတ္ႂကြယ္၀ေသာအစာမ်ားကုိသာ ေရြးခ်ယ္စားသံုးပါ။ ခႏၶာကိုယ္၏ ေန႔စဥ္လိုအပ္ေသာ အာဟာရဓာတ္မ်ားျပည့္၀ေအာင္ စားသံုးဖို႔လိုပါတယ္။

7.    ျပဳျပင္ထုတ္လုပ္ထားတဲ့ တာရွည္ခံအစားအစာမ်ားကုိေရွာင္ၾကဥ္ပါ

       အဆင့္ဆင့္ျပဳျပင္ထားတဲ့ အစားအစာေတြဟာ ဓာတုပစၥည္းမ်ားနဲ႔ တာရွည္ခံေအာင္ ျပဳလုပ္ထားတာေၾကာင့္ အာဟာရမျပည့္၀ေစတဲ့အျပင္ က်န္းမာေရးေဘးဥပါဒ္ကုိသာ ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကုိယ္တုိင္ခ်က္ျပဳတ္တဲ့ အစားအစာနဲ႔ ေအာ္ဂဲနစ္အစားအစာမ်ားကုိသာ ေရြးခ်ယ္စားသံုးပါ။

8.    ညီၫြတ္မွ်တစြာစားသံုးပါ

       အစာစားသံုးမႈမညီမွ်ျခင္း၊ အထိုင္မ်ားျခင္းတုိ႔ဟာ ကုိယ္အေလးခ်ိန္တက္လာေစဖို႔အတြက္ အဓိကအေၾကာင္းရင္းေတြျဖစ္ပါတယ္။ ဒါေၾကာင့္ ကုိယ္လက္လႈပ္ရွားမႈလံုေလာက္စြာ မလုပ္ႏိုင္ပါက အစားအေသာက္ညီၫြတ္မွ်တစြာစားဖို႔ လိုအပ္ပါတယ္။ အမွ်င္ဓာတ္ႂကြယ္၀ေသာအစားအစာ၊ သစ္သီး၀လံ၊ ဟင္းသီးဟင္းရြက္၊ ေကာက္ႏွံမွျပဳလုပ္ေသာအစားအစာမ်ား (အညိဳေရာင္ေပါင္မုန္႔၊ ဆန္လံုးညိဳ၊ အခြံခၽြတ္မထားတဲ့ေကာက္ႏွံနဲ႔လုပ္တဲ့ ေကြကာ) စတဲ့ အစားအစာေတြက ၀မ္းဗိုက္အဆီက်ေစဖို႔ မ်ားစြာအေထာက္အကူျပဳေပးႏိုင္ပါတယ္။

9.    စာသံုးမႈပံုစံေျပာင္းလဲပါ

       တစ္ႀကိမ္တည္းတြင္ အစာမ်ားစြာစားသံုးျခင္းထက္ နည္းနည္းခ်င္းစီမၾကာခဏစားသံုးေပးျခင္းက အစာေျခဖ်က္မႈစနစ္ကုိ ပုိမိုေကာင္းမြန္ေစၿပီး မလိုအပ္တဲ့အဆီမ်ားစုပံုလာမႈကုိလည္း တားဆီးေပးပါတယ္။ ခႏၶာကုိယ္တြင္း ဇီ၀ျဖစ္ပ်က္မႈေကာင္းမြန္ေစရန္၊ ေသြးတြင္းသၾကားဓာတ္ညီမွ်ေစရန္အတြက္ ဟင္းသီးဟင္းရြက္ပါ၀င္ေအာင္ စားသံုးေပးသင့္ပါတယ္။

10.   အငန္စားသံုးမႈေလ်ာ့ခ်ပါ

       ဆုိဒီယမ္စားသံုးမႈမ်ားျခင္းေၾကာင့္ ခႏၶာကုိယ္မွေရဓာတ္လြန္စြာလိုအပ္လာပါတယ္။ ခႏၶာကုိယ္တြင္းရွိ ေရဓာတ္မ်ားဟာအဆိပ္အေတာက္စြန္႔ထုတ္ရမည့္ျဖစ္စဥ္တြင္ လုပ္ေဆာင္ျခင္းမျပဳေတာ့ဘဲ ေရေတြဟာခႏၶာကုိယ္ထဲမွာသာ တည္ၿမဲေနတတ္ပါတယ္။ ဒါေၾကာင့္ ဗိုက္အဆီျဖစ္ျခင္းမွ ကင္းေ၀းေစဖို႔က အငန္စားသံုးမႈေလ်ာ့ခ်သင့္ပါတယ္။

11.   ေဆးလိပ္၊ အရက္ေရွာင္ပါ

       ေဆးလိပ္တြင္ပါ၀င္ေသာ နီကုိတင္းဓာတ္ဟာ ကိုယ္အေလးခ်ိန္တက္ေစႏိုင္သလို အရက္ေသာက္ျခင္းေၾကာင့္လည္း ကုိယ္အေလးခ်ိန္တုိးလာေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဘီယာဗိုက္ကဲ့သုိ႔ ဗိုက္ရႊဲျခင္းမွ ကင္းေ၀းေစဖို႔ ေဆးလိပ္၊ အရက္ေရွာင္ၾကဥ္သင့္ပါတယ္။

12.   အေသးစား ကုိယ္လက္လႈပ္ရွားမႈမ်ား ေဆာင္ရြက္ပါ

       အားကစား႐ံုသြားျခင္း၊ ေျပးျခင္းစတဲ့ ကုိယ္ကာယေလ့က်င့္ခန္းေတြ သီးသန္႔မလုပ္နိုင္လ်င္လည္း အေသးစားလႈပ္ရွားမႈေတြ လုပ္ေဆာင္ျခင္းျဖင့့္ ကုိယ္အေလးခ်ိန္ေလ်ာ့က်ေစနိုင္ပါတယ္။ ကေလးငယ္မ်ား၊ အိမ္ေမြးတိရိစၧာန္ေလးမ်ားနဲ႔ ေဆာ့ကစားျခင္း၊ အတက္အဆင္းတြင္ ေလွကားအသံုးျပဳျခင္း၊ ေစ်း၀ယ္ထြက္ျခင္း စတဲ့လႈပ္ရွားမႈအနည္းငယ္ လုပ္ေဆာင္ေပးျခင္းျဖင့္ ဘက္စံုက်န္းမာေရးအတြက္ ေကာင္းေစႏိုင္တဲ့အျပင္ ဗိုက္အဆီမ်ားကုိလည္း လ်င္ျမန္စြာေလ်ာ့က်သြားေစႏိုင္ပါတယ္။

Credit:drmyanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းပိုင်ဆိုင်ဖို့ဆိုတာ အမျိုးသမီးတိုင်းရဲ့ အိပ်မက်တစ်ခုဖြစ်ပါတယ်။ ဝလာတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဗိုက်ခေါက်ထူလာခြင်းဟာ ခန္ဓာကိုယ်အနေအထား မလှပစေရုံသာမက နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ခြင်းစတဲ့ ကျန်းမာရေးဆိုးကျိုးများနဲ့လဲ ဆက်စပ်နေပါတယ်။ ဒီလိုရောဂါမျိုးစုံဝင်လာစေနိုင်တဲ့ ဝမ်းဗိုက်အဆီတွေကို ချေဖျက်နိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်မျိုးကတော့ လေ့ကျင့်ခန်းပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် အချိန်မပေးနိုင်သူတွေအတွက်ကတော့ လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာ အခက်အခဲရှိနေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်စရာမလိုဘဲ ဝမ်းဗိုက်အဆီလျော့ကျစေနိုင်တဲ့ နည်းလမ်းကောင်းလေးတွေကို သတင်းကောင်းပါးလိုက်ပါရစေ။


1.    ကယ်လိုရီလွန်ကဲစာလျှော့ချပါ

       ကယ်လိုရီအများအပြားပါဝင်တဲ့ ဆီကြော်စာ၊ ပြုပြင်ထုပ်ပိုးထားသော အစားအစာများ စားသုံးမှုကို လျှော့ချသင့်တဲ့အပြင် ဆိုဒါသောက်သုံးမှုကိုလည်း လျှော့ချဖို့လိုအပ်ပါတယ်။ ယင်းအစားအသောက်တွေအစား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို စားသုံးပါ။ အိပ်ရာဝင်ချိန်နီးမှ အစာစားခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။

2.    ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်) လျှော့ချပါ

       အာလူးချောင်းကြော်၊ ဆန်ဖြူ၊ ချိုတဲ့ကွေကာ၊ အဖြူရောင်ပေါင်မုန့်စတဲ့ ကာဗိုဟိုက်ဒရိတ် စားသုံးမှုလျှော့ချသင့်ပြီး အသားဓာတ်များများစားသုံးသင့်ပါတယ်။ စားအုန်းဆီကိုရှောင်ကြဉ်သင့် ပြီးပဲပိစပ်ဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီကိုသာရွေးချယ်သင့်ပါတယ်။

3.    စိတ်ဖိစီးမှုလျှော့ချပါ

       စိတ်ဖိစီးမှုများခြင်းဟာ အဆီတည်ဆောက်မှုကို အားပေးသောကော်တီဇုန်းအဆင့်ကို မြင့်တက်စေပြီး ဝမ်းဗိုက်အဆီကိုစုပုံလာစေပါတယ်။ ဒါကြောင့် တရားထိုင်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ဝါသနာပါရာလုပ်ငန်းတစ်ခုတွင် အာရုံစူးစိုက်ကာလုပ်ဆောင်ခြင်းတို့ဖြင့် စိတ်ဖိစီးမှုလျှော့ချသင့်ပါတယ်။

 4.    အိပ်ရေး၀၀အိပ်ပါ

       အိပ်စက်ချိန်နည်းလွန်းခြင်းဟာ လေးလံထိုင်းမှိုင်းစေတဲ့အပြင် အစားအစာကိုလိုအပ်တာထက် ပိုမိုစားသုံးမိစေနိုင်ပါတယ်။ တစ်ညမှာ 7-8 နာရီ အိပ်စက်ခြင်းဟာ ကိုယ်အလေးချိန်ထိန်းရာမှာ များစွာအထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် ညဘက်မှာ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ အသုံးပြုချိန်ကိုလျှော့ချပြီး စိတ်နဲ့ခန္ဓာကိုပြည့်ဝစွာ အနားပေးသင့်ပါတယ်။

5.    ရေဓာတ်ဖြည့်ပါ

       ရေဓာတ်ဟာ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်တာကြောင့် ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ဗိုက်ခေါက်ရှိအဆီပြင်တွေ ဖယ်ရှားနိုင်ဖို့အတွက် ခန္ဓာကိုယ်မှာရေဓာတ်လုံလောက်နေမှဖြစ်မှာပါ။

        အကောင်းဆုံးရရှိနိုင်တဲ့ ရေဓာတ်အရင်းအမြစ်ကတော့ သဘာဝသောက်ရေသန့်နှင့် လက်ဖက်စိမ်း လက်ဖက်ရည်ဖြစ်ပါတယ်။ အစာမစားမီရေသောက်ပေးပါ။ ဒါမှသာ အစားအလွန်အကျူးစားမိခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဗိုက်အဆီများအလွယ်တကူကျသွားစေနိုင်ဖို့ လက်ဖက်စိမ်းလက်ဖက်ရည် နေ့စဉ်သောက်ပေးသင့်ပါတယ်။

        ထို့ပြင် သစ်သီးဖျော်ရည်များသောက်ခြင်းဖြင့် ရေဓာတ်ဖြတ်တင်းနိုင်တဲ့အပြင် ဖရဲသီး၊ မက်မွန်သီး၊ လိမ္မော်သီးစတဲ့ အသီးအနှံများစားသုံးခြင်းဖြင့်လည်း ရေဓာတ်လုံလောက်စွာရရှိနိုင်ပါတယ်။

6.    အာဟာရမပြည့်ဝသောအစာကို ရှောင်ကြဉ်ပါ

       လေ့ကျင့်ခန်းမလုပ်ဘဲ ဗိုက်အဆီလျှော့ချဖို့ဆိုတာ မိမိကိုယ်တိုင် ကယ်လိုရီများများ လောင်ကျွမ်းအောင် ပြုလုပ်နိုင်မှသာလျှင် ထိရောက်မှုရှိမှာပါ။ တစ်လတာအတွက် ဝမ်းဗိုက်အဆီတစ်ပေါင်ကျစေရန်မှာ တစ်နေ့တွင်ကယ်လိုရီ 500 လျော့ကျဖို့လိုပါတယ်။

        အာဟာရမပြည့်ဝသောအစားအစာတွေနဲ့ အဆီများသောအစားအစာ စားသုံးမှုလျှော့ချကာ အမျှင်ဓာတ်ကြွယ်ဝသောအစာများကိုသာ ရွေးချယ်စားသုံးပါ။ ခန္ဓာကိုယ်၏ နေ့စဉ်လိုအပ်သော အာဟာရဓာတ်များပြည့်ဝအောင် စားသုံးဖို့လိုပါတယ်။

7.    ပြုပြင်ထုတ်လုပ်ထားတဲ့ တာရှည်ခံအစားအစာများကိုရှောင်ကြဉ်ပါ

       အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေဟာ ဓာတုပစ္စည်းများနဲ့ တာရှည်ခံအောင် ပြုလုပ်ထားတာကြောင့် အာဟာရမပြည့်ဝစေတဲ့အပြင် ကျန်းမာရေးဘေးဥပါဒ်ကိုသာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်ချက်ပြုတ်တဲ့ အစားအစာနဲ့ အော်ဂဲနစ်အစားအစာများကိုသာ ရွေးချယ်စားသုံးပါ။

8.    ညီညွတ်မျှတစွာစားသုံးပါ

       အစာစားသုံးမှုမညီမျှခြင်း၊ အထိုင်များခြင်းတို့ဟာ ကိုယ်အလေးချိန်တက်လာစေဖို့အတွက် အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုလုံလောက်စွာ မလုပ်နိုင်ပါက အစားအသောက်ညီညွတ်မျှတစွာစားဖို့ လိုအပ်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝသောအစားအစာ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ကောက်နှံမှပြုလုပ်သောအစားအစာများ (အညိုရောင်ပေါင်မုန့်၊ ဆန်လုံးညို၊ အခွံချွတ်မထားတဲ့ကောက်နှံနဲ့လုပ်တဲ့ ကွေကာ) စတဲ့ အစားအစာတွေက ဝမ်းဗိုက်အဆီကျစေဖို့ များစွာအထောက်အကူပြုပေးနိုင်ပါတယ်။

9.    စာသုံးမှုပုံစံပြောင်းလဲပါ

       တစ်ကြိမ်တည်းတွင် အစာများစွာစားသုံးခြင်းထက် နည်းနည်းချင်းစီမကြာခဏစားသုံးပေးခြင်းက အစာခြေဖျက်မှုစနစ်ကို ပိုမိုကောင်းမွန်စေပြီး မလိုအပ်တဲ့အဆီများစုပုံလာမှုကိုလည်း တားဆီးပေးပါတယ်။ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုကောင်းမွန်စေရန်၊ သွေးတွင်းသကြားဓာတ်ညီမျှစေရန်အတွက် ဟင်းသီးဟင်းရွက်ပါဝင်အောင် စားသုံးပေးသင့်ပါတယ်။

10.   အငန်စားသုံးမှုလျော့ချပါ

       ဆိုဒီယမ်စားသုံးမှုများခြင်းကြောင့် ခန္ဓာကိုယ်မှရေဓာတ်လွန်စွာလိုအပ်လာပါတယ်။ ခန္ဓာကိုယ်တွင်းရှိ ရေဓာတ်များဟာအဆိပ်အတောက်စွန့်ထုတ်ရမည့်ဖြစ်စဉ်တွင် လုပ်ဆောင်ခြင်းမပြုတော့ဘဲ ရေတွေဟာခန္ဓာကိုယ်ထဲမှာသာ တည်မြဲနေတတ်ပါတယ်။ ဒါကြောင့် ဗိုက်အဆီဖြစ်ခြင်းမှ ကင်းဝေးစေဖို့က အငန်စားသုံးမှုလျော့ချသင့်ပါတယ်။

11.   ဆေးလိပ်၊ အရက်ရှောင်ပါ

       ဆေးလိပ်တွင်ပါဝင်သော နီကိုတင်းဓာတ်ဟာ ကိုယ်အလေးချိန်တက်စေနိုင်သလို အရက်သောက်ခြင်းကြောင့်လည်း ကိုယ်အလေးချိန်တိုးလာစေနိုင်ပါတယ်။ ဒါကြောင့် ဘီယာဗိုက်ကဲ့သို့ ဗိုက်ရွှဲခြင်းမှ ကင်းဝေးစေဖို့ ဆေးလိပ်၊ အရက်ရှောင်ကြဉ်သင့်ပါတယ်။

12.   အသေးစား ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်ပါ

       အားကစားရုံသွားခြင်း၊ ပြေးခြင်းစတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေ သီးသန့်မလုပ်နိုင်လျင်လည်း အသေးစားလှုပ်ရှားမှုတွေ လုပ်ဆောင်ခြင်းဖြင့့် ကိုယ်အလေးချိန်လျော့ကျစေနိုင်ပါတယ်။ ကလေးငယ်များ၊ အိမ်မွေးတိရိစ္ဆာန်လေးများနဲ့ ဆော့ကစားခြင်း၊ အတက်အဆင်းတွင် လှေကားအသုံးပြုခြင်း၊ ဈေးဝယ်ထွက်ခြင်း စတဲ့လှုပ်ရှားမှုအနည်းငယ် လုပ်ဆောင်ပေးခြင်းဖြင့် ဘက်စုံကျန်းမာရေးအတွက် ကောင်းစေနိုင်တဲ့အပြင် ဗိုက်အဆီများကိုလည်း လျင်မြန်စွာလျော့ကျသွားစေနိုင်ပါတယ်။

Credit:drmyanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top