iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Trend Myanmar
#Unicode Version
ဆံပင်စည်းကြိုးကို လက်ကောက်ဝတ်မှာ ကျွနု်ပ်တို့ု ပတ်တတ်ကြပါတယ်။ ဆံပင်စည်းကြိုးကို နောက်ဆို လိုလာမယ်ဆိုတာသိလို့ လက်ကောက်ဝတ်မှာ ပတ်ထားခြင်းက မဆင်မခြင် လုပ်ရပ်တစ်ခုဖြစ်သွားပါပြီ။ ဘာလို့လဲဆိုတော့ မစဉ်းစားမဆင်ခြင်ဘဲ လုပ်တဲ့ ဘယ်အရာမဆို ပြင်းထန်တဲ့ အကျိုးဆက်တွေ ရှိတတ်ပါတယ်။ ဆံပင်စည်းကြိုးကိုလက်မှာ ပတ်ထားခြင်းက သင့်ကျန်းမာရေးကို ပြင်းထန်စွာ အန္တရာယ်ဖြစ်စေနိုင်ကြောင်း သိရပါတယ်။
ရေပန်းစားတဲ့သတင်းတစ်ပုဒ်အရ Audree Kopp ဆိုသူဟာ သူမ လက်ကောက်ဝတ်မှာ ကြီးသထက်ကြီးလာတဲ့ က အဖုနီတစ်ခုရှိခဲ့ကြောင်း သိရပါတယ်။ ပင့်ကူကိုက်ရာအထင်နဲ့ သူမဟာ ဆရာဝန်ဆီသွားပြပြီး ဆရာဝန်က ပိုးသတ်ဆေးတချို့ပေးလိုက်ပါသတဲ့။ ဒါပေမယ့် အဲ့ဒီအဖုက ကြီးထွားပြီး နီသထက်နီရဲလာခဲ့တယ်။ နောက်ဆုံး အရွယ်အစား အဆမတန် ကြီးလာတော့မှ အရေးပေါ်လူနာခန်းသွားဖို့ သူမဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
ကျွန်မခွဲစိတ်ကုသဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေက ဆိုလာတဲ့အကြောင်း နဲ့ ဘုရားမလို့ အချိန်မီရောက်သွားခဲ့ကြောင်း Kopp က Louisville သတင်းဌာန WLKY ကို ပြောပြခဲ့ပါတယ်။ အဲဒီနေရာဟာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပြီး မအီမသာဖြစ်စေတဲ့ နေရာမျိုးဖြစ်ပါတယ်။ အဖုကို ခွဲပြီး ပြည်တွေထွက်စေတာမျိုးမို့ ခွဲစိတ်ကုသမှုကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။
သူမလက်ကောက်ဝတ်နောက်ကျောဘက်မှာ အလွန်ကြီးမားတဲ့ ပြည်တည်နာ တစ်ခုရှိတာကြောင့် ခွဲပြီး ပြည်တွေ ဖောက်ထုတ်ခဲ့တယ်လို့ Norton Healthcare က Dr. Amit Gupta က ဆိုပါတယ်။အဲဒီပြည်တည်နာ ဟာ သူပတ်ခဲ့သူတဲ့ အပေါ်ယံ တလက်လက်တောက်နေတဲ့ ဆံပင်စည်းကြိုးကနေတဆင့် ဘက်တီးရီးယားရောဂါပိုးတွေ ကူးစက်ခဲ့တာကြောင့် ဖြစ်ပါသတဲ့။ ဘက်တီးရီးယားဟာ သူမချွေးပေါက်ကနေတဆင့် ဝင်ရောက်ခဲ့တာပါလို့ Gupta က မှတ်ချက်ချပါတယ်။
Credit:Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top