iMyanmarHouse.com - Best Property Website for Myanmar
×




Credit  : Trend Myanmar



#Unicode Version

မကြာသေးခင်က လေ့လာတွေ့ရှိချက်တစ်ခုအရ ကိုယ့်ရှေ့မှာမြင်သမျှအရာတွေကို တဖျတ်ဖျတ်နဲ့ ဓာတ်ပုံရိုက်တတ်သူတွေဟာ ကင်မရာလုံးဝမကိုင်၊ မရိုက်သူတွေထက် ပိုမိုပျော်ရွှင်ရသူတွေဖြစ်ကြောင်း သိရပါတယ်။ ဒီလေ့လာမှုမှာ လူပေါင်း နှစ်ထောင်ပါဝင်စမ်းသပ်ခံခဲ့ကြပြီး တစ်ချို့ကို ကင်မရာပေးပြီး၊ တစ်ချို့ကိုတော့ ကင်မရာ မပေးပဲ လုပ်ဆောင်မှုအမျိုးမျိုးမှာ ပါဝင်ကြဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီလေ့လာမှုအပြီးမှာ သူတို့တွေ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လောက်ပျော်ရွှင်ခဲ့ကြသလဲဆိုတာ မေးမြန်းခဲ့ပါတယ်။

အဲ့ဒီမှာ တွေ့ရှိခဲ့ရတာက ကင်မရာနဲ့ဓာတ်ပုံတွေ အများကြီး ရိုက်ခဲ့တဲ့သူတွေဟာ သူတို့ပါဝင်လုပ်ဆောင်ရတဲ့အရာတွေတိုင်းမှာ ပျော်ရွှင်မှုရှိခဲ့တယ်ဆိုတာပါပဲ။ နောက်တစ်ချက်က ဓာတ်ပုံတွေဟာ တစ်ချိန်မှာ လူတွေကို အမှတ်တရတွေ ယူဆောင်ပေးနိုင်တဲ့အပြင် သူတို့ အဲ့ဒီအချိန်တုန်းက ဘယ်လောက်ပျော်ခဲ့တယ်ဆိုတာ ကောင်းတဲ့ဘက်က အတွေ့အကြုံဝေမျှခြင်းတွေကိုလည်း တိုးပွားစေပါတယ်။ ဒါ့ကြောင့် ဓာတ်ပုံတွေဟာ ပျော်ရွှင်ခြင်းကို ယူဆောင်လာပေးနိုင်တဲ့ အဓိက သော့ချက်လို့ပြောရင်လည်း မမှားပါဘူး။

ကဲ ခုပဲ ဓာတ်ပုံလေးတွေ ရိုက်ပြီး အမှတ်တရအချိန်လေးတွေ မှတ်တမ်းတင်ထားလိုက်ပါ။ ဒီပုံလေးတွေဟာ တစ်ချိန်မှာ သင့်ကို ဒီအချိန်သင်ဘယ်လောက်ပျော်ရွှင်နေခဲ့ကြောင်း ပြန်ပြောင်းပြောပေးနိုင်ပါလိမ့်မယ်။

Credit  : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top