iMyanmarHouse.com - Best Property Website for Myanmar
×

လြန္ခဲ့ေသာႏွစ္ေပါင္း၂၅၀၀ေက်ာ္ေလာက္က တကယ့္ျဖစ္ခဲ့တဲ့ ဇာတ္ေလးတစ္ပုဒ္ကို အရင္ေျပာျပရေအာင္ပါ။

ကာလအေနနဲ႕ေျပာရင္ ျမတ္စြာဘုရားပြင့္ေတာ္မူေနတဲ့ ကာလပါ။ ျပည္က ေ၀သာလီျပည္မွာပါ။
အဲဒီကာလ အဲဒီေ၀သာလီျပည္မွာပဲ “မ၀ိမလာ” လို႕ အမည္ရတဲ့ အမ်ိဳးသမီးေလးတစ္ေယာက္
ရွိခဲ့ဖူးပါတယ္။ ၀ိမလာရဲ႕အဓိပၸာယ္က အညစ္အေၾကး ကင္းစင္သူ၊ သန္႕ရွင္းစင္ၾကယ္သူပါ။
ဒါက တင္စားထားတဲ့ ႐ုဠီ နာမည္ပါ။ တကယ့္အရွိ အႏြတၳအမည္ မဟုတ္ပါဘူး။
၀ိမလာဟာ ေ၀သာလီျပည္မွာ အလွဆံုးစာရင္း၀င္ တစ္ေယာက္ပါ။

သူ႕ရဲ႕ ထူးျခားခ်က္ကေတာ့ အေမျဖစ္သူက ျပည့္တန္ဆာမတစ္ေယာက္ျဖစ္တဲ့အတြက္ သူလည္း အရြယ္ေရာက္လာတဲ့အခါ မိခင္ရဲ႕အလုပ္ကို ဆက္လုပ္ရပါတယ္။

၀ိမလာဟာ ေ၀သာလီျပည္သားေတြရဲ႕ ပါးစပ္ဖ်ားမွာလည္း” ၀ိမလာ ၊၀ိမလာ ” ဆိုၿပီး
ေရပန္းစားေနပါတယ္။ ၀ိမလာရဲ႕ဆီကို သူေဌးသူၾကြယ္ေတြေလာက္ပဲသြားႏိုင္ပါတယ္။ က်န္တဲ့ သာမန္လူေတြ ေတာ့မသြားႏိုင္ပါဘူး။၀ိမလာကိုယ္တုိင္ကလည္းသူ႕ရဲ႕အလွသူ႕ရဲ႕ေအာင္ျမင္ေက်ာ္ၾကားမႈ
အေပၚ သိပ္ၿပီးဂုဏ္ယူပါတယ္။

ဒီလိုနဲ႕ တစ္ေန႕မွာေတာ့ အရွင္မဟာေမာဂၢလာန္ ဟာ ေ၀သာလီျပည္ထဲကို ဆြမ္းခံၾကြလာပါတယ္။ ၾကြလာရင္း၀ိမလာ ရဲ႕ အိမ္ေရွ႕ေရာက္လာေတာ့ တိုက္တိုက္ဆုိင္ဆုိင္ ၀ိမလာက အိမ္ထဲကေန အျပင္ကို ထြက္အၾကည့္နဲ႕ဆံုသြားပါတယ္။ ၀ိမလာက အရွင္မဟာေမာဂၢလာန္ ကို ျမင္လိုက္တာနဲ႕ တစ္ၿပိဳင္နက္
 ရင္ခုန္သြားပါသတဲ့။ၿပီးေတာ့ ခ်စ္တဲ့စိတ္လည္း ျဖစ္သြားပါသတဲ့။
တစ္စံုတစ္ေယာက္ကိုခ်စ္မိရင္ အဲဒီသူဆီက အခ်စ္ကိုလည္း ျပန္လိုခ်င္တာက ဓမၼတာပါ။
၀ိမလာဟာ အရွင္မဟာေမာဂၢလာန္ဆီက အခ်စ္ကိုရဖို႕အတြက္ အျပင္းအထန္ စဥ္းစားပါတယ္။
ကိုယ့္ကိုယ္ ကို ျပန္ၾကည့္လိုက္ေတာ့ သူ႕ရဲ႕ ထူးျခားတဲ့အလွကို ေတြ႕လိုက္ရပါတယ္။
ဒါေၾကာင့္ အိမ္မွာရွိတဲ့ အ၀တ္ေတြ ထဲက ေကာင္းေပ့ဆုိတဲ့အ၀တ္တစံုကို ထုတ္၀တ္လိုက္ပါတယ္။ တန္ဖုိးအႀကီးဆံုး လက္ေကာက္တို႕၊ ဆြဲႀကိဳးတို႕ကိုလည္း ၀တ္ဆင္လိုက္ပါတယ္။ အေကာင္းဆံုး နံ႕သာဆီေတြကိုလည္း လိမ္းလိုက္ပါတယ္။
အရင္ျပင္ေနက်ေန႕ေတြထက္ ပိုျပင္လိုက္ပါတယ္။ ၿပီးေတာ့ ကိုယ္လံုးေပၚမွန္ေရွ႕ ရပ္လုိက္ပါတယ္။ မွန္ထဲ ၾကည့္ၿပီးသူ႕ရဲ႕အလွနဲ႕ သူ႕ရဲ႕ျပင္ဆင္ျခယ္သထားမႈအေပၚကိုလည္း စိတ္ခ်သြားပါတယ္။

စိတ္တုိင္းက်ျပဳျပင္ၿပီးၿပီဆိုမွ အေဖာ္သီးျခားမေခၚေတာ့ဘဲ အရွင္မဟာေမာဂၢလာန္ ရွိရာ ေက်ာင္းကို တစ္ေယာက္တည္းပဲ ထြက္ခဲ့ပါတယ္။
အရွင္မဟာေမာဂၢလာန္ဆီေရာက္ေတာ့ ရွိခုိးဦးခ်လို္က္ပါတယ္။ အရွင္မဟာေမာဂၢလာန္ကို အနီးကပ္ေတြ႕လိုက္ရေတာ့ ရင္က ပိုၿပီးခုန္သြားျပန္ပါတယ္။
ၿပီးေတာ့ အရွင္မဟာေမာဂၢလာန္ကို သံေယာဇဥ္ရွိတဲ့ အေၾကာင္း ႏႈတ္ကဖြင့္ေျပာလုိ႕မရတဲ့ အတြက္
အမူအရာေလးေတြနဲ႕ ျပပါတယ္။
အရွင္မဟာေမာဂၢလာန္ကေတာ့ ၀ိမလာရဲ႕စိတ္ထဲမွာ ဘာျဖစ္ေနတယ္ဆုိတာ ေကာင္းေကာင္းသိပါတယ္။

ဒီေတာ့ အရွင္မဟာေမာဂၢလာန္က အလွကိုအမွီျပဳၿပီး အလွနဲ႕ဆြယ္ေနတဲ့ ၀ိမလာကို အလွရဲ႕
ဆန္႕က်င္ဘက္ျဖစ္တဲ့ အသုဘတရားကို ေဟာပါတယ္။
” ႏွမ ၀ိမလာ …… သင့္ရဲ႕ခႏၶာကိုယ္ဟာ စက္ဆုပ္ ရြံရွာဖြယ္ေတြနဲ႕ ျပည့္ေနတယ္။ ၿပီးေတာ့ အပုပ္နံ႕ေတြနဲ႕လည္းနံေစာ္ေနတယ္။ သူတစ္ပါးရဲ႕ ခႏၶာကုိယ္ဟာလည္း ဒီအတုိင္းပဲ။
သင့္ႏွမဟာ စက္ဆုပ္ဖြယ္ျဖစ္တဲ့ ခႏၶာကိုယ္အခ်င္းခ်င္း တပ္မက္ေနတယ္ ”
အရွင္မဟာေမာဂၢလာန္က၀ိမလာရဲ႕ ႏွလံုးသားထဲအထိ ေရာက္သြားေအာင္၀ိမလာသေဘာေပါက္သြားေအာင္
အသုဘတရားကို အက်ယ္ေဟာျပပါတယ္။

အရွင္မဟာေမာဂၢလာန္က ဂါထာေတြအမ်ားႀကီးနဲ႕ ေဟာျပတာပါ။ ဒီမွာေတာ့ တစ္ပုဒ္ပဲ ေရးျပလုိက္ပါတယ္။
အတိတ္အတိတ္ဘ၀ေတြက ပါရမီပါလာခဲ့သူလည္းျဖစ္၊ ေဟာေနတဲ့သူကလည္း အရွင္မဟာ
ေမာဂၢလာန္ ျဖစ္ဆိုေတာ့ ခ်က္ခ်င္း အသိမွန္ကို ရသြားပါတယ္။ တရားထူးေတာ့ မရေသးပါဘူး။ ဒါေၾကာင့္

၀ိမလာက ” အရွင္ဘုရား …. တပည့္ေတာ္ကို ရတနာသံုးပါးကို ဆည္းကပ္ကိုးကြယ္တဲ့ ဥပါသိကာမ
အျဖစ္ အသိအမွတ္ ျပဳပါဘုရား “လုိ႔ ေလွ်ာက္လို္က္ပါတယ္။ ဝိမလာဟာ အိမ္ေရာက္ေတာ့ အရွင္မဟာေမာဂၢလာန္ေဟာခဲ့တဲ့တရား၊ ေဟာလိုက္တဲ့ တရားက ေခါင္းထဲက မထြက္ေတာ့ပါဘူး။ ဒါေၾကာင့္ ႏွာဖူးေပၚလက္တင္ၿပီးစဥ္းစားပါတယ္။

” လူ႕ဘ၀ကို ရရွိဖို႕ရာလည္း သိပ္ၿပီးခဲယဥ္းတယ္။ အသက္ရွင္ေနဖို႕လည္း ခဲယဥ္းတယ္။

တရားေတာ္ကို နာၾကားခြင့္ရဖို႕လည္း ခဲယဥ္းတယ္။ ျမတ္စြာဘုရား သာသနာနဲ႕ ေတြ႕ႀကံဳဖို႕လည္း
ခဲယဥ္းတယ္။ ငါဟာ ရခဲတဲ့ ခဲယဥ္းတဲ့ တရားေလးပါးကို ရေနတယ္။ ရခဲျခင္းတရားေလးပါးကို ရေနခုိက္မွာ
အရွင္မဟာေမာဂၢလာန္ ေမွ်ာ္လင့္တဲ့ ၊ ရေစခ်င္တဲ့ အရဟတၱဖိုလ္ကို ရေအာင္ရွာမွပဲ ”

၀ိမလာဟာ အဲဒီလိုစဥ္းစားၿပီး သူ႕ရဲ႕လုပ္ေနက် ျပည့္တန္ဆာအလုပ္ကို ရပ္ပစ္လိုက္ပါတယ္။
သူ႕ဆီလာေနက် ပုဂၢိ္ဳလ္ေတြကေတာ့ ေတာက္တေခါက္ေခါက္နဲ႕ေပ့ါ။၀ိမလာကေတာ့ ဂ႐ုမစိုက္ပါဘူး။

ၿပီးေတာ့ ” ငါ ဒီအတုိင္းထိုင္ေနလို႕ကေတာ့ အရဟတၱဖိုလ္က သူ႕အလိုလို ငါ့ဆီေရာက္လာမွာမဟုတ္ဘူး။
တရားအားထုတ္မွပဲ။ တရားအားထုတ္တဲ့ေနရာမွာလည္း င့ါမွာ ေလာကီအတြက္ ဘာမွငဲ့စရာမရွိေတာ့
ဘိကၡဳနီ၀တ္ၿပီး တရားအားထုတ္တာက အေကာင္းဆံုးပဲ ” ဆိုၿပီး ဘိကၡဳနီမ ၀တ္လိုက္ပါတယ္။ ဆိတ္ၿငိမ္တဲ့
ေနရာတစ္ခုမွာသြားၿပီး တရားအားထုတ္လိုက္တာ “အရဟတၱဖိုလ္” ရသြားပါေတာ့တယ္။ ဒီေတာ့ တကယ့္
ကိေလသာအညစ္အေၾကးကင္းစင္သူ ၀ိမလာ ျဖစ္သြားေတာ့တာပါ။

၀ိမလာဟာ အရွင္မဟာေမာဂၢလာန္ဆီကို သြားတုန္းက ရာဂစိတ္နဲ႕ သြားခဲ့တာပါ။ သာမန္အားျဖင့္ေတြးရင္
ရာဂစိတ္ တဏွာစိတ္ကလည္း ျပင္းထန္၊ လုပ္တဲ့အလုပ္ကလည္း ျပည့္တန္ဆာအလုပ္
ဆိုေတာ့ ဘယ္လိုမွ တရားထူး တရားျမတ္ ရႏိုင္စရာ အေၾကာင္း မရွိပါဘူး။

ဒါေပမယ့္ လူဟာ ပစၥဳပၸန္တည့္တည့္မွာ ကိုယ္ျဖစ္ေနတဲ့စိတ္နဲ႕ ႐ုပ္ကို တည့္တည့္
ဥာဏ္နဲ႕ စိုက္ၾကည့္လိုက္ႏိုင္ဖို႕ပါပဲ။ ဥာဏ္နဲ႕ တည့္တည့္စိုက္ၾကည့္လိုက္တာနဲ႕
တစ္ၿပိဳင္နက္ လက္ရွိရပ္တည္ေနတဲ့ ရပ္တည္ခ်က္နဲ႕ အမွန္ အမွားကို
သိခြင့္ရသြားတတ္ပါတယ္။လူဟာ ကိုယ့္ဘ၀ကိုယ္ အမွန္အတုိင္း သိသြား ဖို႕ပဲ အေရးႀကီးပါတယ္။ ပုထုဇဥ္ပီပီ ဘယ္သူမွအျပစ္အကင္းၾကပါဘူး။

အျပစ္ဆုိလို႕ “ဆရာနႏၵာသိန္းဇံ” ရဲ႕ ” မနက္ျဖန္မ်ားကို ျဖတ္သန္းေနေသာစိတ္ကူးမ်ား ”
စာအုပ္ထဲက ပံု၀တၳဳေလးတစ္ပုဒ္ကို သြားသတိရပါတယ္။
အဲဒီ၀တၳဳေလးထဲကို ခပ္က်ဥ္းက်ဥ္းေလာက္ ျပန္ေျပာျပရေအာင္ပါ။

တစ္ခါတုန္းက ဘာသာေရးပုဂၢိဳလ္ေတြအပါအ၀င္ လူတစ္စုဟာ ဂ်ီးဇက္ (Jesus Christ) ဆီ
ကို ျပည့္တန္ဆာမတစ္ဦးကို ေခၚလာၾကတယ္။ အဲ့ဒီအမ်ိဳးသမီးဟာ မေကာင္းတဲ့အက်င့္ကို ျပဳတဲ့အတြက္
အျပစ္ရွိတယ္ဆုိၿပီး ဒီလူေတြကေခၚလာၾကတာပါ။ ဂ်ီးဇက္ဆီေရာက္တဲ့အခါက်ေတာ့ အဲဒီဘာသာေရးပုဂၢိဳလ္
ေတြက ” ျပည့္တန္ဆာမကို ေက်ာက္ခဲနဲ႕ ပစ္ေပါက္အျပစ္ေပးရမယ္လို႕ ေမာေရွ (MOSES) က
အမိန္႕ခ်ခဲ့ေၾကာင္း၊ ဒီကိစၥမွာ သင္ေကာ ဘယ္လိုအမိန္႕ခ်မလဲ” လုိ႕ ဂ်ီးဇက္ကို ၀ိုင္းေမးၾကပါတယ္။

ဂ်ီးဇက္ဟာ သူတုိ႕ကို ေမာ့မၾကည့္ဘဲ သူ႕လက္ေခ်ာင္းနဲ႕ ေျမႀကီးေပၚမွာ စာေရးေနပါတယ္တဲ့။ ဂ်ီးဇက္ဆီက
အေျဖစကားမရမခ်င္း ဒီလူေတြက ေမးေနၾကပါတယ္။
ဒီေတာ့ ဂ်ီးဇက္က သူတုိ႕ကို ေမာ့ၾကည့္ၿပီးေတာ့ ” သင္တုိ႕အထဲက ကိုယ့္ကိုယ္ကို အျပစ္ကင္းတယ္
ဆိုတဲ့သူဟာ ေရွးဦးစြာပဲ ဒီအမ်ိဳးသမီးကို ခဲနဲ႕ေပါက္ ”လို႕ ေျပာလိုက္ပါတယ္။

ဂ်ီးဇက္ စကားၾကားလိုက္ေတာ့ ျပည့္တန္ဆာမကို ဘယ္သူမွ ခဲနဲ႕မေပါက္ျဖစ္ေတာ့ဘဲ တစ္ေယာက္ေနာက္
တစ္ေယာက္လိုက္ၿပီး ထြက္သြားၾကလိုက္တာ တစ္ေယာက္မွ မက်န္ရစ္ေတာ့ပါဘူးတဲ့။

သူတို႕အားလံုးျပန္သြားမွ ဂ်ီးဇက္ က ျပည့္တန္ဆာမကို ေနာက္ထပ္အျပစ္ေတြ၊ မေကာင္းမႈ ေတြ မလုပ္နဲ႕လို႕ဆံုးမၿပီး သြားလိုရာသြားဖို႕ ခြင့္ျပဳလိုက္ပါတယ္။

♦ သူတစ္ပါးအျပစ္အေၾကာင္း စဥ္းစားမိတုိင္း ဆရာနႏၵာသိန္းဇံ ေျပာျပတဲ့ ပံု၀တၳဳေလးကို သတိ
ရျမဲပါ။ ဒီပံု၀တၳဳေလးက ဂ်ာနယ္မွာ ပါလာကတည္းက စြဲခဲ့တဲ့ ပံု၀တၳဳေလးပါ။

ဟုိတေလာေလးကပဲ သတင္းတစ္ခု ေရာက္လာပါတယ္။ ၀ိမလာတို႕လို အမ်ိဳးသမီးေတြကို အမွတ္-၁၈၊
နတ္ေမာက္လမ္းသြယ္(၁)၊ ဗဟန္းမွာရွိတဲ့ လုူမႈ ၀န္ထမ္းဦးစီးဌာနမွာ ျပဳျပင္ေစာင့္ေရွာက္ေပးထားတယ္တဲ့။ ဆြမ္းဒါနျပဳမယ္ဆိုရင္လည္းတစ္ေန႕တာလံုးမွေလးေသာင္းပဲက်ပါတယ္တဲ့။ကိုယ္ႏိုင္ရာအ႐ုဏ္ပဲျဖစ္ျဖစ္၊
 ေန႕လယ္ဆြမ္းပဲျဖစ္ျဖစ္ ခြဲေကၽြးရင္လည္း ရပါတယ္တဲ့။

♦ သူတို႕ေလးေတြဟာ တကယ့္ ပထမအရြယ္ေလးေတြပါ။ ဒီပထမအရြယ္ေလးေတြမွာ ဘ၀လမ္းေၾကာင္းမွားေနတာဟာ သိတဲ့လူတုိင္းမွာ တာ၀န္ရွိပါတယ္။

♦ ဘာျဖစ္လုိ႕လဲဆိုေတာ့ သံသရာမွာ ေဆြမ်ိဳးမေတာ္ခဲ့သူဆုိတာ ရွိကိုမရွိပါဘူး။
အေမပဲျဖစ္ျဖစ္၊ အစ္မပဲျဖစ္ျဖစ္၊ ညီမပဲျဖစ္ျဖစ္၊ ေနာက္ဆံုး ဇနီးမယားပဲ ျဖစ္ျဖစ္ ေတာ္ခဲ့ၾကမွာပါ။
ေယာဆရာေတာ္ဘုရား မၾကာခဏေဟာသလို “ဘ၀ေတြေ၀းသြားလို႕ တစိမ္းေတြ ျဖစ္သြားၾကတာပါ။ ”
အားလံုးဟာ ေဆြမ်ိဳးေတြခ်ည္းပါပဲ။
သံသရာတစ္ေကြ႕မွာ ေဆြမ်ိဳးေတာ္ခဲ့ရင္ သူတို႕ရဲ႕ ေက်းဇူးေလးေတြလည္း ရွိခဲ့မွာပါ။
အဲဒီေက်းဇူးေလးေတြကို အာ႐ံုျပဳၿပီး ကိုယ္က သူတို႕ကို ကူညီလို႕ရတဲ့ အေနအထားနဲ႕ ကူညီေပးဖို႕ပါ။

♦ တကယ္ေတာ့ သူတို႕ဟာ ျဖစ္ခ်င္လို႕ျဖစ္သြားရတာ မဟုတ္ပါဘူး။ ေနာက္ကြယ္မွာ အေၾကာင္း
အမ်ိဳးမ်ိဳး ရွိေနၾကမွာပါ။ ၿပီးေတာ့ လူေတြရဲ႕ အၾကင္နာကို မရေတာ့ စိတ္ဓာတ္ေရးရာအရလည္း သာမန္ပုဂၢိဳလ္ေတြနဲ႕ မတူဘဲ ျဖစ္ေနတတ္ပါတယ္။ဒီေတာ့ တစ္ဖက္သားကိုၾကည္တ့ဲ့အခါ မယံုတဲ့စိတ္၊ သံသယျဖစ္တဲ့စိတ္၊နာၾကည္းတဲ့စိတ္၊အလိုမက်တဲ့စိတ္ေတြကလည္း လႊမ္းမိုးေနမွာပါ။

စိတ္ေၾကာင့္ျဖစ္တဲ့ဒဏ္ရာကို စိတ္ကိုအေျခခံၿပီး႐ႈရတဲ့ ၀ိပႆနာနဲ႕ ကုလိုက္တာဟာ အထိေရာက္ဆံုးျဖစ္မယ္လို႕ထင္ပါတယ္။ဒါကတရားသေဘာဓမၼ႐ႈေထာင့္က ေျပာတာပါ။ ဌာနက ျပဳစုေစာင့္ေရွာက္နည္းေတြနဲ႕လည္း ျပဳစုေစာင့္ေရွာက္ေပါ့ေလ။ တစ္ဖက္က ၀ိပႆနာေလးပါ
တြဲသြားႏိုင္ရင္ အေကာင္းဆံုးပါပဲ။သတင္းၾကားကတည္းက စိတ္ထဲမွာ ေတးထားလုိက္တာေပ့ါေလ။
ဆြမ္းလည္းေကၽြးရင္းေပ့ါ ေလ။

ၿပီးေတာ့ တရားလည္း ေဟာခ်င္ခဲ့ပါတယ္။ အထူးသျဖင့္ေတာ့ ၀ိပႆနာတရား အဓိကထား
ေဟာခဲ့ခ်င္ပါတယ္။ ထိုင္မွတ္ မွတ္တဲ့အခါ ဘယ္လိုမွတ္ရတယ္။ စၾကၤၾကြတဲ့အခါ ဘယ္လိုၾကြရတယ္။ အိပ္ရာထတဲ့အခါ၊ မ်က္ႏွာသစ္တဲ့အခါ၊ ထမင္းစားတဲ့အခါ၊ေအာက္ထစ္ဆံုး က်င္ႀကီးက်င္ငယ္ စြန္႕တဲ့အခါ ….စသည္ျဖင့္ေပ့ါေလ။ ဘယ္လိုမွတ္ရတယ္ဆိုတာ ေဟာျပေပးခဲ့ခ်င္တာပါ။

ဒီလို အေနအထားေရာက္ေနတဲ့သူတင္ မဟုတ္ပါဘူး။ ဘယ္လို အေနအထားပဲ ေရာက္ေန၊
ေရာက္ေနစိတ္ဓာတ္ေရးရာအရျပဳျပင္ယူရတဲ့အခါ ၀ိပႆနာနဲ႕ျပဳျပင္ယူတာ အေကာင္းဆံုးနဲ႕ အထိ
ေရာက္ဆံုးပါ။ ၀ိပႆနာအားထုတ္ရင္း အားထုတ္ရင္းနဲ႕ ဥာဏ္စဥ္ေလးေတြ ၀င္၀င္လာပါလိမ့္မယ္။

အားထုတ္ခါစမွာေတာ့ ခ်က္ခ်င္း၀င္လာဦးမွာ မဟုတ္ဘူး။ ရက္ကေလးရလာတာနဲ႕ ၀င္လာမွာပါ။ ႐ုပ္နဲ႕နာမ္
ခြဲျခားၿပီးသိသြားတာ၊ အေၾကာင္းနဲ႕အက်ိဳးကို ခြဲျခားသိသြားတာ၊မျမဲတဲ့သေဘာ ဆင္းရဲတဲ့သေဘာ ၊ အစိုးမရတဲ့သေဘာေတြကို ျမင္လာတာ စသည္ျဖင့္ေပါ့။

ဥာဏ္စဥ္ေတြ၀င္လာတာနဲ႕ ကိုယ္လုပ္ေနတဲ့အလုပ္မွားသလား မွန္သလားဆုိတာပါ သိသြားမွာပါ။
ပါရမီပါခဲ့ရင္ ၀ိမလာတို႕လို တရားထူး တရားျမတ္ေတြေတာင္ရသြားႏိုင္ပါတယ္။

ၿပီးေတာ့ ငယ္တုန္း တရားအားထုတ္ရတာ အေကာင္းဆံုးပါပဲ။ အသက္ႀကီးလာရင္ ႐ုပ္က
လည္းအို၊ နာမ္ကလည္းအိုလာၿပီး တရားအားထုတ္ရတာ မေကာင္းေတာ့ပါဘူး။

ဘာပဲေျပာေျပာ ကိုယ္က လူဘ၀ကို ပီပီျပင္ျပင္ ရထားတယ္။ ၿပီးေတာ့ ရခဲျခင္းေလးပါးကိုလည္း ရထားတယ္။
ဒီေတာ့ ၀ိပႆနာတရားကိုလည္း အားထုတ္လုိက္ရင္ ဘ၀ရဲ႕အမွန္တရားကို အလင္းတစ္ခုအေနနဲ႕
သိခြင့္ရလုိက္ၾကမွာပါ။

ဒီေဆာင္းပါးကို မဟာစည္ဆရာေတာ္ဘုရားႀကီးရဲ႕ လကၤာေလးေတြနဲ႕ပဲ နိဂံုးခ်ဳပ္လိုက္ၾကရေအာင္ပါ။

၁။ လူတစ္ေယာက္ဟာ ၊ ျဖစ္ဖို႕ရာ ၊ လြန္စြာခဲယဥ္းသည္ ။
ျဖစ္ခဲလွစြာ ၊ လူဆိုတာ ၊ ျဖစ္ကာေနၾကၿပီ ။
၂။ လူတစ္ေယာက္ဟာ ၊ ရွင္ဖို႕ရာ ၊ လြန္စြာခဲယဥ္းသည္ ။
ရွင္ခဲလွစြာ ၊ သက္ဆိုတာ ၊ ရွင္ကာေနၾကၿပီ ။
၃။ တရားေတာ္ဟာ ၊ နာဖို႕ရာ ၊ လြန္စြာခဲယဥ္းသည္။
နာရခဲစြာ ၊ တရားဟာ ၊ နာကာေနၾကၿပီ ။
၄။ သာသနာဟာ ၊ ေတြ႕ဖို႕ရာ ၊ လြန္စြာခဲယဥ္းသည္ ။
ေတြ႕ခဲလွစြာ ၊ သာသနာ ၊ ေတြ႕ကာေနၾကၿပီ ။

အေၾကာင္းေလးျဖာ ၊ ဆံုဖို႕ရာ ၊ လြန္စြာခဲယဥ္းသည္ ။
ဆံုခဲလွစြာ ၊ ေၾကာင္းေလးျဖာ ၊ ဆံုကာေနၾကၿပီ ။
အေၾကာင္းေလးျဖာ ၊ ဆံုခိုက္မွာ ၊ အရိယာမဂ္ဟာ ရသင့္သည္ ။

- [အရွင္ရာဇိႏၵ ( ရေ၀ႏြယ္-အင္းမ)]
က်မ္းကိုး – ေထရီအ႒ကထာ ၊ ၀ိမလာေထရီ၀တၳဳ ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:(ဆရာေတာ္ ရေ၀ႏြယ္ (အင္းမ) ၏ အေတြးမ်ားႏွင့္မိတ္ဖြဲ႕ျခင္း မွ-)



#Unicode Version
လွန်ခဲ့သောနှစ်ပေါင်း၂၅၀၀ကျော်လောက်က တကယ့်ဖြစ်ခဲ့တဲ့ ဇာတ်လေးတစ်ပုဒ်ကို အရင်ပြောပြရအောင်ပါ။

ကာလအနေနဲ့ပြောရင် မြတ်စွာဘုရားပွင့်တော်မူနေတဲ့ ကာလပါ။ ပြည်က ဝေသာလီပြည်မှာပါ။
အဲဒီကာလ အဲဒီဝေသာလီပြည်မှာပဲ “မဝိမလာ” လို့ အမည်ရတဲ့ အမျိုးသမီးလေးတစ်ယောက်
ရှိခဲ့ဖူးပါတယ်။ ဝိမလာရဲ့အဓိပ္ပာယ်က အညစ်အကြေး ကင်းစင်သူ၊ သန့်ရှင်းစင်ကြယ်သူပါ။
ဒါက တင်စားထားတဲ့ ရုဠီ နာမည်ပါ။ တကယ့်အရှိ အနွတ္ထအမည် မဟုတ်ပါဘူး။
ဝိမလာဟာ ဝေသာလီပြည်မှာ အလှဆုံးစာရင်းဝင် တစ်ယောက်ပါ။

သူ့ရဲ့ ထူးခြားချက်ကတော့ အမေဖြစ်သူက ပြည့်တန်ဆာမတစ်ယောက်ဖြစ်တဲ့အတွက် သူလည်း အရွယ်ရောက်လာတဲ့အခါ မိခင်ရဲ့အလုပ်ကို ဆက်လုပ်ရပါတယ်။

ဝိမလာဟာ ဝေသာလီပြည်သားတွေရဲ့ ပါးစပ်ဖျားမှာလည်း” ဝိမလာ ၊ဝိမလာ ” ဆိုပြီး
ရေပန်းစားနေပါတယ်။ ဝိမလာရဲ့ဆီကို သူဌေးသူကြွယ်တွေလောက်ပဲသွားနိုင်ပါတယ်။ ကျန်တဲ့ သာမန်လူတွေ တော့မသွားနိုင်ပါဘူး။ဝိမလာကိုယ်တိုင်ကလည်းသူ့ရဲ့အလှသူ့ရဲ့အောင်မြင်ကျော်ကြားမှု
အပေါ် သိပ်ပြီးဂုဏ်ယူပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ အရှင်မဟာမောဂ္ဂလာန် ဟာ ဝေသာလီပြည်ထဲကို ဆွမ်းခံကြွလာပါတယ်။ ကြွလာရင်းဝိမလာ ရဲ့ အိမ်ရှေ့ရောက်လာတော့ တိုက်တိုက်ဆိုင်ဆိုင် ဝိမလာက အိမ်ထဲကနေ အပြင်ကို ထွက်အကြည့်နဲ့ဆုံသွားပါတယ်။ ဝိမလာက အရှင်မဟာမောဂ္ဂလာန် ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက်
 ရင်ခုန်သွားပါသတဲ့။ပြီးတော့ ချစ်တဲ့စိတ်လည်း ဖြစ်သွားပါသတဲ့။
တစ်စုံတစ်ယောက်ကိုချစ်မိရင် အဲဒီသူဆီက အချစ်ကိုလည်း ပြန်လိုချင်တာက ဓမ္မတာပါ။
ဝိမလာဟာ အရှင်မဟာမောဂ္ဂလာန်ဆီက အချစ်ကိုရဖို့အတွက် အပြင်းအထန် စဉ်းစားပါတယ်။
ကိုယ့်ကိုယ် ကို ပြန်ကြည့်လိုက်တော့ သူ့ရဲ့ ထူးခြားတဲ့အလှကို တွေ့လိုက်ရပါတယ်။
ဒါကြောင့် အိမ်မှာရှိတဲ့ အဝတ်တွေ ထဲက ကောင်းပေ့ဆိုတဲ့အဝတ်တစုံကို ထုတ်ဝတ်လိုက်ပါတယ်။ တန်ဖိုးအကြီးဆုံး လက်ကောက်တို့၊ ဆွဲကြိုးတို့ကိုလည်း ဝတ်ဆင်လိုက်ပါတယ်။ အကောင်းဆုံး နံ့သာဆီတွေကိုလည်း လိမ်းလိုက်ပါတယ်။
အရင်ပြင်နေကျနေ့တွေထက် ပိုပြင်လိုက်ပါတယ်။ ပြီးတော့ ကိုယ်လုံးပေါ်မှန်ရှေ့ ရပ်လိုက်ပါတယ်။ မှန်ထဲ ကြည့်ပြီးသူ့ရဲ့အလှနဲ့ သူ့ရဲ့ပြင်ဆင်ခြယ်သထားမှုအပေါ်ကိုလည်း စိတ်ချသွားပါတယ်။

စိတ်တိုင်းကျပြုပြင်ပြီးပြီဆိုမှ အဖော်သီးခြားမခေါ်တော့ဘဲ အရှင်မဟာမောဂ္ဂလာန် ရှိရာ ကျောင်းကို တစ်ယောက်တည်းပဲ ထွက်ခဲ့ပါတယ်။
အရှင်မဟာမောဂ္ဂလာန်ဆီရောက်တော့ ရှိခိုးဦးချလိုက်ပါတယ်။ အရှင်မဟာမောဂ္ဂလာန်ကို အနီးကပ်တွေ့လိုက်ရတော့ ရင်က ပိုပြီးခုန်သွားပြန်ပါတယ်။
ပြီးတော့ အရှင်မဟာမောဂ္ဂလာန်ကို သံယောဇဉ်ရှိတဲ့ အကြောင်း နှုတ်ကဖွင့်ပြောလို့မရတဲ့ အတွက်
အမူအရာလေးတွေနဲ့ ပြပါတယ်။
အရှင်မဟာမောဂ္ဂလာန်ကတော့ ဝိမလာရဲ့စိတ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ ကောင်းကောင်းသိပါတယ်။

ဒီတော့ အရှင်မဟာမောဂ္ဂလာန်က အလှကိုအမှီပြုပြီး အလှနဲ့ဆွယ်နေတဲ့ ဝိမလာကို အလှရဲ့
ဆန့်ကျင်ဘက်ဖြစ်တဲ့ အသုဘတရားကို ဟောပါတယ်။
” နှမ ဝိမလာ …… သင့်ရဲ့ခန္ဓာကိုယ်ဟာ စက်ဆုပ် ရွံရှာဖွယ်တွေနဲ့ ပြည့်နေတယ်။ ပြီးတော့ အပုပ်နံ့တွေနဲ့လည်းနံစော်နေတယ်။ သူတစ်ပါးရဲ့ ခန္ဓာကိုယ်ဟာလည်း ဒီအတိုင်းပဲ။
သင့်နှမဟာ စက်ဆုပ်ဖွယ်ဖြစ်တဲ့ ခန္ဓာကိုယ်အချင်းချင်း တပ်မက်နေတယ် ”
အရှင်မဟာမောဂ္ဂလာန်ကဝိမလာရဲ့ နှလုံးသားထဲအထိ ရောက်သွားအောင်ဝိမလာသဘောပေါက်သွားအောင်
အသုဘတရားကို အကျယ်ဟောပြပါတယ်။

အရှင်မဟာမောဂ္ဂလာန်က ဂါထာတွေအများကြီးနဲ့ ဟောပြတာပါ။ ဒီမှာတော့ တစ်ပုဒ်ပဲ ရေးပြလိုက်ပါတယ်။
အတိတ်အတိတ်ဘဝတွေက ပါရမီပါလာခဲ့သူလည်းဖြစ်၊ ဟောနေတဲ့သူကလည်း အရှင်မဟာ
မောဂ္ဂလာန် ဖြစ်ဆိုတော့ ချက်ချင်း အသိမှန်ကို ရသွားပါတယ်။ တရားထူးတော့ မရသေးပါဘူး။ ဒါကြောင့်

ဝိမလာက ” အရှင်ဘုရား …. တပည့်တော်ကို ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်တဲ့ ဥပါသိကာမ
အဖြစ် အသိအမှတ် ပြုပါဘုရား “လို့ လျှောက်လိုက်ပါတယ်။ ဝိမလာဟာ အိမ်ရောက်တော့ အရှင်မဟာမောဂ္ဂလာန်ဟောခဲ့တဲ့တရား၊ ဟောလိုက်တဲ့ တရားက ခေါင်းထဲက မထွက်တော့ပါဘူး။ ဒါကြောင့် နှာဖူးပေါ်လက်တင်ပြီးစဉ်းစားပါတယ်။

” လူ့ဘဝကို ရရှိဖို့ရာလည်း သိပ်ပြီးခဲယဉ်းတယ်။ အသက်ရှင်နေဖို့လည်း ခဲယဉ်းတယ်။

တရားတော်ကို နာကြားခွင့်ရဖို့လည်း ခဲယဉ်းတယ်။ မြတ်စွာဘုရား သာသနာနဲ့ တွေ့ကြုံဖို့လည်း
ခဲယဉ်းတယ်။ ငါဟာ ရခဲတဲ့ ခဲယဉ်းတဲ့ တရားလေးပါးကို ရနေတယ်။ ရခဲခြင်းတရားလေးပါးကို ရနေခိုက်မှာ
အရှင်မဟာမောဂ္ဂလာန် မျှော်လင့်တဲ့ ၊ ရစေချင်တဲ့ အရဟတ္တဖိုလ်ကို ရအောင်ရှာမှပဲ ”

ဝိမလာဟာ အဲဒီလိုစဉ်းစားပြီး သူ့ရဲ့လုပ်နေကျ ပြည့်တန်ဆာအလုပ်ကို ရပ်ပစ်လိုက်ပါတယ်။
သူ့ဆီလာနေကျ ပုဂ္ဂိုလ်တွေကတော့ တောက်တခေါက်ခေါက်နဲ့ပေ့ါ။ဝိမလာကတော့ ဂရုမစိုက်ပါဘူး။

ပြီးတော့ ” ငါ ဒီအတိုင်းထိုင်နေလို့ကတော့ အရဟတ္တဖိုလ်က သူ့အလိုလို ငါ့ဆီရောက်လာမှာမဟုတ်ဘူး။
တရားအားထုတ်မှပဲ။ တရားအားထုတ်တဲ့နေရာမှာလည်း င့ါမှာ လောကီအတွက် ဘာမှငဲ့စရာမရှိတော့
ဘိက္ခုနီဝတ်ပြီး တရားအားထုတ်တာက အကောင်းဆုံးပဲ ” ဆိုပြီး ဘိက္ခုနီမ ဝတ်လိုက်ပါတယ်။ ဆိတ်ငြိမ်တဲ့
နေရာတစ်ခုမှာသွားပြီး တရားအားထုတ်လိုက်တာ “အရဟတ္တဖိုလ်” ရသွားပါတော့တယ်။ ဒီတော့ တကယ့်
ကိလေသာအညစ်အကြေးကင်းစင်သူ ဝိမလာ ဖြစ်သွားတော့တာပါ။

ဝိမလာဟာ အရှင်မဟာမောဂ္ဂလာန်ဆီကို သွားတုန်းက ရာဂစိတ်နဲ့ သွားခဲ့တာပါ။ သာမန်အားဖြင့်တွေးရင်
ရာဂစိတ် တဏှာစိတ်ကလည်း ပြင်းထန်၊ လုပ်တဲ့အလုပ်ကလည်း ပြည့်တန်ဆာအလုပ်
ဆိုတော့ ဘယ်လိုမှ တရားထူး တရားမြတ် ရနိုင်စရာ အကြောင်း မရှိပါဘူး။

ဒါပေမယ့် လူဟာ ပစ္စုပ္ပန်တည့်တည့်မှာ ကိုယ်ဖြစ်နေတဲ့စိတ်နဲ့ ရုပ်ကို တည့်တည့်
ဉာဏ်နဲ့ စိုက်ကြည့်လိုက်နိုင်ဖို့ပါပဲ။ ဉာဏ်နဲ့ တည့်တည့်စိုက်ကြည့်လိုက်တာနဲ့
တစ်ပြိုင်နက် လက်ရှိရပ်တည်နေတဲ့ ရပ်တည်ချက်နဲ့ အမှန် အမှားကို
သိခွင့်ရသွားတတ်ပါတယ်။လူဟာ ကိုယ့်ဘဝကိုယ် အမှန်အတိုင်း သိသွား ဖို့ပဲ အရေးကြီးပါတယ်။ ပုထုဇဉ်ပီပီ ဘယ်သူမှအပြစ်အကင်းကြပါဘူး။

အပြစ်ဆိုလို့ “ဆရာနန္ဒာသိန်းဇံ” ရဲ့ ” မနက်ဖြန်များကို ဖြတ်သန်းနေသောစိတ်ကူးများ ”
စာအုပ်ထဲက ပုံဝတ္ထုလေးတစ်ပုဒ်ကို သွားသတိရပါတယ်။
အဲဒီဝတ္ထုလေးထဲကို ခပ်ကျဉ်းကျဉ်းလောက် ပြန်ပြောပြရအောင်ပါ။

တစ်ခါတုန်းက ဘာသာရေးပုဂ္ဂိုလ်တွေအပါအဝင် လူတစ်စုဟာ ဂျီးဇက် (Jesus Christ) ဆီ
ကို ပြည့်တန်ဆာမတစ်ဦးကို ခေါ်လာကြတယ်။ အဲ့ဒီအမျိုးသမီးဟာ မကောင်းတဲ့အကျင့်ကို ပြုတဲ့အတွက်
အပြစ်ရှိတယ်ဆိုပြီး ဒီလူတွေကခေါ်လာကြတာပါ။ ဂျီးဇက်ဆီရောက်တဲ့အခါကျတော့ အဲဒီဘာသာရေးပုဂ္ဂိုလ်
တွေက ” ပြည့်တန်ဆာမကို ကျောက်ခဲနဲ့ ပစ်ပေါက်အပြစ်ပေးရမယ်လို့ မောရှေ (MOSES) က
အမိန့်ချခဲ့ကြောင်း၊ ဒီကိစ္စမှာ သင်ကော ဘယ်လိုအမိန့်ချမလဲ” လို့ ဂျီးဇက်ကို ဝိုင်းမေးကြပါတယ်။

ဂျီးဇက်ဟာ သူတို့ကို မော့မကြည့်ဘဲ သူ့လက်ချောင်းနဲ့ မြေကြီးပေါ်မှာ စာရေးနေပါတယ်တဲ့။ ဂျီးဇက်ဆီက
အဖြေစကားမရမချင်း ဒီလူတွေက မေးနေကြပါတယ်။
ဒီတော့ ဂျီးဇက်က သူတို့ကို မော့ကြည့်ပြီးတော့ ” သင်တို့အထဲက ကိုယ့်ကိုယ်ကို အပြစ်ကင်းတယ်
ဆိုတဲ့သူဟာ ရှေးဦးစွာပဲ ဒီအမျိုးသမီးကို ခဲနဲ့ပေါက် ”လို့ ပြောလိုက်ပါတယ်။

ဂျီးဇက် စကားကြားလိုက်တော့ ပြည့်တန်ဆာမကို ဘယ်သူမှ ခဲနဲ့မပေါက်ဖြစ်တော့ဘဲ တစ်ယောက်နောက်
တစ်ယောက်လိုက်ပြီး ထွက်သွားကြလိုက်တာ တစ်ယောက်မှ မကျန်ရစ်တော့ပါဘူးတဲ့။

သူတို့အားလုံးပြန်သွားမှ ဂျီးဇက် က ပြည့်တန်ဆာမကို နောက်ထပ်အပြစ်တွေ၊ မကောင်းမှု တွေ မလုပ်နဲ့လို့ဆုံးမပြီး သွားလိုရာသွားဖို့ ခွင့်ပြုလိုက်ပါတယ်။

♦ သူတစ်ပါးအပြစ်အကြောင်း စဉ်းစားမိတိုင်း ဆရာနန္ဒာသိန်းဇံ ပြောပြတဲ့ ပုံဝတ္ထုလေးကို သတိ
ရမြဲပါ။ ဒီပုံဝတ္ထုလေးက ဂျာနယ်မှာ ပါလာကတည်းက စွဲခဲ့တဲ့ ပုံဝတ္ထုလေးပါ။

ဟိုတလောလေးကပဲ သတင်းတစ်ခု ရောက်လာပါတယ်။ ဝိမလာတို့လို အမျိုးသမီးတွေကို အမှတ်-၁၈၊
နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမှာရှိတဲ့ လုူမှု ဝန်ထမ်းဦးစီးဌာနမှာ ပြုပြင်စောင့်ရှောက်ပေးထားတယ်တဲ့။ ဆွမ်းဒါနပြုမယ်ဆိုရင်လည်းတစ်နေ့တာလုံးမှလေးသောင်းပဲကျပါတယ်တဲ့။ကိုယ်နိုင်ရာအရုဏ်ပဲဖြစ်ဖြစ်၊
 နေ့လယ်ဆွမ်းပဲဖြစ်ဖြစ် ခွဲကျွေးရင်လည်း ရပါတယ်တဲ့။

♦ သူတို့လေးတွေဟာ တကယ့် ပထမအရွယ်လေးတွေပါ။ ဒီပထမအရွယ်လေးတွေမှာ ဘဝလမ်းကြောင်းမှားနေတာဟာ သိတဲ့လူတိုင်းမှာ တာဝန်ရှိပါတယ်။

♦ ဘာဖြစ်လို့လဲဆိုတော့ သံသရာမှာ ဆွေမျိုးမတော်ခဲ့သူဆိုတာ ရှိကိုမရှိပါဘူး။
အမေပဲဖြစ်ဖြစ်၊ အစ်မပဲဖြစ်ဖြစ်၊ ညီမပဲဖြစ်ဖြစ်၊ နောက်ဆုံး ဇနီးမယားပဲ ဖြစ်ဖြစ် တော်ခဲ့ကြမှာပါ။
ယောဆရာတော်ဘုရား မကြာခဏဟောသလို “ဘဝတွေဝေးသွားလို့ တစိမ်းတွေ ဖြစ်သွားကြတာပါ။ ”
အားလုံးဟာ ဆွေမျိုးတွေချည်းပါပဲ။
သံသရာတစ်ကွေ့မှာ ဆွေမျိုးတော်ခဲ့ရင် သူတို့ရဲ့ ကျေးဇူးလေးတွေလည်း ရှိခဲ့မှာပါ။
အဲဒီကျေးဇူးလေးတွေကို အာရုံပြုပြီး ကိုယ်က သူတို့ကို ကူညီလို့ရတဲ့ အနေအထားနဲ့ ကူညီပေးဖို့ပါ။

♦ တကယ်တော့ သူတို့ဟာ ဖြစ်ချင်လို့ဖြစ်သွားရတာ မဟုတ်ပါဘူး။ နောက်ကွယ်မှာ အကြောင်း
အမျိုးမျိုး ရှိနေကြမှာပါ။ ပြီးတော့ လူတွေရဲ့ အကြင်နာကို မရတော့ စိတ်ဓာတ်ရေးရာအရလည်း သာမန်ပုဂ္ဂိုလ်တွေနဲ့ မတူဘဲ ဖြစ်နေတတ်ပါတယ်။ဒီတော့ တစ်ဖက်သားကိုကြည်တဲ့အခါ မယုံတဲ့စိတ်၊ သံသယဖြစ်တဲ့စိတ်၊နာကြည်းတဲ့စိတ်၊အလိုမကျတဲ့စိတ်တွေကလည်း လွှမ်းမိုးနေမှာပါ။

စိတ်ကြောင့်ဖြစ်တဲ့ဒဏ်ရာကို စိတ်ကိုအခြေခံပြီးရှုရတဲ့ ဝိပဿနာနဲ့ ကုလိုက်တာဟာ အထိရောက်ဆုံးဖြစ်မယ်လို့ထင်ပါတယ်။ဒါကတရားသဘောဓမ္မရှုထောင့်က ပြောတာပါ။ ဌာနက ပြုစုစောင့်ရှောက်နည်းတွေနဲ့လည်း ပြုစုစောင့်ရှောက်ပေါ့လေ။ တစ်ဖက်က ဝိပဿနာလေးပါ
တွဲသွားနိုင်ရင် အကောင်းဆုံးပါပဲ။သတင်းကြားကတည်းက စိတ်ထဲမှာ တေးထားလိုက်တာပေ့ါလေ။
ဆွမ်းလည်းကျွေးရင်းပေ့ါ လေ။

ပြီးတော့ တရားလည်း ဟောချင်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ဝိပဿနာတရား အဓိကထား
ဟောခဲ့ချင်ပါတယ်။ ထိုင်မှတ် မှတ်တဲ့အခါ ဘယ်လိုမှတ်ရတယ်။ စင်္ကြကြွတဲ့အခါ ဘယ်လိုကြွရတယ်။ အိပ်ရာထတဲ့အခါ၊ မျက်နှာသစ်တဲ့အခါ၊ ထမင်းစားတဲ့အခါ၊အောက်ထစ်ဆုံး ကျင်ကြီးကျင်ငယ် စွန့်တဲ့အခါ ….စသည်ဖြင့်ပေ့ါလေ။ ဘယ်လိုမှတ်ရတယ်ဆိုတာ ဟောပြပေးခဲ့ချင်တာပါ။

ဒီလို အနေအထားရောက်နေတဲ့သူတင် မဟုတ်ပါဘူး။ ဘယ်လို အနေအထားပဲ ရောက်နေ၊
ရောက်နေစိတ်ဓာတ်ရေးရာအရပြုပြင်ယူရတဲ့အခါ ဝိပဿနာနဲ့ပြုပြင်ယူတာ အကောင်းဆုံးနဲ့ အထိ
ရောက်ဆုံးပါ။ ဝိပဿနာအားထုတ်ရင်း အားထုတ်ရင်းနဲ့ ဉာဏ်စဉ်လေးတွေ ဝင်ဝင်လာပါလိမ့်မယ်။

အားထုတ်ခါစမှာတော့ ချက်ချင်းဝင်လာဦးမှာ မဟုတ်ဘူး။ ရက်ကလေးရလာတာနဲ့ ဝင်လာမှာပါ။ ရုပ်နဲ့နာမ်
ခွဲခြားပြီးသိသွားတာ၊ အကြောင်းနဲ့အကျိုးကို ခွဲခြားသိသွားတာ၊မမြဲတဲ့သဘော ဆင်းရဲတဲ့သဘော ၊ အစိုးမရတဲ့သဘောတွေကို မြင်လာတာ စသည်ဖြင့်ပေါ့။

ဉာဏ်စဉ်တွေဝင်လာတာနဲ့ ကိုယ်လုပ်နေတဲ့အလုပ်မှားသလား မှန်သလားဆိုတာပါ သိသွားမှာပါ။
ပါရမီပါခဲ့ရင် ဝိမလာတို့လို တရားထူး တရားမြတ်တွေတောင်ရသွားနိုင်ပါတယ်။

ပြီးတော့ ငယ်တုန်း တရားအားထုတ်ရတာ အကောင်းဆုံးပါပဲ။ အသက်ကြီးလာရင် ရုပ်က
လည်းအို၊ နာမ်ကလည်းအိုလာပြီး တရားအားထုတ်ရတာ မကောင်းတော့ပါဘူး။

ဘာပဲပြောပြော ကိုယ်က လူဘဝကို ပီပီပြင်ပြင် ရထားတယ်။ ပြီးတော့ ရခဲခြင်းလေးပါးကိုလည်း ရထားတယ်။
ဒီတော့ ဝိပဿနာတရားကိုလည်း အားထုတ်လိုက်ရင် ဘဝရဲ့အမှန်တရားကို အလင်းတစ်ခုအနေနဲ့
သိခွင့်ရလိုက်ကြမှာပါ။

ဒီဆောင်းပါးကို မဟာစည်ဆရာတော်ဘုရားကြီးရဲ့ လင်္ကာလေးတွေနဲ့ပဲ နိဂုံးချုပ်လိုက်ကြရအောင်ပါ။

၁။ လူတစ်ယောက်ဟာ ၊ ဖြစ်ဖို့ရာ ၊ လွန်စွာခဲယဉ်းသည် ။
ဖြစ်ခဲလှစွာ ၊ လူဆိုတာ ၊ ဖြစ်ကာနေကြပြီ ။
၂။ လူတစ်ယောက်ဟာ ၊ ရှင်ဖို့ရာ ၊ လွန်စွာခဲယဉ်းသည် ။
ရှင်ခဲလှစွာ ၊ သက်ဆိုတာ ၊ ရှင်ကာနေကြပြီ ။
၃။ တရားတော်ဟာ ၊ နာဖို့ရာ ၊ လွန်စွာခဲယဉ်းသည်။
နာရခဲစွာ ၊ တရားဟာ ၊ နာကာနေကြပြီ ။
၄။ သာသနာဟာ ၊ တွေ့ဖို့ရာ ၊ လွန်စွာခဲယဉ်းသည် ။
တွေ့ခဲလှစွာ ၊ သာသနာ ၊ တွေ့ကာနေကြပြီ ။

အကြောင်းလေးဖြာ ၊ ဆုံဖို့ရာ ၊ လွန်စွာခဲယဉ်းသည် ။
ဆုံခဲလှစွာ ၊ ကြောင်းလေးဖြာ ၊ ဆုံကာနေကြပြီ ။
အကြောင်းလေးဖြာ ၊ ဆုံခိုက်မှာ ၊ အရိယာမဂ်ဟာ ရသင့်သည် ။

- [အရှင်ရာဇိန္ဒ ( ရဝေနွယ်-အင်းမ)]
ကျမ်းကိုး – ထေရီအဋ္ဌကထာ ၊ ဝိမလာထေရီဝတ္ထု ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:(ဆရာတော် ရဝေနွယ် (အင်းမ) ၏ အတွေးများနှင့်မိတ်ဖွဲ့ခြင်း မှ-)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top