iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္က အလုပ္ကိစၥေၾကာင့္  ဒါမွမဟုတ္ ၀ါသနာပါလို႔ကို ခရီးခဏခဏ ထြက္ရတဲ့သူ၊ ထြက္တတ္တဲ့သူမ်ိဳးလား။ ဒီလိုလူမ်ိဳးမဟုတ္ပဲ ခရီးစဥ္တစ္ခုကို အခ်ိန္နီးမွ သိလိုက္ရလို႔ ဘာေတြယူေဆာင္သြားရမွန္း မသိေတာ့ပဲ ဗ်ာမ်ားေနရတဲ့ သူမ်ိဳးလား။ ဘယ္လိုပဲျဖစ္ျဖစ္ ခရီးသြားေတာ့မယ္ဆိုတာနဲ႔ လိုအပ္တဲ့ပစၥည္ေတြကို အခ်ိန္တုိအတြင္း မေမ့မေလ်ာ့ ထုပ္ပိုးႏိုင္မယ့္ ထိေရာက္တဲ့ နည္းလမ္းေလးေတြ သိရမယ္ဆုိရင္ အရင္ကထက္ေတာ့ ထုပ္ပိုးတဲ့အခါ ပိုမိုျမန္ဆန္သြားမွာပဲေလ။

၁။ပထမဆံုးအေနနဲ႔ သယ္သြားရယ့္ ပစၥည္းစာရင္းလုပ္ပါ။

လူေတာ္ေတာ္မ်ားမ်ားက ဒီအခ်က္ကို အေရးမႀကီးဘူးလို႔ ထင္တတ္ပါတယ္။ ေမ့ရင္လည္း ေမ့ေနတတ္ၾကပါလိမ့္မယ္။ အမွန္ေတာ့ ခရီးတစ္ခုသြားေတာ့မယ္ဆိုရင္ ပစၥည္းထုပ္ပိုးမႈအတြက္ အခ်ိန္ကုန္လည္း သက္သာေစၿပီး ဘာပစၥည္းမွ ေမ့မက်န္ခဲ့ေအာင္ ဒီအခ်က္ေလးက ကူညီႏိုင္ပါတယ္။

၂။ဓာတ္ပံုေလးေတြရဲ႕ အကူအညီကို ယူပါ။

ခုေနာက္ပိုင္း ဘယ္သူမဆို selfie ဓာတ္ပံုေလးေတြ ရိုက္တတ္ၾကပါတယ္။ ဘယ္အက်ႍယူရမလဲဆိုတာကို ဗီရိုေရွ႕ထုိင္စဥ္းစားေနတာထက္ ဓာတ္ပံုေတြ ျပန္ၾကည့္ၿပီး ဘယ္ဟာယူရင္ အဆင္ေျပမလဲေတြးၿပီး ပစၥည္းထည့္တာက ပိုျမန္ပါတယ္။

၃။ကိုယ့္လက္ကိုင္အိတ္ထဲမွာ ဖိနပ္တစ္ရံ ထည့္ထားပါ။

သြားမယ့္ ခရီးအတြက္ ဖိနပ္သံုးရံေလာက္ ယူသြားမယ္လုိ႔ ဆံုးျဖတ္ထားရင္ လက္ဆြဲအိတ္ထဲမွာ အျခားအ၀တ္အစားေတြနဲ႔ ပစၥည္းေတြအတြက္ ေနရာပိုွဆံ႔ေအာင္ ဖိနပ္သံုးရံထဲက တစ္ရံကို ကိုယ္နဲ႔အတူပါမယ့္ လက္ကိုင္အိတ္အႀကီးထဲ ထည့္သယ္သြားပါ။

၄။ဂ်င္းေဘာင္းဘီတစ္ထည္ကိုလည္း လက္ကိုင္အိတ္ထဲမွာပဲ သယ္သြားပါ။

လက္ကိုင္အိတ္ကေတာ့ ခပ္ႀကီးႀကီးျဖစ္ဖုိ႔ လိုတာေပါ့ေနာ္။ အေရးေပၚ လိုလာတဲ့အခါ ၀တ္ဖုိ႔အတြက္ ကိုယ္နဲ႔အတူရွိမယ့္ လက္ကိုင္အိတ္ထဲမွာပဲ ဂ်င္းေဘာင္းဘီတစ္ထည္ေလာက္ကိုလည္း ထည့္ထားပါ။ ဒါဆို ဟိုဘက္က ခရီးေဆာင္ အိတ္မွာလည္း အေလး သက္သာသြားပါလိမ့္မယ္။

၅။လက္ကိုင္အိတ္ထဲမွာ မ်က္ႏွာအတြက္ မရွိမျဖစ္လိုအပ္မယ့္ Two Way လိုမ်ိဳးအရာေတြ ပါေနပါေစ။

တစ္ခါတစ္ေလ ေလယာဥ္နဲ႔သြားတဲ့အခါ ကိုယ့္ရဲ႕ခရီးေဆာင္အိတ္ထုတ္ဖုိ႔အတြက္ ေစာင့္ေနရတဲ့အခါ မ်က္ႏွာမွာ အဆီျပန္ေနတာမ်ိဳးေတြ၊ ႏႈတ္ခမ္းနီ ပ်က္ေနတာမ်ိဳးေတြ မျဖစ္ေအာင္ အလွကုန္နည္းနည္းကိုလည္း လက္ကိုင္အိတ္ထဲ ထည့္သယ္လာခဲ့ပါ။

၆။ေနာက္ထပ္ အက်ီခပ္ပါးပါးတစ္ထည္ကိုလည္း လက္ကိုင္အိတ္ထဲ သယ္ဖုိ႔လိုတာပါပဲ။

လိုရမယ္ရ အခ်ိန္မ်ိဳးေတြအတြက္ ကိုယ့္လက္ကိုင္အိတ္ထဲမွာ ၀တ္စံုတစ္စံုပါေနေတာ့ ေကာင္းတာေပါ့။

၇။ကုိယ္သြားမယ့္ႏိုင္ငံ၊ အရပ္ေဒသရဲ႕ အေျခအေနကိုၾကည့္ၿပီး အ၀တ္အစားကို ထည့္ပါ။

ကုိယ္သြားမယ့္ေနရာက သိပ္ပူလြန္းတယ္ဆုိရင္ေတာ့ boot ဖိနပ္ေတြထက္စာရင္ flat ေလးေတြ၊ ဒါမွမဟုတ္ slipper ေလးေတြကိုသာ ယူသြားရပါလိ့မ္မယ္။ ဒီလိုပါပဲ။ အ၀တ္အစားကိုလည္း အထူႀကီးေတြေရွာင္ၿပီး ေပါ့ပါးမယ့္ ဒီဇိုင္းေလးေတြခ်ည္း ရွာထည့္သြားလိုက္ပါ။

၈။အိတ္ထဲေနရာပိုေအာင္ စဥ္းစားထည့္ပါ။

ေျခစြပ္ေတြကို ဖိနပ္ေတြထဲ ထည့္သယ္သြားႏိုင္သလို၊ ေအာက္ခံေဘာင္းဘီေတြကိုလည္း ဘရာစီယာအံုခြက္ေလးထဲ ထည့္သယ္လုိ႔ရတယ္ဆုိတာ မေမ့ပါနဲ႔။

၉။ဖိနပ္ေတြကို ၀တ္စံုနဲ႔အညီ အားလံုးသယ္မသြားပါနဲ႔။

ဒီ၀တ္စံုက ဒီဖိနပ္နဲ႔မွ လိုက္မယ္ဆုိၿပီး သယ္သမွ် ၀တ္စံုတုိင္းအတြက္ ဖိနပ္ေတြ အရံမ်ားစြာ သယ္သြားဖုိ႔မလိုပါဘူး။ ကိုယ္သယ္မယ့္ ၀တ္စံုနဲ႔ မ်ားေသာအားျဖင့္ လိုက္ဖက္မႈရွိႏိုင္မယ့္ ဖိနပ္မ်ိဳးေတြကိုသာ ေရြးသယ္ပါ။

၁၀။ခရီးသြားတဲ့အခါ ကိုယ္သြားတဲ့ေနရာကေန ျပန္သယ္လာတဲ့ ပစၥည္းေတြအတြက္ ေနရာစဥ္းစားသြားပါ။

ကိုယ္အလည္အပတ္သြားမယ့္ ေနရာမွာ ေရွာ့ပင္လုပ္မွာလား၊ ဟို၀ယ္ ဒီ၀ယ္အတြက္ ကိုယ့္အိတ္က ဘယ္ေလာက္ေနရာပိုဦးမလဲ စဥ္းစားပါ။ အဲ့ဒီ ျပန္သယ္လာရမယ့္ ပစၥည္းေတြအတြက္ ေနရာစဥ္းစားထားပါ။

၁၁။ယိုစိမ့္ႏိုင္တဲ့အရာေတြအတြက္ ပလတ္စတစ္အိတ္ေဆာင္ထားပါ။

တစ္ခါတစ္ေလ အလွကုန္ပစၥည္းေတြ၊ ေဘာ္ဒီလိုရွင္းလိုအရာမ်ိဳးေတြ၊ အရည္ပါတဲ့ ပစၥည္းေတြကို သယ္မယ္ဆုိရင္ ပလတ္စတစ္အိတ္နဲ႔ ပတ္ၿပီးေတာ့မွသာ ယူေဆာင္သြားပါ။

၁၂။ေပက်ံေစမယ့္အရာေတြကို အိတ္တစ္ခုထဲသပ္သပ္ထည့္ၿပီး သယ္ေဆာင္ပါ။

ခရီးေဆာင္အိတ္ထဲမွာ အကုန္ေရာၿပီး ပစၥည္းေတြ ထည့္လိုက္တဲ့အခါ ဖိနပ္ေတြနဲ႔ အ၀တ္အစားေတြ ေရာမသြားေအာင္လုိ႔ ဖိနပ္ကို အိတ္သပ္သပ္နဲ႔ထည့္သယ္တာမ်ိဳး ုလုပ္ပါ။

၁၃။ခရီးအစဥ္အတြက္ မရွိမျဖစ္လိုအပ္မယ့္ အရာေတြကို ပိုက္ဆံအိတ္ထဲ ထည့္ဖုိ႔မေမ့ပါနဲ႔။

မွတ္ပံုတင္၊ ပတ္စ္ပုိ႔ ၊ လက္မွတ္စတာေတြကို ပိုက္ဆံအိတ္ထဲ ေသေသခ်ာခ်ာ ထည့္သယ္ဖုိ႔ မေမ့ပါနဲ႔။

၁၄။လက္၀တ္ရတနာေတြကိုလည္း အိတ္ခြဲၿပီး ထည့္သယ္ပါ။

လက္၀တ္ရတနာေတြနဲ႔ ကိုယ့္အ၀တ္အစားေတြနဲ႔ ဟိုၿငိဒီၿငိျဖစ္တတ္တာမို႔ လက္၀တ္ရတနာထည့္တဲ့ အိတ္ေလးတစ္အိတ္ရွာၿပီး ထည့္သယ္ပါ။

၁၅။၀တ္ၿပီးသား အ၀တ္အစားေတြ ျပန္ထည့္သယ္ႏိုင္ဖုိ႔  အိတ္ယူသြားပါ။

ခရီးစဥ္အတြင္း ၀တ္ၿပီးသား အ၀တ္အစားေတြကို ေလွ်ာ္ဖြပ္ဖုိ႔ မလြယ္ပါဘူး။ ဒါ့ေၾကာင့္ ၀တ္ၿပီးသားအ၀တ္အစားေတြကို အသစ္ေတြနဲ႔ ခြဲထားႏိုင္ဖုိ႔ အိတ္သပ္သပ္တစ္လံုး ယူထားပါ။ ၀တ္ၿပီးသားေတြကို အိတ္ထဲခြဲထည့္ၿပီးမွ ခရီးေဆာင္အိတ္ထဲ ထည့္လိုက္ပါ။

Credit :trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ်က အလုပ်ကိစ္စကြောင့်  ဒါမှမဟုတ် ဝါသနာပါလို့ကို ခရီးခဏခဏ ထွက်ရတဲ့သူ၊ ထွက်တတ်တဲ့သူမျိုးလား။ ဒီလိုလူမျိုးမဟုတ်ပဲ ခရီးစဉ်တစ်ခုကို အချိန်နီးမှ သိလိုက်ရလို့ ဘာတွေယူဆောင်သွားရမှန်း မသိတော့ပဲ ဗျာများနေရတဲ့ သူမျိုးလား။ ဘယ်လိုပဲဖြစ်ဖြစ် ခရီးသွားတော့မယ်ဆိုတာနဲ့ လိုအပ်တဲ့ပစ္စည်တွေကို အချိန်တိုအတွင်း မမေ့မလျော့ ထုပ်ပိုးနိုင်မယ့် ထိရောက်တဲ့ နည်းလမ်းလေးတွေ သိရမယ်ဆိုရင် အရင်ကထက်တော့ ထုပ်ပိုးတဲ့အခါ ပိုမိုမြန်ဆန်သွားမှာပဲလေ။

၁။ပထမဆုံးအနေနဲ့ သယ်သွားရယ့် ပစ္စည်းစာရင်းလုပ်ပါ။

လူတော်တော်များများက ဒီအချက်ကို အရေးမကြီးဘူးလို့ ထင်တတ်ပါတယ်။ မေ့ရင်လည်း မေ့နေတတ်ကြပါလိမ့်မယ်။ အမှန်တော့ ခရီးတစ်ခုသွားတော့မယ်ဆိုရင် ပစ္စည်းထုပ်ပိုးမှုအတွက် အချိန်ကုန်လည်း သက်သာစေပြီး ဘာပစ္စည်းမှ မေ့မကျန်ခဲ့အောင် ဒီအချက်လေးက ကူညီနိုင်ပါတယ်။

၂။ဓာတ်ပုံလေးတွေရဲ့ အကူအညီကို ယူပါ။

ခုနောက်ပိုင်း ဘယ်သူမဆို selfie ဓာတ်ပုံလေးတွေ ရိုက်တတ်ကြပါတယ်။ ဘယ်အကျႍယူရမလဲဆိုတာကို ဗီရိုရှေ့ထိုင်စဉ်းစားနေတာထက် ဓာတ်ပုံတွေ ပြန်ကြည့်ပြီး ဘယ်ဟာယူရင် အဆင်ပြေမလဲတွေးပြီး ပစ္စည်းထည့်တာက ပိုမြန်ပါတယ်။

၃။ကိုယ့်လက်ကိုင်အိတ်ထဲမှာ ဖိနပ်တစ်ရံ ထည့်ထားပါ။

သွားမယ့် ခရီးအတွက် ဖိနပ်သုံးရံလောက် ယူသွားမယ်လို့ ဆုံးဖြတ်ထားရင် လက်ဆွဲအိတ်ထဲမှာ အခြားအဝတ်အစားတွေနဲ့ ပစ္စည်းတွေအတွက် နေရာပိုှဆံ့အောင် ဖိနပ်သုံးရံထဲက တစ်ရံကို ကိုယ်နဲ့အတူပါမယ့် လက်ကိုင်အိတ်အကြီးထဲ ထည့်သယ်သွားပါ။

၄။ဂျင်းဘောင်းဘီတစ်ထည်ကိုလည်း လက်ကိုင်အိတ်ထဲမှာပဲ သယ်သွားပါ။

လက်ကိုင်အိတ်ကတော့ ခပ်ကြီးကြီးဖြစ်ဖို့ လိုတာပေါ့နော်။ အရေးပေါ် လိုလာတဲ့အခါ ဝတ်ဖို့အတွက် ကိုယ်နဲ့အတူရှိမယ့် လက်ကိုင်အိတ်ထဲမှာပဲ ဂျင်းဘောင်းဘီတစ်ထည်လောက်ကိုလည်း ထည့်ထားပါ။ ဒါဆို ဟိုဘက်က ခရီးဆောင် အိတ်မှာလည်း အလေး သက်သာသွားပါလိမ့်မယ်။

၅။လက်ကိုင်အိတ်ထဲမှာ မျက်နှာအတွက် မရှိမဖြစ်လိုအပ်မယ့် Two Way လိုမျိုးအရာတွေ ပါနေပါစေ။

တစ်ခါတစ်လေ လေယာဉ်နဲ့သွားတဲ့အခါ ကိုယ့်ရဲ့ခရီးဆောင်အိတ်ထုတ်ဖို့အတွက် စောင့်နေရတဲ့အခါ မျက်နှာမှာ အဆီပြန်နေတာမျိုးတွေ၊ နှုတ်ခမ်းနီ ပျက်နေတာမျိုးတွေ မဖြစ်အောင် အလှကုန်နည်းနည်းကိုလည်း လက်ကိုင်အိတ်ထဲ ထည့်သယ်လာခဲ့ပါ။

၆။နောက်ထပ် အကျီခပ်ပါးပါးတစ်ထည်ကိုလည်း လက်ကိုင်အိတ်ထဲ သယ်ဖို့လိုတာပါပဲ။

လိုရမယ်ရ အချိန်မျိုးတွေအတွက် ကိုယ့်လက်ကိုင်အိတ်ထဲမှာ ဝတ်စုံတစ်စုံပါနေတော့ ကောင်းတာပေါ့။

၇။ကိုယ်သွားမယ့်နိုင်ငံ၊ အရပ်ဒေသရဲ့ အခြေအနေကိုကြည့်ပြီး အဝတ်အစားကို ထည့်ပါ။

ကိုယ်သွားမယ့်နေရာက သိပ်ပူလွန်းတယ်ဆိုရင်တော့ boot ဖိနပ်တွေထက်စာရင် flat လေးတွေ၊ ဒါမှမဟုတ် slipper လေးတွေကိုသာ ယူသွားရပါလိ့မ်မယ်။ ဒီလိုပါပဲ။ အဝတ်အစားကိုလည်း အထူကြီးတွေရှောင်ပြီး ပေါ့ပါးမယ့် ဒီဇိုင်းလေးတွေချည်း ရှာထည့်သွားလိုက်ပါ။

၈။အိတ်ထဲနေရာပိုအောင် စဉ်းစားထည့်ပါ။

ခြေစွပ်တွေကို ဖိနပ်တွေထဲ ထည့်သယ်သွားနိုင်သလို၊ အောက်ခံဘောင်းဘီတွေကိုလည်း ဘရာစီယာအုံခွက်လေးထဲ ထည့်သယ်လို့ရတယ်ဆိုတာ မမေ့ပါနဲ့။

၉။ဖိနပ်တွေကို ဝတ်စုံနဲ့အညီ အားလုံးသယ်မသွားပါနဲ့။

ဒီဝတ်စုံက ဒီဖိနပ်နဲ့မှ လိုက်မယ်ဆိုပြီး သယ်သမျှ ဝတ်စုံတိုင်းအတွက် ဖိနပ်တွေ အရံများစွာ သယ်သွားဖို့မလိုပါဘူး။ ကိုယ်သယ်မယ့် ဝတ်စုံနဲ့ များသောအားဖြင့် လိုက်ဖက်မှုရှိနိုင်မယ့် ဖိနပ်မျိုးတွေကိုသာ ရွေးသယ်ပါ။

၁၀။ခရီးသွားတဲ့အခါ ကိုယ်သွားတဲ့နေရာကနေ ပြန်သယ်လာတဲ့ ပစ္စည်းတွေအတွက် နေရာစဉ်းစားသွားပါ။

ကိုယ်အလည်အပတ်သွားမယ့် နေရာမှာ ရှော့ပင်လုပ်မှာလား၊ ဟိုဝယ် ဒီဝယ်အတွက် ကိုယ့်အိတ်က ဘယ်လောက်နေရာပိုဦးမလဲ စဉ်းစားပါ။ အဲ့ဒီ ပြန်သယ်လာရမယ့် ပစ္စည်းတွေအတွက် နေရာစဉ်းစားထားပါ။

၁၁။ယိုစိမ့်နိုင်တဲ့အရာတွေအတွက် ပလတ်စတစ်အိတ်ဆောင်ထားပါ။

တစ်ခါတစ်လေ အလှကုန်ပစ္စည်းတွေ၊ ဘော်ဒီလိုရှင်းလိုအရာမျိုးတွေ၊ အရည်ပါတဲ့ ပစ္စည်းတွေကို သယ်မယ်ဆိုရင် ပလတ်စတစ်အိတ်နဲ့ ပတ်ပြီးတော့မှသာ ယူဆောင်သွားပါ။

၁၂။ပေကျံစေမယ့်အရာတွေကို အိတ်တစ်ခုထဲသပ်သပ်ထည့်ပြီး သယ်ဆောင်ပါ။

ခရီးဆောင်အိတ်ထဲမှာ အကုန်ရောပြီး ပစ္စည်းတွေ ထည့်လိုက်တဲ့အခါ ဖိနပ်တွေနဲ့ အဝတ်အစားတွေ ရောမသွားအောင်လို့ ဖိနပ်ကို အိတ်သပ်သပ်နဲ့ထည့်သယ်တာမျိုး ုလုပ်ပါ။

၁၃။ခရီးအစဉ်အတွက် မရှိမဖြစ်လိုအပ်မယ့် အရာတွေကို ပိုက်ဆံအိတ်ထဲ ထည့်ဖို့မမေ့ပါနဲ့။

မှတ်ပုံတင်၊ ပတ်စ်ပို့ ၊ လက်မှတ်စတာတွေကို ပိုက်ဆံအိတ်ထဲ သေသေချာချာ ထည့်သယ်ဖို့ မမေ့ပါနဲ့။

၁၄။လက်ဝတ်ရတနာတွေကိုလည်း အိတ်ခွဲပြီး ထည့်သယ်ပါ။

လက်ဝတ်ရတနာတွေနဲ့ ကိုယ့်အဝတ်အစားတွေနဲ့ ဟိုငြိဒီငြိဖြစ်တတ်တာမို့ လက်ဝတ်ရတနာထည့်တဲ့ အိတ်လေးတစ်အိတ်ရှာပြီး ထည့်သယ်ပါ။

၁၅။ဝတ်ပြီးသား အဝတ်အစားတွေ ပြန်ထည့်သယ်နိုင်ဖို့  အိတ်ယူသွားပါ။

ခရီးစဉ်အတွင်း ဝတ်ပြီးသား အဝတ်အစားတွေကို လျှော်ဖွပ်ဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် ဝတ်ပြီးသားအဝတ်အစားတွေကို အသစ်တွေနဲ့ ခွဲထားနိုင်ဖို့ အိတ်သပ်သပ်တစ်လုံး ယူထားပါ။ ဝတ်ပြီးသားတွေကို အိတ်ထဲခွဲထည့်ပြီးမှ ခရီးဆောင်အိတ်ထဲ ထည့်လိုက်ပါ။

Credit :trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top