iMyanmarHouse.com - Best Property Website for Myanmar
×




Credit: 7 day daily



#Unicode Version

၂၀၁၆ အမေ ရိကန်ဂီတဆုပေးပွဲတွင် ကနေဒါ နိုင်ငံသား ရက်(ပ်)အဆိုတော် ဒရိတ်သည် ပထမဆုံးအကြိမ် အမေရိကန်ဂီတဆု ရရှိခဲ့သည်။ဒရိတ်သည် ‘Views’အယ်လ် ဘမ်ဖြင့် ၂၀၁၆  အနှစ်သက်ဆုံး ရက်(ပ်)၊ ဟစ်ဟော့ပ်အမ်လ်ဘမ် ဆု ရရှိခြင်းဖြစ်သည်။

စင်မြင့်ပေါ်တွင် ဆုလက်ခံ ရယူရာ၌ ဒရိတ်က ‘‘ကျေးဇူး အများကြီးတင်ပါတယ်။ အားလုံး ရဲ့ အောင်မြင်မှုကိုလည်း ဂုဏ် ယူပါတယ်။ ပြီးတော့ ဒီအယ်လ် ဘမ်ထုတ်လုပ်ဖို့ ကူညီခဲ့တဲ့သူတွေနဲ့ ထုတ်လုပ်သူတွေကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော့်ရဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါ တယ်။ ပြီးတော့ ကျွန်တော့်ရဲ့ မိဘတွေ၊ အဖေကတော့ ဒီဆုပေး ပွဲမှာရှိနေပါတယ်’’ဟု ပြောသည်။

အမေရိကန်ဂီတဆုပေးပွဲ တွင် ၂၀၁၆ အတွက် အကောင်း ဆုံးပေါ့ပ်အယ်လ်ဘမ်ဆုကို ဂျပ် စတင်ဘီဘာ၏ ‘Sorry’၊ အနှစ် သက်ဆုံး R&B အမျိုးသားအဆို တော်ဆုကို ခရစ္စဘရောင်းနှင့် အ နှစ်သက်ဆုံး R&B အမျိုးသမီး အဆိုတော်ဆုကို ရီဟားနား၊ အ နှစ်သက်ဆုံး   အမျိုးသမီးအဆို တော်ဆုကို ဆလီနာဂိုမက်ဇ်တို့က ရရှိခဲ့ကြသည်။

Credit: 7 day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top