iMyanmarHouse.com - Best Property Website for Myanmar
×

လတ္တေလာ လူမႈကြန္ယက္ေပၚမွာပ်ံ႕ႏွံ႕ေနတဲ့ ဖူးပြင့္သခင္ရဲ႕ ေကာလာဟလေတြနဲ႕ပတ္သက္ျပီး ပရိသတ္ေတြ ဒြိဟျဖစ္ေနၾကပါတယ္။ ဒါအမွန္လား၊ မဟုတ္ပဲနဲ႕ေရးသားထားတာမ်ိဳးလားဆုိျပီး သူမကို ခ်စ္တဲ့ပရိသတ္ေတြအားလံုးကလည္း ဒါကို ေသခ်ာသိခ်င္ေနၾကပါတယ္။ အဲ့ဒါနဲ႕ပတ္သက္ျပီး သူမကို အရင္က အိမ္ေထာင္က်ဖူးတယ္ဆိုတဲ့ page တစ္ခုက စတင္ထြက္ရွိလာတဲ့ ေကာလာဟလအေပၚ သူမရဲ႕ စိတ္ခံစားခ်က္ ဘယ္လိုရွိမယ္ဆိုတာ ေမးျမန္းၾကည့္ျဖစ္ခဲ့ပါတယ္။

" ညီမ အဲ့ဒီကိစၥကိုအမွန္အတိုင္းေျပာရရင္ မသိပါဘူး။ ဘာလို႕လဲဆိုေတာ့ ေဖ့စ္ဘြတ္ဆိုတာ ညီမဓာတ္ပံုတင္ဖို႕အတြက္ပဲ သံုးတာပါ။ အဲ့ဒီသတင္းတက္တဲ့အခ်ိန္ကလဲ ညီမ ဗုဒၶဂါယာမွာေရာက္ေနတဲ့အခ်ိန္ပါ။ ညီမတရားထုိင္တဲ့အခ်ိန္မွာအာရံုပ်ံ႕ႏွံ႕မွာစိုးလုိ႕ပါ။ ညီမကို ပရိသတ္ေတြလာေျပာေတာ့ျပန္သိရတယ္ေပါ့။ ဒါေပမဲ့ အဲ့ဒီလိုသိရတဲ့အခ်ိန္မွာ ညီမေဒါသေတာ့မထြက္သြားဘူး။ ဘာလုိ႕လဲဆိုေတာ့ ဗုဒၶဂါယာေရာက္ေနတဲ့အခ်ိန္မွာ ျဖစ္သြားတဲ့အတြက္ေပါ့။ ရန္ကုန္မွာဆိုရင္ေတာ့ တစ္မ်ိဳးျဖစ္ခ်င္ျဖစ္မွာေပ့ါေလ။ ဘာမွေျဖရွင္းစရာလဲ မလိုဘူးလို႕ထင္တယ္။ အဲ့ဒါေၾကာင့္ညီမေဖ့စ္ဘြတ္မွာလဲ ဘာမွမတင္ထားပါဘူး။ ညီမေတာင္ မသိတဲ့ကိစၥတစ္ခုကို သူတို႕ကသိေနတယ္ဆိုေတာ့လဲ အဲ့ဒီအေပၚမွာအေထြအထူးဘာမွေျပာစရာမရွိပါဘူး။ ပရိသတ္ကလဲ ညီမကို နားလည္တယ္။ သူတို႕နားလည္ေပးတဲ့အတြက္ေက်းဇူးလဲတင္တယ္။ ဘာမွစိတ္လဲမဆိုးဘူး။ ေဒါသလဲမထြက္ဘူး။ ဒါေပမဲ့ စိတ္မေကာင္းေတာ့ျဖစ္တယ္။ ေၾသာ္ငါ့ကို ဒီေလာက္မုန္းေနတဲ့သူ ရွိပါေသးလားဆိုၿပီးေတာ့ေပါ့။ က်န္တာကေတာ့ ဘာမွမျဖစ္ပါဘူး။ ၿပီးေတာ့ ညီမသူတို႕ကို chat box ကေနလဲ သြားမေမးပါဘူး။ ဗုဒၶဂါယာသြားေနတဲ့အခ်ိန္ ဖုန္းမသံုးသလုိ လိုင္းလဲမမိဘူး။ အဲ့ဒီကိစၥကို ညီမအံ့ၾသတာ ညီမေတာင္မသိတဲ့ကိစၥကို ညီမကဘာလို႕လွမ္းေမးမွာလဲေပါ့။ ညီမ မသိဘူး။ ဘာမွလဲ သြားမေမးထားပါဘူး။ ညီမ အဲ့ဒီလိုသြားစိန္ေခၚရေလာက္ေအာင္ သတၱိလဲမရွိပါဘူး။ အျပင္မွာညီမကို ျမင္ဖူးတဲ့သူတိုင္းသိပါတယ္။"လို႕ သူမက ပြင့္ပြင့္လင္းလင္း ေျပာျပသြားပါတယ္။

အခုလက္ရွိအႏုပညာလႈပ္ရွားမႈနဲ႕ပတ္သက္ျပီးေတာ့လညး္ သူမက ‘ ညီမ မေန႕ကမွ ဗုဒၶဂါယာကျပန္လာတယ္။ ဒီေန႕ ျမ၀တီမွာ ဗီဒီယိုတစ္ကားနဲ႕အမ္တီဗီတစ္ပုဒ္ရုိက္ဖို႕ေရာက္လာတယ္ေပါ့။ မင္းသားက ကိုေနေနာ္၊ ကိုေနဆန္းပါမယ္။ ညီမပါမယ္။ တျခားသရုပ္ေဆာင္ေတြလဲပါမယ္။ အက္ရွင္ကားေလးပါပဲ။ ‘ တဲ့။

ဗုဒၶဂါယာသြားရင္း ရရွိခဲ့တဲ့ အေတြ႕အၾကံဳေတြကိုေတာ့ "ညီမဟိုမွာ၁၅ ရက္ၾကာခဲ့တယ္။ အေမလဲပါတယ္။ အမ်ိဳးေတြလဲပါတယ္။ ညီမ ဟိုကိုသြားေတာ့ ဖုန္းေတြအကုန္ထားခဲ့တယ္။ အလုပ္ေတြလဲ ထားခဲ့တယ္။ ဘာမွမယူသြားဘူး။ ေအးေအးေဆးေဆးပဲ သြားခဲ့တယ္။ ညီမတို႕အဲ့ဒီမွာေနရာေတာ္ေတာ္စံုစံုကို သြားေရာက္ေလ့လာခဲ့တယ္။ ေနရာစံုေရာက္ခဲ့တယ္ေပါ့။ တစ္ေန႕ကိုတစ္ျမိဳ႕သြားခဲ့တယ္။ အဲ့ဒီအရပ္မွာအရမ္းေအးခ်မ္းတယ္။ ေဗာဓိေညာင္ပင္ေအာက္မွာ တရားထုိင္တဲ့အခ်ိန္မွာလဲ အရမ္းေအးခ်မ္းတယ္။"လို႕ သူမက ျပန္လည္ေ၀မ်ွသြားပါေသးတယ္။

Credit : TrendMyanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လတ်တလော လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတဲ့ ဖူးပွင့်သခင်ရဲ့ ကောလာဟလတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေ ဒွိဟဖြစ်နေကြပါတယ်။ ဒါအမှန်လား၊ မဟုတ်ပဲနဲ့ရေးသားထားတာမျိုးလားဆိုပြီး သူမကို ချစ်တဲ့ပရိသတ်တွေအားလုံးကလည်း ဒါကို သေချာသိချင်နေကြပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး သူမကို အရင်က အိမ်ထောင်ကျဖူးတယ်ဆိုတဲ့ page တစ်ခုက စတင်ထွက်ရှိလာတဲ့ ကောလာဟလအပေါ် သူမရဲ့ စိတ်ခံစားချက် ဘယ်လိုရှိမယ်ဆိုတာ မေးမြန်းကြည့်ဖြစ်ခဲ့ပါတယ်။

" ညီမ အဲ့ဒီကိစ္စကိုအမှန်အတိုင်းပြောရရင် မသိပါဘူး။ ဘာလို့လဲဆိုတော့ ဖေ့စ်ဘွတ်ဆိုတာ ညီမဓာတ်ပုံတင်ဖို့အတွက်ပဲ သုံးတာပါ။ အဲ့ဒီသတင်းတက်တဲ့အချိန်ကလဲ ညီမ ဗုဒ္ဓဂါယာမှာရောက်နေတဲ့အချိန်ပါ။ ညီမတရားထိုင်တဲ့အချိန်မှာအာရုံပျံ့နှံ့မှာစိုးလို့ပါ။ ညီမကို ပရိသတ်တွေလာပြောတော့ပြန်သိရတယ်ပေါ့။ ဒါပေမဲ့ အဲ့ဒီလိုသိရတဲ့အချိန်မှာ ညီမဒေါသတော့မထွက်သွားဘူး။ ဘာလို့လဲဆိုတော့ ဗုဒ္ဓဂါယာရောက်နေတဲ့အချိန်မှာ ဖြစ်သွားတဲ့အတွက်ပေါ့။ ရန်ကုန်မှာဆိုရင်တော့ တစ်မျိုးဖြစ်ချင်ဖြစ်မှာပေ့ါလေ။ ဘာမှဖြေရှင်းစရာလဲ မလိုဘူးလို့ထင်တယ်။ အဲ့ဒါကြောင့်ညီမဖေ့စ်ဘွတ်မှာလဲ ဘာမှမတင်ထားပါဘူး။ ညီမတောင် မသိတဲ့ကိစ္စတစ်ခုကို သူတို့ကသိနေတယ်ဆိုတော့လဲ အဲ့ဒီအပေါ်မှာအထွေအထူးဘာမှပြောစရာမရှိပါဘူး။ ပရိသတ်ကလဲ ညီမကို နားလည်တယ်။ သူတို့နားလည်ပေးတဲ့အတွက်ကျေးဇူးလဲတင်တယ်။ ဘာမှစိတ်လဲမဆိုးဘူး။ ဒေါသလဲမထွက်ဘူး။ ဒါပေမဲ့ စိတ်မကောင်းတော့ဖြစ်တယ်။ သြော်ငါ့ကို ဒီလောက်မုန်းနေတဲ့သူ ရှိပါသေးလားဆိုပြီးတော့ပေါ့။ ကျန်တာကတော့ ဘာမှမဖြစ်ပါဘူး။ ပြီးတော့ ညီမသူတို့ကို chat box ကနေလဲ သွားမမေးပါဘူး။ ဗုဒ္ဓဂါယာသွားနေတဲ့အချိန် ဖုန်းမသုံးသလို လိုင်းလဲမမိဘူး။ အဲ့ဒီကိစ္စကို ညီမအံ့သြတာ ညီမတောင်မသိတဲ့ကိစ္စကို ညီမကဘာလို့လှမ်းမေးမှာလဲပေါ့။ ညီမ မသိဘူး။ ဘာမှလဲ သွားမမေးထားပါဘူး။ ညီမ အဲ့ဒီလိုသွားစိန်ခေါ်ရလောက်အောင် သတ္တိလဲမရှိပါဘူး။ အပြင်မှာညီမကို မြင်ဖူးတဲ့သူတိုင်းသိပါတယ်။"လို့ သူမက ပွင့်ပွင့်လင်းလင်း ပြောပြသွားပါတယ်။

အခုလက်ရှိအနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့လည်း သူမက ‘ ညီမ မနေ့ကမှ ဗုဒ္ဓဂါယာကပြန်လာတယ်။ ဒီနေ့ မြဝတီမှာ ဗီဒီယိုတစ်ကားနဲ့အမ်တီဗီတစ်ပုဒ်ရိုက်ဖို့ရောက်လာတယ်ပေါ့။ မင်းသားက ကိုနေနော်၊ ကိုနေဆန်းပါမယ်။ ညီမပါမယ်။ တခြားသရုပ်ဆောင်တွေလဲပါမယ်။ အက်ရှင်ကားလေးပါပဲ။ ‘ တဲ့။

ဗုဒ္ဓဂါယာသွားရင်း ရရှိခဲ့တဲ့ အတွေ့အကြုံတွေကိုတော့ "ညီမဟိုမှာ၁၅ ရက်ကြာခဲ့တယ်။ အမေလဲပါတယ်။ အမျိုးတွေလဲပါတယ်။ ညီမ ဟိုကိုသွားတော့ ဖုန်းတွေအကုန်ထားခဲ့တယ်။ အလုပ်တွေလဲ ထားခဲ့တယ်။ ဘာမှမယူသွားဘူး။ အေးအေးဆေးဆေးပဲ သွားခဲ့တယ်။ ညီမတို့အဲ့ဒီမှာနေရာတော်တော်စုံစုံကို သွားရောက်လေ့လာခဲ့တယ်။ နေရာစုံရောက်ခဲ့တယ်ပေါ့။ တစ်နေ့ကိုတစ်မြို့သွားခဲ့တယ်။ အဲ့ဒီအရပ်မှာအရမ်းအေးချမ်းတယ်။ ဗောဓိညောင်ပင်အောက်မှာ တရားထိုင်တဲ့အချိန်မှာလဲ အရမ်းအေးချမ်းတယ်။"လို့ သူမက ပြန်လည်ဝေမျှသွားပါသေးတယ်။

Credit : TrendMyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top