iMyanmarHouse.com - Best Property Website for Myanmar
×

ေရခဲ၀ါးစားျခင္း- ေရခဲဆိုတာ အႏၱရာယ္ကင္းတယ္လို႔ ထင္ပါလိမ့္မယ္။ ေရခဲကို အသံျမည္ေအာင္ ၀ါးျခင္းဟာ မာေၾကာတဲ့အရာတစ္ခုကို ၀ါးေနတဲ့အတြက္ေၾကာင့္ သြားက်ဥ္ျခင္း၊ သြားဖံုးတစ္ရွဴးမ်ားကို ပ်က္စီးေစျခင္းမ်ားကိုျဖစ္ေစပါတယ္။ ေနာက္ၿပီး ဆက္တိုက္ သြားကိုက္ျခင္းကိုလည္း ျဖစ္ေစႏိုင္ပါတယ္။ပူလြန္းျခင္း၊ ေအးလြန္းျခင္းစတဲ့ အစားအစာေတြ၊ မာေက်ာတဲ့အစားအစာေတြကို မၾကာ ခဏ၀ါးစားျခင္းကို ေရွာင္ၾကဥ္ေပးပါ။တကယ္လို႔ ေရခဲကို မစားရမေနႏိုင္ စားမိတယ္ဆိုရင္ သၾကားမပါတဲ့ ပီေကကိုစားေပးပါ။

ႏို႕ဘူးမ်ား – ကေလးေတြကို ညဖက္ ႏို႕ဘူးစို႕ၿပီး အိပ္ေစျခင္းဟာ အသက္ႀကီးလာၿပီဆိုရင္ သြားေတြေရစီးကမ္းျပိဳလိုက္ျခင္းကို ျဖစ္ေစတယ္လို႔ သုေတသနေတြက ေဖာ္ျပထားပါတယ္။ႏို႕ဘူးစုိ႔ၿပီး အိပ္ေပ်ာ္သြားတဲ့ ကေလးငယ္ေတြဟာ သၾကားဓာတ္နဲ႔ ေန႔စဥ္ေတြ႕ေနရတဲ့အတြက္ သြားပိုးစားျခင္းကိုလည္း ျဖစ္ေစပါတယ္။

လွ်ာအေပါက္ေဖာက္ျခင္း – ဒါဟာ ဖက္ရွင္က်တယ္လို႕ ထင္စရာရွိပါ တယ္။ဒါေပမယ့္ လွ်ာမွာပဲျဖစ္ျဖစ္၊ ႏႈတ္ခမ္းမွာပဲျဖစ္ျဖစ္သတၴဳ အသံုးျပဳၿပီး အလွဆင္ျခင္းဟာ သြားပ်က္စီးျခင္းကိုျဖစ္ေစပါတယ္။ေနာက္ခံတြင္းမွာလည္း ဘက္တီးရီးယားခိုေအာင္းႏိုင္ၿပီး ပိုး၀င္မႈနဲ႔အနာေတြျဖစ္ႏိုင္ပါ တယ္။ေဖာက္ၿပီးသြားၿပီဆိုရင္လည္း သြားဖက္ဆိုင္ရာဆရာ၀န္နဲ႕ ပံုမွန္ျပသေပးဖို႔ လိုအပ္ပါတယ္။

သြားႀကိတ္ျခင္း- သြားႀကိတ္ျခင္းကို bruxismလို႔႔ေခၚဆိုၿပီး သြားေတြ ကၽြတ္ထြက္ေစတဲ့အထိ ဆိုးရြားတဲ့အေျခအေနထိရွိႏိုင္ပါတယ္။ဒါဟာအိပ္စက္မႈ အေလ့အထရယ္၊ စိတ္ဖိစီးမႈေတြရယ္ကေနျဖစ္ေပၚေစႏိုင္ပါတယ္။ေန႔ခင္းဖက္မွာ မာတဲ့အစားအစာေတြ စားထားရင္ေတာ့ ညဖက္ သြားႀကိတ္ သူေတြညဖက္မွာ ပိုၿပီး သြား၊ သြားဖံုးေတြပိုနာတဲ့အျပင္ သြားေတြပိုထိခိုက္ႏိုင္ပါတယ္။သြားကို အကာအကြယ္ရေစဖို႔ mouth guard ေလးေတြ၀ယ္ထားၿပီးပါးစပ္မွာ တပ္ထားရင္အဆင္ေျပႏိုင္ပါတယ္။

ပါးစပ္ျဖင့္ ပုလင္းဖြင့္ျခင္း – အခ်ိဳရည္ ပုလင္းဖြင့္ျခင္း၊ပလတ္စတစ္မုန္႔ ထုတ္ေဖာက္ျခင္း စတာေတြကိုသြားကိုအသံုးျပဳၿပီးေဖာက္တာဟာလည္း လူေတြသိပ္ဂ႐ုမျပဳမိတဲ့ သြားကိုပ်က္စီးေစတဲ့အျပဳအမူျဖစ္ပါတယ္။သြားဟာ ကိရိယာတစ္မ်ိဳးမဟုတ္ပါဘူး။အဲဒါေၾကာင့္ပုလင္းေဖာက္တံ၊ကပ္ ေၾကးေတြကို အလြယ္တကူ သံုးႏိုင္မယ့္ေနရာမွာထားၿပီး အသံုးျပဳေပးပါ။ သြားဟာ အစာစားဖို႕အတြက္ သံုးသင့္တဲ့ ကိုယ္အဂၤါအစိတ္အပိုင္း ျဖစ္ပါတယ္။

ခဲတံကိုက္ျခင္း – ခဲတံထိပ္ပိုင္းေလးေတြကို ကိုက္တာဟာ အာ႐ံုစူးစိုက္ဖို႕လား၊စာပိုရေအာင္လား၊၊ ေရခဲ၀ါးစား သလိုပါပဲ၊ သြားကိုနာက်င္ကိုက္ခဲ   ေစႏိုင္ပါတယ္။ ခဲတံကို ကိုုက္ေနေလ့ ရွိတဲ့ ကေလးေတြကို သၾကားဓာတ္မပါ တဲ့ ပီေကကိုပဲ၀ါးေစသင့္ပါတယ္။အဲဒါဟာ တံေတြးစီးဆင္းမႈကိုလဲ ပိုမိုေကာင္းမြန္ေစၿပီးသြားကိုပိုၿပီးခိုင္မာေစပါတယ္။

ေကာ္ဖီေသာက္ျခင္း – ေကာ္ဖီရဲ႕ အက္စစ္ပါ၀င္မႈနဲ႕အေရာင္ဟာ သြားကို၀ါေစပါတယ္။ဒါေပမယ့္ သြားကိုအေရာင္ခၽြတ္ျခင္းကေတာ့ အဲဒီျပႆနာကို အဆင္ေျပေစႏိုင္ပါတယ္။သြားဖက္ဆိုင္ရာဆရာ၀န္ေတြနဲ႕တုိင္ပင္ျပဳလုပ္ႏိုင္ပါတယ္။

ေဆးလိပ္ေသာက္ျခင္း – စီးကရက္နဲ႔ ေဆးရြက္ႀကီးထုတ္ကုန္အမ်ားစုဟာ သြားကိုအေရာင္စြဲေစတဲ့အျပင္သြားဖံုးေတြကို ေရာဂါရေစပါတယ္။ ခံတြင္း၊ လွ်ာနဲ႔ႏႈတ္ခမ္းေတြပါ ကင္ဆာ ျဖစ္ေစႏိုင္ပါတယ္။ အျပံဳးေတြ အသက္၀င္လွပခ်င္ရင္ေတာ့ ေဆးလိပ္ကိုျဖတ္သင့္ပါတယ္။

Credit:Thithtoolwin

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
ရေခဲဝါးစားခြင်း- ရေခဲဆိုတာ အန္တရာယ်ကင်းတယ်လို့ ထင်ပါလိမ့်မယ်။ ရေခဲကို အသံမြည်အောင် ဝါးခြင်းဟာ မာကြောတဲ့အရာတစ်ခုကို ဝါးနေတဲ့အတွက်ကြောင့် သွားကျဉ်ခြင်း၊ သွားဖုံးတစ်ရှူးများကို ပျက်စီးစေခြင်းများကိုဖြစ်စေပါတယ်။ နောက်ပြီး ဆက်တိုက် သွားကိုက်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ပူလွန်းခြင်း၊ အေးလွန်းခြင်းစတဲ့ အစားအစာတွေ၊ မာကျောတဲ့အစားအစာတွေကို မကြာ ခဏဝါးစားခြင်းကို ရှောင်ကြဉ်ပေးပါ။တကယ်လို့ ရေခဲကို မစားရမနေနိုင် စားမိတယ်ဆိုရင် သကြားမပါတဲ့ ပီကေကိုစားပေးပါ။

နို့ဘူးများ – ကလေးတွေကို ညဖက် နို့ဘူးစို့ပြီး အိပ်စေခြင်းဟာ အသက်ကြီးလာပြီဆိုရင် သွားတွေရေစီးကမ်းပြိုလိုက်ခြင်းကို ဖြစ်စေတယ်လို့ သုတေသနတွေက ဖော်ပြထားပါတယ်။နို့ဘူးစို့ပြီး အိပ်ပျော်သွားတဲ့ ကလေးငယ်တွေဟာ သကြားဓာတ်နဲ့ နေ့စဉ်တွေ့နေရတဲ့အတွက် သွားပိုးစားခြင်းကိုလည်း ဖြစ်စေပါတယ်။

လျှာအပေါက်ဖောက်ခြင်း – ဒါဟာ ဖက်ရှင်ကျတယ်လို့ ထင်စရာရှိပါ တယ်။ဒါပေမယ့် လျှာမှာပဲဖြစ်ဖြစ်၊ နှုတ်ခမ်းမှာပဲဖြစ်ဖြစ်သတ္ထု အသုံးပြုပြီး အလှဆင်ခြင်းဟာ သွားပျက်စီးခြင်းကိုဖြစ်စေပါတယ်။နောက်ခံတွင်းမှာလည်း ဘက်တီးရီးယားခိုအောင်းနိုင်ပြီး ပိုးဝင်မှုနဲ့အနာတွေဖြစ်နိုင်ပါ တယ်။ဖောက်ပြီးသွားပြီဆိုရင်လည်း သွားဖက်ဆိုင်ရာဆရာဝန်နဲ့ ပုံမှန်ပြသပေးဖို့ လိုအပ်ပါတယ်။

သွားကြိတ်ခြင်း- သွားကြိတ်ခြင်းကို bruxismလို့ခေါ်ဆိုပြီး သွားတွေ ကျွတ်ထွက်စေတဲ့အထိ ဆိုးရွားတဲ့အခြေအနေထိရှိနိုင်ပါတယ်။ဒါဟာအိပ်စက်မှု အလေ့အထရယ်၊ စိတ်ဖိစီးမှုတွေရယ်ကနေဖြစ်ပေါ်စေနိုင်ပါတယ်။နေ့ခင်းဖက်မှာ မာတဲ့အစားအစာတွေ စားထားရင်တော့ ညဖက် သွားကြိတ် သူတွေညဖက်မှာ ပိုပြီး သွား၊ သွားဖုံးတွေပိုနာတဲ့အပြင် သွားတွေပိုထိခိုက်နိုင်ပါတယ်။သွားကို အကာအကွယ်ရစေဖို့ mouth guard လေးတွေဝယ်ထားပြီးပါးစပ်မှာ တပ်ထားရင်အဆင်ပြေနိုင်ပါတယ်။

ပါးစပ်ဖြင့် ပုလင်းဖွင့်ခြင်း – အချိုရည် ပုလင်းဖွင့်ခြင်း၊ပလတ်စတစ်မုန့် ထုတ်ဖောက်ခြင်း စတာတွေကိုသွားကိုအသုံးပြုပြီးဖောက်တာဟာလည်း လူတွေသိပ်ဂရုမပြုမိတဲ့ သွားကိုပျက်စီးစေတဲ့အပြုအမူဖြစ်ပါတယ်။သွားဟာ ကိရိယာတစ်မျိုးမဟုတ်ပါဘူး။အဲဒါကြောင့်ပုလင်းဖောက်တံ၊ကပ် ကြေးတွေကို အလွယ်တကူ သုံးနိုင်မယ့်နေရာမှာထားပြီး အသုံးပြုပေးပါ။ သွားဟာ အစာစားဖို့အတွက် သုံးသင့်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။

ခဲတံကိုက်ခြင်း – ခဲတံထိပ်ပိုင်းလေးတွေကို ကိုက်တာဟာ အာရုံစူးစိုက်ဖို့လား၊စာပိုရအောင်လား၊၊ ရေခဲဝါးစား သလိုပါပဲ၊ သွားကိုနာကျင်ကိုက်ခဲ   စေနိုင်ပါတယ်။ ခဲတံကို ကိုုက်နေလေ့ ရှိတဲ့ ကလေးတွေကို သကြားဓာတ်မပါ တဲ့ ပီကေကိုပဲဝါးစေသင့်ပါတယ်။အဲဒါဟာ တံတွေးစီးဆင်းမှုကိုလဲ ပိုမိုကောင်းမွန်စေပြီးသွားကိုပိုပြီးခိုင်မာစေပါတယ်။

ကော်ဖီသောက်ခြင်း – ကော်ဖီရဲ့ အက်စစ်ပါဝင်မှုနဲ့အရောင်ဟာ သွားကိုဝါစေပါတယ်။ဒါပေမယ့် သွားကိုအရောင်ချွတ်ခြင်းကတော့ အဲဒီပြဿနာကို အဆင်ပြေစေနိုင်ပါတယ်။သွားဖက်ဆိုင်ရာဆရာဝန်တွေနဲ့တိုင်ပင်ပြုလုပ်နိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း – စီးကရက်နဲ့ ဆေးရွက်ကြီးထုတ်ကုန်အများစုဟာ သွားကိုအရောင်စွဲစေတဲ့အပြင်သွားဖုံးတွေကို ရောဂါရစေပါတယ်။ ခံတွင်း၊ လျှာနဲ့နှုတ်ခမ်းတွေပါ ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ အပြုံးတွေ အသက်ဝင်လှပချင်ရင်တော့ ဆေးလိပ်ကိုဖြတ်သင့်ပါတယ်။

Credit:Thithtoolwin



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top