iMyanmarHouse.com - Best Property Website for Myanmar
×

ခ်မ္းေအးလွတဲ့ ေဆာင္းရာသီနဲ႔ အတူယွဥ္တြဲၿပီး ပါလာတာကေတာ့ အသားအေရေျခာက္ေသြ႔ျခင္းနဲ႔ အသားပတ္ျခင္းပဲ ျဖစ္ပါတယ္။ ေႏြရာသီမွာ အသားအေရ ေနေလာင္ဒဏ္မရရွိေအာင္ နည္းလမ္းေကာင္းေတြနဲ႔ ႀကိဳတင္ကာကြယ္ျပဳျပင္ၾကသလို ေဆာင္းရာသီမွာလည္း အသားမပတ္ဘဲ စိုစြတ္ေခ်ာေမြ႔ လွပေနေစဖို႔အတြက္ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ခႏၶာကိုယ္ကို စိုစြတ္တဲ့ဓါတ္ေတြ အျပည္အ၀ေပးႏိုင္တာ အသီးအႏွံေတြပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေဆာင္းရာသီမွာ အသားပတ္ျခင္းကို ေရွာင္ၾကဥ္ႏိုင္ဖို႔အတြက္ အသီးအႏွံနဲ႔ အသီးေဖ်ာ္ရည္ မ်ားမ်ား စားေပးပါ။

ဒီအခ်က္ကေတာ့ ေဆာင္းတြင္းမွာ အသားပတ္ျခင္းနဲ႔ အသားေျခာက္ျခင္းကို ျဖစ္ေစတဲ့ အဓိက အခ်က္ပါ။ ေဆာင္းတြင္းေအးေအးမွာ ေရခ်ိဳးတဲ့အခါ ေရေႏြးအသံုးျပဳျခင္းက အသားအေရကို ထိခိုက္ေစပါတယ္။ ေရေႏြးဟာ အသားအေရမွာရွိတဲ့ အစိုဓါတ္ကို စုပ္ယူတာေၾကာင့္ အသားပတ္ျခင္းနဲ႔ အသားအေရ ေျခာက္ေသြ႔ျခင္းကို ျဖစ္ေစတာပါ။ ဒါ့ေၾကာင့္ ေရေႏြးနဲ႔ ခ်ိဳးျခင္းကို အတတ္ႏိုင္ဆံုး ေရွာင္ၾကဥ္ပါ။

ေဆာင္းတြင္းကာလေတြမွာ ခႏၶာကိုယ္ကို ခရင္မ္ (သို႔မဟုတ္) Lotion တစ္ခုခု ပံုမွန္လိမ္းေပးပါ။ ေရဓါတ္မ်ားမ်ား ပါ၀င္တဲ့ lotion မ်ိဳး လိမ္းေပးပါ။

မ်က္နွာ၊ ေျခေထာက္နဲ႕ လက္ အသားအေရေတြမွာ အသားပတ္တာ၊ အသားအေရေျခာက္တာေတြ ရွိေနၿပီ ဆိုရင္ေတာ့ သေဘၤာသီးအမွည့္ကို အတြင္းသားေလးေတြ ျခစ္ၿပီး အသားပတ္တဲ့ ေနရာမွာ ကပ္လိမ္းေပးပါ။ ညအိပ္ရာ၀င္ခါနီး ပ်ားရည္လိမ္းေပးမယ္ဆိုရင္လည္း အသားပတ္တာေတြ သက္သာေစႏိုင္ပါတယ္။

Credit:Momolay

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ချမ်းအေးလှတဲ့ ဆောင်းရာသီနဲ့ အတူယှဉ်တွဲပြီး ပါလာတာကတော့ အသားအရေခြောက်သွေ့ခြင်းနဲ့ အသားပတ်ခြင်းပဲ ဖြစ်ပါတယ်။ နွေရာသီမှာ အသားအရေ နေလောင်ဒဏ်မရရှိအောင် နည်းလမ်းကောင်းတွေနဲ့ ကြိုတင်ကာကွယ်ပြုပြင်ကြသလို ဆောင်းရာသီမှာလည်း အသားမပတ်ဘဲ စိုစွတ်ချောမွေ့ လှပနေစေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ခန္ဓာကိုယ်ကို စိုစွတ်တဲ့ဓါတ်တွေ အပြည်အဝပေးနိုင်တာ အသီးအနှံတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆောင်းရာသီမှာ အသားပတ်ခြင်းကို ရှောင်ကြဉ်နိုင်ဖို့အတွက် အသီးအနှံနဲ့ အသီးဖျော်ရည် များများ စားပေးပါ။

ဒီအချက်ကတော့ ဆောင်းတွင်းမှာ အသားပတ်ခြင်းနဲ့ အသားခြောက်ခြင်းကို ဖြစ်စေတဲ့ အဓိက အချက်ပါ။ ဆောင်းတွင်းအေးအေးမှာ ရေချိုးတဲ့အခါ ရေနွေးအသုံးပြုခြင်းက အသားအရေကို ထိခိုက်စေပါတယ်။ ရေနွေးဟာ အသားအရေမှာရှိတဲ့ အစိုဓါတ်ကို စုပ်ယူတာကြောင့် အသားပတ်ခြင်းနဲ့ အသားအရေ ခြောက်သွေ့ခြင်းကို ဖြစ်စေတာပါ။ ဒါ့ကြောင့် ရေနွေးနဲ့ ချိုးခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။

ဆောင်းတွင်းကာလတွေမှာ ခန္ဓာကိုယ်ကို ခရင်မ် (သို့မဟုတ်) Lotion တစ်ခုခု ပုံမှန်လိမ်းပေးပါ။ ရေဓါတ်များများ ပါဝင်တဲ့ lotion မျိုး လိမ်းပေးပါ။

မျက်နှာ၊ ခြေထောက်နဲ့ လက် အသားအရေတွေမှာ အသားပတ်တာ၊ အသားအရေခြောက်တာတွေ ရှိနေပြီ ဆိုရင်တော့ သင်္ဘောသီးအမှည့်ကို အတွင်းသားလေးတွေ ခြစ်ပြီး အသားပတ်တဲ့ နေရာမှာ ကပ်လိမ်းပေးပါ။ ညအိပ်ရာဝင်ခါနီး ပျားရည်လိမ်းပေးမယ်ဆိုရင်လည်း အသားပတ်တာတွေ သက်သာစေနိုင်ပါတယ်။


Credit:Momolay



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top