iMyanmarHouse.com - Best Property Website for Myanmar
×

သူနဲ႕ကိုယ္ ဘယ္ေလာက္ခ်စ္ခ်စ္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လမ္းခြဲသြားရႏိုင္တဲ့ အေျခအေနေတြဆုိတာ ရွိလာတတ္ပါတယ္။ ကံၾကမၼာေၾကာင့္သာ မဟုတ္ရင္ သင္နဲ႕သင့္ခ်စ္သူ ဘယ္သူခြဲခြဲ လက္တြဲျမဲမယ္ဆုိတာ ေသခ်ာသြားေစတဲ့ အခ်က္ေတြကို ခုေျပာျပေပးခ်င္ပါတယ္။ ဒီအခ်က္ေတြက သူနဲ႔ကိုယ္ၾကားမွာ ျပဳမူေနတဲ့အရာေတြကို ၾကည့္ၿပီး သံုးသပ္ဆံုးျဖတ္ႏိုင္တာပဲ ျဖစ္ပါတယ္။

၁။တစ္ဦးနဲ႔တစ္ဦး ဒီခ်စ္ျခင္းေမတၱာအတြက္ ေက်းဇူးတင္စကားဆုိျဖစ္တယ္။

ကိုယ့္ေဘးမွာ အၿမဲရွိေပးတဲ့အတြက္၊ ကိုယ့္ကိုနားလည္ေပးတဲ့အတြက္ ေက်းဇူးတင္တယ္ဆုိတဲ့အေၾကာင္း သူ႕ကိုေျပာျဖစ္တယ္။ ခ်စ္တယ္ဆုိတဲ့ စကားကိုလည္း ေန႔တိုင္း တစ္ခါႏွစ္ခါမက ေျပာျဖစ္တယ္ဆုိရင္ ဒီအတြဲဟာ ၿမဲဖုိ႔ေသခ်ာပါၿပီ။

၂။ခ်စ္သူေကာင္ေလးဟာ က်န္းမာတယ္။

အတြဲတစ္တြဲမွာ ခ်စ္သူေကာင္ေလးက က်န္းမာေရးေကာင္းတယ္။ က်န္းမာေရးလိုက္စားတဲ့သူ တစ္ေယာက္ဆုိရင္ သင္တုိ႔အခ်စ္ေရးဟာ သာယာစိုေျပမွာပါ။ ကုိယ့္ရည္းစားက က်န္းမာေရးခ်ဴခ်ာလြန္းလို႔  စိတ္ဆင္းရဲရတာမ်ိဳး မျဖစ္ေတာ့ဘူးေပါ့။

၃။စကားေျပာပံုဆုိေပါက္ကအစ တူေနတယ္။

သူနဲ႔ကိုယ္နဲ႔တူတဲ့ အခ်က္ေတြ အမ်ားႀကီးရွိေနတယ္။ သူနဲ႔ေတြးေခၚေနတဲ့အရာေတြပါ တျဖည္းျဖည္းတူလာသလို ေျပာလိုက္တဲ့စကားေတြလည္း အတူတူျဖစ္ေနတတ္တယ္။ စကားေျပာပံုဆိုေပါက္ကလည္း တူေနၿပီဆုိရင္ေတာ့ ဒါဟာ အဆံုးထိလက္တြဲရမယ့္ သူေတြပဲေပါ့။

၄။အၿမဲတမ္း ႏွစ္ဦးသား အနမ္းေျခြျဖစ္ၾကတယ္။

တစ္လကို တစ္ခါေလာက္ နမ္းတာမ်ိဳး မဟုတ္ပဲ သူနဲ႔ေတြ႕တုိင္း ႏွစ္ဦးသားၾကည္ၾကည္ႏူးႏူး အနမ္းေျခြျဖစ္တယ္ဆုိရင္လည္း ဒါဟာ သံေယာဇဥ္ႀကိဳးကို တိုးေစတာပဲေလ။

၅။သူငယ္ခ်င္းစံုတြဲနဲ႔အတူ အျပင္ထြက္လည္ျဖစ္တယ္။

ကိုယ္ေတြခ်ည္းပဲ မဟုတ္ပဲ သူငယ္ခ်င္းစံုတြဲနဲ႔ပါ ရုပ္ရွင္ၾကည့္ၾကတာမ်ိဳး၊ ဒင္နာစားၾကတာမ်ိဳးေတြ လုပ္ျဖစ္တယ္ဆုိရင္ေတာ့ ဒါဟာလည္း သင္တို႔ႏွစ္ဦးကို ဘယ္ေတာ့မွ ျပတ္ေတာက္မသြားေစဖုိ႔ ျဖစ္ႏို္င္ေခ်မ်ားတဲ့ အခ်က္တစ္ခုပါပဲ။

၆။ရုပ္ရွင္အတူတူၾကည့္ရင္း အျမင္ေတြကို ဖလွယ္ျဖစ္ၾကတယ္။

ကိုယ့္ခ်စ္သူနဲ႔အတူ ေပါက္ေပါက္အတူတူစားရင္း အခ်စ္ဇာတ္လမ္းေလးေတြ၊ အိမ္ေထာင္ေရးဇာတ္ကားေတြ ၾကည့္ျဖစ္တယ္။ ဇာတ္ကားအေၾကာင္းလည္း တစ္ဦးနဲ႔တစ္ဦး ေျပာျဖစ္တယ္။ ဒါဟာ ႏွစ္ဦးသားနားလည္မႈပိုတိုးေစဖို႔ ေဖးကူတဲ့အရာပဲေပါ့။

၇။စိတ္ကအလုိလို သူနဲ႕ျမဲျပီလို႕ ခံစားမိေနတယ္။

ဒီတစ္ခါေတာ့ ငါသူနဲ႔ၿမဲၿပီဆိုတာ စိတ္ခံစားမႈအရသိေနတယ္။ အရင္အခါေတြတုန္းကလို မဟုတ္ဘူး။ သူနဲ႔ဘယ္ေတာ့မွ ခြဲမွာမဟုတ္ဘူးဆုိၿပီး စိတ္ကအလိုလို သိေနတာမ်ိဳဳးဟာလည္း ယံုခ်င္စရာေကာင္းတဲ့အခ်က္ပါပဲ။


Credit: Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သူနဲ့ကိုယ် ဘယ်လောက်ချစ်ချစ် အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲသွားရနိုင်တဲ့ အခြေအနေတွေဆိုတာ ရှိလာတတ်ပါတယ်။ ကံကြမ္မာကြောင့်သာ မဟုတ်ရင် သင်နဲ့သင့်ချစ်သူ ဘယ်သူခွဲခွဲ လက်တွဲမြဲမယ်ဆိုတာ သေချာသွားစေတဲ့ အချက်တွေကို ခုပြောပြပေးချင်ပါတယ်။ ဒီအချက်တွေက သူနဲ့ကိုယ်ကြားမှာ ပြုမူနေတဲ့အရာတွေကို ကြည့်ပြီး သုံးသပ်ဆုံးဖြတ်နိုင်တာပဲ ဖြစ်ပါတယ်။

၁။တစ်ဦးနဲ့တစ်ဦး ဒီချစ်ခြင်းမေတ္တာအတွက် ကျေးဇူးတင်စကားဆိုဖြစ်တယ်။

ကိုယ့်ဘေးမှာ အမြဲရှိပေးတဲ့အတွက်၊ ကိုယ့်ကိုနားလည်ပေးတဲ့အတွက် ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်း သူ့ကိုပြောဖြစ်တယ်။ ချစ်တယ်ဆိုတဲ့ စကားကိုလည်း နေ့တိုင်း တစ်ခါနှစ်ခါမက ပြောဖြစ်တယ်ဆိုရင် ဒီအတွဲဟာ မြဲဖို့သေချာပါပြီ။

၂။ချစ်သူကောင်လေးဟာ ကျန်းမာတယ်။

အတွဲတစ်တွဲမှာ ချစ်သူကောင်လေးက ကျန်းမာရေးကောင်းတယ်။ ကျန်းမာရေးလိုက်စားတဲ့သူ တစ်ယောက်ဆိုရင် သင်တို့အချစ်ရေးဟာ သာယာစိုပြေမှာပါ။ ကိုယ့်ရည်းစားက ကျန်းမာရေးချူချာလွန်းလို့  စိတ်ဆင်းရဲရတာမျိုး မဖြစ်တော့ဘူးပေါ့။

၃။စကားပြောပုံဆိုပေါက်ကအစ တူနေတယ်။

သူနဲ့ကိုယ်နဲ့တူတဲ့ အချက်တွေ အများကြီးရှိနေတယ်။ သူနဲ့တွေးခေါ်နေတဲ့အရာတွေပါ တဖြည်းဖြည်းတူလာသလို ပြောလိုက်တဲ့စကားတွေလည်း အတူတူဖြစ်နေတတ်တယ်။ စကားပြောပုံဆိုပေါက်ကလည်း တူနေပြီဆိုရင်တော့ ဒါဟာ အဆုံးထိလက်တွဲရမယ့် သူတွေပဲပေါ့။

၄။အမြဲတမ်း နှစ်ဦးသား အနမ်းခြွေဖြစ်ကြတယ်။

တစ်လကို တစ်ခါလောက် နမ်းတာမျိုး မဟုတ်ပဲ သူနဲ့တွေ့တိုင်း နှစ်ဦးသားကြည်ကြည်နူးနူး အနမ်းခြွေဖြစ်တယ်ဆိုရင်လည်း ဒါဟာ သံယောဇဉ်ကြိုးကို တိုးစေတာပဲလေ။

၅။သူငယ်ချင်းစုံတွဲနဲ့အတူ အပြင်ထွက်လည်ဖြစ်တယ်။

ကိုယ်တွေချည်းပဲ မဟုတ်ပဲ သူငယ်ချင်းစုံတွဲနဲ့ပါ ရုပ်ရှင်ကြည့်ကြတာမျိုး၊ ဒင်နာစားကြတာမျိုးတွေ လုပ်ဖြစ်တယ်ဆိုရင်တော့ ဒါဟာလည်း သင်တို့နှစ်ဦးကို ဘယ်တော့မှ ပြတ်တောက်မသွားစေဖို့ ဖြစ်နိုင်ချေများတဲ့ အချက်တစ်ခုပါပဲ။

၆။ရုပ်ရှင်အတူတူကြည့်ရင်း အမြင်တွေကို ဖလှယ်ဖြစ်ကြတယ်။

ကိုယ့်ချစ်သူနဲ့အတူ ပေါက်ပေါက်အတူတူစားရင်း အချစ်ဇာတ်လမ်းလေးတွေ၊ အိမ်ထောင်ရေးဇာတ်ကားတွေ ကြည့်ဖြစ်တယ်။ ဇာတ်ကားအကြောင်းလည်း တစ်ဦးနဲ့တစ်ဦး ပြောဖြစ်တယ်။ ဒါဟာ နှစ်ဦးသားနားလည်မှုပိုတိုးစေဖို့ ဖေးကူတဲ့အရာပဲပေါ့။

၇။စိတ်ကအလိုလို သူနဲ့မြဲပြီလို့ ခံစားမိနေတယ်။

ဒီတစ်ခါတော့ ငါသူနဲ့မြဲပြီဆိုတာ စိတ်ခံစားမှုအရသိနေတယ်။ အရင်အခါတွေတုန်းကလို မဟုတ်ဘူး။ သူနဲ့ဘယ်တော့မှ ခွဲမှာမဟုတ်ဘူးဆိုပြီး စိတ်ကအလိုလို သိနေတာမျိုုးဟာလည်း ယုံချင်စရာကောင်းတဲ့အချက်ပါပဲ။


Credit: Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top