iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက်ာၤေလး(၃)ေယာက္မွာ (၁)ေယာက္က ခ်စ္တင္းေႏွာတဲ့အခါမွာ မိန္းကေလးမွာကိုယ္၀န္မရေစဖို႔နဲ႔ လိင္ကတဆင့္ကူးစက္တဲ့ေရာဂါေတြကို ကာကြယ္ဖို႔အတြက္ အျပင္မွာသုက္လႊတ္ၿပီး ကိစၥၿပီးတတ္ၾကပါတယ္။ အမ်ိဳးသမီး(၁၀၀)မွာ (၃၃)ေယာက္ကလည္း ဒီနည္းလမ္းက ကိုယ္၀န္ရရွိမႈကို ထိန္းခ်ဳပ္ႏိုင္မယ္လို႔ ယူဆထားတတ္ၾကတယ္လို႔
 ေလ့လာမႈတစ္ခုမွာ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ ဒီနည္းလမ္းက ထင္ထားသေလာက္ စိတ္မခ်ရဘူးဆိုတာ သိထားသင့္ပါတယ္။

လိင္ဆက္ဆံေနခ်ိန္၊ သုက္မလႊတ္ခင္မွာ ခ်ိန္သားကိုက္အျပင္ကိုဆြဲထုတ္ၿပီး ကိစၥၿပီးတဲ့နည္းလမ္းကို ေသခ်ာအသံုးျပဳႏိုင္မယ္ဆိုရင္ေတာ့ ထိေရာက္မႈရွိပါတယ္။ ဒီနည္းလမ္းကို ေသခ်ာသံုးစြဲတတ္တဲ့ စံုတြဲေတြမွာ တစ္ႏွစ္အတြင္း ကိုယ္၀န္ရရွိႏိုင္ေခ် (၄)ရာခိုင္ႏႈန္းပဲ ရွိပါတယ္။ ဒါေပမယ့္ ေသခ်ာသံုးစြဲတတ္မွ ျဖစ္ပါတယ္။ တကယ္ေတာ့ ခ်ိန္သားကိုက္ေသခ်ာသံုးစြဲတတ္ဖို႔ကလည္း ခက္ခဲတယ္လို႔ဆိုႏိုင္ပါတယ္။ ဒီအတိုင္း ျဖစ္သလိုဆြဲထုတ္လိုက္႐ုံပဲဆိုရင္ေတာ့ ကိုယ္၀န္ရရွိႏိုင္ေခ်က (၂၂)ရာခိုင္ႏႈန္းအထိ ရွိပါတယ္။

ခ်ိန္သားကိုက္ဆြဲထုတ္ႏိုင္တယ္ဆိုတာက မိန္းကေလးရဲ႕ မိန္းမကိုယ္အတြင္းမွာ သုက္ရည္လံုး၀မက်န္ခဲ့ေအာင္ ေစာၿပီးဆြဲထုတ္တာကို ဆိုလိုပါတယ္။ ျဖစ္သလိုဆိုတာကေတာ့ ဆြဲထုတ္ခ်ိန္ေနာက္က်တာ၊ ဒါမွမဟုတ္ သုက္လႊတ္ကိစၥၿပီးတာကို မသိလိုက္တာမ်ိဳးေတြကို ဆိုလိုတာျဖစ္ၿပီး ဒီလိုျဖစ္မယ္ဆိုရင္ ကိုယ္၀န္ရရွိႏိုင္ေခ် သိသိသာသာျမင့္တက္လာႏိုင္ပါတယ္။

ဒီလို ကိစၥမၿပီးခင္ ခ်ိန္သားကိုက္ဆြဲထုတ္ႏိုင္ဖို႔အတြက္က စြမ္းေဆာင္ရည္နဲ႔ စိတ္ဓာတ္ခြန္အားရွိဖို႔ လိုပါတယ္။ ဒါေပမယ့္လည္း တစ္ခါတစ္ေလမွာ ဘယ္အခ်ိန္သုက္လႊတ္မလဲ ခန္႔မွန္းရခက္သလို၊ တကယ္ခံစားမႈေကာင္းေနခ်ိန္မွာ ဆြဲထုတ္ဖို႔ မစြမ္းႏိုင္ေတာ့တာမ်ိဳးေတြလည္း ရွိတတ္တာပါတယ္။

ေနာက္တစ္ခ်က္က သုက္ပိုးေတြက အလြန္လႈပ္ရွားတတ္ၾကပါတယ္။ သူတို႔ကူးခတ္ဖို႔အတြက္ သုက္ရည္လည္း အနည္းငယ္ရွိ႐ုံနဲ႔ သေႏၶေအာင္သြားေအာင္ စြမ္းေဆာင္ႏိုင္တတ္ၾကပါတယ္။ သင့္အေနနဲ႔ ကိစၥမၿပီးခင္မွာ အျပင္ကို ဆြဲထုတ္ထားႏိုင္တယ္ဆိုရင္ေတာင္မွ လိင္ဆက္ဆံစဥ္က အရည္ၾကည္ေလးရွိ႐ုံနဲ႔ သုက္ပိုးေတာ္ေတာ္မ်ားမ်ားက ခရီးႏွင္ကူးခတ္ႏိုင္ၾကပါတယ္။ ဒါ့ေၾကာင့္ ကိစၥမၿပီးခင္ဆြဲထုတ္ျခင္းက စိတ္ခ်ရတယ္လို႔ မဆိုႏိုင္ပါဘူး။

သင့္အေနနဲ႔ စိတ္ခ်ေသခ်ာတာမ်ိဳးကို သေဘာက်တယ္ဆိုရင္ေတာ့ အျခားနည္းလမ္းေတြ အမ်ားႀကီးရွိပါတယ္။ IUD လို႔ေခၚဆိုတဲ့ ကိ႐ိယာထည့္သြင္းထားျခင္းက စိတ္အခ်ရဆံုးျဖစ္ၿပီး လြဲမွားႏိုင္ေခ်(၁)ရာခိုင္ႏႈန္းပဲ ရွိပါတယ္။ ေနာက္ထပ္နည္းလမ္းအေနနဲ႔ကေတာ့ ကြန္ဒံုးအသံုးျပဳျခင္းပဲျဖစ္ပါတယ္။ ကြန္ဒံုးအသံုးျပဳျခင္းက လြဲမွားႏိုင္ေခ်(၂)ရာခိုင္ႏႈန္းပဲ ရွိပါတယ္။

ဒါေပမယ့္ သင္နဲ႔ သင့္ရဲ႕ပါတနာႏွစ္ေယာက္စလံုးက မေမွ်ာ္လင့္ထားပဲ ကိုယ္၀န္ရရွိလာရင္လည္း ျပႆနာမရွိဘူးဆိုရင္ေတာ့ ဒီအတိုင္းကိစၥမၿပီးခင္ ဆြဲထုတ္တဲ့နည္းလမ္းကိုပဲ ဆက္လက္အသံုးျပဳႏိုင္ပါတယ္။ ဒါေပမယ့္ ထိေရာက္စြာအသံုးျပဳႏိုင္ဖို႔အတြက္ သိထားသင့္တာေလးေတြရွိပါတယ္။

Kegel ေလ့က်င့္ခန္းလုပ္ေဆာင္ပါ။ ဒီေလ့က်င့္ခန္းကေတာ့ ဆီးသြားတဲ့အခါမွာ ညစ္ထုတ္ရင္အသံုးျပဳတဲ့ ၾကြက္သားေတြကို ေလ့က်င့္ေပးတာျဖစ္ပါတယ္။ ဆီးသြားရင္ညစ္ထုတ္သလို (၁၀)စကၠန္႔ေလာက္ ညစ္ထားလိုက္ ေျဖေလွ်ာ့လိုက္လုပ္ေဆာင္ၿပီး ေလ့က်င့္ေပးပါ။ သင့္ရဲ႕ဆီးခံုေအာက္ၾကြက္သားေတြ သန္မာလာၿပီး သုက္လႊတ္ျခင္းကို ပိုၿပီးေတာ့ ထိန္းသိမ္းလာႏိုင္မွာ ျဖစ္ပါတယ္။

ေနာက္တစ္ခ်က္သိထားဖို႔က အမ်ိဳးသမီးေတြရဲ႕ ရာသီလာခ်ိန္နဲ႔ ပတ္သက္ပါတယ္။ ဒီအခ်က္ကလည္း အေရးႀကီးပါတယ္။ အမ်ိဳးသမီးေတြဟာ ရာသီလာခ်ိန္နဲ႔ နီးကပ္ရင္ ကိုယ္၀န္ရႏိုင္ေခ် အမ်ားဆံုးျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အခ်ိန္ေပၚမွာမူတည္ၿပီး ကြန္ဒံုးအသံုးျပဳသင့္ရင္ အသံုးျပဳဖို႔ လိုအပ္ပါတယ္။

ေနာက္ဆံုးအေနနဲ႔က သင့္အေနနဲ႔ ကိစၥမၿပီးခင္အျပင္ကို ဆြဲထုတ္တာက ေသခ်ာလုပ္ေဆာင္ရင္ ကိုယ္၀န္မရႏိုင္ဘူးဆိုေပမယ့္ လိင္ကတဆင့္ကူးစက္ေရာဂါေတြကိုေတာ့ ကာကြယ္ေပးႏိုင္မွာ မဟုတ္ဘူးဆိုတာပါပဲ။ ဒါ့ေၾကာင့္ ကြန္ဒံုးအသံုးျပဳျခင္းက အေကာင္းဆံုးျဖစ္ေၾကာင္း အၾကံျပဳလုိက္ပါတယ္။

Credit:gentleman

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ယောကျာၤလေး(၃)ယောက်မှာ (၁)ယောက်က ချစ်တင်းနှောတဲ့အခါမှာ မိန်းကလေးမှာကိုယ်ဝန်မရစေဖို့နဲ့ လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ဖို့အတွက် အပြင်မှာသုက်လွှတ်ပြီး ကိစ္စပြီးတတ်ကြပါတယ်။ အမျိုးသမီး(၁၀၀)မှာ (၃၃)ယောက်ကလည်း ဒီနည်းလမ်းက ကိုယ်ဝန်ရရှိမှုကို ထိန်းချုပ်နိုင်မယ်လို့ ယူဆထားတတ်ကြတယ်လို့

 လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းက ထင်ထားသလောက် စိတ်မချရဘူးဆိုတာ သိထားသင့်ပါတယ်။

လိင်ဆက်ဆံနေချိန်၊ သုက်မလွှတ်ခင်မှာ ချိန်သားကိုက်အပြင်ကိုဆွဲထုတ်ပြီး ကိစ္စပြီးတဲ့နည်းလမ်းကို သေချာအသုံးပြုနိုင်မယ်ဆိုရင်တော့ ထိရောက်မှုရှိပါတယ်။ ဒီနည်းလမ်းကို သေချာသုံးစွဲတတ်တဲ့ စုံတွဲတွေမှာ တစ်နှစ်အတွင်း ကိုယ်ဝန်ရရှိနိုင်ချေ (၄)ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါပေမယ့် သေချာသုံးစွဲတတ်မှ ဖြစ်ပါတယ်။ တကယ်တော့ ချိန်သားကိုက်သေချာသုံးစွဲတတ်ဖို့ကလည်း ခက်ခဲတယ်လို့ဆိုနိုင်ပါတယ်။ ဒီအတိုင်း ဖြစ်သလိုဆွဲထုတ်လိုက်ရုံပဲဆိုရင်တော့ ကိုယ်ဝန်ရရှိနိုင်ချေက (၂၂)ရာခိုင်နှုန်းအထိ ရှိပါတယ်။

ချိန်သားကိုက်ဆွဲထုတ်နိုင်တယ်ဆိုတာက မိန်းကလေးရဲ့ မိန်းမကိုယ်အတွင်းမှာ သုက်ရည်လုံးဝမကျန်ခဲ့အောင် စောပြီးဆွဲထုတ်တာကို ဆိုလိုပါတယ်။ ဖြစ်သလိုဆိုတာကတော့ ဆွဲထုတ်ချိန်နောက်ကျတာ၊ ဒါမှမဟုတ် သုက်လွှတ်ကိစ္စပြီးတာကို မသိလိုက်တာမျိုးတွေကို ဆိုလိုတာဖြစ်ပြီး ဒီလိုဖြစ်မယ်ဆိုရင် ကိုယ်ဝန်ရရှိနိုင်ချေ သိသိသာသာမြင့်တက်လာနိုင်ပါတယ်။

ဒီလို ကိစ္စမပြီးခင် ချိန်သားကိုက်ဆွဲထုတ်နိုင်ဖို့အတွက်က စွမ်းဆောင်ရည်နဲ့ စိတ်ဓာတ်ခွန်အားရှိဖို့ လိုပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်လေမှာ ဘယ်အချိန်သုက်လွှတ်မလဲ ခန့်မှန်းရခက်သလို၊ တကယ်ခံစားမှုကောင်းနေချိန်မှာ ဆွဲထုတ်ဖို့ မစွမ်းနိုင်တော့တာမျိုးတွေလည်း ရှိတတ်တာပါတယ်။

နောက်တစ်ချက်က သုက်ပိုးတွေက အလွန်လှုပ်ရှားတတ်ကြပါတယ်။ သူတို့ကူးခတ်ဖို့အတွက် သုက်ရည်လည်း အနည်းငယ်ရှိရုံနဲ့ သန္ဓေအောင်သွားအောင် စွမ်းဆောင်နိုင်တတ်ကြပါတယ်။ သင့်အနေနဲ့ ကိစ္စမပြီးခင်မှာ အပြင်ကို ဆွဲထုတ်ထားနိုင်တယ်ဆိုရင်တောင်မှ လိင်ဆက်ဆံစဉ်က အရည်ကြည်လေးရှိရုံနဲ့ သုက်ပိုးတော်တော်များများက ခရီးနှင်ကူးခတ်နိုင်ကြပါတယ်။ ဒါ့ကြောင့် ကိစ္စမပြီးခင်ဆွဲထုတ်ခြင်းက စိတ်ချရတယ်လို့ မဆိုနိုင်ပါဘူး။

သင့်အနေနဲ့ စိတ်ချသေချာတာမျိုးကို သဘောကျတယ်ဆိုရင်တော့ အခြားနည်းလမ်းတွေ အများကြီးရှိပါတယ်။ IUD လို့ခေါ်ဆိုတဲ့ ကိရိယာထည့်သွင်းထားခြင်းက စိတ်အချရဆုံးဖြစ်ပြီး လွဲမှားနိုင်ချေ(၁)ရာခိုင်နှုန်းပဲ ရှိပါတယ်။ နောက်ထပ်နည်းလမ်းအနေနဲ့ကတော့ ကွန်ဒုံးအသုံးပြုခြင်းပဲဖြစ်ပါတယ်။ ကွန်ဒုံးအသုံးပြုခြင်းက လွဲမှားနိုင်ချေ(၂)ရာခိုင်နှုန်းပဲ ရှိပါတယ်။

ဒါပေမယ့် သင်နဲ့ သင့်ရဲ့ပါတနာနှစ်ယောက်စလုံးက မမျှော်လင့်ထားပဲ ကိုယ်ဝန်ရရှိလာရင်လည်း ပြဿနာမရှိဘူးဆိုရင်တော့ ဒီအတိုင်းကိစ္စမပြီးခင် ဆွဲထုတ်တဲ့နည်းလမ်းကိုပဲ ဆက်လက်အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ထိရောက်စွာအသုံးပြုနိုင်ဖို့အတွက် သိထားသင့်တာလေးတွေရှိပါတယ်။

Kegel လေ့ကျင့်ခန်းလုပ်ဆောင်ပါ။ ဒီလေ့ကျင့်ခန်းကတော့ ဆီးသွားတဲ့အခါမှာ ညစ်ထုတ်ရင်အသုံးပြုတဲ့ ကြွက်သားတွေကို လေ့ကျင့်ပေးတာဖြစ်ပါတယ်။ ဆီးသွားရင်ညစ်ထုတ်သလို (၁၀)စက္ကန့်လောက် ညစ်ထားလိုက် ဖြေလျှော့လိုက်လုပ်ဆောင်ပြီး လေ့ကျင့်ပေးပါ။ သင့်ရဲ့ဆီးခုံအောက်ကြွက်သားတွေ သန်မာလာပြီး သုက်လွှတ်ခြင်းကို ပိုပြီးတော့ ထိန်းသိမ်းလာနိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ချက်သိထားဖို့က အမျိုးသမီးတွေရဲ့ ရာသီလာချိန်နဲ့ ပတ်သက်ပါတယ်။ ဒီအချက်ကလည်း အရေးကြီးပါတယ်။ အမျိုးသမီးတွေဟာ ရာသီလာချိန်နဲ့ နီးကပ်ရင် ကိုယ်ဝန်ရနိုင်ချေ အများဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့် အချိန်ပေါ်မှာမူတည်ပြီး ကွန်ဒုံးအသုံးပြုသင့်ရင် အသုံးပြုဖို့ လိုအပ်ပါတယ်။

နောက်ဆုံးအနေနဲ့က သင့်အနေနဲ့ ကိစ္စမပြီးခင်အပြင်ကို ဆွဲထုတ်တာက သေချာလုပ်ဆောင်ရင် ကိုယ်ဝန်မရနိုင်ဘူးဆိုပေမယ့် လိင်ကတဆင့်ကူးစက်ရောဂါတွေကိုတော့ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးဆိုတာပါပဲ။ ဒါ့ကြောင့် ကွန်ဒုံးအသုံးပြုခြင်းက အကောင်းဆုံးဖြစ်ကြောင်း အကြံပြုလိုက်ပါတယ်။

Credit:gentleman

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top