iMyanmarHouse.com - Best Property Website for Myanmar
×

အလုပ္ခြင္မွာ တစ္ေန႔လံုး ထိုင္ၿပီးအလုပ္လုပ္ရတာမို႔ ခါးေတြလည္းတုတ္၊ အစားေသာက္ဆုိလည္း ၿပီးၿပီးေရာ စားလိုက္တာပဲ။ အဲ့ဒါေၾကာင့္ ခုဆုိရင္ ၀ိတ္ေတြလည္း တက္လာၿပီလို႔ ဆိုေလ့ရွိတဲ့ ပ်ိ ဳေမေတြအတြက္ အလုပ္ခြင္မွာ ဘာေတြဘယ္လိုျပဳမူေနထုိင္ရ မလဲ၊ အစားအေသာက္နဲ႔ ပတ္သက္ၿပီး ဘယ္လိုေရြးခ်ယ္စားေသာက္ရမယ္ဆုိတာ ေျပာျပေပးလိုက္ပါတယ္။

၁။ေန႔လည္စာအတြက္ အသီးအရြက္ေတြ ယူလာၿပီး စားေပးပါ။
အသီးအႏွံ၊ အသီးအရြက္ေတြမွာ ဗီတာမင္ေတြ ၾကြယ္၀လွတဲ့အျပင္ အဆီလည္း မတက္တာေၾကာင့္ ပ်ိဳေမေတြ ေန႔လည္စာကို အသီးအရြက္ေတြ စားသံုးဖုိ႔ ေျပာခ်င္ပါတယ္။ အသီးအရြက္သုပ္ျဖစ္ျဖစ္၊ ရိုးရိုး အသီးအရြက္ေတြခ်ည္း စားတာပဲျဖစ္ျဖစ္ ေန႔လည္စာအတြက္ စဥ္းစားမယ္ဆိုရင္ အဆီလည္းက်၊ ပိုက္ဆံလည္း စုၿပီးသာျဖစ္ၿပီေပါ့။

၂။ေန႔လည္ေန႔ခင္းမွာ လႈပ္ရွားမႈတစ္ခုခု လုပ္ေပးပါ။
မနက္ခင္းတစ္ခုလံုး အလုပ္ေတြရႈပ္ေနလုိ႔၊ ဒါမွမဟုတ္ ထမင္းစားၿပီးခ်ိန္မွာလည္း အလုပ္ေတြဆက္တိုက္ရႈပ္ေနတယ္ဆုိရင္ေတာ့ ေကာ္ဖီေသာက္ခ်ိန္ဆိုၿပီး အနားေပးတဲ့အခ်ိန္မွာ ထိုင္ခံုမွာ ေပကပ္ထိုင္မေနပဲ လမ္းေလွ်ာက္ေပးတာမ်ိဳး၊ ေလ့က်င့္ခန္းသေဘာမ်ိဳး ေခါင္းဟိုဘက္လွည့္၊ ဒီဘက္လွည့္လုပ္ေပးတာမ်ိဳး ၊ jogging ခုန္ေပးတာမ်ိဳးေလးေတြ လုပ္ေပးပါ။ ေန႔လည္ေန႔ခင္းမွာ ေခၽြးထြက္သြားတယ္ဆုိရင္ ဒါဟာ ခႏၶကိုယ္က ကယ္လိုရီေတြ ေလာင္ကၽြမ္းသြားတာမို႔ ဒါေကာင္းတဲ့အခ်က္ပါပဲ။

၃။အစားအေသာက္စားၿပီးတိုင္း ခံတြင္းသန္႔ရွင္းေရးလုပ္ပါ။
ေန႔လည္စာ စားတာပဲျဖစ္ျဖစ္၊ မုန္႔စားတာပဲျဖစ္ျဖစ္ အစားတစ္ခုခုစားၿပီးတုိင္း ပလုတ္က်င္းတာမ်ိ ဳး၊ ခံတြင္းသန္႔ရွင္းေရးလုပ္တာမ်ိဳးေတြ လုပ္ေပးသင့္ပါတယ္။ အဲ့ဒီလို ပါးစပ္သန္႔ရွင္းေရးလုပ္ထားတယ္ဆုိရင္ အစာေနာက္တစ္ခုစားဖုိ႔ရွိေနရင္ေတာင္ လြယ္လြယ္ ကူကူ မစားျဖစ္ေတာ့ပါဘူး။

၄။ရံုးကေရခဲေသတၱာထဲက အစားအစာေတြကို သန္႔ရွင္းလတ္ဆတ္မႈ ရွိမရွိ ၾကည့္ၿပီးမွစားပါ။
တစ္ခါတစ္ေလ အလုပ္ကသူငယ္ခ်င္းရဲ႕ ဘတ္ေဒးကိတ္ႀကီးကို ေရခဲေသတၱာထဲ ထိုးထည့္ထားၿပီး ရက္ေတြၾကာမွ ျပန္စားၾကတာမ်ိဳးေတြ၊ တျခား အစားအစာေတြဆိုရင္လည္း ရက္ၾကာမွ စားျဖစ္တာမ်ိဳးေတြ မျဖစ္ပါေစနဲ႔။

၅။ေရကို တစ္ေန႔လံုး နည္းနည္းခ်င္းစီ ေသာက္ေသာက္ေပးပါ။
အလုပ္စားပြဲေပၚမွာ ေရဗူးတစ္ဗူးခ်ထားၿပီး နည္းနည္းခ်င္းစီ ေသာက္ေပးေနပါ။ ေရဟာ ကယ္လိုရီ မရွိတာေၾကာင့္ ေသာက္သင့္သလို ဗိုက္ထဲကို ေရ၀င္သြားတာေၾကာင့္ အစားအေသာက္စားမယ္ဆုိရင္ေတာင္ ဗိုက္တင္းေနတာမို႔ မစားျဖစ္ေတာ့ဘူးေလ။ ဒါဟာလည္း ေကာင္းတဲ့ အခ်က္ပါပဲေနာ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အလုပ်ခွင်မှာ တစ်နေ့လုံး ထိုင်ပြီးအလုပ်လုပ်ရတာမို့ ခါးတွေလည်းတုတ်၊ အစားသောက်ဆိုလည်း ပြီးပြီးရော စားလိုက်တာပဲ။ အဲ့ဒါကြောင့် ခုဆိုရင် ဝိတ်တွေလည်း တက်လာပြီလို့ ဆိုလေ့ရှိတဲ့ ပျိ ုမေတွေအတွက် အလုပ်ခွင်မှာ ဘာတွေဘယ်လိုပြုမူနေထိုင်ရ မလဲ၊ အစားအသောက်နဲ့ ပတ်သက်ပြီး ဘယ်လိုရွေးချယ်စားသောက်ရမယ်ဆိုတာ ပြောပြပေးလိုက်ပါတယ်။

၁။နေ့လည်စာအတွက် အသီးအရွက်တွေ ယူလာပြီး စားပေးပါ။
အသီးအနှံ၊ အသီးအရွက်တွေမှာ ဗီတာမင်တွေ ကြွယ်ဝလှတဲ့အပြင် အဆီလည်း မတက်တာကြောင့် ပျိုမေတွေ နေ့လည်စာကို အသီးအရွက်တွေ စားသုံးဖို့ ပြောချင်ပါတယ်။ အသီးအရွက်သုပ်ဖြစ်ဖြစ်၊ ရိုးရိုး အသီးအရွက်တွေချည်း စားတာပဲဖြစ်ဖြစ် နေ့လည်စာအတွက် စဉ်းစားမယ်ဆိုရင် အဆီလည်းကျ၊ ပိုက်ဆံလည်း စုပြီးသာဖြစ်ပြီပေါ့။

၂။နေ့လည်နေ့ခင်းမှာ လှုပ်ရှားမှုတစ်ခုခု လုပ်ပေးပါ။
မနက်ခင်းတစ်ခုလုံး အလုပ်တွေရှုပ်နေလို့၊ ဒါမှမဟုတ် ထမင်းစားပြီးချိန်မှာလည်း အလုပ်တွေဆက်တိုက်ရှုပ်နေတယ်ဆိုရင်တော့ ကော်ဖီသောက်ချိန်ဆိုပြီး အနားပေးတဲ့အချိန်မှာ ထိုင်ခုံမှာ ပေကပ်ထိုင်မနေပဲ လမ်းလျှောက်ပေးတာမျိုး၊ လေ့ကျင့်ခန်းသဘောမျိုး ခေါင်းဟိုဘက်လှည့်၊ ဒီဘက်လှည့်လုပ်ပေးတာမျိုး ၊ jogging ခုန်ပေးတာမျိုးလေးတွေ လုပ်ပေးပါ။ နေ့လည်နေ့ခင်းမှာ ချွေးထွက်သွားတယ်ဆိုရင် ဒါဟာ ခန္ဓကိုယ်က ကယ်လိုရီတွေ လောင်ကျွမ်းသွားတာမို့ ဒါကောင်းတဲ့အချက်ပါပဲ။

၃။အစားအသောက်စားပြီးတိုင်း ခံတွင်းသန့်ရှင်းရေးလုပ်ပါ။
နေ့လည်စာ စားတာပဲဖြစ်ဖြစ်၊ မုန့်စားတာပဲဖြစ်ဖြစ် အစားတစ်ခုခုစားပြီးတိုင်း ပလုတ်ကျင်းတာမျိ ုး၊ ခံတွင်းသန့်ရှင်းရေးလုပ်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ အဲ့ဒီလို ပါးစပ်သန့်ရှင်းရေးလုပ်ထားတယ်ဆိုရင် အစာနောက်တစ်ခုစားဖို့ရှိနေရင်တောင် လွယ်လွယ် ကူကူ မစားဖြစ်တော့ပါဘူး။

၄။ရုံးကရေခဲသေတ္တာထဲက အစားအစာတွေကို သန့်ရှင်းလတ်ဆတ်မှု ရှိမရှိ ကြည့်ပြီးမှစားပါ။
တစ်ခါတစ်လေ အလုပ်ကသူငယ်ချင်းရဲ့ ဘတ်ဒေးကိတ်ကြီးကို ရေခဲသေတ္တာထဲ ထိုးထည့်ထားပြီး ရက်တွေကြာမှ ပြန်စားကြတာမျိုးတွေ၊ တခြား အစားအစာတွေဆိုရင်လည်း ရက်ကြာမှ စားဖြစ်တာမျိုးတွေ မဖြစ်ပါစေနဲ့။

၅။ရေကို တစ်နေ့လုံး နည်းနည်းချင်းစီ သောက်သောက်ပေးပါ။
အလုပ်စားပွဲပေါ်မှာ ရေဗူးတစ်ဗူးချထားပြီး နည်းနည်းချင်းစီ သောက်ပေးနေပါ။ ရေဟာ ကယ်လိုရီ မရှိတာကြောင့် သောက်သင့်သလို ဗိုက်ထဲကို ရေဝင်သွားတာကြောင့် အစားအသောက်စားမယ်ဆိုရင်တောင် ဗိုက်တင်းနေတာမို့ မစားဖြစ်တော့ဘူးလေ။ ဒါဟာလည်း ကောင်းတဲ့ အချက်ပါပဲနော်။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top