iMyanmarHouse.com - Myanmar's No. 1 Property Website
×
Credit : Trend Myanmar
#Unicode Version
မနက်စောစော အိပ်ယာထတတ်သူတွေဟာ ကျန်းမာရေးအရရော၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ နဲ့ လုပ်ငန်းခွင်ထဲက ယုံကြည်မှု ရှိမှုအပိုင်းတွေမှာပါ အိပ်ယာထနောက်ကျသူတွေထက် ခံစားရတဲ့ ကောင်းကျိုးတွေ ပိုများပါတယ်။ပါတယ်။ အဲ့ဒီ ကောင်းကျိုးတွေကို ပြောပြရရင်ဖြင့်
၁။ မနက်စောစော ထတတ်တဲ့သူတွေဟာ ကိုယ်လက်လေ့ကျင့်ခန်း နဲ့ လူမှုရေးပိုင်းဆိုင်ရာ ပါဝင်လှုပ်ရှားမှုတွေ ပိုမိုတတ်ပြီး အိပ်ယာပုံမှန်ထလေ့မရှိတဲ့သူတွေ၊ အိပ်ယာထနောက်ကျတတ်တဲ့သူတွေထက်စာရင် ပိုပြီး သွက်သွက်လက်လက် ရှိပါတယ်။
၂။ပျော်ရွင်ကျေနပ်မှုရှိတဲ့ အပိုင်းမှာလည်း ဒီလိုပါပဲ။ သူတို့ဟာ စိတ်ကြည်လင်နေတဲ့အတွက် ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်သလို ပိုပြီးတော့လည်း အကောင်းမြင်တတ်ပါတယ်။
၃။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေတတ်ပါတယ်။ အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင်လည်း ဒါကို ငါလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုးတွေ ရှိနေတတ်ပါတယ်။
၄။အစားအသောက်ပုံမှန် စားဖြစ်တဲ့အတွက် ကျန်းမာရေးပိုကောင်းစေပါတယ်။ အိပ်ယာထနောက်ကျလို့ မနက်စာ မစားဖြစ်ပဲ နေ့လည်စာ တန်းစားတာမျိုးလည်း မဖြစ်တော့ပါဘူး။
၅။လွယ်လွယ်ကူကူ စိတ်ဓာတ်မကျတော့ပါဘူး။ ဆေးပညာမှတ်တမ်းတွေ၊ စစ်တမ်းကောက်ချက်တွေအရဆိုရင် မနက်စောစော အိပ်ယာထတတ်တဲ့သူတွေဟာ စိတ်ကျဝေဒနာခံစားရတာမျိုး သိပ်မရှိသလို အလုပ်ကြောင့်၊ လူမှုရေးတွေကြောင့် စိတ်ဓာတ်ကျတာမျိုးတွေလည်း သိပ်မဖြစ်ပါဘူးတဲ့။
သင်ရော အိပ်ရာစောစောထတတ်သူ တစ်ယောက်လား ..။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top