iMyanmarHouse.com - Best Property Website for Myanmar
×

ရာသီဥတုက နည္းနည္းေလး ေအးလာျပီဆုိေတာ့ ပ်ိဳေမေတြအေနနဲ႕ အသားအေရနဲ႕ပတ္သက္ျပီး ေျပာင္းလဲေရြးခ်ယ္အသံုးျပဳရမယ့္ အလွကုန္ေတြ ၀ယ္ၾကရပါျပီ။ ေဆာင္းရာသီမွာ ႏႈတ္ခမ္းသားေျခာက္တဲ့သူေတြအတြက္ေတာ့ ႏႈတ္ခမ္းသား စိုစိုေျပေျပေလး ျဖစ္ေနဖုိ႕ Lip Balm ေလး တစ္ေတာင့္ေလာက္ရွိထားသင့္ပါတယ္။ ဒါေပမယ့္ ေစ်းကြက္ထဲမွာ ရွိေနတဲ့ ႏႈတ္ခမ္းနီေတြ၊ Lip Balm ေတြမွာ လိုအပ္တာေတြေရာ၊ မလိုအပ္တဲ့ ပါ၀င္ပစၥည္းေတြပါ ထည့္၀င္ ဖန္တီးထားၾကတာေၾကာင့္ ႏႈတ္ခမ္းသား အတြက္ ေကာင္းက်ိဳး ျဖစ္ေစတာကနည္းနည္း ဆုိးက်ိဳးျဖစ္ေစတာက မ်ားမ်ား ျဖစ္လာၾကပါတယ္။

Lip Balm ၀ယ္ေတာ့မယ္ဆုိရင္ Lip Balm ရဲ႕ ပါ၀င္ပစၥည္းေတြမွာmoisturizer လို ႏႈတ္ခမ္းသားအတြက္အစိုဓာတ္ထိန္းေပးမယ့္ အရာမ်ိဳးေတြ ပါ၀င္ရမွာျဖစ္သလို ပ်ားဖေယာင္းလို ေစးကပ္တဲ့အရာေတြနဲ႕ အဆီတစ္မ်ိဳးမ်ိဳး ပါ၀င္ရမွာျဖစ္တယ္လို႕ သိရပါတယ္။ ေနာက္အေရးၾကီးတဲ့အခ်က္တစ္ခ်က္ကေတာ့ အဲ့ဒီ Lip Balm မွာ SPF လည္း ပါ၀င္ရပါမယ္။ တစ္ခါတစ္ေလ လူေတြက ကိုယ့္ႏႈတ္ခမ္းသားေတြကို ေနေလာင္ျခင္းကေန ကာကြယ္ရမယ္ဆုိတာကို ေမ့ေနတတ္ၾကပါတယ္။ အလွကုန္ပိုင္းဆုိင္ရာ က်ြမ္းက်င္သူ Diane Madfes က ဖြင့္ဟပါတယ္။ ဒါ့အျပင္ Lip Balm နဲ႕ပတ္သက္ျပီး ေနာက္ထပ္သိထားရမယ့္ အခ်က္ (၃) ခ်က္ကေတာ့

၁။ ရနံ႕သင္းတဲ့ Lip Balm
တကယ္လုိ႕ သင္ဟာ ႏႈတ္ခမ္းသားအတြက္ ေကာင္းမြန္တဲ့ Lip Balm တစ္ခုကိုသာ ၀ယ္ယူဖုိ႕တကယ္ဆႏၵရွိတယ္ဆုိရင္ အနံ႕ေမႊးတဲ့ lip Balm ေတြကို မေရြးခ်ယ္ေပါနဲ႕။ အဲ့ဒီလို ရနံ႕ပါတဲ့ Lip Balm ေတြက ႏႈတ္ခမ္းသားအတြက္ ယားယံတာမ်ိဳးေတြ ျဖစ္ေစတတ္လို႕ပါပဲ။ ရနံ႕သင္းေလ ပိုအႏၱရာယ္ရွိေလဖုိ႕ ေရွာင္သင့္တဲ့ Lip Balm အမ်ိဳးအစားေတြပါ။

၂။ ပူရွိန္းတဲ့ ခံစားခ်က္ေပးႏိုင္တဲ့ Lip Balm
ႏႈတ္ခမ္းသားေပၚ ဆိုးလိုက္တာနဲ႕ ပူရွိန္းတဲ့အထိအေတြ႕ခံစားမႈကို ေပးစြမ္းတဲ့ Lip Balm မ်ိဳးက သင့္ႏႈတ္ခမ္းသားေတြအတြက္ ေကာင္းတယ္လုိ႕ ထင္ရင္ေတာ့ မွားသြားပါျပီ။ အဲ့ဒီလို Lip Balm အမ်ိဳးအစားေတြက ႏႈတ္ခမ္းသားကို ဒုကၡေပးမယ့္ အမ်ိဳးအစားေတြပါပဲ။ သူတုိ႕ကို ေရရွည္သံုးမိရင္ ႏႈတ္ခမ္းသားမဲတာမ်ိဳးေတြထိ ျဖစ္ေစႏိုင္တာမို႕ ေရွာင္သင့္ပါတယ္။

၃။ ဗီတာမင္ E ပါတဲ့ Lip Balm
သင္ေရြးခ်ယ္မယ့္ Lip Balm မွာ ဗီတာမင္E ပါ၀င္တယ္ဆုိျပီး မေပ်ာ္လိုက္ပါနဲ႕။ ဘာလို႕လဲဆုိေတာ့ သူကလည္း ေကာင္းက်ိဳးထက္ ႏႈတ္ခမ္းသားယားယံမႈကို ျဖစ္ေစတာမ်ားလို႕ပါ။ ဒါ့ေၾကာင့္ ဗီတာမင္E ပါတဲ့ Lip Balm ေရြးမယ့္အစား ခုနအေပၚမွာေျပာသလို ပ်ားဖေယာင္းလို အဆီတစ္မ်ိဳးမ်ိဳး ပါ၀င္တာမ်ိဳးကိုသာ ပိုမိုေရြးခ်ယ္သင့္ပါတယ္။

Credit : trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ရာသီဥတုက နည်းနည်းလေး အေးလာပြီဆိုတော့ ပျိုမေတွေအနေနဲ့ အသားအရေနဲ့ပတ်သက်ပြီး ပြောင်းလဲရွေးချယ်အသုံးပြုရမယ့် အလှကုန်တွေ ဝယ်ကြရပါပြီ။ ဆောင်းရာသီမှာ နှုတ်ခမ်းသားခြောက်တဲ့သူတွေအတွက်တော့ နှုတ်ခမ်းသား စိုစိုပြေပြေလေး ဖြစ်နေဖို့ Lip Balm လေး တစ်တောင့်လောက်ရှိထားသင့်ပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲမှာ ရှိနေတဲ့ နှုတ်ခမ်းနီတွေ၊ Lip Balm တွေမှာ လိုအပ်တာတွေရော၊ မလိုအပ်တဲ့ ပါဝင်ပစ္စည်းတွေပါ ထည့်ဝင် ဖန်တီးထားကြတာကြောင့် နှုတ်ခမ်းသား အတွက် ကောင်းကျိုး ဖြစ်စေတာကနည်းနည်း ဆိုးကျိုးဖြစ်စေတာက များများ ဖြစ်လာကြပါတယ်။

Lip Balm ဝယ်တော့မယ်ဆိုရင် Lip Balm ရဲ့ ပါဝင်ပစ္စည်းတွေမှာmoisturizer လို နှုတ်ခမ်းသားအတွက်အစိုဓာတ်ထိန်းပေးမယ့် အရာမျိုးတွေ ပါဝင်ရမှာဖြစ်သလို ပျားဖယောင်းလို စေးကပ်တဲ့အရာတွေနဲ့ အဆီတစ်မျိုးမျိုး ပါဝင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ နောက်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ အဲ့ဒီ Lip Balm မှာ SPF လည်း ပါဝင်ရပါမယ်။ တစ်ခါတစ်လေ လူတွေက ကိုယ့်နှုတ်ခမ်းသားတွေကို နေလောင်ခြင်းကနေ ကာကွယ်ရမယ်ဆိုတာကို မေ့နေတတ်ကြပါတယ်။ အလှကုန်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ Diane Madfes က ဖွင့်ဟပါတယ်။ ဒါ့အပြင် Lip Balm နဲ့ပတ်သက်ပြီး နောက်ထပ်သိထားရမယ့် အချက် (၃) ချက်ကတော့

၁။ ရနံ့သင်းတဲ့ Lip Balm
တကယ်လို့ သင်ဟာ နှုတ်ခမ်းသားအတွက် ကောင်းမွန်တဲ့ Lip Balm တစ်ခုကိုသာ ဝယ်ယူဖို့တကယ်ဆန္ဒရှိတယ်ဆိုရင် အနံ့မွှေးတဲ့ lip Balm တွေကို မရွေးချယ်ပေါနဲ့။ အဲ့ဒီလို ရနံ့ပါတဲ့ Lip Balm တွေက နှုတ်ခမ်းသားအတွက် ယားယံတာမျိုးတွေ ဖြစ်စေတတ်လို့ပါပဲ။ ရနံ့သင်းလေ ပိုအန္တရာယ်ရှိလေဖို့ ရှောင်သင့်တဲ့ Lip Balm အမျိုးအစားတွေပါ။

၂။ ပူရှိန်းတဲ့ ခံစားချက်ပေးနိုင်တဲ့ Lip Balm
နှုတ်ခမ်းသားပေါ် ဆိုးလိုက်တာနဲ့ ပူရှိန်းတဲ့အထိအတွေ့ခံစားမှုကို ပေးစွမ်းတဲ့ Lip Balm မျိုးက သင့်နှုတ်ခမ်းသားတွေအတွက် ကောင်းတယ်လို့ ထင်ရင်တော့ မှားသွားပါပြီ။ အဲ့ဒီလို Lip Balm အမျိုးအစားတွေက နှုတ်ခမ်းသားကို ဒုက္ခပေးမယ့် အမျိုးအစားတွေပါပဲ။ သူတို့ကို ရေရှည်သုံးမိရင် နှုတ်ခမ်းသားမဲတာမျိုးတွေထိ ဖြစ်စေနိုင်တာမို့ ရှောင်သင့်ပါတယ်။

၃။ ဗီတာမင် E ပါတဲ့ Lip Balm
သင်ရွေးချယ်မယ့် Lip Balm မှာ ဗီတာမင်E ပါဝင်တယ်ဆိုပြီး မပျော်လိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ သူကလည်း ကောင်းကျိုးထက် နှုတ်ခမ်းသားယားယံမှုကို ဖြစ်စေတာများလို့ပါ။ ဒါ့ကြောင့် ဗီတာမင်E ပါတဲ့ Lip Balm ရွေးမယ့်အစား ခုနအပေါ်မှာပြောသလို ပျားဖယောင်းလို အဆီတစ်မျိုးမျိုး ပါဝင်တာမျိုးကိုသာ ပိုမိုရွေးချယ်သင့်ပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top