iMyanmarHouse.com - Best Property Website for Myanmar
×

အင္တာဗ်ဴးတစ္ခုေျဖတယ္ဆိုတာ အလုပ္အသစ္တစ္ခုရဲ့အစပါပဲ။ အလုပ္ရဖုိ႔ဆိုတာအင္တာဗ်ဴးေအာင္ဖို႔လိုပါတယ္။ အလုပ္အသစ္တစ္ခုဆိုတာ ဘဝသစ္တစ္ခုရဲ့အစပါ။ ဒီေတာ့အလုပ္ေကာင္းတစ္ခုကို အင္တာဗ်ဴးေျဖခြင့္ရျပီးမွာ လက္လႊတ္လိုက္ရတာမ်ိဳးမရွိေအာင္ဘယ္လို္လုပ္ပါမလဲ? ပထမဆံုး သင့္ကိုအင္တာဗ်ဴးမယ့္သူရဲ့ ေခါင္းထဲကိုဝင္ၾကည့္ဖို႔လိုပါတယ္။ သင္သာသူ႔ေနရာမွာဆိုရင္ ဘယ္လိုလူမ်ိဳးကိုလုိခ်င္မွာလဲ? သူလိုခ်င္မယ့္အရာေတြ သင့္မွာရွိဖို႔လိုပါတယ္။ ေအာက္မွာေတာ့ အင္တာဗ်ဴးေမးသူေတြတိုင္း လိုခ်င္တဲ့အခ်က္(၄)ခ်က္ကိုေဖာ္ျပေပးလိုက္ပါတယ္။


(၁) ရည္မွန္းခ်က္

ရည္မွန္းခ်က္ကအရမ္းအေရးၾကီးပါတယ္။ ဘာမွရည္မွန္းခ်က္မရွိတဲ့သူတစ္ေယာက္ကိုဘယ္သူမွအလုပ္မခန္႔ခ်င္ပါဘူး။ ဒါေပမယ့္ ဒီေနရာမွာျပသနာတစ္ခုရွိပါတယ္။ ျမန္မာလူငယ္ေတြမွာ မ်ားေသာအားျဖင့္ ရည္မွန္းခ်က္ဘာလဲလို႔ ေမးလိုက္ရင္ ေရေရရာရာမရွိတဲ့သူကမ်ားပါတယ္။ ကြ်န္ေတာ္ကိုယ္တိုင္လည္းမရွိခဲ့ပါဘူး။


ဒါေပမယ့္ ေသခ်ာတာက အင္တာဗ်ဴးခန္းထဲမွာ ကြ်န္ေတာ့္မွာ ဘာရည္မွန္းခ်က္မွမရွိပါဘူးလို႔ေတာ့ ေျပာလို႔မရပါဘူး။ အခုကေန ေနာင္လာမယ့္ ၅ႏွစ္အတြင္းမွာ သင္ဘယ္အေနအထားကိုေရာက္ခ်င္ပါသလဲ? တစ္ခါမွမစဥ္းစားဘူးရင္ေတာ့ သင္အခုစစဥ္းစားသင့္ပါျပီ။ သင္ရာထူး၊ဂုဏ္တစ္ခုခုမေျပာခ်င္ရင္ေတာင္ သင္ျဖစ္ခ်င္တဲ့အရာတစ္ခုကိုေတာ့ေျပာျပသင့္ပါတယ္။


ဥပမာတစ္ခုေျပာျပပါမယ္။ ကြ်န္ေတာ့္အင္တာဗ်ဴးတစ္ခုကအေတြ႔အၾကံဳပါ။ အဲ့ဒိတုန္းက ကြ်န္ေတာ္ကcontent writer ရာထူးကိုေလွ်ာက္ခဲ့တာပါ။ ကြ်န္ေတာ့္မွာ စာေရးတဲ့အေတြ႔အၾကံဳအမ်ားၾကီးမရွိပါဘူး။အဲ့ဒိတုန္းကသူကေမးတယ္။ What’s your ambition? တဲ့။ ကြ်န္ေတာ္အမွန္အတိုင္းေျပာရရင္ အဲ့ဒိအခ်ိန္ကကြ်န္ေတာ္ဘာျဖစ္ခ်င္မွန္း ကြ်န္ေတာ္မသိပါဘူး။


ဒါေပမယ့္ ကြ်န္ေတာ့္စိတ္ထဲမွာျဖစ္ခ်င္တဲ့အရာေလးတစ္ခုေတာ့ရွိပါတယ္။ အဲ့ဒါကေတာ့ ကြ်န္ေတာ္တတ္နို္င္တဲ့ဘက္ကေန ကိုယ့္နုိင္ငံသားေတြကိုကူညီျပီး ကိုယ့္နိုင္ငံတိုးတက္ရာဖို႔ၾကိဳးစားေနတဲ့ေနရာမွာ တစ္ေထာင့္တစ္ေနရာကပါဝင္ခ်င္ပါတယ္လို႔ ေျဖခဲ့ပါတယ္။ အဲ့ဒါကအမွန္တရားပါ။ အခုလည္း ကြ်န္ေတာ္သိသမွ် ဗဟုသုတေတြကို အြန္လိုင္းကေနျဖန္႔ေဝရင္း ျမန္မာနုိင္ငံအတြက္ ကြ်န္ေတာ္အက်ိဳးျပဳေနပါတယ္။ အဲ့ဒိတုန္းက အဲ့ဒိအေျဖကို သူအရမ္းသေဘာက်ခဲ့ပါတယ္။

(၂) ၾကိဳးစားအားထုတ္မႈ

မည္သည့္အလုပ္ရွင္မဆို ၾကိဳးစားအားထုတ္မႈ မရွိတဲ့ဝန္ထမ္းကို ခန္႔ခ်င္မွာမဟုတ္ပါဘူး။ သင္ၾကိဳးစားတတ္တဲ့သူတစ္ေယာက္ဟုတ္မဟုတ္ဆိုတာကို သင္နဲ႔အလုပ္မလုပ္ဖူးေသးပဲ သူမသိနုိင္ပါဘူး။ ဒါေပမယ့္ သင့္ရဲ့ၾကိဳးစားခ်င္စိတ္ကိုေတာ့ အင္တာဗ်ဴးမွာ တတ္နုိင္သေလာက္ သူေလ့လာမွာပါ။ ဒါ့ေၾကာင့္ သင္ဟာ ၾကိဳးစားခ်င္စိတ္ရွိတဲ့သူတစ္ေယာက္ျဖစ္ေၾကာင္းကို အင္တာဗ်ဴးမွာ ျပသရမွာပါ။ သင့္မွာ အတိတ္က ၾကိဳးစားခဲ့မႈေတြ၊ေအာင္ျမင္မႈေတြရွိရင္ ေသေသခ်ာခ်ာေျပာျပပါ။

(၃) ကြ်မ္းက်င္မႈ

ကြ်မ္းက်င္မႈရွိတဲ့ ဝန္ထမ္းကို မည့္သည့္အလုပ္ရွင္မဆို လိုခ်င္မွာ အေသအခ်ာပါပဲ။ တစ္ခ်ိဳ႕အလုပ္ေတြကကြ်မ္းက်င္မႈကုိ ဦးစားေပးေခၚယူတာရွိပါတယ္။ တစ္ခ်ိဳ႕ကက်ေတာ့ ကြ်မ္းက်င္မႈထက္ ၾကိဳးစားအားထုတ္မႈကိုပိုလိုခ်င္ၾကပါတယ္။ ဒါ့ေၾကာင့္ ကြ်မ္းက်င္မႈမရွိေသးဘူးဆိုရင္လည္း အားမငယ္ပါနဲ႔။ ၾကိဳးစားအားထုတ္မႈနဲသင္ယူမႈကို ပိုသေဘာက်တဲ့ ကုမၸဏီမ်ိဳးကိုရွာပါ။ ဒါေပမယ့္ ဘယ္အင္တာဗ်ဴးပဲ ျဖစ္ျဖစ္ သင့္မွာရွိတဲ့ ကြ်မ္းက်င္မႈကို အင္တာဗ်ဴးသူျမင္သာေအာင္ေတာ့ ျပသပါ။

(၄) သင္ယူခ်င္စိတ္

ကြ်မ္းက်င္မႈမရွိရင္ေတာင္ သင္ယူခ်င္စိတ္ရွိတဲ့သူေတြကို အင္တာဗ်ဴးသူေတြက သေဘာက်တတ္ၾကပါတယ္။ကြ်မ္းက်င္မႈလည္းမရွိ သင္ယူလိုစိတ္လည္း မရွိဆိုရင္ေတာ့ သင့္ကိုသေဘာက်မွာမဟုတ္ပါဘူး။ သင္ေလွ်ာက္ထားတဲ့အလုပ္က လိုအပ္တဲ့ ကြ်မ္းက်င္မႈသင့္မွာ မရွိရင္ေတာင္ သင္ယူေနေၾကာင္းကို ေဖာ္ျပလို႔ရပါတယ္။အထက္ပါ အရည္အခ်င္းေတြကေတာ့ အင္တာဗ်ဴးတိုင္းလိုခ်င္တဲ့အရည္အခ်င္းေတြပဲျဖစ္ပါတယ္။ အားလံုးမရွိေတာင္ တစ္ခ်ိဳ႕တစ္ဝက္ ပိုင္ဆိုင္ေအာင္ ၾကိဳးစားထားသင့္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Red Dot network

#Unicode Version
အင်တာဗျူးတစ်ခုဖြေတယ်ဆိုတာ အလုပ်အသစ်တစ်ခုရဲ့အစပါပဲ။ အလုပ်ရဖို့ဆိုတာအင်တာဗျူးအောင်ဖို့လိုပါတယ်။ အလုပ်အသစ်တစ်ခုဆိုတာ ဘဝသစ်တစ်ခုရဲ့အစပါ။ ဒီတော့အလုပ်ကောင်းတစ်ခုကို အင်တာဗျူးဖြေခွင့်ရပြီးမှာ လက်လွှတ်လိုက်ရတာမျိုးမရှိအောင်ဘယ်လိုလုပ်ပါမလဲ? ပထမဆုံး သင့်ကိုအင်တာဗျူးမယ့်သူရဲ့ ခေါင်းထဲကိုဝင်ကြည့်ဖို့လိုပါတယ်။ သင်သာသူ့နေရာမှာဆိုရင် ဘယ်လိုလူမျိုးကိုလိုချင်မှာလဲ? သူလိုချင်မယ့်အရာတွေ သင့်မှာရှိဖို့လိုပါတယ်။ အောက်မှာတော့ အင်တာဗျူးမေးသူတွေတိုင်း လိုချင်တဲ့အချက်(၄)ချက်ကိုဖော်ပြပေးလိုက်ပါတယ်။


(၁) ရည်မှန်းချက်

ရည်မှန်းချက်ကအရမ်းအရေးကြီးပါတယ်။ ဘာမှရည်မှန်းချက်မရှိတဲ့သူတစ်ယောက်ကိုဘယ်သူမှအလုပ်မခန့်ချင်ပါဘူး။ ဒါပေမယ့် ဒီနေရာမှာပြသနာတစ်ခုရှိပါတယ်။ မြန်မာလူငယ်တွေမှာ များသောအားဖြင့် ရည်မှန်းချက်ဘာလဲလို့ မေးလိုက်ရင် ရေရေရာရာမရှိတဲ့သူကများပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းမရှိခဲ့ပါဘူး။


ဒါပေမယ့် သေချာတာက အင်တာဗျူးခန်းထဲမှာ ကျွန်တော့်မှာ ဘာရည်မှန်းချက်မှမရှိပါဘူးလို့တော့ ပြောလို့မရပါဘူး။ အခုကနေ နောင်လာမယ့် ၅နှစ်အတွင်းမှာ သင်ဘယ်အနေအထားကိုရောက်ချင်ပါသလဲ? တစ်ခါမှမစဉ်းစားဘူးရင်တော့ သင်အခုစစဉ်းစားသင့်ပါပြီ။ သင်ရာထူး၊ဂုဏ်တစ်ခုခုမပြောချင်ရင်တောင် သင်ဖြစ်ချင်တဲ့အရာတစ်ခုကိုတော့ပြောပြသင့်ပါတယ်။


ဥပမာတစ်ခုပြောပြပါမယ်။ ကျွန်တော့်အင်တာဗျူးတစ်ခုကအတွေ့အကြုံပါ။ အဲ့ဒိတုန်းက ကျွန်တော်ကcontent writer ရာထူးကိုလျှောက်ခဲ့တာပါ။ ကျွန်တော့်မှာ စာရေးတဲ့အတွေ့အကြုံအများကြီးမရှိပါဘူး။အဲ့ဒိတုန်းကသူကမေးတယ်။ What’s your ambition? တဲ့။ ကျွန်တော်အမှန်အတိုင်းပြောရရင် အဲ့ဒိအချိန်ကကျွန်တော်ဘာဖြစ်ချင်မှန်း ကျွန်တော်မသိပါဘူး။


ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာဖြစ်ချင်တဲ့အရာလေးတစ်ခုတော့ရှိပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တတ်နိုင်တဲ့ဘက်ကနေ ကိုယ့်နိုင်ငံသားတွေကိုကူညီပြီး ကိုယ့်နိုင်ငံတိုးတက်ရာဖို့ကြိုးစားနေတဲ့နေရာမှာ တစ်ထောင့်တစ်နေရာကပါဝင်ချင်ပါတယ်လို့ ဖြေခဲ့ပါတယ်။ အဲ့ဒါကအမှန်တရားပါ။ အခုလည်း ကျွန်တော်သိသမျှ ဗဟုသုတတွေကို အွန်လိုင်းကနေဖြန့်ဝေရင်း မြန်မာနိုင်ငံအတွက် ကျွန်တော်အကျိုးပြုနေပါတယ်။ အဲ့ဒိတုန်းက အဲ့ဒိအဖြေကို သူအရမ်းသဘောကျခဲ့ပါတယ်။

(၂) ကြိုးစားအားထုတ်မှု

မည်သည့်အလုပ်ရှင်မဆို ကြိုးစားအားထုတ်မှု မရှိတဲ့ဝန်ထမ်းကို ခန့်ချင်မှာမဟုတ်ပါဘူး။ သင်ကြိုးစားတတ်တဲ့သူတစ်ယောက်ဟုတ်မဟုတ်ဆိုတာကို သင်နဲ့အလုပ်မလုပ်ဖူးသေးပဲ သူမသိနိုင်ပါဘူး။ ဒါပေမယ့် သင့်ရဲ့ကြိုးစားချင်စိတ်ကိုတော့ အင်တာဗျူးမှာ တတ်နိုင်သလောက် သူလေ့လာမှာပါ။ ဒါ့ကြောင့် သင်ဟာ ကြိုးစားချင်စိတ်ရှိတဲ့သူတစ်ယောက်ဖြစ်ကြောင်းကို အင်တာဗျူးမှာ ပြသရမှာပါ။ သင့်မှာ အတိတ်က ကြိုးစားခဲ့မှုတွေ၊အောင်မြင်မှုတွေရှိရင် သေသေချာချာပြောပြပါ။

(၃) ကျွမ်းကျင်မှု

ကျွမ်းကျင်မှုရှိတဲ့ ဝန်ထမ်းကို မည့်သည့်အလုပ်ရှင်မဆို လိုချင်မှာ အသေအချာပါပဲ။ တစ်ချို့အလုပ်တွေကကျွမ်းကျင်မှုကို ဦးစားပေးခေါ်ယူတာရှိပါတယ်။ တစ်ချို့ကကျတော့ ကျွမ်းကျင်မှုထက် ကြိုးစားအားထုတ်မှုကိုပိုလိုချင်ကြပါတယ်။ ဒါ့ကြောင့် ကျွမ်းကျင်မှုမရှိသေးဘူးဆိုရင်လည်း အားမငယ်ပါနဲ့။ ကြိုးစားအားထုတ်မှုနဲသင်ယူမှုကို ပိုသဘောကျတဲ့ ကုမ္ပဏီမျိုးကိုရှာပါ။ ဒါပေမယ့် ဘယ်အင်တာဗျူးပဲ ဖြစ်ဖြစ် သင့်မှာရှိတဲ့ ကျွမ်းကျင်မှုကို အင်တာဗျူးသူမြင်သာအောင်တော့ ပြသပါ။

(၄) သင်ယူချင်စိတ်

ကျွမ်းကျင်မှုမရှိရင်တောင် သင်ယူချင်စိတ်ရှိတဲ့သူတွေကို အင်တာဗျူးသူတွေက သဘောကျတတ်ကြပါတယ်။ကျွမ်းကျင်မှုလည်းမရှိ သင်ယူလိုစိတ်လည်း မရှိဆိုရင်တော့ သင့်ကိုသဘောကျမှာမဟုတ်ပါဘူး။ သင်လျှောက်ထားတဲ့အလုပ်က လိုအပ်တဲ့ ကျွမ်းကျင်မှုသင့်မှာ မရှိရင်တောင် သင်ယူနေကြောင်းကို ဖော်ပြလို့ရပါတယ်။အထက်ပါ အရည်အချင်းတွေကတော့ အင်တာဗျူးတိုင်းလိုချင်တဲ့အရည်အချင်းတွေပဲဖြစ်ပါတယ်။ အားလုံးမရှိတောင် တစ်ချို့တစ်ဝက် ပိုင်ဆိုင်အောင် ကြိုးစားထားသင့်ပါတယ်။


ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Red Dot network
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top