iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူကိုလြမ္းရတဲ့ ေဝဒနာဆုိတာ ခ်ိဳၿမိန္တဲ့ဒုကၡတစ္မ်ိဳးလုိ႔ ဆုိၾကပါတယ္။ ခ်စ္သူကုိ မွန္းဆတမ္းတရင္း အလြမ္းေဝဒနာေတြကုိ လက္ငါးေခ်ာင္းႏွင့့္ေျဖသိမ့္လုိက္တာကုိ တစ္ကုိယ္ရည္လိင္စိတ္ေျဖတယ္လုိ႔ သတ္မွတ္ပါတယ္။ တစ္ကုိယ္ရည္လိင္စိတ္ေျဖတယ္ဆုိတာ Single ေတြမွာပဲျဖစ္ျဖစ္ ၊ FA ေတြမွာပဲျဖစ္ျဖစ္ ၊ ေဖာ္ကြာေဝးတဲ့သူေတြမွာပဲျဖစ္ျဖစ္ မလြဲမေသြလုပ္ေဆာင္ၾကတဲ့ ကိစၥရပ္တစ္ခုလည္း ျဖစ္ျပန္ပါတယ္။ အေမရိကန္ႏုိင္ငံမွာဆုိရင္ အမ်ိဳးသား ၉၄ရာခုိင္ႏႈန္း ၊ အမ်ိဳးသမီး ၈ဝရာခုိင္ႏႈန္းဟာ တစ္ကုိယ္ရည္လိင္စိတ္ေျဖေလ့့ရွိတယ္လုိ႔ ဝန္ခံထားပါတယ္။ တစ္ကုိယ္ရည္လိင္စိတ္ေျဖျခင္းဆုိတာ က်န္းမာေရးအတြက္္ ဘယ္လုိအက်ိဳးသက္ေရာက္မႈရွိတယ္ဆုိတာ အေသးစိတ္ေဖာ္ျပပါမယ္။

၁။ စားဝင္အိပ္ေပ်ာ္ေစတယ္။

တစ္ကိုယ္တည္း လိင္စိတ္ေျဖၿပီးတဲ့ေနာက္မွာ ပင္ပန္းႏြမ္းနယ္သြားၿပီး အိပ္ခ်င္စိတ္ကုိ ျဖစ္ေပၚေစတဲ့ ေအာက္တုိဇင္ေဟာမုန္း ၊ မက္လာတုိနင္ေဟာမုန္း  ႏွင့္ ဆီရာတုိနင္ေဟာမုန္းမ်ားကုိ ထုတ္ေပးတဲ့အတြက္ အိပ္ေပ်ာ္ေစပါတယ္။ ဒါေၾကာင့္လည္း အမ်ားစုုုဟာ ညအိပ္ရာဝင္ခါနီးမွာ တစ္ကုိယ္တည္းလိင္စိတ္ေျဖၿပီး အိပ္ေပ်ာ္သြားျခင္းျဖစ္ပါတယ္။

၂။ ေရာဂါဘယမ်ား ကင္းေဝးေစတယ္။

အမ်ိဳးသမီးေတြ လိင္စိတ္ေျဖလုိက္တဲ့အခါမွာ အမ်ိဳးသမီးအဂၤါမွ ထြက္လာတဲ့အရည္တစ္မ်ိဳးဟာ ေသြးလွည့္ပတ္မႈကုိ ေကာင္းမြန္ေစပါတယ္။ အမ်ိဳးသမီးမ်ားအတြက္ သားအိမ္ေခါင္းကင္ဆာ ၊ ဆီးလမ္းေၾကာင္းကင္ဆာမ်ားကုိ ကာကြယ္ေစရုံသာမက အမ်ိဳးသားမ်ားအတြက္လည္း ဆီးက်ိတ္ကင္ဆာေရာဂါကုိ ကာကြယ္ေစပါတယ္။ တစ္ပတ္လ်င္ ၂ႀကိမ္ (သုိ႔) ၃ႀကိမ္ခန္႔ လိင္စိတ္ေျဖလုိက္ျခင္းဟာ သာမန္လူထက္ အသက္ပုိရွည္ေစပါတယ္လုိ႔ ဆုိထားျပန္ပါတယ္။

၃။ စိတ္ဖိအားကုိ ေလ်ာ့နည္းေစတယ္။

လိင္စိတ္ေျဖစဥ္မွာ ထြက္လာတဲ့ ေအာက္တိုစင္ေဟာ္မုန္းဟာ  ခံစားေနရတဲ့ စိတ္ဖိအားေတြကုိ သက္သာေလ်ာ့နည္းေစပါတယ္။ မ်ိဳသိပ္ထားရတဲ့ ခံစားခ်က္ေတြကုိ တစ္ကုိယ္တည္းဖြင့္ထုတ္လုိက္ရတယ္ဆုိတာ စိတ္ထဲမွာ လြတ္လပ္ေပါ့ပါးသြားတာနဲ႔အညီ စိတ္ၾကည္လင္လန္းဆန္းေစျပန္ပါတယ္။ အမ်ိဳးသမီး ၇ဝရာခုိင္ႏႈန္းဟာ လိင္ဆက္ဆံျခင္းထက္ တစ္ကုိယ္ရည္လိင္စိတ္ေျဖျခင္းဟာ ပုိၿပီးအားရေက်နပ္မႈေပးစြမ္းေစပါတယ္လုိ႔ ဝန္ခံထားျပန္ပါတယ္။

၄။ ရုိးေျမက် ေပါင္းသင္းေစတယ္။

ေဝးကြာေနတဲ့ အခုိက္အတန္႔မွာ ခ်စ္သူကုိ မွန္းဆတမ္းတၿပီး လိင္စိတ္ေျဖသိမ့္လုိက္တယ္ဆုိတာ ကုိယ့္ရဲ႕အေတြးထဲမွာ ခ်စ္သူတစ္ေယာက္တည္းကုိပဲ စြဲထင္ေနတဲ့သေကၤတာပဲျဖစ္ပါတယ္။ ကုိယ့္ခ်စ္သူကုိပဲ အျမဲတမ္းမွန္းဆၿပီး လိင္စိတ္ေျဖတယ္ဆုိတာ သစၥာရွိတဲ့သူေတြရဲ႕အျပဳအမူျဖစ္တယ္လုိ႔ စိတ္ပညာရွင္မ်ား ဆုိထားျပန္ပါတယ္။

၅။ ေခါင္းကုိက္ေဝဒနာကုိ သက္သာေစတယ္။

လိင္စိတ္ေျဖလုိက္စဥ္မွာ ထုတ္လႊတ္လုိက္တဲ့ ေဟာ္မုန္းတစ္မ်ိဳးဟာ အေအးမိ ၊ ႏွာေစး ႏွင့္ သာမန္ေခါင္းကုိက္ေဝဒနာမ်ားကုိ သက္သာေပ်ာက္ကင္းေစတယ္လုိ႔ ေလ့လာမႈတစ္ရပ္အရ သိရပါတယ္။ လိင္စိတ္ေျဖတယ္ဆုိတာ က်န္းမာေရးအတြက္ အေထာက္အကူျဖစ္တာမွန္ေပမယ့္လည္း “တန္ေဆး လြန္ေဘး” ဆုိတဲ့အတုိင္း တစ္ပတ္လ်င္ ၃ႀကိမ္ထက္ မပုိသင့္ပါေၾကာင္း သတိေပးေရးသားလုိက္ပါတယ္။

Credit: akhayar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

ချစ်သူကိုလွမ်းရတဲ့ ဝေဒနာဆိုတာ ချိုမြိန်တဲ့ဒုက္ခတစ်မျိုးလို့ ဆိုကြပါတယ်။ ချစ်သူကို မှန်းဆတမ်းတရင်း အလွမ်းဝေဒနာတွေကို လက်ငါးချောင်းနှင့့်ဖြေသိမ့်လိုက်တာကို တစ်ကိုယ်ရည်လိင်စိတ်ဖြေတယ်လို့ သတ်မှတ်ပါတယ်။ တစ်ကိုယ်ရည်လိင်စိတ်ဖြေတယ်ဆိုတာ Single တွေမှာပဲဖြစ်ဖြစ် ၊ FA တွေမှာပဲဖြစ်ဖြစ် ၊ ဖော်ကွာဝေးတဲ့သူတွေမှာပဲဖြစ်ဖြစ် မလွဲမသွေလုပ်ဆောင်ကြတဲ့ ကိစ္စရပ်တစ်ခုလည်း ဖြစ်ပြန်ပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် အမျိုးသား ၉၄ရာခိုင်နှုန်း ၊ အမျိုးသမီး ၈ဝရာခိုင်နှုန်းဟာ တစ်ကိုယ်ရည်လိင်စိတ်ဖြေလေ့ရှိတယ်လို့ ဝန်ခံထားပါတယ်။ တစ်ကိုယ်ရည်လိင်စိတ်ဖြေခြင်းဆိုတာ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်ဆိုတာ အသေးစိတ်ဖော်ပြပါမယ်။

၁။ စားဝင်အိပ်ပျော်စေတယ်။

တစ်ကိုယ်တည်း လိင်စိတ်ဖြေပြီးတဲ့နောက်မှာ ပင်ပန်းနွမ်းနယ်သွားပြီး အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ အောက်တိုဇင်ဟောမုန်း ၊ မက်လာတိုနင်ဟောမုန်း  နှင့် ဆီရာတိုနင်ဟောမုန်းများကို ထုတ်ပေးတဲ့အတွက် အိပ်ပျော်စေပါတယ်။ ဒါကြောင့်လည်း အများစုုုဟာ ညအိပ်ရာဝင်ခါနီးမှာ တစ်ကိုယ်တည်းလိင်စိတ်ဖြေပြီး အိပ်ပျော်သွားခြင်းဖြစ်ပါတယ်။

၂။ ရောဂါဘယများ ကင်းဝေးစေတယ်။

အမျိုးသမီးတွေ လိင်စိတ်ဖြေလိုက်တဲ့အခါမှာ အမျိုးသမီးအင်္ဂါမှ ထွက်လာတဲ့အရည်တစ်မျိုးဟာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အမျိုးသမီးများအတွက် သားအိမ်ခေါင်းကင်ဆာ ၊ ဆီးလမ်းကြောင်းကင်ဆာများကို ကာကွယ်စေရုံသာမက အမျိုးသားများအတွက်လည်း ဆီးကျိတ်ကင်ဆာရောဂါကို ကာကွယ်စေပါတယ်။ တစ်ပတ်လျင် ၂ကြိမ် (သို့) ၃ကြိမ်ခန့် လိင်စိတ်ဖြေလိုက်ခြင်းဟာ သာမန်လူထက် အသက်ပိုရှည်စေပါတယ်လို့ ဆိုထားပြန်ပါတယ်။

၃။ စိတ်ဖိအားကို လျော့နည်းစေတယ်။

လိင်စိတ်ဖြေစဉ်မှာ ထွက်လာတဲ့ အောက်တိုစင်ဟော်မုန်းဟာ  ခံစားနေရတဲ့ စိတ်ဖိအားတွေကို သက်သာလျော့နည်းစေပါတယ်။ မျိုသိပ်ထားရတဲ့ ခံစားချက်တွေကို တစ်ကိုယ်တည်းဖွင့်ထုတ်လိုက်ရတယ်ဆိုတာ စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးသွားတာနဲ့အညီ စိတ်ကြည်လင်လန်းဆန်းစေပြန်ပါတယ်။ အမျိုးသမီး ၇ဝရာခိုင်နှုန်းဟာ လိင်ဆက်ဆံခြင်းထက် တစ်ကိုယ်ရည်လိင်စိတ်ဖြေခြင်းဟာ ပိုပြီးအားရကျေနပ်မှုပေးစွမ်းစေပါတယ်လို့ ဝန်ခံထားပြန်ပါတယ်။

၄။ ရိုးမြေကျ ပေါင်းသင်းစေတယ်။

ဝေးကွာနေတဲ့ အခိုက်အတန့်မှာ ချစ်သူကို မှန်းဆတမ်းတပြီး လိင်စိတ်ဖြေသိမ့်လိုက်တယ်ဆိုတာ ကိုယ့်ရဲ့အတွေးထဲမှာ ချစ်သူတစ်ယောက်တည်းကိုပဲ စွဲထင်နေတဲ့သင်္ကေတာပဲဖြစ်ပါတယ်။ ကိုယ့်ချစ်သူကိုပဲ အမြဲတမ်းမှန်းဆပြီး လိင်စိတ်ဖြေတယ်ဆိုတာ သစ္စာရှိတဲ့သူတွေရဲ့အပြုအမူဖြစ်တယ်လို့ စိတ်ပညာရှင်များ ဆိုထားပြန်ပါတယ်။

၅။ ခေါင်းကိုက်ဝေဒနာကို သက်သာစေတယ်။

လိင်စိတ်ဖြေလိုက်စဉ်မှာ ထုတ်လွှတ်လိုက်တဲ့ ဟော်မုန်းတစ်မျိုးဟာ အအေးမိ ၊ နှာစေး နှင့် သာမန်ခေါင်းကိုက်ဝေဒနာများကို သက်သာပျောက်ကင်းစေတယ်လို့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ လိင်စိတ်ဖြေတယ်ဆိုတာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တာမှန်ပေမယ့်လည်း “တန်ဆေး လွန်ဘေး” ဆိုတဲ့အတိုင်း တစ်ပတ်လျင် ၃ကြိမ်ထက် မပိုသင့်ပါကြောင်း သတိပေးရေးသားလိုက်ပါတယ်။

Credit: akhayar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top