iMyanmarHouse.com - Best Property Website for Myanmar
×

ညစဥ္ သင္လုပ္ေဆာင္ေနတဲ့ ပံုမွန္လုပ္ေဆာင္ခ်က္တခ်ိဳ႔ဟာ တစ္ေန႔တာလံုးရဲ႔ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ အမူအက်င့္ေတြကို ပ်က္စီးသြားေစႏိုင္ပါတယ္။ တကယ္လို႕ သင္သာ တစ္ေန႔ကုန္ အစားကို ခ်င့္ခ်င့္ခ်ိန္ခ်ိန္ စားခဲ့ၿပီးမွ ညဘက္အိပ္ရာ၀င္ခ်ိန္မွာပဲ အစီအစဥ္ပ်က္သြားမယ္ဆိုရင္ေတာ့ ေဖာ္ၿပထားတဲ့ အခ်က္ေလးေတြကို စိတ္ထဲမွာ စြဲၿမဲေအာင္ မွတ္သားၿပီး အိပ္ရာ၀င္သင့္ပါတယ္။

(၁) အိပ္ရာမ၀င္ခင္ ေသာက္တတ္တဲ့ အမူအက်င့္ကို ေလွ်ာ႔ခ်ပစ္ပါ
၀ိုင္တစ္ခြက္ ဒါမွမဟုတ္ သင့္အၾကိဳက္ ေကာ့ေတးတစ္ခြက္ဟာ အိပ္ရာမ၀င္ခင္ အပန္းေၿဖဖို႔အတြက္ ၿပီးၿပည့္စံုတဲ့ ညဘက္ ေသာက္စားၿခင္းလို႔ ထင္ရေပမဲ့ အယ္လ္ကိုေဟာက သင့္ရဲ႔အိပ္စက္ၿခင္းကို အေႏွာင့္အယွက္ေပးႏိုင္ပါတယ္။ ၿပီးေတာ့ အဲဒါက သင့္ရဲ႔ ခါးေကာက္ေၾကာင္းအတြက္ အေႏွာင့္အယွက္ေပးေစႏိုင္ၿပီး အေကာင္းဆံုး ေရြးခ်ယ္မႈလည္း မဟုတ္ပါဘူး။ ေသာက္စရာအမ်ားစုမွာ ကယ္လိုရီ မ်ားစြာ ပါ၀င္ေနၿပီး တစ္ငံု ႏွစ္ငံု ေသာက္ၿခင္းကလည္း အစားစားခ်င္စိတ္ကို ၿဖစ္ေပၚေစပါတယ္။ မူးယစ္ေစမယ့္ နည္းလမ္းနဲ႔ အနားယူပစ္လုိက္မယ့္အစား သစ္ၾကမ္းပိုးေခါက္ထည့္ထားတဲ့ ႏြားႏို႔ပူပူတစ္ခြက္ကို တစ္က်ိဳက္ေလာက္ ေသာက္ပါ။ ဒါမွမဟုတ္ ရွားေစာင္းလက္ပက္ လက္ဖက္ရည္တစ္ခြက္ကို ေသာက္သံုးၿပီး ေန႔စဥ္ပံုမွန္ လုပ္ငန္းေဆာင္တာေတြကို ေမ့ထားလုိက္ပါ။ ျပီးရင္ေတာ့ အသက္ရွဴေလ့က်င့္ခန္းလုပ္ၿပီး စိတ္ပင္ပန္းမႈကို ေၿဖေဖ်ာက္လုိက္ပါ။

(၂) သင့္မနက္ခင္းကို အစီအစဥ္ဆြဲပါ
အစီအစဥ္ခ်ဖို႔ ၅မိနစ္ အခ်ိန္ယူၿပီး ေနာက္တစ္ေန႔အတြက္ ထုပ္ပိုးၿပင္ဆင္ၿခင္းဟာ သင့္ကို ဆံုးၿဖတ္ခ်က္အၾကီးစားေတြ ခ်မွတ္ရၿခင္းမွ ကင္းေ၀းေစႏိုင္ၿပီး ဦးေႏွာက္သိပ္မသံုးရဘဲ ေကာင္းမြန္တဲ့ ေရြးခ်ယ္မႈေတြရလာဖို႔ အေထာက္အကူေပးပါတယ္။ မနက္စာအတြက္ စီစဥ္ရၿခင္းနဲ႔ အားကစားရံုသြားဖို႔ ထုပ္ပိုးၿပင္ဆင္ၿခင္းအားၿဖင့္ ညဘက္မွာ ေအာင္ၿမင္စြာ အိပ္စက္ႏိုင္ဖို႔ ၾကိဳးစားၾကည့္လိုက္္ပါ။ အရာအားလံုးကို လြယ္ကူ အဆင္ေၿပစြာ ရရွိထားၿခင္းအားၿဖင့္ သင္နဲ႔ သင့္ရဲ႔ ေလ့က်င့္ခန္း အခ်ိန္အၾကား ဆင္ေၿခေတြကို ေလ်ာ့နည္းေစႏိုင္ပါတယ္။ ဒါအၿပင္ သင့္ကို ေကာ္ဖီဆိုင္မွ အခ်ိဳကဲတဲ့ ဌာပနာမုန္႔ေတြကို အလ်င္စလို မွာစားၿခင္းကေန ကာကြယ္ေပးႏိုင္ပါတယ္။

(၃) သင့္ရဲ႔ အစားအစာဆိုင္ရာ ဂ်ာနယ္ကို သံုးသပ္ပါ
ကိုုယ္အေလးခ်ိန္ ေလ်ာ့က်ၿခင္းပန္းတိုင္ဆီ ေရာက္ဖို႔အတြက္ အစားအစာ ဂ်ာနယ္တစ္ေစာင္ ထားရွိၿခင္းကလည္း အေကာင္းဆံုးနည္းလမ္း တစ္ခုၿဖစ္ပါတယ္။ အိပ္ရာမ၀င္မီ တစ္ေန႔တာအတြင္း အစားအစာ ေရြးခ်ယ္ခဲ့မႈမ်ားကို ၿပန္စဥ္းစားၾကည့္ပါ။ ၿပီးေတာ့ ရိုးစင္းတဲ့ ေၿပာင္းလဲမႈေတြနဲ႔ ထိန္းညိွမႈေတြကို သတိထားၾကည့္ပါ။ အဲဒီအရာကလည္း သင့္ရဲ႔ ၾကိဳးပမ္းမႈအတြက္ အေကာင္းဆံုးသတိေပးခ်က္ၿဖစ္ၿပီး က်န္းမာေစတဲ့ ေရြးခ်ယ္မႈေတြကို ဆက္လက္ၿပဳလုပ္ႏိုင္ေစဖို႔ စိတ္အားတက္ၾကြလာေစႏိုင္မွာၿဖစ္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ညစဉ် သင်လုပ်ဆောင်နေတဲ့ ပုံမှန်လုပ်ဆောင်ချက်တချို့ဟာ တစ်နေ့တာလုံးရဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အမူအကျင့်တွေကို ပျက်စီးသွားစေနိုင်ပါတယ်။ တကယ်လို့ သင်သာ တစ်နေ့ကုန် အစားကို ချင့်ချင့်ချိန်ချိန် စားခဲ့ပြီးမှ ညဘက်အိပ်ရာဝင်ချိန်မှာပဲ အစီအစဉ်ပျက်သွားမယ်ဆိုရင်တော့ ဖော်ပြထားတဲ့ အချက်လေးတွေကို စိတ်ထဲမှာ စွဲမြဲအောင် မှတ်သားပြီး အိပ်ရာဝင်သင့်ပါတယ်။

(၁) အိပ်ရာမဝင်ခင် သောက်တတ်တဲ့ အမူအကျင့်ကို လျှော့ချပစ်ပါ
ဝိုင်တစ်ခွက် ဒါမှမဟုတ် သင့်အကြိုက် ကော့တေးတစ်ခွက်ဟာ အိပ်ရာမဝင်ခင် အပန်းဖြေဖို့အတွက် ပြီးပြည့်စုံတဲ့ ညဘက် သောက်စားခြင်းလို့ ထင်ရပေမဲ့ အယ်လ်ကိုဟောက သင့်ရဲ့အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ပြီးတော့ အဲဒါက သင့်ရဲ့ ခါးကောက်ကြောင်းအတွက် အနှောင့်အယှက်ပေးစေနိုင်ပြီး အကောင်းဆုံး ရွေးချယ်မှုလည်း မဟုတ်ပါဘူး။ သောက်စရာအများစုမှာ ကယ်လိုရီ များစွာ ပါဝင်နေပြီး တစ်ငုံ နှစ်ငုံ သောက်ခြင်းကလည်း အစားစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ မူးယစ်စေမယ့် နည်းလမ်းနဲ့ အနားယူပစ်လိုက်မယ့်အစား သစ်ကြမ်းပိုးခေါက်ထည့်ထားတဲ့ နွားနို့ပူပူတစ်ခွက်ကို တစ်ကျိုက်လောက် သောက်ပါ။ ဒါမှမဟုတ် ရှားစောင်းလက်ပက် လက်ဖက်ရည်တစ်ခွက်ကို သောက်သုံးပြီး နေ့စဉ်ပုံမှန် လုပ်ငန်းဆောင်တာတွေကို မေ့ထားလိုက်ပါ။ ပြီးရင်တော့ အသက်ရှူလေ့ကျင့်ခန်းလုပ်ပြီး စိတ်ပင်ပန်းမှုကို ဖြေဖျောက်လိုက်ပါ။

(၂) သင့်မနက်ခင်းကို အစီအစဉ်ဆွဲပါ
အစီအစဉ်ချဖို့ ၅မိနစ် အချိန်ယူပြီး နောက်တစ်နေ့အတွက် ထုပ်ပိုးပြင်ဆင်ခြင်းဟာ သင့်ကို ဆုံးဖြတ်ချက်အကြီးစားတွေ ချမှတ်ရခြင်းမှ ကင်းဝေးစေနိုင်ပြီး ဦးနှောက်သိပ်မသုံးရဘဲ ကောင်းမွန်တဲ့ ရွေးချယ်မှုတွေရလာဖို့ အထောက်အကူပေးပါတယ်။ မနက်စာအတွက် စီစဉ်ရခြင်းနဲ့ အားကစားရုံသွားဖို့ ထုပ်ပိုးပြင်ဆင်ခြင်းအားဖြင့် ညဘက်မှာ အောင်မြင်စွာ အိပ်စက်နိုင်ဖို့ ကြိုးစားကြည့်လိုက်ပါ။ အရာအားလုံးကို လွယ်ကူ အဆင်ပြေစွာ ရရှိထားခြင်းအားဖြင့် သင်နဲ့ သင့်ရဲ့ လေ့ကျင့်ခန်း အချိန်အကြား ဆင်ခြေတွေကို လျော့နည်းစေနိုင်ပါတယ်။ ဒါအပြင် သင့်ကို ကော်ဖီဆိုင်မှ အချိုကဲတဲ့ ဌာပနာမုန့်တွေကို အလျင်စလို မှာစားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

(၃) သင့်ရဲ့ အစားအစာဆိုင်ရာ ဂျာနယ်ကို သုံးသပ်ပါ
ကိုုယ်အလေးချိန် လျော့ကျခြင်းပန်းတိုင်ဆီ ရောက်ဖို့အတွက် အစားအစာ ဂျာနယ်တစ်စောင် ထားရှိခြင်းကလည်း အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါတယ်။ အိပ်ရာမဝင်မီ တစ်နေ့တာအတွင်း အစားအစာ ရွေးချယ်ခဲ့မှုများကို ပြန်စဉ်းစားကြည့်ပါ။ ပြီးတော့ ရိုးစင်းတဲ့ ပြောင်းလဲမှုတွေနဲ့ ထိန်းညှိမှုတွေကို သတိထားကြည့်ပါ။ အဲဒီအရာကလည်း သင့်ရဲ့ ကြိုးပမ်းမှုအတွက် အကောင်းဆုံးသတိပေးချက်ဖြစ်ပြီး ကျန်းမာစေတဲ့ ရွေးချယ်မှုတွေကို ဆက်လက်ပြုလုပ်နိုင်စေဖို့ စိတ်အားတက်ကြွလာစေနိုင်မှာဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top