iMyanmarHouse.com - Best Property Website for Myanmar
×

လူေတြ လုပ္ေလ့လုပ္ထရွိတာက မနက္ဆိုရင္ ေရတစ္ခြက္ေသာက္တာ ၊ ေကာ္ဖီနဲ႔ တစ္ျခားလက္ဘက္ရည္ ေသာက္တာတို႔ေလာက္ပါပဲ။ ဒါေပမယ့္ မနက္ခပ္ေစာေစာမွာ ေရခပ္ေႏြးေႏြးေလးတစ္ခြက္ေလာက္ ေသာက္လုိက္တာကလည္း က်န္းမာေရးအတြက္ အက်ိဳးမ်ားေစၿပီး ဟာ ေနတဲ့ အစာအိမ္အတြက္ အက်ိဳးအမ်ားႀကီးရွိေစပါတယ္။ ဒါ့ေၾကာင့္ မနက္ေစာေစာမွာ ေရေႏြးေသာက္ျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကို ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

၁. အိုမင္းရင့္ေရာ္မႈကို တားဆီးေပးျခင္း

အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္တာကို ဘယ္သူမွေတာ့ မလိုခ်င္ၾကပါဘူး။ အဆိပ္ဓာတ္မ်ားေနတဲ့ ခႏၵာကိုယ္ကေတာ့ အိုမင္းမႈကို အလ်င္အျမန္ျဖစ္ေပၚေစပါတယ္။ ေရေႏြးေသာက္ျခင္းက ခႏၵာကုိယ္မွာရွိေနတဲ့ အဆိပ္ဓာတ္အစုအေဝးကို ဖယ္ရွားေပးတဲ့အျပင္ အေရျပားဆဲလ္ေတြကုိလည္း ျပဳျပင္ေပးၿပီး အသားအေရကို တင္းရင္းေစပါတယ္။

၂.နာက်င္မႈေတြကို ေလွ်ာ့ခ်ေပးတယ္

ၾကြက္သားနာက်င္မႈေတြ ျဖစ္တဲ့အခါ ေရေႏြးနဲ႔ ကပ္ေပးသလုိပါပဲ။ ေရေႏြးေသာက္ျခင္းကလည္း ကိုယ္တြင္းနာက်င္မႈေတြ သက္သာေစပါတယ္။ အစာအိမ္ၾကြက္သားေတြ တင္းမာမႈကို ေလွ်ာ့ခ်ေပးၿပီး အမ်ိဳးသမီးေတြအတြက္ ဓမၼတာလာစဥ္ နာက်င္မႈကိုလည္း သက္သာေစပါတယ္။ ၾကြက္သားတြင္း ေသြးလည္ပတ္မႈကိုလည္း ပိုေကာင္းသြားေစပါတယ္။

၃. ကုိယ္အေလးခ်ိန္ေလ်ာ့က်ေစတယ္

သင့္အေနနဲ႔ ဝိတ္ခ်ေနတယ္ဆိုရင္ေတာ့ မနက္ေစာေစာေရေႏြးတစ္ခြက္ေလာက္ ေသာက္တာက အက်ိဳးျပဳပါလိမ့္မယ္။ ေရေႏြးဟာ သင့္ကိုယ္အပူခ်ိန္ကုိ ျမင့္လာေစလို႔ ဇီဝကမၼျဖစ္ပ်က္ႏႈန္းကိုလည္း ျမန္ဆန္ေစပါတယ္။ ျမန္ဆန္ျခင္းရဲ႕ အက်ိဳးဆက္ကေတာ့ ကယ္လုိရီေတြကိုလည္း ျမန္ျမန္ေလာင္ကၽြမ္းသြားေစပါတယ္။ ဒါ့ေၾကာင့္ ေရေႏြးေသာက္ျခင္းက ဝိတ္က်ေစပါတယ္။ အစာေခ်ဖ်က္ႏႈန္းကိုလည္း ျမင့္တက္ေစတာေၾကာင့္ စားတိုင္းအစာေၾကလြယ္ၿပီး ခႏၵာကုိယ္ကို အေထာက္အကူေပးမွာပါ။

၄. ေသြးလွည့္ပတ္မႈ ေကာင္းေစတယ္

အာရံုေၾကာတြင္း အညစ္အေၾကးေတြနဲ႔ အဆီေတြဟာ ေရေႏြးေသာက္လုိက္တဲ့အခ်ိန္မွာ အားလံုး အျပင္ကို စြန္႔ထုတ္ဖို႔ အသင့္ျဖစ္သြားပါလိမ့္မယ္။ အခုလို အဆိပ္ဓာတ္ေတြ ေလ်ာ့သြားတာဟာ ေသြးလွည့္ပတ္မႈကို အေထာက္အကူျပဳၿပီး ၾကြက္သားတြင္းကိုလည္း ေသြးမ်ားမ်ားေရာက္ေစပါတယ္။ ဒါ့ေၾကာင့္ အိပ္ခ်င္စိတ္ကိုလည္း ထိ္န္းေပးႏုိင္တယ္လုိ႔ သိရပါတယ္။

၅. ဝမ္းမွန္ေစတယ္

ဝမ္းခ်ဳပ္သလို ခံစားေနရရင္ေတာ့ ေရေႏြးႏွစ္ခြက္ေလာက္ မနက္အေစာပိုင္းမွာ ေသာက္ေပးသင့္ပါတယ္။ ဝမ္းခ်ဳပ္တယ္ဆိုတာကေတာ့ အစာအိမ္ဟာ ေရဓာတ္ခမ္းၿပီး အလုပ္ပံုမွန္မလုပ္ေတာ့လို႔ပါ။ Bowel movement ဆိုတဲ့ လႈပ္ရွားမႈကို အစာအိမ္က မျပဳလုပ္ခ်ိန္မွာေတာ့ ဝမ္းခ်ဳပ္ျခင္းျဖစ္လာပါတယ္။ ေရေႏြးဟာ Bowel လႈပ္ရွားမႈကို ပံုမွန္ျပန္ျဖစ္ေစၿပီး ဝမ္းကို ျပန္မွန္ေစပါတယ္။ အစာအိမ္ၾကြက္သားေတြ အလုပ္ပံုမွန္ျပဳလုပ္ေအာင္ေတာ့ ေရေႏြးကို ပံုမွန္ေသာက္သံုးေပးသင့္ပါတယ္။

အထက္ပါ အေၾကာင္းအရာေတြဟာ ဘာမွခတ္မထားတဲ့ ေရေႏြး တစ္နည္းအားျဖင့္ ေရေႏြးျဖဴကို ဆုိလိုျခင္းျဖစ္ပါတယ္။

Credit : thithtoolwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...   

#Unicode Version

လူတွေ လုပ်လေ့လုပ်ထရှိတာက မနက်ဆိုရင် ရေတစ်ခွက်သောက်တာ ၊ ကော်ဖီနဲ့ တစ်ခြားလက်ဘက်ရည် သောက်တာတို့လောက်ပါပဲ။ ဒါပေမယ့် မနက်ခပ်စောစောမှာ ရေခပ်နွေးနွေးလေးတစ်ခွက်လောက် သောက်လိုက်တာကလည်း ကျန်းမာရေးအတွက် အကျိုးများစေပြီး ဟာ နေတဲ့ အစာအိမ်အတွက် အကျိုးအများကြီးရှိစေပါတယ်။ ဒါ့ကြောင့် မနက်စောစောမှာ ရေနွေးသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၁. အိုမင်းရင့်ရော်မှုကို တားဆီးပေးခြင်း

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို ဘယ်သူမှတော့ မလိုချင်ကြပါဘူး။ အဆိပ်ဓာတ်များနေတဲ့ ခန္ဒာကိုယ်ကတော့ အိုမင်းမှုကို အလျင်အမြန်ဖြစ်ပေါ်စေပါတယ်။ ရေနွေးသောက်ခြင်းက ခန္ဒာကိုယ်မှာရှိနေတဲ့ အဆိပ်ဓာတ်အစုအဝေးကို ဖယ်ရှားပေးတဲ့အပြင် အရေပြားဆဲလ်တွေကိုလည်း ပြုပြင်ပေးပြီး အသားအရေကို တင်းရင်းစေပါတယ်။

၂.နာကျင်မှုတွေကို လျှော့ချပေးတယ်

ကြွက်သားနာကျင်မှုတွေ ဖြစ်တဲ့အခါ ရေနွေးနဲ့ ကပ်ပေးသလိုပါပဲ။ ရေနွေးသောက်ခြင်းကလည်း ကိုယ်တွင်းနာကျင်မှုတွေ သက်သာစေပါတယ်။ အစာအိမ်ကြွက်သားတွေ တင်းမာမှုကို လျှော့ချပေးပြီး အမျိုးသမီးတွေအတွက် ဓမ္မတာလာစဉ် နာကျင်မှုကိုလည်း သက်သာစေပါတယ်။ ကြွက်သားတွင်း သွေးလည်ပတ်မှုကိုလည်း ပိုကောင်းသွားစေပါတယ်။

၃. ကိုယ်အလေးချိန်လျော့ကျစေတယ်

သင့်အနေနဲ့ ဝိတ်ချနေတယ်ဆိုရင်တော့ မနက်စောစောရေနွေးတစ်ခွက်လောက် သောက်တာက အကျိုးပြုပါလိမ့်မယ်။ ရေနွေးဟာ သင့်ကိုယ်အပူချိန်ကို မြင့်လာစေလို့ ဇီဝကမ္မဖြစ်ပျက်နှုန်းကိုလည်း မြန်ဆန်စေပါတယ်။ မြန်ဆန်ခြင်းရဲ့ အကျိုးဆက်ကတော့ ကယ်လိုရီတွေကိုလည်း မြန်မြန်လောင်ကျွမ်းသွားစေပါတယ်။ ဒါ့ကြောင့် ရေနွေးသောက်ခြင်းက ဝိတ်ကျစေပါတယ်။ အစာချေဖျက်နှုန်းကိုလည်း မြင့်တက်စေတာကြောင့် စားတိုင်းအစာကြေလွယ်ပြီး ခန္ဒာကိုယ်ကို အထောက်အကူပေးမှာပါ။

၄. သွေးလှည့်ပတ်မှု ကောင်းစေတယ်

အာရုံကြောတွင်း အညစ်အကြေးတွေနဲ့ အဆီတွေဟာ ရေနွေးသောက်လိုက်တဲ့အချိန်မှာ အားလုံး အပြင်ကို စွန့်ထုတ်ဖို့ အသင့်ဖြစ်သွားပါလိမ့်မယ်။ အခုလို အဆိပ်ဓာတ်တွေ လျော့သွားတာဟာ သွေးလှည့်ပတ်မှုကို အထောက်အကူပြုပြီး ကြွက်သားတွင်းကိုလည်း သွေးများများရောက်စေပါတယ်။ ဒါ့ကြောင့် အိပ်ချင်စိတ်ကိုလည်း ထိန်းပေးနိုင်တယ်လို့ သိရပါတယ်။

၅. ဝမ်းမှန်စေတယ်

ဝမ်းချုပ်သလို ခံစားနေရရင်တော့ ရေနွေးနှစ်ခွက်လောက် မနက်အစောပိုင်းမှာ သောက်ပေးသင့်ပါတယ်။ ဝမ်းချုပ်တယ်ဆိုတာကတော့ အစာအိမ်ဟာ ရေဓာတ်ခမ်းပြီး အလုပ်ပုံမှန်မလုပ်တော့လို့ပါ။ Bowel movement ဆိုတဲ့ လှုပ်ရှားမှုကို အစာအိမ်က မပြုလုပ်ချိန်မှာတော့ ဝမ်းချုပ်ခြင်းဖြစ်လာပါတယ်။ ရေနွေးဟာ Bowel လှုပ်ရှားမှုကို ပုံမှန်ပြန်ဖြစ်စေပြီး ဝမ်းကို ပြန်မှန်စေပါတယ်။ အစာအိမ်ကြွက်သားတွေ အလုပ်ပုံမှန်ပြုလုပ်အောင်တော့ ရေနွေးကို ပုံမှန်သောက်သုံးပေးသင့်ပါတယ်။

အထက်ပါ အကြောင်းအရာတွေဟာ ဘာမှခတ်မထားတဲ့ ရေနွေး တစ်နည်းအားဖြင့် ရေနွေးဖြူကို ဆိုလိုခြင်းဖြစ်ပါတယ်။

Credit : thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...   
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top