iMyanmarHouse.com - Best Property Website for Myanmar
×
Credit: ဖိုးသူတော်
#Unicode Version
ချစ်ခြင်းတစ်ခုမှာ စစ်မှန်စွာချစ်တတ်တဲ့သူကြောင့် ကိုယ့်ဘဝတစ် လျှောက်လုံး စိတ်ချမ်းသာစွာနေရတတ်သလို ဟန်ဆောင်လိမ်ညာ ချစ်ကြလို့ တစ်ဘဝလုံးစာ စိတ်ဆင်းရဲ ဖြစ်နေရတဲ့ ချစ်ခြင်းတွေ လည်းရှိပါတယ်။ ဘဝတစ်လျှောက်လုံး ရွေးချယ်ရမယ့် ချစ်ခြင်းမှာ တော့ လိမ်ညာဟန်ဆောင်ထားတဲ့ အတုအယောင် အချစ်တွေမဖြစ် ဖို့ အရေးကြီးပါတယ်။
မိန်းကလေးတွေအတွက်ဆိုပိုလို့တောင်သ တိထားရပါသေးတယ်။ ကိုယ့်အပေါ်လှည့်စားနေတဲ့ ချစ်သူယော ကျ်ားလေးနဲ့ အမြဲလိုလို နှိပ်စက်နာကျင်ရအောင် လုပ်နေတဲ့ သူမျိုး ကိုဆိုရင် ထပ်ပြီးတော့ သံယောဇဉ်တွယ်တာမိသွားရင် ပိုပြီးတော့ မိမိဘဝနစ်မွန်းရာရောက်ပါတယ်။ ဒါ့ကြောင့်မို့လို့ မိမိအပေါ်နိုင်စား နှိပ်စက်လွန်းတဲ့ ချစ်သူကောင်လေးမျိုးနဲ့ သူ့ရဲ့စိတ်ပျက်စရာနဲ့ စရိုက် ဆိုးဆိုး အကျင့်တွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်…
၁။ တစ်ခုခုဆိုရင် သင့်အပေါ် လက်ပါတာမျိုး၊ စိတ်ဆိုးဒေါသထွက် တိုင်း ကိုယ်ထိလက်ရောက် ပြုမူလိုက်ရမှာ ကျေနပ်တတ်တဲ့သူမျိုး။ အဲ့ဒီလို လူမျိုးဆိုရင်တော့ တစ်သက်လုံး စိတ်ရောကိုယ်ပါ နာကျင်ခံ စားနေရမှာပါပဲ။ လူတိုင်းဒေါသဆိုတာ ရှိကြပါတယ်။ ဒါပေမဲ့ ထိန်း ချုပ်နိုင်၊ မနိုင်ပေါ်မှာပဲ မူတည်ပါတယ်။ အခုလည်း တစ်သက်လုံး လက်တွဲသွားမယ့် မိန်းကလေးတစ်ယောက်အပေါ် ဒီလိုခြေပါလက် ပါ ဆက်ဆံတာမျိုးကတော့ ယောကျ်ားလေးတစ် ယောက်အ နေနဲ့ သိပ်ကိုညံ့ဖျင်းလွန်းပါတယ်။ ဒီလိုစရိုက်မျိုးပါလာခဲ့တဲ့ ချစ်သူမျိုးဆို ရင်တော့ အဆက်ဖြတ်သင့်နေပါပြီ။
၂။ သင့်ရဲ့ကိစ္စတိုင်းကို သူ့ဆန္ဒတွေနဲ့ လွှမ်းမိုးချုပ်ချယ်ထားချင်တဲ့ စရိုက်မျိုးပါ။ သင့်တော်၊ မသင့်တော်တာထက် သူစိတ်တိုင်းကျဖြစ် စေချင်တာကိုပဲ ဆိုနေသူပါ။ အဝတ်အစား၊ အနေအထိုင်နဲ့လူမှု ဆက်ဆံရေးတွေအထိပဲ လိုက်လံချုပ်ချယ်ထိန်းချုပ်နေတာမျိုး တွေပါ။ အပေါင်းအသင်းထားတာကအစပေါ့။ ကောင်းမကောင်းအ ကြံဉာဏ်ပေးတာထက်စာရင်၊ တမင်ကို ချုပ်ချယ်တဲ့ အပိုင်းတွေ ပါနေတတ်တာပဲ ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ နှစ်ဦးသားညှိညှိနှိုင်း နှိုင်း ဖြစ်သင့်မရတော့တဲ့ အဆုံးဆိုရင်တော့ အဆက်ဖြတ်လိုက်တာ သင့်အတွက် ပိုပြီးတော့ ကောင်းနိုင်ပါလိမ့်မယ်။
၃။ သင့်ဆီကနေ သူ့အတွက်က သာယာမှုတစ်ခုပဲ ရယူလိုချင်နေတဲ့ ချစ်သူမျိုးကို ရှောင်ပါ။ သူ့အတွက် သင့်ဟာ စိတ်သာယာမှု၊ အလိုဆန္ဒဖြည့်မှု သက်သက်ပါပဲ။ တကယ်တော့ ဒါက သွေးသားသ ဘာဝတောင့်တတဲ့ ဆန္ဒကြောင့်ပါပဲ။ လိုချင်လာတဲ့အချိန်ကျမှ သင့် ဆီကိုလာပြီး သူမလိုချင်တော့တဲ့အခါကျ သင့်ကိုလှည့်ပြန် ကြည့် မှာတောင် မဟုတ်ပါဘူး။ ဒါဆိုရင်တော့သိပ်ကိုဆိုးဆိုး ရွားရွားကြီး ပါပဲ။
Credit: ဖိုးသူတော်
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top