iMyanmarHouse.com - Best Property Website for Myanmar
×




Credit:Duwun



#Unicode Version

အသက် ၂၅ နှစ်နဲ့ ၂၅ နှစ်ကျော်မှ ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေဟာ အသက်ပိုရှည်နိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။ အမေရိကန်နိုင်ငံ California တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ အဆိုပါ သုတေသနမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးပေါင်း ၂၀၀၀၀ ကျော်အနက် ၅၄ ရာခိုင်နှုန်းဟာ အသက် ၉၀ လောက်ထိ အသက်ရှည်တယ်လို့ ဆိုပါတယ်။

 အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ဆောင်စဉ်အချိန်နဲ့ ကိုယ်ဝန်ဆောင် ကြိမ်ရေကြားမှာလည်း  ဆက်နွယ်မှုရှိကြောင်း တွေ့ရှိခဲ့ပြီး ကိုယ်ဝန်ဆောင်မှု နှစ်ကြိမ်ကနေ လေးကြိမ်ထိရှိတဲ့ အမျိုးသမီးတွေဟာ တစ်ကြိမ်သာရှိတဲ့ အမျိုးသမီးတွေထက် ပိုမိုအသက်ရှည်နိုင်တာ ဖြစ်ပါတယ်။

၂၁ နှစ်ကြာ လေ့လာခဲ့တဲ့ အဆိုပါသုတေသနမှာ အသက်ရှည်တဲ့အမျိုးသမီးတွေဟာ ကောလိပ်ဘွဲ့ရတွေ၊ ဝင်ငွေမြင့်သူတွေဖြစ်ပြီး အဝလွန်ခြင်းလည်း ဖြစ်လေ့မရှိကာ နာတာရှည်ရောဂါလည်း နည်းပါးသူတွေ ဖြစ်ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top