iMyanmarHouse.com - Best Property Website for Myanmar
×

အလယ္ေခတ္ အေစာပုိင္းေလာက္ကတည္းကစျပီးေတာ့ Vodka ကို လူေတြဟာ ႏွစ္ႏွစ္ျခိဳက္ျခိဳက္ ေသာက္သုံးလာၾကတယ္လုိ ့ဆုိပါတယ္။ Vodkaဟာ ကမၻာမွာ လူသိအမ်ားဆုံး အေဖ်ာ္ယမကာတစ္မ်ိဳးလည္းျဖစ္ပါတယ္။ ဥေရာပအေရွ  ့ပိုင္းနဲ ့ေျမာက္ပုိင္းတုိ ့မွာ “neat” ေသာက္သုံးၾကသလုိ cocktail စပ္ျပီးေတာ့လည္း ေသာက္သုံး ၾကပါတယ္။ ဒါ့အျပင္ Vodka ဟာ ေဆးဘက္၀င္ပစၥည္းတစ္ခုအျဖစ္လည္း သမိုင္းေၾကာင္းေကာင္းေကာင္းရွိခဲ့ပါတယ္။ ေဆး၀ါးေရာင္းခ်သူေတြဟာ Vodka ကို ျမဳံ ျခင္း၊ ၀မ္းရစ္နာျခင္းကေနစလုိ ့ပလိပ္ေရာဂါေတြ ကုသတဲ့ ေဆး၀ါးအျဖစ္အေနနဲ ့ပါ ေရာင္းခ်ခဲ့ၾကပါတယ္။

သင္ ကိုယ္တုိင္ေရာ Vodka ကို ယမကာအေနနဲ ့ပဲ သိရွိထားပါသလား။ Vodka ဟာ ေသာက္သုံးဖုိ ့ သက္သက္ မဟုတ္ပဲ သင္မထင္မွတ္ထားတဲ့ အသုံး၀င္နည္းမ်ားစြာရွိပါေသးတယ္။

၁။ အိမ္ေထာင္ပရိေဘာဂေတြကို အေရာင္တင္ႏိုင္တယ္

Vodka ဟာ သင္ရဲ့ ဖန္ထည္၊ခရိုမီယမ္သတၱဳနဲ ့ေၾကြထည္ အိမ္ေထာင္ပရိေဘာဂပစၥည္းေတြကို အေကာင္းဆုံး အေရာင္တင္ႏိုင္တဲ့ အရာျဖစ္ပါတယ္။ အသုံးျပဳနည္းကေတာ့ ႏူးညံ့တဲ့ အ၀တ္သန္ ့တစ္ခုကို Vodka စြတ္ျပီး တိုက္ခၽြတ္ကာ အေရာင္တင္ႏိုင္ပါတယ္။ နည္းနည္းေတာ့ အားစိုက္ရမယ္ေနာ္။

၂။ ပန္းေတြ မညိဳးေအာင္ ထားမယ္

သင့္ရဲ့ ပန္းအုိးထဲမွာ ရွိတဲ့ ေရထဲကို Vodka အစက္ေလးအနည္းငယ္နဲ ့ သၾကား စားပြဲတင္ဇြန္းတစ္ဇြန္းစာ ေလာက္ ေလာင္းထည့္ေပးျခင္းက ပန္းပြင့္ေတြကို ၾကာရွည္ လန္းဆန္းေစပါတယ္။ Vodka နဲ ့သၾကားတုိ ့ပါတဲ့ ေရကို ေန ့စဥ္လဲေပးပါ။

၃။ ပိုးမြႊားကာကြယ္ဦးမလား

အင္းဆက္ကာကြယ္ေရးျဖန္းေဆးေတြမွာပါတဲ့ DEET လုိ ့ေခၚတဲ့ အေရာင္မရွိ၊အဆီရည္ ရဲ့ က်န္းမာေရးစိတ္ခ် ရမွဳအေပၚ မီဒီယာေတြက ေမးခြန္းထုတ္ခဲ့ျပီးေနာက္ အဲဒီ့ အဆိပ္ရွိတဲ့ပုိးသတ္ေဆးေတြကို သင့္ကိုယ္မွာ ျဖန္းရမွာ စိတ္မသန္ ့ဘူးလား။ ရပါတယ္။ Vodka က စိတ္ရွဳပ္စရာ ပိုးမႊားေတြကို သတ္ပစ္ႏိုင္ပါတယ္။ Vodka အနည္းငယ္ကို စပေရးဘူးထဲ ေလာင္းထည့္ျပီး ပုိးမႊားေတြကို သတ္ႏိုင္သလုိ ၊ သင့္ကိုယ္သင္ ပက္ဖ်န္းျပီးလည္း ပုိးသတ္ႏိုင္ပါတယ္။

၄။ ဂ်ယ္လီငါးရဲ့ အဆိပ္ရွိဆူးေတြ စူးမိတာကိုလည္း သက္သာေစႏိုင္တယ္

ဂ်ယ္လီငါးေတြဟာ အံ့ၾသမွင္တက္ေလာက္ေအာင္ လွပတဲ့ ပင္လယ္သတၱ၀ါေလးေတြေပ့ါ။ ဒါေပမယ့္ သူတို ့ရဲ့ အဆိပ္ဆူးက ထုိးခံရရင္ ေသေလာက္ေအာင္ နာတယ္။ Vodka ဟာ ဂ်ယ္လီငါးေတြရဲ့ ဆူးက အဆိပ္ကို သတ္ေပးႏိုင္ျပီး နာက်င္မွဳကိုလည္း သက္သာေစပါတယ္။

၅။ ဆံပင္အေရာင္တင္ဦးမလား

Vodka ေသာက္ျပီး သင့္မ်က္လုံးထဲမွာ လူေတြက ပုိလွေနတယ္လုိ ့မထင္ဘူးလား။ တကယ္တမ္းလည္း Vodka က လူေတြကို ပုိမုိလွပေစပါတယ္။ ဘယ္လုိမ်ားလဲ။ ဒီ နည္းကို က်န္းမာသန္စြမ္းေတာက္ေျပာင္တဲ့ ဆံပင္ေတြရရွိဖုိ ့အသုံးခ်ႏိုင္ပါတယ္။ ရွန္ပူ ၁၂ ေအာင္စခြက္ထဲကို  Vodka ခြက္ေသးေလး တစ္ခြက္ေလာင္းထည့္ျပီး ဆံပင္ကို သုတ္လိမ္းႏိုင္ပါတယ္။

၆။ သြားကိုက္သက္သာေစႏိုင္တယ္။

သြားကိုက္ေနပါသလား။ ပထမဦးစားေပးရမွာကေတာ့  သြားဆရာ၀န္ဆီသြားပါ။ ဒါေပမယ့္ တစ္ခါတစ္ေလ မွာ သြားဆရာ၀န္နဲ ့ရက္ခ်ိန္း ခ်က္ခ်င္းမရႏိုင္သလုိ သြားဆရာ၀န္ကိုယ္တိုင္က အလုိလုိသက္သာသြားပါလိမ့္မယ္ လုိ ့အၾကံေပးတာလည္း ခံရႏိုင္ပါတယ္။

ဒီလုိအေျခအေနမ်ိဳးမွာ Vodka တစ္ခြက္ေလာက္နဲ ့ငုံျပီး ပလုတ္က်င္းလုိက္ပါ။ သြားပုိးေတြကို သတ္ႏိုင္ျပီး သြားဖုံးထဲက နာက်င္မွဳေ၀ဒနာကိုလည္း ထုံက်င္သက္သာေစႏိုင္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အလယ်ခေတ် အစောပိုင်းလောက်ကတည်းကစပြီးတော့ Vodka ကို လူတွေဟာ နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးလာကြတယ်လို့ဆိုပါတယ်။ Vodkaဟာ ကမ္ဘာမှာ လူသိအများဆုံး အဖျော်ယမကာတစ်မျိုးလည်းဖြစ်ပါတယ်။ ဥရောပအရှေ့ပိုင်းနဲ့မြောက်ပိုင်းတို့မှာ “neat” သောက်သုံးကြသလို cocktail စပ်ပြီးတော့လည်း သောက်သုံး ကြပါတယ်။ ဒါ့အပြင် Vodka ဟာ ဆေးဘက်ဝင်ပစ္စည်းတစ်ခုအဖြစ်လည်း သမိုင်းကြောင်းကောင်းကောင်းရှိခဲ့ပါတယ်။ ဆေးဝါးရောင်းချသူတွေဟာ Vodka ကို မြုံ ခြင်း၊ ဝမ်းရစ်နာခြင်းကနေစလို့ပလိပ်ရောဂါတွေ ကုသတဲ့ ဆေးဝါးအဖြစ်အနေနဲ့ပါ ရောင်းချခဲ့ကြပါတယ်။

သင် ကိုယ်တိုင်ရော Vodka ကို ယမကာအနေနဲ့ပဲ သိရှိထားပါသလား။ Vodka ဟာ သောက်သုံးဖို့ သက်သက် မဟုတ်ပဲ သင်မထင်မှတ်ထားတဲ့ အသုံးဝင်နည်းများစွာရှိပါသေးတယ်။

၁။ အိမ်ထောင်ပရိဘောဂတွေကို အရောင်တင်နိုင်တယ်

Vodka ဟာ သင်ရဲ့ ဖန်ထည်၊ခရိုမီယမ်သတ္တုနဲ့ကြွေထည် အိမ်ထောင်ပရိဘောဂပစ္စည်းတွေကို အကောင်းဆုံး အရောင်တင်နိုင်တဲ့ အရာဖြစ်ပါတယ်။ အသုံးပြုနည်းကတော့ နူးညံ့တဲ့ အဝတ်သန့်တစ်ခုကို Vodka စွတ်ပြီး တိုက်ချွတ်ကာ အရောင်တင်နိုင်ပါတယ်။ နည်းနည်းတော့ အားစိုက်ရမယ်နော်။

၂။ ပန်းတွေ မညိုးအောင် ထားမယ်

သင့်ရဲ့ ပန်းအိုးထဲမှာ ရှိတဲ့ ရေထဲကို Vodka အစက်လေးအနည်းငယ်နဲ့ သကြား စားပွဲတင်ဇွန်းတစ်ဇွန်းစာ လောက် လောင်းထည့်ပေးခြင်းက ပန်းပွင့်တွေကို ကြာရှည် လန်းဆန်းစေပါတယ်။ Vodka နဲ့သကြားတို့ပါတဲ့ ရေကို နေ့စဉ်လဲပေးပါ။

၃။ ပိုးမွှားကာကွယ်ဦးမလား

အင်းဆက်ကာကွယ်ရေးဖြန်းဆေးတွေမှာပါတဲ့ DEET လို့ခေါ်တဲ့ အရောင်မရှိ၊အဆီရည် ရဲ့ ကျန်းမာရေးစိတ်ချ ရမှုအပေါ် မီဒီယာတွေက မေးခွန်းထုတ်ခဲ့ပြီးနောက် အဲဒီ့ အဆိပ်ရှိတဲ့ပိုးသတ်ဆေးတွေကို သင့်ကိုယ်မှာ ဖြန်းရမှာ စိတ်မသန့်ဘူးလား။ ရပါတယ်။ Vodka က စိတ်ရှုပ်စရာ ပိုးမွှားတွေကို သတ်ပစ်နိုင်ပါတယ်။ Vodka အနည်းငယ်ကို စပရေးဘူးထဲ လောင်းထည့်ပြီး ပိုးမွှားတွေကို သတ်နိုင်သလို ၊ သင့်ကိုယ်သင် ပက်ဖျန်းပြီးလည်း ပိုးသတ်နိုင်ပါတယ်။

၄။ ဂျယ်လီငါးရဲ့ အဆိပ်ရှိဆူးတွေ စူးမိတာကိုလည်း သက်သာစေနိုင်တယ်

ဂျယ်လီငါးတွေဟာ အံ့သြမှင်တက်လောက်အောင် လှပတဲ့ ပင်လယ်သတ္တဝါလေးတွေပေ့ါ။ ဒါပေမယ့် သူတို့ရဲ့ အဆိပ်ဆူးက ထိုးခံရရင် သေလောက်အောင် နာတယ်။ Vodka ဟာ ဂျယ်လီငါးတွေရဲ့ ဆူးက အဆိပ်ကို သတ်ပေးနိုင်ပြီး နာကျင်မှုကိုလည်း သက်သာစေပါတယ်။

၅။ ဆံပင်အရောင်တင်ဦးမလား

Vodka သောက်ပြီး သင့်မျက်လုံးထဲမှာ လူတွေက ပိုလှနေတယ်လို့မထင်ဘူးလား။ တကယ်တမ်းလည်း Vodka က လူတွေကို ပိုမိုလှပစေပါတယ်။ ဘယ်လိုများလဲ။ ဒီ နည်းကို ကျန်းမာသန်စွမ်းတောက်ပြောင်တဲ့ ဆံပင်တွေရရှိဖို့အသုံးချနိုင်ပါတယ်။ ရှန်ပူ ၁၂ အောင်စခွက်ထဲကို  Vodka ခွက်သေးလေး တစ်ခွက်လောင်းထည့်ပြီး ဆံပင်ကို သုတ်လိမ်းနိုင်ပါတယ်။

၆။ သွားကိုက်သက်သာစေနိုင်တယ်။

သွားကိုက်နေပါသလား။ ပထမဦးစားပေးရမှာကတော့  သွားဆရာဝန်ဆီသွားပါ။ ဒါပေမယ့် တစ်ခါတစ်လေ မှာ သွားဆရာဝန်နဲ့ရက်ချိန်း ချက်ချင်းမရနိုင်သလို သွားဆရာဝန်ကိုယ်တိုင်က အလိုလိုသက်သာသွားပါလိမ့်မယ် လို့အကြံပေးတာလည်း ခံရနိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ Vodka တစ်ခွက်လောက်နဲ့ငုံပြီး ပလုတ်ကျင်းလိုက်ပါ။ သွားပိုးတွေကို သတ်နိုင်ပြီး သွားဖုံးထဲက နာကျင်မှုဝေဒနာကိုလည်း ထုံကျင်သက်သာစေနိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top