iMyanmarHouse.com - Best Property Website for Myanmar
×






Credit:7Day Daily



#Unicode Version

ကျန်းမာရေးမကောင်းသော ကြောင့် တေးဂီတလှုပ်ရှားမှုများ  ကို သုံးလကြာ ရပ်နားထားပြီး နောက် နာမည်ကျော်အဆိုတော် ဆယ်လီနာဂိုမက်ဇ်သည် အမေ ရိကန်ဂီတဆုပေးပွဲ (AMAs) တွင်သူ၏ ပရိသတ်များရှေ့မှောက်၌ ပြန်လည်ဖျော်ဖြေတင်ဆက်ရန် အားလုံးစီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။

AMAS ၏ ပရိုဂျူဆာလာရီ ကလင်က ဆယ်လီနာတစ် ယောက်  ဆုပေးပွဲတွင် ပြန်လည် ထွက်ပေါ်လာနိုင်ကြောင်း ပြော ကြားခဲ့သည်။

အတွင်းလူတစ်ယောက် ကလည်း ဆယ်လီနာအနေဖြင့် ဂီတလောကကို ပြန်လည်ဝင် ရောက်ရန် ဆန္ဒရှိနေပြီး အမေရိကန်ဂီတဆုပေးပွဲမှတစ်ဆင့် ဂီလောကသို့ ပြန်လည်ဝင်ရောက် လိုသည်ဟု ပြောသည်။

‘Same Old Life’ သီချင်းဖြင့် နာမည်ကျော်ကြားသော ဆယ် လီနာသည် ယခင်ကထက် ပိုမို တက်ကြွနေပြီး ပရိသတ်ရှေ့တွင် ဖျော်ဖြေချင်နေကြောင်း သတင်း များက ဖော်ပြသည်။

ဆယ်လီနာဂိုမက်ဇ်သည် နိုဝင်ဘာ ၂၀ ရက်တွင် ကျင်းပ မည့် အမေရိကန်ဂီတဖျော်ဖြေပွဲ၌ အနှစ်သက်ဆုံးပေါ့ပ်အမျိုးသမီး အဆိုရှင်၊ အနှစ်သက်ဆုံးရော့ခ့် အမျိုးသမီးအဆိုရှင်နှင့် ယခုနှစ် အတွက်အကောင်းဆုံးအဆိုရှင် စသည့် ဆုများအတွက် အမည် စာရင်းတင်သွင်းမှုတွင် ပါဝင်ခဲ့ သည်။

Credit:7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top